ဘရာဇီးမွာ ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယလႈိင္း စိုးရိမ္ေၾကာက္႐ြံ႕မႈမ်ားအၾကား ဗိုင္းရပ္စ္ကူးစက္လူနာ စုစုေပါင္း ၆ သန္း ေက်ာ္လြန္လာ

ကမ္ဘာ့တတိယမြောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးဝါးဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံဟာ ဒုတိယလှိုင်း ဗိုင်းရပ်စ်ကူးစက်မှု တစ်ဖန်မြင့်တက်လာခြင်းကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတဲ့ကြားက သောကြာနေ့ ( နိုဝင်ဘာ ၂၀ ရက်နေ့ ) မှာ ဗိုင်းရပ်စ် ကူးစက်လူနာ စုစုပေါင်း ၆ သန်းကျော်ထိ ရှိလာခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံဟာ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံလိုပဲ ဗိုင်းရပ်စ်ကူးစက်လူနာ ၆ သန်းကျော်လာပြီး အတည်ပြုထားတဲ့ သေဆုံးလူနာကတော့ ၁၇၀၀၀၀ နီးပါးထိ ရှိနေကာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဗိုင်းရပ်စ်ကူးစက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်နေတယ်လို့ သိရပါတယ်။

ဘရာဇီးဟာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းက ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံးထိ ရောက်ရှိခဲ့ပြီးနောက် ပြန်လည်ကျဆင်းလာခဲ့ပြီး ၃ လအကြာမှာ ကူးစက်မှုနှုန်းတွေ တစ်ဖန်မြင့်တက်လာခြင်း ဖြစ်တယ်လို့ အစိုးရဒေတာ အချက်အလက်များမှ ဖော်ပြချက်အရ သိရပါတယ်။ နိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံး ပေါ်ထွက်လာပြီးနောက် နေရာတော်တော်များများမှာ လော့ဒေါင်းကန့်သတ်ချက် ချမှတ်ခဲ့ပေမယ့် မကြာသေးခင် ရက်သတ္တပတ်များမှာတော့ မြို့ကြီးတွေမှာ ဗိုင်းရပ်စ်ကူးစက်မှု မတိုင်ခင်ကလိုပဲ ပုံမှန်ပြန်ဖြစ်လာခဲ့ပြီး နှာခေါင်းစွပ် ဝတ်ဆင်မှု မရှိခြင်းနဲ့အတူ ဘား၊ စားသောက်ဆိုင်နဲ့ စတိုးဆိုင်တွေမှာ လူတွေပြည့်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာတော့ Sao Paulo နဲ့ Rio de Janeiro မြို့နယ်တွေမှာ Covid-19 နဲ့ ဆေးရုံတက် ကုသမှု ခံယူရတဲ့ လူနာအရေအတွက်တွေ မြင့်တက်လာခဲ့ပြီး Rio မှာဆိုရင် ဆေးရုံတွေရဲ့ အထူးကြပ်မက်ကုသရေး ယူနစ် ၉၀ ရာခိုင်နှုန်းထိ အသုံးပြုနေရပြီ ဖြစ်တယ်လို့ Rio ပြည်နယ်၊ ကျန်းမာရေး အတွင်းရေးမှူးရုံးမှ ပြောကြားချက်အရ သိရပါတယ်။ ဘရာဇီးနိုင်ငံဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ဗိုင်းရပ်စ်ကူးစက်လူနာ ပျှမ်းမျှ ၆၉၀၀၀ ကျော်၊ သေဆုံးသူ ၁၆၀၀ ဝန်းကျင်နဲ့ နေ့စဉ်ကူးစက်မှုနှုန်း အမြင့်ဆုံးထိ ရောက်ရှိခဲ့ပြီး အောက်တိုဘာလ နှောင်းပိုင်းမှာတာ့ ပျှမ်းမျှနေ့စဉ်ကူးစက်လူနာ ၂၀၀၀၀၊ သေဆုံးသူ ၄၂၅ ဦးထိ ကျဆင်းလာခဲ့ကာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

သို့ပေမယ့် ယခုသီတင်းပတ်မှာတော့ ပျှမ်းမျှနေ့စဉ်ကူးစက်လူနာ ၂၆၅၀၀၊ သေဆုံးသူ ၄၈၀ နဲ့ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း တစ်ဖန်မြင့်တက်လာခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၆၀၂၀၁၆၄ ဦး၊ သေဆုံးသူ ၁၆၈၆၆၂ ဦးထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ တရားဝင်ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ cna.com

crd…..

zawgyi

ကမာၻ႔တတိယေျမာက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ အဆိုးဝါးဆုံးျဖစ္တဲ့ ဘရာဇီးႏိုင္ငံဟာ ဒုတိယလႈိင္း ဗိုင္းရပ္စ္ကူးစက္မႈ တစ္ဖန္ျမင့္တက္လာျခင္းေၾကာင့္ စိုးရိမ္ပူပန္မႈေတြ ျမင့္တက္ေနတဲ့ၾကားက ေသာၾကာေန႔ ( ႏိုဝင္ဘာ ၂၀ ရက္ေန႔ ) မွာ ဗိုင္းရပ္စ္ ကူးစက္လူနာ စုစုေပါင္း ၆ သန္းေက်ာ္ထိ ရွိလာခဲ့တယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ဘရာဇီးႏိုင္ငံဟာ အေမရိကန္နဲ႔ အိႏၵိယႏိုင္ငံလိုပဲ ဗိုင္းရပ္စ္ကူးစက္လူနာ ၆ သန္းေက်ာ္လာၿပီး အတည္ျပဳထားတဲ့ ေသဆုံးလူနာကေတာ့ ၁၇၀၀၀၀ နီးပါးထိ ရွိေနကာ ကမာၻေပၚမွာ ဒုတိယေျမာက္ ဗိုင္းရပ္စ္ကူးစက္ေသဆုံးမႈ အမ်ားဆုံးႏိုင္ငံ ျဖစ္ေနတယ္လို႔ သိရပါတယ္။

ဘရာဇီးဟာ ၿပီးခဲ့တဲ့ ဇြန္လေႏွာင္းပိုင္းက ဗိုင္းရပ္စ္ကူးစက္မႈႏႈန္း အျမင့္ဆုံးထိ ေရာက္ရွိခဲ့ၿပီးေနာက္ ျပန္လည္က်ဆင္းလာခဲ့ၿပီး ၃ လအၾကာမွာ ကူးစက္မႈႏႈန္းေတြ တစ္ဖန္ျမင့္တက္လာျခင္း ျဖစ္တယ္လို႔ အစိုးရေဒတာ အခ်က္အလက္မ်ားမွ ေဖာ္ျပခ်က္အရ သိရပါတယ္။ ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ဗိုင္းရပ္စ္ကူးစက္မႈ ပထမဆုံး ေပၚထြက္လာၿပီးေနာက္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေလာ့ေဒါင္းကန႔္သတ္ခ်က္ ခ်မွတ္ခဲ့ေပမယ့္ မၾကာေသးခင္ ရက္သတၱပတ္မ်ားမွာေတာ့ ၿမိဳ႕ႀကီးေတြမွာ ဗိုင္းရပ္စ္ကူးစက္မႈ မတိုင္ခင္ကလိုပဲ ပုံမွန္ျပန္ျဖစ္လာခဲ့ၿပီး ႏွာေခါင္းစြပ္ ဝတ္ဆင္မႈ မရွိျခင္းနဲ႔အတူ ဘား၊ စားေသာက္ဆိုင္နဲ႔ စတိုးဆိုင္ေတြမွာ လူေတြျပည့္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္အနည္းငယ္ အတြင္းမွာေတာ့ Sao Paulo နဲ႔ Rio de Janeiro ၿမိဳ႕နယ္ေတြမွာ Covid-19 နဲ႔ ေဆး႐ုံတက္ ကုသမႈ ခံယူရတဲ့ လူနာအေရအတြက္ေတြ ျမင့္တက္လာခဲ့ၿပီး Rio မွာဆိုရင္ ေဆး႐ုံေတြရဲ႕ အထူးၾကပ္မက္ကုသေရး ယူနစ္ ၉၀ ရာခိုင္ႏႈန္းထိ အသုံးျပဳေနရၿပီ ျဖစ္တယ္လို႔ Rio ျပည္နယ္၊ က်န္းမာေရး အတြင္းေရးမႉး႐ုံးမွ ေျပာၾကားခ်က္အရ သိရပါတယ္။ ဘရာဇီးႏိုင္ငံဟာ ၿပီးခဲ့တဲ့ ဇူလိုင္ ၂၉ ရက္ေန႔က ဗိုင္းရပ္စ္ကူးစက္လူနာ ပွ်မ္းမွ် ၆၉၀၀၀ ေက်ာ္၊ ေသဆုံးသူ ၁၆၀၀ ဝန္းက်င္နဲ႔ ေန႔စဥ္ကူးစက္မႈႏႈန္း အျမင့္ဆုံးထိ ေရာက္ရွိခဲ့ၿပီး ေအာက္တိုဘာလ ေႏွာင္းပိုင္းမွာတာ့ ပွ်မ္းမွ်ေန႔စဥ္ကူးစက္လူနာ ၂၀၀၀၀၊ ေသဆုံးသူ ၄၂၅ ဦးထိ က်ဆင္းလာခဲ့ကာ ဗိုင္းရပ္စ္ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

သို႔ေပမယ့္ ယခုသီတင္းပတ္မွာေတာ့ ပွ်မ္းမွ်ေန႔စဥ္ကူးစက္လူနာ ၂၆၅၀၀၊ ေသဆုံးသူ ၄၈၀ နဲ႔ ဗိုင္းရပ္စ္ကူးစက္မႈႏႈန္း တစ္ဖန္ျမင့္တက္လာခဲ့ပါတယ္။ ဘရာဇီးႏိုင္ငံမွာ အခုဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၆၀၂၀၁၆၄ ဦး၊ ေသဆုံးသူ ၁၆၈၆၆၂ ဦးထိ ရွိလာခဲ့ၿပီ ျဖစ္တယ္လို႔ တရားဝင္ေဖာ္ျပထားတဲ့ သတင္းအခ်က္အလက္ေတြအရ သိရပါတယ္။ cna.com

crd…..

Leave a Reply

Your email address will not be published. Required fields are marked *