လူ လို က္ ပါ တဲ့ တ ႐ု တ္ေ ရငုပ္သေ ဘၤာ ကမာၻ႔အ န က္ဆုံ းသမုဒ ၵ ရာၾက မ္ းျပ င္ ဆီ ေ ရာက္ရွိ

တ ရုတ် ဟာ ကမ္ဘာ့ အနက် ဆုံး သမုဒ္ဒရ ာကြမ်းပြင်ဆီ လူလိုက် ပါတဲ့ တရုတ် ရေငုပ်သ င်္ဘော သ စ်ကို စေလွှတ်ခဲ့ပြီး တစ်ပတ်အ ကြာမှာပဲ အဆို ပါမ စ်ရှင်ရဲ့ ပုံရိပ် တွေ ကို နိုင်ငံပို င်ရုပ် သံဌာန CCTV က သေ ာကြာ နေ့မှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။ Fendouzhe (ဖန်းဒိုးကျော့) သို့မဟုတ် Striver လို့အမည်ရတဲ့ ရေငုပ်သင်္ဘောဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းက ကမ္ဘာ့အနက်ဆုံး မရီယားနားချောက် (Mariana Trench ) ရဲ့ မီတာအနက် ၁၀ ၀၀၀ ကျော် (၃၂ ၈၀၈ ပေ ) အထိ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

အစိမ်းနဲ့အဖြူရောင် ရေငုပ်သင်္ဘောဟာ အမှိုက်သရိုက်တွေရှိနေတဲ့ ရေနက်ပိုင်းကို ဖြတ်ပြီး သမုဒ္ဒရာကြမ်းပြင်ကို ဖြည်းညင်းစွာဆင်းသက်ခဲ့တဲ့ပုံကို ပြသခဲ့တာဖြစ်ပါတယ်Fendouzhe ရေငုပ်သင်္ဘောဟာ မီတာအနက် ၁၀ ၉၀၉ အထိ ရောက်ရှိခဲ့တာကြောင့် တရုတ်နိုင်ငံအနေနဲ့ လူလိုက်ပါတဲ့ ရေအနက်ဆုံးဆင်းသက်မှု စံချိန်တင်မှတ်တမ်းဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ်က ရေအောက်မီတာအနက် ၁၀ ၉၂၇ အထိ ဆင်းသက်ခဲ့တဲ့ အမေရိကန်ရေအောက်စူးစမ်းရှာဖွေရေးယာဉ် ရဲ့ စံချိန်ကို ချိုးဖို့ နည်းနည်းသာလိုပါတယ်။

သိပ္ပံပညာရှင် ဟီလဲ့ရှန်က “ ဒီကနေ့စူးစမ်းရှာဖွေမှုတွေထဲက တစ်ခုကတော့ ပင်လယ်သတ္တဝါတွေအကြောင်းလေ့လာမှာဖြစ်ပါတယ်။ တတ်နိုင်သမျှ သက်ရှိဇီဝနမူနာတချို့ကိုလည်း ယူသွားမှာဖြစ်ပါတယ်။ အလိုအလျောက် နမူနာကောက်တဲ့ ကိရိယာတွေကိုလည်း အသုံးပြုသွားမှာပါ” လို့ပြောပါတယ်။
ဂြိုဟ်တုအချက်အလက်ထုတ်လွှင့်ရေးဌာနက အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဂျူဝေက “ကင်မရာနဲ့ စူးစမ်းရေးကိရိယာတွေကနေ ဖမ်းယူထားတဲ့ပုံရိပ်တွေကို ပင်လယ်ရေမျက်နှာပြင်ပေါ်က မိခင်သင်္ဘောဆီ ပေးပို့မှာပါ။ China Media Group (CMG) စတူဒီယိုနဲ့ မီတာ ၁၀ ၀၀၀ အနက် ပင်လယ်ကြမ်းပြင်အကြား ချိတ်ဆက်မှုတွေ သိရှိနိုင်ဖို့ ဗီဒီယိုတွေကို ဂြိုဟ်တုထုတ်လွှင့်ရေးစနစ်ကနေတစ်ဆင့် CMG ဆီ ပို့လိုက်ပါပြီ” လို့ဆိုပါတယ်။

သက်ရှိဇီဝဆိုင်ရာ နမူနာတွေကောက်ယူဖို့ စက်ရုပ်လက်တံတွေနဲ့ ပတ်ဝန်းကျင်အရာဝတ္ထုပစ္စည်းတွေကိုအတည်ပြုဖို့ အသံလှိုင်းကို အသုံးပြုတဲ့ ဆိုနာအိုင်း (sonar eyes) ကိရိယာတွေတပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောဟာ ၎င်းရဲ့အရည်အသွေးကို စမ်းသပ်ဖို့ လေ့ကျင့်မှုတွေ ထပ်တလဲလဲလုပ်ခဲ့ရပါတယ်။
ပင်လယ်ကြမ်းပြင်မှာ မျိုးစိတ်အများအပြားနဲ့ သက်ရှိအရာတွေ ပျံ့နှံ့နေတယ်လို့ သင်္ဘောပေါ်ပါသွားတဲ့ သိပ္ပံပညာရှင်တွေက CCTV ကို ပြောခဲ့ပါတယ်။
အောင်မြင်စွာမဆင်းသက်နိုင်ခင်မှာ နှစ်ကြိမ်ထက်မနည်း စမ်းသပ်လေ့ကျင့်မှုတွေလုပ်ခဲ့ရကြောင်း မစ်ရှင်မှာပါတဲ့ တရုတ်သိပ္ပံတက္ကသိုလ်က သုတေသီ ဂျူမင်းက ပြောပါတယ်။

Ref-AFP
Mizzima

zawgyi

တ ႐ုတ္ ဟာ ကမာၻ႔ အနက္ ဆုံး သမုဒၵရ ာၾကမ္းျပင္ဆီ လူလိုက္ ပါတဲ့ တ႐ုတ္ ေရငုပ္သ ေဘၤာ သ စ္ကို ေစလႊတ္ခဲ့ၿပီး တစ္ပတ္အ ၾကာမွာပဲ အဆို ပါမ စ္ရွင္ရဲ႕ ပုံရိပ္ ေတြ ကို ႏိုင္ငံပို င္႐ုပ္ သံဌာန CCTV က ေသ ာၾကာ ေန႔မွာ ထုတ္လႊင့္ ျပသခဲ့ပါတယ္။ Fendouzhe (ဖန္းဒိုးေက်ာ့) သို႔မဟုတ္ Striver လို႔အမည္ရတဲ့ ေရငုပ္သေဘၤာဟာ ပစိဖိတ္သမုဒၵရာအတြင္းက ကမာၻ႔အနက္ဆုံး မရီယားနားေခ်ာက္ (Mariana Trench ) ရဲ႕ မီတာအနက္ ၁၀ ၀၀၀ ေက်ာ္ (၃၂ ၈၀၈ ေပ ) အထိ ဆင္းသက္ခဲ့တာျဖစ္ပါတယ္။

အစိမ္းနဲ႔အျဖဴေရာင္ ေရငုပ္သေဘၤာဟာ အမႈိက္သ႐ိုက္ေတြရွိေနတဲ့ ေရနက္ပိုင္းကို ျဖတ္ၿပီး သမုဒၵရာၾကမ္းျပင္ကို ျဖည္းညင္းစြာဆင္းသက္ခဲ့တဲ့ပုံကို ျပသခဲ့တာျဖစ္ပါတယ္Fendouzhe ေရငုပ္သေဘၤာဟာ မီတာအနက္ ၁၀ ၉၀၉ အထိ ေရာက္ရွိခဲ့တာေၾကာင့္ တ႐ုတ္ႏိုင္ငံအေနနဲ႔ လူလိုက္ပါတဲ့ ေရအနက္ဆုံးဆင္းသက္မႈ စံခ်ိန္တင္မွတ္တမ္းဝင္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္က ေရေအာက္မီတာအနက္ ၁၀ ၉၂၇ အထိ ဆင္းသက္ခဲ့တဲ့ အေမရိကန္ေရေအာက္စူးစမ္းရွာေဖြေရးယာဥ္ ရဲ႕ စံခ်ိန္ကို ခ်ိဳးဖို႔ နည္းနည္းသာလိုပါတယ္။

သိပၸံပညာရွင္ ဟီလဲ့ရွန္က “ ဒီကေန႔စူးစမ္းရွာေဖြမႈေတြထဲက တစ္ခုကေတာ့ ပင္လယ္သတၱဝါေတြအေၾကာင္းေလ့လာမွာျဖစ္ပါတယ္။ တတ္ႏိုင္သမွ် သက္ရွိဇီဝနမူနာတခ်ိဳ႕ကိုလည္း ယူသြားမွာျဖစ္ပါတယ္။ အလိုအေလ်ာက္ နမူနာေကာက္တဲ့ ကိရိယာေတြကိုလည္း အသုံးျပဳသြားမွာပါ” လို႔ေျပာပါတယ္။
ၿဂိဳဟ္တုအခ်က္အလက္ထုတ္လႊင့္ေရးဌာနက အင္ဂ်င္နီယာတစ္ဦးျဖစ္တဲ့ ဂ်ဴေဝက “ကင္မရာနဲ႔ စူးစမ္းေရးကိရိယာေတြကေန ဖမ္းယူထားတဲ့ပုံရိပ္ေတြကို ပင္လယ္ေရမ်က္ႏွာျပင္ေပၚက မိခင္သေဘၤာဆီ ေပးပို႔မွာပါ။ China Media Group (CMG) စတူဒီယိုနဲ႔ မီတာ ၁၀ ၀၀၀ အနက္ ပင္လယ္ၾကမ္းျပင္အၾကား ခ်ိတ္ဆက္မႈေတြ သိရွိႏိုင္ဖို႔ ဗီဒီယိုေတြကို ၿဂိဳဟ္တုထုတ္လႊင့္ေရးစနစ္ကေနတစ္ဆင့္ CMG ဆီ ပို႔လိုက္ပါၿပီ” လို႔ဆိုပါတယ္။

သက္ရွိဇီဝဆိုင္ရာ နမူနာေတြေကာက္ယူဖို႔ စက္႐ုပ္လက္တံေတြနဲ႔ ပတ္ဝန္းက်င္အရာဝတၳဳပစၥည္းေတြကိုအတည္ျပဳဖို႔ အသံလႈိင္းကို အသုံးျပဳတဲ့ ဆိုနာအိုင္း (sonar eyes) ကိရိယာေတြတပ္ဆင္ထားတဲ့ ေရငုပ္သေဘၤာဟာ ၎ရဲ႕အရည္အေသြးကို စမ္းသပ္ဖို႔ ေလ့က်င့္မႈေတြ ထပ္တလဲလဲလုပ္ခဲ့ရပါတယ္။
ပင္လယ္ၾကမ္းျပင္မွာ မ်ိဳးစိတ္အမ်ားအျပားနဲ႔ သက္ရွိအရာေတြ ပ်ံ႕ႏွံ႔ေနတယ္လို႔ သေဘၤာေပၚပါသြားတဲ့ သိပၸံပညာရွင္ေတြက CCTV ကို ေျပာခဲ့ပါတယ္။
ေအာင္ျမင္စြာမဆင္းသက္ႏိုင္ခင္မွာ ႏွစ္ႀကိမ္ထက္မနည္း စမ္းသပ္ေလ့က်င့္မႈေတြလုပ္ခဲ့ရေၾကာင္း မစ္ရွင္မွာပါတဲ့ တ႐ုတ္သိပၸံတကၠသိုလ္က သုေတသီ ဂ်ဴမင္းက ေျပာပါတယ္။

Ref-AFP
Mizzima

Leave a Reply

Your email address will not be published. Required fields are marked *