လူနာတင်ယာဉ် လှူဒါန်းမှု၌ မြို့နယ်ထွေအုပ်က လူ(၃၀)ထက် ကျော်လွန်၍ လူစုလူဝေး ပြု့လုပ်မှုကြောင့် မြို့နယ်ထွေအုပ်ကို အရေးယူရန် တိုင်းလွှတ်တော်ကိုယ်စားလှယ်က ရဲစခန်း၌ တိုင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ဆိပ်ကြီးခနောင်တိုမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်သိန်းသည် လှူနာတင်ယာဉ် လှူဒါန်းမှုကို လက်ခံယူရာ၌ လူ(၃၀)ထက် ကျော်လွန်၍ လူစုလူဝေး ဆောင်ရွက်ခဲမှုကြောင့် မြို့နယ် ထွေအုပ်ကို အရေးယူပေးရန် တိုင်းအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက မြို့နယ်ရဲစခန်း၌ တိုင်ကြားခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ(၂၁)ရက်နေ့၊နံနက်(၉)နာရီအချိန်၌ ဓမ္မပိတိကျောင်းတိုက်၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းဦးဆောင်၍ လူနာတင်ယာဉ် အလှူရှင် မိသားစုက မြို့နယ် ကြက်ခြေနီသူနာပြု့တပ်ဖွဲ့သို့ မော်တော်ယာဉ်လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းပွဲ၌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် လူ(၃၀)ထက် ကျော်လွန်၍ လူစုလူဝေး ပြု့လုပ်ခဲ့သည်။မြို့နယ်ထွေအုပ်သည် COVID-19 ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်၊ညွှန်ကြားချက်များကို ဆန့်ကျင်၍ လုပ်ဆောင်ခဲ့မှုကြောင့် တိုင်း အမှတ်(၂) ကိုယ်စားလှယ်က မြို့နယ် အုပ်ချုပ်ရေးမှူးကို အရေးယူရန် ရဲစခန်း၌ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ PeopleMedia က တိုင်းအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေကို ဆက်သွယ်မေးမြန်းရာ”အခမ်းအနားမှာ ပါတဲ့ ကြက်ခြေနီ ကောင်လေးတစ်ယောက်က အခုဆေးရုံမှာ မောလို့ဆိုပြီး အရေးပေါ်တင်လိုက်ရတယ်။အခုတော့ COVID နဲ့ပါ ဆက်နေပြီ။အခု COVID နဲ့ အရေးပေါ်စစ်နေရပြီ။အဲ့တော့ အဖြေထွက်လာရင် အဲ့ဒီတစ်ဖွဲ့လုံး Qဝင်ရမှာပေါ့ဗျာ။အခုတော့ လောလောဆယ် ဆိပ်ကြီးခနောင်တို ဆေးရုံးမှာဘဲရှိသေးတယ်”လို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မြို့နယ်ထွေအုပ်ကို တည်ဆဲဥပဒေနှင့်အရေးယူရန်ဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

source : PeopleMedia

zawgyi






source : PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *