ဒဂုံဆိပ္ကမ္း ေပါက္စီစက္႐ုံက ကေလး (၁၀) ဦးမွာ ကိုဗစ္ပိုး ေတြ႕ရွိ၊ ထိစပ္သူအားလုံး Q ဝင္ရမည္

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက တရုတ်လူမျိုးဇနီးမောင်နှံ နှစ်ဦးပိုင်ဆိုင်တဲ့ ပေါက်စီနဲ့ ပေါင်မုန့်လုပ်ငန်းစက်ရုံက အလုပ်သမား ကလေး (၁၈) ဦး ကို ကိုဗစ်ပိုးစစ်ရာမှာ (၁၀) ဦးမှာ ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ကနေ့မနက်ပိုင်းမှာ စစ်ဆေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကလေးတွေကို ကွာရန်တင်းစင်တာတစ်ခုမှာ ထားရှိကာ ကုသရေးစင်တာကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးဇော်တင်က ပြောပါတယ်။ဟုတ်ပါတယ်။ ကလေးအားလုံး (၁၈) ဦး ကိုစစ်တာ (၁၀) ဦးမှာပိုးတွေ့တာ။ ကလေးတွေက အသက်မပြည့်သေးတဲ့ ကလေးတွေ အများကြီးပါတယ်။ အခုသူတို့ မိဘတွေကိုလည်း ဆက်သွယ်ထားတယ်။ ပိုးတွေ့တဲ့ကလေးတွေရော ကျန်တဲ့ကလေးတွေကိုရော ဒီမှာ ခဏ ထိန်းသိမ်းထားပေးပြီးတော့ အလုပ်သမားဦးစီးဌာနကနေပဲ လုပ်စရာရှိတာတွေ ဆက်လက်ဆောင်ရွက်ပြီး မိဘတွေထံ ပြန်အပ်နှံပါလိမ့်မယ်”လို့ ဦးဇော်တင်က ပြောပါတယ်။

ကလေးတွေမှာ ပိုးတွေ့ရှိခဲ့တဲ့အတွက် သူတို့နဲ့ ထိတွေ့စပ်ဆက်မှု ရှိထားတဲ့သူတွေကိုလည်း ကွာရန်တင်းထားရှိပြီး စစ်ဆေးမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။တရုတ်လူမျိုး ဇနီးမောင်နှံပိုင်ဆိုင်တဲ့ စက်ရုံမှာ အလုပ်သမားတွေက အသက်မပြည့်သေးတဲ့ ကလေးတွေပါဝင်နေတာကြောင့် အလုပ်ရှင်၊အလုပ်သမားဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အတွက် လုပ်ငန်းကိုပါ တစ်ခါတည်းပိတ်သိမ်းထားပြီး ပိုင်ရှင်တွေကိုလည်း ဖမ်းဆီးထိန်းသိမ်း ထားပါတယ်။အဆိုပါစက်ရုံမှာ အလုပ်လုပ်တဲ့ ကလေးတွေကို အလုပ်ရှင်က ညှင်းပန်းနှိပ်စက်သလို ကျူးလွန်မှုတွေ ပြုလုပ်တယ်ဆိုပြီး စက်ရုံကထွက်ပြေးလာတဲ့ ကလေးရဲ့ ပြောပြချက်အရ တာဝန်ရှိသူတွေနဲ့ ပြည်သူတွေက ဝိုင်းဝန်းရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မနေ့က ညပိုင်းမှာလည်း ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အဓိကရုဏ်းဖြစ်ပွါးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့ကာ မော်တော်ယာဉ်တွေနဲ့ စက်ရုံအဆောက်အဦတွေက အစ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

crd…

zawgyi

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္အတြင္းက တ႐ုတ္လူမ်ိဳးဇနီးေမာင္ႏွံ ႏွစ္ဦးပိုင္ဆိုင္တဲ့ ေပါက္စီနဲ႔ ေပါင္မုန႔္လုပ္ငန္းစက္႐ုံက အလုပ္သမား ကေလး (၁၈) ဦး ကို ကိုဗစ္ပိုးစစ္ရာမွာ (၁၀) ဦးမွာ ပိုးေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ကေန႔မနက္ပိုင္းမွာ စစ္ေဆးခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ကေလးေတြကို ကြာရန္တင္းစင္တာတစ္ခုမွာ ထားရွိကာ ကုသေရးစင္တာကို ေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနတယ္လို႔ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီအဖြဲ႕ဝင္ ဦးေဇာ္တင္က ေျပာပါတယ္။ဟုတ္ပါတယ္။ ကေလးအားလုံး (၁၈) ဦး ကိုစစ္တာ (၁၀) ဦးမွာပိုးေတြ႕တာ။ ကေလးေတြက အသက္မျပည့္ေသးတဲ့ ကေလးေတြ အမ်ားႀကီးပါတယ္။ အခုသူတို႔ မိဘေတြကိုလည္း ဆက္သြယ္ထားတယ္။ ပိုးေတြ႕တဲ့ကေလးေတြေရာ က်န္တဲ့ကေလးေတြကိုေရာ ဒီမွာ ခဏ ထိန္းသိမ္းထားေပးၿပီးေတာ့ အလုပ္သမားဦးစီးဌာနကေနပဲ လုပ္စရာရွိတာေတြ ဆက္လက္ေဆာင္႐ြက္ၿပီး မိဘေတြထံ ျပန္အပ္ႏွံပါလိမ့္မယ္”လို႔ ဦးေဇာ္တင္က ေျပာပါတယ္။

ကေလးေတြမွာ ပိုးေတြ႕ရွိခဲ့တဲ့အတြက္ သူတို႔နဲ႔ ထိေတြ႕စပ္ဆက္မႈ ရွိထားတဲ့သူေတြကိုလည္း ကြာရန္တင္းထားရွိၿပီး စစ္ေဆးမႈေတြ လုပ္သြားမယ္လို႔ သိရပါတယ္။တ႐ုတ္လူမ်ိဳး ဇနီးေမာင္ႏွံပိုင္ဆိုင္တဲ့ စက္႐ုံမွာ အလုပ္သမားေတြက အသက္မျပည့္ေသးတဲ့ ကေလးေတြပါဝင္ေနတာေၾကာင့္ အလုပ္ရွင္၊အလုပ္သမားဥပေဒနဲ႔ ညီၫြတ္မႈမရွိတဲ့အတြက္ လုပ္ငန္းကိုပါ တစ္ခါတည္းပိတ္သိမ္းထားၿပီး ပိုင္ရွင္ေတြကိုလည္း ဖမ္းဆီးထိန္းသိမ္း ထားပါတယ္။အဆိုပါစက္႐ုံမွာ အလုပ္လုပ္တဲ့ ကေလးေတြကို အလုပ္ရွင္က ညႇင္းပန္းႏွိပ္စက္သလို က်ဴးလြန္မႈေတြ ျပဳလုပ္တယ္ဆိုၿပီး စက္႐ုံကထြက္ေျပးလာတဲ့ ကေလးရဲ႕ ေျပာျပခ်က္အရ တာဝန္ရွိသူေတြနဲ႔ ျပည္သူေတြက ဝိုင္းဝန္းရွာေဖြစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

မေန႔က ညပိုင္းမွာလည္း ျပည္သူေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြၾကား အဓိက႐ုဏ္းျဖစ္ပြါးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိမႈေတြလည္း ရွိခဲ့ကာ ေမာ္ေတာ္ယာဥ္ေတြနဲ႔ စက္႐ုံအေဆာက္အဦေတြက အစ ပ်က္စီးမႈေတြရွိခဲ့ပါတယ္။

crd…

Leave a Reply

Your email address will not be published. Required fields are marked *