ကိုဗစ္ကာလထဲမွာ ျမင္းၿခံက ခိုးဖြင့္ေနတဲ့ ေကတီဗီအႏွိပ္ခန္းေတြကို ဝင္ဖမ္း၊ ေဖာက္သည္မ်ားပါ ဖမ္းထား

ကိုဗစ်ကာလထဲ မဖွင့်ရန်တားမြစ်နေရင်းကြားက မြင်းခြံတွင် ကေတီဗီအနှိပ်ခန်းဖွင့်ခဲ့၍ ဖွင့်သူ၊ သွားသူ ၇၉ ဦးကို ရဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့် ဖမ်းဆီးအရေးယူလိုက်ပြီ ဖြစ်ပါတယ်။

အရေးယူ ခံလိုက်ရသည့် ၇၉ ဦးကို နိုဝင်ဘာ ၁၈ ရက် မနက်အစောပိုင်း ၄ နာရီခွဲတွင် ရဲက သက်သေများနှင့်အတူ ဖမ်းလိုက်ခြင်း ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ KTV ဆိုင်၊ အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်သူများနှင့် လာရောက်သူများရှိနေကြောင်း သတင်းအရ ရဲက သက်သေများနှင့်အတူ (၁၉) ရပ်ကွက်ရှိ Dream Garden ကေတီဗီ ဆိုင်နှင့် အနှိပ်ခန်းအား သွားရောက်စစ်ဆေးရာ အဆိုပါဆိုင်အတွင်း၌ ဆိုင်မန်နေဂျာဖြစ်သူ အုန်းမြိုင်နှင့် ဆိုင်ဝန်ထမ်း ၈ ဦး၊ ကေတီဗီ / အနှိပ်ခန်းများသို့ လာရောက်သူ ၁၉ ဦးနှင့် သီချင်းသီဆိုပေးသူ ၂၄ ဦး စုစုပေါင်း (၅၂)ဦးအား လည်းကောင်း၊

(၁၈)ရပ်ကွက်ရှိ “ပန်းတော်ဝင်” ကေတီဗီဆိုင်နှင့် အနှိပ်ခန်းများအတွင်း၌ ဆိုင်မန်နေဂျာဖြစ်သူ မျိုးမင်းသိန်း၊ ဆိုင်ဝန်ထမ်း ၄ ဦး၊ လာရောက်ပျော်ပါးသူ ၈ ဦးနှင့် သီချင်းသီဆိုသူ ၁၄ ဦး စုစုပေါင်း (၂၇)ဦးတို့အား တွေ့ရှိ၍ ကာရာအိုကေစက် ၆ လုံး၊ မွေ့ယာ ၃ ခု၊ ခေါင်းအုံး ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သဖြင့် အုန်းမြိုင်ပါ ၅၂ ဦးနှင့် မျိုးမင်းသိန်းပါ ၂၇ ဦးတို့အား မြင်းခြံမြို့မရဲစခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲပြန်ကြားက သိရပါတယ်။
crd

zawgyi

ကိုဗစ္ကာလထဲ မဖြင့္ရန္တားျမစ္ေနရင္းၾကားက ျမင္းၿခံတြင္ ေကတီဗီအႏွိပ္ခန္းဖြင့္ခဲ့၍ ဖြင့္သူ၊ သြားသူ ၇၉ ဦးကို ရဲက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မျဖင့္ ဖမ္းဆီးအေရးယူလိုက္ၿပီ ျဖစ္ပါတယ္။

အေရးယူ ခံလိုက္ရသည့္ ၇၉ ဦးကို ႏိုဝင္ဘာ ၁၈ ရက္ မနက္အေစာပိုင္း ၄ နာရီခြဲတြင္ ရဲက သက္ေသမ်ားႏွင့္အတူ ဖမ္းလိုက္ျခင္း ျဖစ္ပါတယ္။

ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕၌ KTV ဆိုင္၊ အႏွိပ္ခန္း ဖြင့္လွစ္လုပ္ကိုင္သူမ်ားႏွင့္ လာေရာက္သူမ်ားရွိေနေၾကာင္း သတင္းအရ ရဲက သက္ေသမ်ားႏွင့္အတူ (၁၉) ရပ္ကြက္ရွိ Dream Garden ေကတီဗီ ဆိုင္ႏွင့္ အႏွိပ္ခန္းအား သြားေရာက္စစ္ေဆးရာ အဆိုပါဆိုင္အတြင္း၌ ဆိုင္မန္ေနဂ်ာျဖစ္သူ အုန္းၿမိဳင္ႏွင့္ ဆိုင္ဝန္ထမ္း ၈ ဦး၊ ေကတီဗီ / အႏွိပ္ခန္းမ်ားသို႔ လာေရာက္သူ ၁၉ ဦးႏွင့္ သီခ်င္းသီဆိုေပးသူ ၂၄ ဦး စုစုေပါင္း (၅၂)ဦးအား လည္းေကာင္း၊

(၁၈)ရပ္ကြက္ရွိ “ပန္းေတာ္ဝင္” ေကတီဗီဆိုင္ႏွင့္ အႏွိပ္ခန္းမ်ားအတြင္း၌ ဆိုင္မန္ေနဂ်ာျဖစ္သူ မ်ိဳးမင္းသိန္း၊ ဆိုင္ဝန္ထမ္း ၄ ဦး၊ လာေရာက္ေပ်ာ္ပါးသူ ၈ ဦးႏွင့္ သီခ်င္းသီဆိုသူ ၁၄ ဦး စုစုေပါင္း (၂၇)ဦးတို႔အား ေတြ႕ရွိ၍ ကာရာအိုေကစက္ ၆ လုံး၊ ေမြ႕ယာ ၃ ခု၊ ေခါင္းအုံး ၃ လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ားကို သိမ္းဆည္းရမိခဲ့သျဖင့္ အုန္းၿမိဳင္ပါ ၅၂ ဦးႏွင့္ မ်ိဳးမင္းသိန္းပါ ၂၇ ဦးတို႔အား ျမင္းၿခံၿမိဳ႕မရဲစခန္း၌ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ရဲျပန္ၾကားက သိရပါတယ္။
crd

Leave a Reply

Your email address will not be published. Required fields are marked *