တနသၤာရီတိုင္းထဲမွာ ေျမာက္ကိုရီးယားလို စနစ္မ်ိဳးနဲ႔ အုပ္ခ်ဳပ္ခံေနရတဲ့ ႐ြာကေလး

လူတဦး၊ မိသားစုတစုတွင်မက တရွာလုံး ပိုက်ဆံမရှိဘဲ ရပ်တည်နေထိုင်သည့် ရွာတရွာမှာ တနင်္သာရီတိုင်းအတွင်း ရှိနေသည်။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစု မြို့နယ်အတွင်းရှိ ရေမြစ်ကြီးကျေးရွာအုပ်စုတွင် ယင်းရွာရှိနေသည်။

အမည်က “ဒုံးဆွေသန်းကျေးရွာ”။ ဒုံးကျွန်းအုပ်စုအတွင်း ဒုံးပုလဲအော်၊ ဒုံးညောင်မှိုင်း၊ ဒုံးဒဟွန်း စသည့်ကျေးရွာ အမည်များ ရှိကြသည်ကို လူအများက သိကြသည်။ သို့သော် “ဒုံးဆွေသန်းကျေးရွာ” ဟု ရွာလှေဆိပ်တွင် ဆိုင်းဘုတ်ကြီးတင်ထားသော်လည်း သူ့ရွာအမည်ကို လူအများ သိပ်မကြားဖူးကြ။

သည်ရွာကို ဦးဆွေသန်းဆိုသူက လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ကျော် ကတည်းက တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် အိမ်ခြေတစ်ရာနီးပါးပင် ရှိလာနေပြီဖြစ်သည်။ ယင်းရွာတွင် လက်ရှိနေထိုင်နေကြသူ အားလုံးက တခြားဒေသများမှ လာရောက်လုပ်ကိုင်ပြီး အခြေချနေထိုင် သူများဖြစ်ကြသည်။

သို့သော် ဦးဆွေသန်းမှာ ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းအစား သမီးဖြစ်သူက အဖေ၏လုပ်ငန်းများအား ဆက်လက်ဦးဆောင် လုပ်ကိုင်နေသည်။ ရွာရှိအသက် ၁၂ နှစ်အရွယ် ယောကျာ်းကလေးမှအစ လုပ်နိုင်ကိုင်နိုင်သည့် အမျိုးသားအားလုံးမှာ ပင်လယ်ပြင် ထွက်၍ ငါးပုစွန်ဖမ်းကာ နေ့တဓူဝ လုပ်ကိုင်နေကြသည်။

သို့သော်လည်း ၎င်းတို့ နေပူ မိုးရွာမရှောင် လုပ်ခဲ့ကြသည့် လုပ်အားခ ငွေကြေး တစ်ပြား တစ်ချပ်မှ မြင်ဖူးကြခြင်းမရှိကြ။ ယင်းအစား လိုအပ်သည့် ရိက္ခာများကိုသာ သူတို့ရရှိကြသည်။ “ပိုက်ဆံကိုတော့ ဒီရွာမှာ ဘယ်သူမှ မကိုင်ကြရဘူး” ဟု ယင်းရွာနေ အသက် ၄၅ နှစ်ခန့်ရှိသူ အမျိုးသားကပြောသည်။

ရွာရှိပုစွန်ငါးဖမ်းပိုက်လှေ ၉၀ ရာခိုင်နှုန်းကို ဦးဆွေသန်းဆိုသူက ပိုင်ဆိုင်ထားပြီး ရွာသား ၉၀ ရာခိုင်နှုန်းသည်လည်း ၎င်းထံတွင် အလုပ်လုပ်နေကြရသည်။ အလုပ်သမားတစ်ဦး၏ တစ်လ လုပ်အားခမှာ ကလေးဆိုလျှင် ကျပ်သုံး သောင်းဝန်းကျင်နှင့် လူကြီးဖြစ်ပါက ကျပ်တစ်သိန်းဝန်းကျင်ခန့် ရရှိကြသည်။ သို့သော်ရရှိသည့် လုပ်အားခကိုမူ ငွေကြေးအဖြစ် သူဌေးက မည်သည့်အခါကမှ ထုတ်ပေးခြင်းမရှိ။

ငွေရှိပါကလည်း ဝယ်ခြမ်းစား သောက်စရာ ဈေးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်၊ ကွမ်းယာဆိုင် ဟူ၍လည်း ရွာတွင် မရှိ။ ဆိုင်ဆိုသည်က နတ္ထိ။ ရွာသားများလိုအပ်သည့် ပစ္စည်းအားလုံးကို ဦးဆွေသန်း ဆိုင်တစ်ခုတည်းတွင်သာ ရယူကြရသည်။ “ဆိုင်ဆိုတာ သူတို့မထိုင်ဖူးကြသူက များတယ်။ တခြားရွာရောက်လို့လည်း ဆိုင်ထိုင်ဖို့ သူတို့မှာ ပိုက်ဆံမှမရှိတာ” ဟု အသက် ၄၅ နှစ်ရှိ ယင်းရွာသား တစ်ဦးက ပြောသည်။

ရွာတွင် အလယ်တန်းအဆင့်ထိ စာသင်ကျောင်းရှိသော်လည်း လူငယ် သုံးပုံတစ်ပုံမှာ ကျောင်းမနေကြရ။ စောစော စီးစီး လုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင် နေကြရသည်။ ဦးဆွေသန်းထံတွင် ရွာ၏လူဦးရေ ၉၀ ရာခိုင်နှုန်းခန့် အလုပ်လုပ်နေကြရာတွင် အသက် ၁၈ နှစ်အောက် ရေလုပ်သား ငါးဆယ်ကျော်ခန့်လည်း ဝင်ရောက် လုပ်ကိုင်နေကြသည်ဟု ရွာသားများက ပြောပြသည်။

“သူဌေးနားမှာ အလုပ်လုပ်နေသူတွေက တစ်ယောက်မှ အကြွေးမကင်းကြဘူး။ အနိမ့်ဆုံးဆယ်သိန်းလောက်တော့ အကြွေးတင်နေကြတယ်” ဟု ယင်းရွာတွင် နေထိုင်သည့် အသက် ၃၅ နှစ်ရှိ မဖြူ (အမည်လွှဲ) ကပြောသည်။ အကြွေးတင်နေသူများကို သူဌေးက ရသည့်လစာထဲမှ လစဉ်နုတ်ယူလျက် ရှိပြီး ယင်းလူများအား ရိက္ခာပစ္စည်း ရောင်းချရာတွင်လည်း တစ်နေ့ နှစ်ထောင့် ငါးရာတန်ဖိုးထက် ပိုရောင်းပေးခြင်း မရှိဟု ၎င်းတို့ကဆိုသည်။

ယင်းအပြင် ကျန်းမာရေးမကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်လည်း ယင်း မိသားစုအား အလားတူ တစ်နေ့ နှစ်ထောင်ထက် ပိုရောင်းပေးလေ့မရှိဟု ရွာသားများကပြောပြသည်။ “လူများတဲ့ မိသားစုက ဘယ်လိုလုပ်ပြီး စားလောက်မလဲ။ ဆန်တစ်ပြည်ပဲ တစ်ထောင်ကျော်ကျနေပြီ” ဟု မဖြူ က ညည်းသည်။

အိမ်ထောင်ဦးစီးသေလျှင် ကျန်ရစ်သည့် မိသားစုက အကြွေးကျေအောင် လုပ်ဆပ်နေရပြီး သူဌေးအကြွေးသံသရာ ဝဲသြဃအတွင်း သူတိုဘဝများ မရုန်း ထွက်နိုင်ကြတော့။ ရွာရှိနေအိမ်များအတွက် ညဘက် လျှပ်စစ်မီးကို ဦးဆွေသန်းက ပေးထားပြီး လစဉ်လျှပ်စစ်မီးဖိုး ခုနစ်ထောင်နှင့် ရန်ပုံငွေကြေး နှစ်ထောင် ပေးရသည်ဟု ၎င်းတို့က ပြောပြသည်။

ရန်ပုံငွေများအား အလုပ်သမား မိသားစုဝင်များ ဖျားနာသေလျှင် ထုတ်ပေးပြီး လူကြီးဖြစ်ပါက ကျပ်တစ်သိန်းနှင့် ကလေးဆိုပါက ကျပ်ငါးသောင်းဖြစ်သည်။ “တအား အသည်းအသန်ဖြစ်ပြီး မြို့တက်ဆေးရုံဆေးခန်း ပြရမယ်ဆိုမှ စာရွက်မှာ လက်မှတ်ထိုးပြီး မြိတ်အိမ်မှာ သွားထုတ်ရတာ” ဟု ယင်းရွာနေ အသက် ၅၀ နီးပါးရှိ မညို (အမည်လွှဲ)သူက ပြောသည်။

ရန်ပုံငွေနှင့် ပတ်သက်ပြီး လစဉ် ထည့်နေရသော်လည်း မည်ရွေ့မည်မျှ ရှိသည်ကို ရွာသားများမှ မသိကြ။ ရှင်းတမ်းထုတ်ရန်လည်း သူတို့မတောင်း ဆိုရဲကြ။ လကုန်လျှင် ပေးဖို့တာဝန်သာ သူတို့ ခေါင်းထဲ စွဲနေကြသည်။ ရွာတွင် သူဌေးခွင့်ပြုချက်မရဘဲ တဲတစ်လုံးကိုပင် ဆောက်ပိုင်ခွင့်မရှိကြ ဟု အသက် ၅၀ နီးပါးရှိ အမျိုးသားက ပြောပြသည်။ ၎င်းမှာ လှေပေါ်တွင် အိမ်လုပ်နေထိုင်သည်မှာ ဆယ်စုနှစ်နှင့် ချီနေပြီဖြစ်သည်။

သူဌေးထံတွင်မလုပ်ဘဲ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင် လုပ်နေကြသူအချို့လည်း ရှိသည်။ သို့သော် သူတို့ထဲမှ ရသည့်ငါးပုစွန် အချို့ကိုလည်း သူဌေးထံသို့ ရောင်းကြရ သည်များရှိကြသလို မြို့တက်ပြီးသွား ရောင်းကြသူများလည်း ရှိနေကြသည်။ “မြို့မှာရောင်းရင် ရှစ်ထောင်လောက် ရမယ့် ပုစွန် ဒီမှာက သုံးထောင်ပဲပေးတာ။ ကျွန်တော်တို့တော့ မရောင်းကြဘူး” ဟု တစ်နိုင်တစ်ပိုင် ပုစွန်ပိုက်လုပ်ငန်းလုပ် သူ အမျိုးသားက ပြောသည်။

ဒုံးဆွေသန်းရွာကလေးကား ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအချိန်တွင် ရွာသားများအနေနှင့် အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီအား မဲပေးခဲ့သည့်အတွက် သုံးရက်တိတိ သူဌေးမှ ရိက္ခာဖြတ်တောက် လိုက်ခြင်းကိုလည်း ခံစားဖူးသည်။ ယင်းကြောင့် ၂၀၁၅ တွင် အစိမ်းပါတီကို မဲပေးခဲ့ကြသည်။ ယခုလည်း ရိက္ခာဖြတ်မည်ဟု အသံကြားရနေသည့်ကြားထဲက အဖွဲ့ချုပ်ပါတီအား ဝိုင်းဝန်းမဲပေးလိုက်ကြ၍ ယင်းရွာ အနိုင်ရရှိသွားပြီဖြစ်သည်။

အဖွဲ့ချုပ်အား မဲပေးသည့်အတွက် ရွာသားများအနေနှင့် ခွေးလောက်ပင် ရွာအပေါ် မချစ်ကြောင်း သူဌေးက ပြောသည်ကို ခံခဲ့ရဖူးကြောင်း အသက် ၆၀ အရွယ် အမျိုးသား ဆိုသည်။ “ရိက္ခာပဲ ဖြတ်ဖြတ်။ ဘာပဲဖြတ်ဖြတ်။ ကိုယ်ကြိုက်တဲ့ပါတီကိုတော့ မဲပေးလိုက်ပြီးပြီ” ဟု မဖြူ က လက်မထောင်ပြီး ပြောသည်။

“သုံးရက်ရိက္ခာဖြတ်တော့ နောက်ဆုံးနေ့ သူဌေး ကထိန်မှာ ငွေကြဲတော့ သားတွေမှာ ပိုက်ဆံနှစ်ထောင် ရလာတယ်။ ဒီငွေနဲ့ပဲ ဆန်ဝယ်ခိုင်းပြီး မိသားစု ထမင်းချက်စား ခဲ့ရတယ်” ဟု မဖြူက ကြုံခဲ့ရသည့် ခါးသီးအတွေ့အကြုံအား ရယ်မောရင်း ပြန်ပြောင်းပြောပြသည်။

ယင်းရွာအား နိုဝင်ဘာလ ၁၀ ရက်နေ့က သွားရောက်လေ့လာခဲ့သည့် ကျွန်းစုမြို့နယ် အမျိုးလွတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ရွာရှိ ဦးဆွေသန်း အမည်ပေါက် မြေယာလုပ်ပိုင်ခွင့်များအား ပြန်လည်စိစစ်ခြင်း၊ အလုပ်သမား အခွင့်အရေးနှင့် ကျေးရွာလူထု အသိပညာဖွံ့ဖြိုးရေး စသည့် လုပ်ငန်းများ လုပ်ဆောင်ရန် လတ်တလော လိုအပ်နေပြီဖြစ်ကြောင်း မှတ်ချက်ပေးသည်။ “ဒီလိုမှမလုပ်ရင်တော့ ငွေဝယ်ကျွန် ဘဝက သူတို့တစ်သက်လုံး လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

source : The Tanintharyi Weekly

zawgyi

လူတဦး၊ မိသားစုတစုတြင္မက တ႐ြာလုံး ပိုက္ဆံမရွိဘဲ ရပ္တည္ေနထိုင္သည့္ ႐ြာတ႐ြာမွာ တနသၤာရီတိုင္းအတြင္း ရွိေနသည္။ တနသၤာရီတိုင္း၊ ၿမိတ္ခ႐ိုင္၊ ကြၽန္းစု ၿမိဳ႕နယ္အတြင္းရွိ ေရျမစ္ႀကီးေက်း႐ြာအုပ္စုတြင္ ယင္း႐ြာရွိေနသည္။

အမည္က “ဒုံးေဆြသန္းေက်း႐ြာ”။ ဒုံးကြၽန္းအုပ္စုအတြင္း ဒုံးပုလဲေအာ္၊ ဒုံးေညာင္မႈိင္း၊ ဒုံးဒဟြန္း စသည့္ေက်း႐ြာ အမည္မ်ား ရွိၾကသည္ကို လူအမ်ားက သိၾကသည္။ သို႔ေသာ္ “ဒုံးေဆြသန္းေက်း႐ြာ” ဟု ႐ြာေလွဆိပ္တြင္ ဆိုင္းဘုတ္ႀကီးတင္ထားေသာ္လည္း သူ႔႐ြာအမည္ကို လူအမ်ား သိပ္မၾကားဖူးၾက။

သည္႐ြာကို ဦးေဆြသန္းဆိုသူက လြန္ခဲ့သည့္ ႏွစ္ေပါင္းေလးဆယ္ေက်ာ္ ကတည္းက တည္ေထာင္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ အိမ္ေျခတစ္ရာနီးပါးပင္ ရွိလာေနၿပီျဖစ္သည္။ ယင္း႐ြာတြင္ လက္ရွိေနထိုင္ေနၾကသူ အားလုံးက တျခားေဒသမ်ားမွ လာေရာက္လုပ္ကိုင္ၿပီး အေျခခ်ေနထိုင္ သူမ်ားျဖစ္ၾကသည္။

သို႔ေသာ္ ဦးေဆြသန္းမွာ ဆုံးပါးသြားခဲ့ၿပီ ျဖစ္သည္။ ၎အစား သမီးျဖစ္သူက အေဖ၏လုပ္ငန္းမ်ားအား ဆက္လက္ဦးေဆာင္ လုပ္ကိုင္ေနသည္။ ႐ြာရွိအသက္ ၁၂ ႏွစ္အ႐ြယ္ ေယာက်ာ္းကေလးမွအစ လုပ္ႏိုင္ကိုင္ႏိုင္သည့္ အမ်ိဳးသားအားလုံးမွာ ပင္လယ္ျပင္ ထြက္၍ ငါးပုစြန္ဖမ္းကာ ေန႔တဓူဝ လုပ္ကိုင္ေနၾကသည္။

သို႔ေသာ္လည္း ၎တို႔ ေနပူ မိုး႐ြာမေရွာင္ လုပ္ခဲ့ၾကသည့္ လုပ္အားခ ေငြေၾကး တစ္ျပား တစ္ခ်ပ္မွ ျမင္ဖူးၾကျခင္းမရွိၾက။ ယင္းအစား လိုအပ္သည့္ ရိကၡာမ်ားကိုသာ သူတို႔ရရွိၾကသည္။ “ပိုက္ဆံကိုေတာ့ ဒီ႐ြာမွာ ဘယ္သူမွ မကိုင္ၾကရဘူး” ဟု ယင္း႐ြာေန အသက္ ၄၅ ႏွစ္ခန္႔ရွိသူ အမ်ိဳးသားကေျပာသည္။

႐ြာရွိပုစြန္ငါးဖမ္းပိုက္ေလွ ၉၀ ရာခိုင္ႏႈန္းကို ဦးေဆြသန္းဆိုသူက ပိုင္ဆိုင္ထားၿပီး ႐ြာသား ၉၀ ရာခိုင္ႏႈန္းသည္လည္း ၎ထံတြင္ အလုပ္လုပ္ေနၾကရသည္။ အလုပ္သမားတစ္ဦး၏ တစ္လ လုပ္အားခမွာ ကေလးဆိုလွ်င္ က်ပ္သုံး ေသာင္းဝန္းက်င္ႏွင့္ လူႀကီးျဖစ္ပါက က်ပ္တစ္သိန္းဝန္းက်င္ခန္႔ ရရွိၾကသည္။ သို႔ေသာ္ရရွိသည့္ လုပ္အားခကိုမူ ေငြေၾကးအျဖစ္ သူေဌးက မည္သည့္အခါကမွ ထုတ္ေပးျခင္းမရွိ။

ေငြရွိပါကလည္း ဝယ္ျခမ္းစား ေသာက္စရာ ေဈးဆိုင္၊ လက္ဖက္ရည္ဆိုင္၊ အရက္ဆိုင္၊ ကြမ္းယာဆိုင္ ဟူ၍လည္း ႐ြာတြင္ မရွိ။ ဆိုင္ဆိုသည္က နတၳိ။ ႐ြာသားမ်ားလိုအပ္သည့္ ပစၥည္းအားလုံးကို ဦးေဆြသန္း ဆိုင္တစ္ခုတည္းတြင္သာ ရယူၾကရသည္။ “ဆိုင္ဆိုတာ သူတို႔မထိုင္ဖူးၾကသူက မ်ားတယ္။ တျခား႐ြာေရာက္လို႔လည္း ဆိုင္ထိုင္ဖို႔ သူတို႔မွာ ပိုက္ဆံမွမရွိတာ” ဟု အသက္ ၄၅ ႏွစ္ရွိ ယင္း႐ြာသား တစ္ဦးက ေျပာသည္။

႐ြာတြင္ အလယ္တန္းအဆင့္ထိ စာသင္ေက်ာင္းရွိေသာ္လည္း လူငယ္ သုံးပုံတစ္ပုံမွာ ေက်ာင္းမေနၾကရ။ ေစာေစာ စီးစီး လုပ္ငန္းခြင္ထဲ ဝင္ေရာက္လုပ္ကိုင္ ေနၾကရသည္။ ဦးေဆြသန္းထံတြင္ ႐ြာ၏လူဦးေရ ၉၀ ရာခိုင္ႏႈန္းခန္႔ အလုပ္လုပ္ေနၾကရာတြင္ အသက္ ၁၈ ႏွစ္ေအာက္ ေရလုပ္သား ငါးဆယ္ေက်ာ္ခန္႔လည္း ဝင္ေရာက္ လုပ္ကိုင္ေနၾကသည္ဟု ႐ြာသားမ်ားက ေျပာျပသည္။

“သူေဌးနားမွာ အလုပ္လုပ္ေနသူေတြက တစ္ေယာက္မွ အေႂကြးမကင္းၾကဘူး။ အနိမ့္ဆုံးဆယ္သိန္းေလာက္ေတာ့ အေႂကြးတင္ေနၾကတယ္” ဟု ယင္း႐ြာတြင္ ေနထိုင္သည့္ အသက္ ၃၅ ႏွစ္ရွိ မျဖဴ (အမည္လႊဲ) ကေျပာသည္။ အေႂကြးတင္ေနသူမ်ားကို သူေဌးက ရသည့္လစာထဲမွ လစဥ္ႏုတ္ယူလ်က္ ရွိၿပီး ယင္းလူမ်ားအား ရိကၡာပစၥည္း ေရာင္းခ်ရာတြင္လည္း တစ္ေန႔ ႏွစ္ေထာင့္ ငါးရာတန္ဖိုးထက္ ပိုေရာင္းေပးျခင္း မရွိဟု ၎တို႔ကဆိုသည္။

ယင္းအျပင္ က်န္းမာေရးမေကာင္းသျဖင့္ အလုပ္မဆင္းႏိုင္လွ်င္လည္း ယင္း မိသားစုအား အလားတူ တစ္ေန႔ ႏွစ္ေထာင္ထက္ ပိုေရာင္းေပးေလ့မရွိဟု ႐ြာသားမ်ားကေျပာျပသည္။ “လူမ်ားတဲ့ မိသားစုက ဘယ္လိုလုပ္ၿပီး စားေလာက္မလဲ။ ဆန္တစ္ျပည္ပဲ တစ္ေထာင္ေက်ာ္က်ေနၿပီ” ဟု မျဖဴ က ညည္းသည္။

အိမ္ေထာင္ဦးစီးေသလွ်င္ က်န္ရစ္သည့္ မိသားစုက အေႂကြးေက်ေအာင္ လုပ္ဆပ္ေနရၿပီး သူေဌးအေႂကြးသံသရာ ဝဲၾသဃအတြင္း သူတိုဘဝမ်ား မ႐ုန္း ထြက္ႏိုင္ၾကေတာ့။ ႐ြာရွိေနအိမ္မ်ားအတြက္ ညဘက္ လွ်ပ္စစ္မီးကို ဦးေဆြသန္းက ေပးထားၿပီး လစဥ္လွ်ပ္စစ္မီးဖိုး ခုနစ္ေထာင္ႏွင့္ ရန္ပုံေငြေၾကး ႏွစ္ေထာင္ ေပးရသည္ဟု ၎တို႔က ေျပာျပသည္။

ရန္ပုံေငြမ်ားအား အလုပ္သမား မိသားစုဝင္မ်ား ဖ်ားနာေသလွ်င္ ထုတ္ေပးၿပီး လူႀကီးျဖစ္ပါက က်ပ္တစ္သိန္းႏွင့္ ကေလးဆိုပါက က်ပ္ငါးေသာင္းျဖစ္သည္။ “တအား အသည္းအသန္ျဖစ္ၿပီး ၿမိဳ႕တက္ေဆး႐ုံေဆးခန္း ျပရမယ္ဆိုမွ စာ႐ြက္မွာ လက္မွတ္ထိုးၿပီး ၿမိတ္အိမ္မွာ သြားထုတ္ရတာ” ဟု ယင္း႐ြာေန အသက္ ၅၀ နီးပါးရွိ မညိဳ (အမည္လႊဲ)သူက ေျပာသည္။

ရန္ပုံေငြႏွင့္ ပတ္သက္ၿပီး လစဥ္ ထည့္ေနရေသာ္လည္း မည္ေ႐ြ႕မည္မွ် ရွိသည္ကို ႐ြာသားမ်ားမွ မသိၾက။ ရွင္းတမ္းထုတ္ရန္လည္း သူတို႔မေတာင္း ဆိုရဲၾက။ လကုန္လွ်င္ ေပးဖို႔တာဝန္သာ သူတို႔ ေခါင္းထဲ စြဲေနၾကသည္။ ႐ြာတြင္ သူေဌးခြင့္ျပဳခ်က္မရဘဲ တဲတစ္လုံးကိုပင္ ေဆာက္ပိုင္ခြင့္မရွိၾက ဟု အသက္ ၅၀ နီးပါးရွိ အမ်ိဳးသားက ေျပာျပသည္။ ၎မွာ ေလွေပၚတြင္ အိမ္လုပ္ေနထိုင္သည္မွာ ဆယ္စုႏွစ္ႏွင့္ ခ်ီေနၿပီျဖစ္သည္။

သူေဌးထံတြင္မလုပ္ဘဲ ကိုယ္ပိုင္ တစ္ႏိုင္တစ္ပိုင္ လုပ္ေနၾကသူအခ်ိဳ႕လည္း ရွိသည္။ သို႔ေသာ္ သူတို႔ထဲမွ ရသည့္ငါးပုစြန္ အခ်ိဳ႕ကိုလည္း သူေဌးထံသို႔ ေရာင္းၾကရ သည္မ်ားရွိၾကသလို ၿမိဳ႕တက္ၿပီးသြား ေရာင္းၾကသူမ်ားလည္း ရွိေနၾကသည္။ “ၿမိဳ႕မွာေရာင္းရင္ ရွစ္ေထာင္ေလာက္ ရမယ့္ ပုစြန္ ဒီမွာက သုံးေထာင္ပဲေပးတာ။ ကြၽန္ေတာ္တို႔ေတာ့ မေရာင္းၾကဘူး” ဟု တစ္ႏိုင္တစ္ပိုင္ ပုစြန္ပိုက္လုပ္ငန္းလုပ္ သူ အမ်ိဳးသားက ေျပာသည္။

ဒုံးေဆြသန္း႐ြာကေလးကား ၿပီးခဲ့သည့္ ၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲအခ်ိန္တြင္ ႐ြာသားမ်ားအေနႏွင့္ အမ်ိဳးသားဒီမိုကေရအဖြဲ႕ခ်ဳပ္ပါတီအား မဲေပးခဲ့သည့္အတြက္ သုံးရက္တိတိ သူေဌးမွ ရိကၡာျဖတ္ေတာက္ လိုက္ျခင္းကိုလည္း ခံစားဖူးသည္။ ယင္းေၾကာင့္ ၂၀၁၅ တြင္ အစိမ္းပါတီကို မဲေပးခဲ့ၾကသည္။ ယခုလည္း ရိကၡာျဖတ္မည္ဟု အသံၾကားရေနသည့္ၾကားထဲက အဖြဲ႕ခ်ဳပ္ပါတီအား ဝိုင္းဝန္းမဲေပးလိုက္ၾက၍ ယင္း႐ြာ အႏိုင္ရရွိသြားၿပီျဖစ္သည္။

အဖြဲ႕ခ်ဳပ္အား မဲေပးသည့္အတြက္ ႐ြာသားမ်ားအေနႏွင့္ ေခြးေလာက္ပင္ ႐ြာအေပၚ မခ်စ္ေၾကာင္း သူေဌးက ေျပာသည္ကို ခံခဲ့ရဖူးေၾကာင္း အသက္ ၆၀ အ႐ြယ္ အမ်ိဳးသား ဆိုသည္။ “ရိကၡာပဲ ျဖတ္ျဖတ္။ ဘာပဲျဖတ္ျဖတ္။ ကိုယ္ႀကိဳက္တဲ့ပါတီကိုေတာ့ မဲေပးလိုက္ၿပီးၿပီ” ဟု မျဖဴ က လက္မေထာင္ၿပီး ေျပာသည္။

“သုံးရက္ရိကၡာျဖတ္ေတာ့ ေနာက္ဆုံးေန႔ သူေဌး ကထိန္မွာ ေငြႀကဲေတာ့ သားေတြမွာ ပိုက္ဆံႏွစ္ေထာင္ ရလာတယ္။ ဒီေငြနဲ႔ပဲ ဆန္ဝယ္ခိုင္းၿပီး မိသားစု ထမင္းခ်က္စား ခဲ့ရတယ္” ဟု မျဖဴက ႀကဳံခဲ့ရသည့္ ခါးသီးအေတြ႕အႀကဳံအား ရယ္ေမာရင္း ျပန္ေျပာင္းေျပာျပသည္။

ယင္း႐ြာအား ႏိုဝင္ဘာလ ၁၀ ရက္ေန႔က သြားေရာက္ေလ့လာခဲ့သည့္ ကြၽန္းစုၿမိဳ႕နယ္ အမ်ိဳးလြတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ဟိန္းက ႐ြာရွိ ဦးေဆြသန္း အမည္ေပါက္ ေျမယာလုပ္ပိုင္ခြင့္မ်ားအား ျပန္လည္စိစစ္ျခင္း၊ အလုပ္သမား အခြင့္အေရးႏွင့္ ေက်း႐ြာလူထု အသိပညာဖြံ႕ၿဖိဳးေရး စသည့္ လုပ္ငန္းမ်ား လုပ္ေဆာင္ရန္ လတ္တေလာ လိုအပ္ေနၿပီျဖစ္ေၾကာင္း မွတ္ခ်က္ေပးသည္။ “ဒီလိုမွမလုပ္ရင္ေတာ့ ေငြဝယ္ကြၽန္ ဘဝက သူတို႔တစ္သက္လုံး လြတ္ေျမာက္ႏိုင္မွာ မဟုတ္ဘူး” ဟု ၎က ဆိုသည္။

source : The Tanintharyi Weekly

Leave a Reply

Your email address will not be published. Required fields are marked *