အီတလီမွ ကိုဗစ္ စျဖစ္သည္ဆိုေသာ အယူအဆကို တ႐ုတ္ ဝါဒျဖန႔္ေန

အီတလီတွင် ကနဦး၊ မသိရှိနိုင်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံမှုအကြောင်း လေ့လာမှုတစ်ရပ်ကို အသုံးချပြီး တရုတ်နိုင်ငံသည် လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ၏ မွေးရပ်မြေဖြစ်သည်ဆိုသော တစ်ကမ္ဘာလုံး အခိုင်အမာလက်ခံထားကြသည့် အယူအဆအပေါ် သံသယဖြစ်စေရန် ကြိုးပမ်းနေကြောင်း New York Post သတင်းစာ ကဖော်ပြသည်။

တရုတ်နိုင်ငံဝူဟန်မြို့သည် ကိုဗစ်စတင်ပျံ့နှံ့ရာ ဗဟိုချက်မဖြစ်သည်ဟု အတည်မပြုမီ သုံးလခန့်အလို စက်တင်ဘာလကတည်းက အီတလီတွင် ယင်း ကူးစက်ရောဂါ ပျံ့ပွားနေပြီဟု သုံးသပ်ထားသော လေ့လာမှုအသစ်တစ်ခုကို တရုတ်က အသုံးချနေခြင်းဖြစ်သည်ဟု လန်ဒန်တိုင်းမ်စ် သတင်းစာကလည်း ဖော်ပြသည်။

ယခင်ကလည်း စပိန်သည် ကူးစက်မှုစတင်ရာနေရာ ဖြစ်နိုင်သည်ဆိုသော အယူအဆကို တရုတ်ကချပြခဲ့သလို၊ ကမ္ဘာ့စစ်ရေးပြပြိုင်ပွဲ (Military World Games)ကျင်းပစဉ် အောက်တိုဘာလအတွင်းက အမေရိကန်စစ်တပ်က တရုတ်ပြည်ကို ရောဂါပိုး သယ်ဆောင်လာခဲ့သည်ဆိုသော အယူအဆကိုလည်း ဖြန့်ဖြူးခဲ့ဖူးသည်။

အီတလီနိုင်ငံ မီလန်မြို့ရှိ အမျိုးသားကင်ဆာအင်စတီကျု၏ လေ့လာမှုအသစ်အရ ကူးစက်မှုသည် တရုတ်တွင်မဟုတ်ဘဲ အီတလီတွင်စခဲ့သည်ဆိုသော အိုင်ဒီယာကို တရုတ်နိုင်ငံပိုင်မီဒီယာများက မီးမောင်းထိုး ဖော်ပြနေကြသည်ဟု လန်ဒန်တိုင်းမ် သတင်းစာကဖော်ပြသည်။

“ဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်ကို ခြေရာခံတာဟာ သိပ္ပံပညာရှင်တွေပဲ လုပ်သင့်တဲ့ ရှုပ်ထွေးတဲ့ သိပ္ပံမေးခွန်းတစ်ရပ်သာဖြစ်တယ်လို့ အခုတွေ့ရှိမှုက ဖော်ပြနေပါတယ်၊နိုင်ငံအများအပြား ပါဝင်ပတ်သက်နေနိုင်တဲ့ ဖြစ်ပေါ်ပြောင်းလဲတဲ့ကိစ္စမျိုးပါ”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ကျောင်းလိကျန်းက ဆိုသည်။

ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံဝူဟန်တွင် စတင်မတွေ့ရှိမီ မည်သည့်နေရာ၌မဆို တိတ်တဆိတ် ပျံ့ပွားနေခြင်းမျိုးဖြစ်နိုင်သည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သုံးသပ်သည်။သို့သော်လည်း အီတလီမှ လေ့လာမှုအပေါ် သိပ္ပံပညာရှင်များက သံသယရှိနေကြပြီး တရုတ်တွင် ကိုဗစ်မြစ်ဖျားခံသည်ဆိုသောအချက်ကို ငြင်းနိုင်လောက်အောင် မခိုင်လုံဟု ထောက်ပြကြသည်။

CRD_The Voice

zawgyi

အီတလီတြင္ ကနဦး၊ မသိရွိႏိုင္ခဲ့ေသာ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံမႈအေၾကာင္း ေလ့လာမႈတစ္ရပ္ကို အသုံးခ်ၿပီး တ႐ုတ္ႏိုင္ငံသည္ လက္ရွိ ကိုဗစ္-၁၉ ကပ္ေရာဂါ၏ ေမြးရပ္ေျမျဖစ္သည္ဆိုေသာ တစ္ကမာၻလုံး အခိုင္အမာလက္ခံထားၾကသည့္ အယူအဆအေပၚ သံသယျဖစ္ေစရန္ ႀကိဳးပမ္းေနေၾကာင္း New York Post သတင္းစာ ကေဖာ္ျပသည္။

တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕သည္ ကိုဗစ္စတင္ပ်ံ႕ႏွံ႔ရာ ဗဟိုခ်က္မျဖစ္သည္ဟု အတည္မျပဳမီ သုံးလခန႔္အလို စက္တင္ဘာလကတည္းက အီတလီတြင္ ယင္း ကူးစက္ေရာဂါ ပ်ံ႕ပြားေနၿပီဟု သုံးသပ္ထားေသာ ေလ့လာမႈအသစ္တစ္ခုကို တ႐ုတ္က အသုံးခ်ေနျခင္းျဖစ္သည္ဟု လန္ဒန္တိုင္းမ္စ္ သတင္းစာကလည္း ေဖာ္ျပသည္။

ယခင္ကလည္း စပိန္သည္ ကူးစက္မႈစတင္ရာေနရာ ျဖစ္ႏိုင္သည္ဆိုေသာ အယူအဆကို တ႐ုတ္ကခ်ျပခဲ့သလို၊ ကမာၻ႔စစ္ေရးျပၿပိဳင္ပြဲ (Military World Games)က်င္းပစဥ္ ေအာက္တိုဘာလအတြင္းက အေမရိကန္စစ္တပ္က တ႐ုတ္ျပည္ကို ေရာဂါပိုး သယ္ေဆာင္လာခဲ့သည္ဆိုေသာ အယူအဆကိုလည္း ျဖန႔္ျဖဴးခဲ့ဖူးသည္။

အီတလီႏိုင္ငံ မီလန္ၿမိဳ႕ရွိ အမ်ိဳးသားကင္ဆာအင္စတီက်ဳ၏ ေလ့လာမႈအသစ္အရ ကူးစက္မႈသည္ တ႐ုတ္တြင္မဟုတ္ဘဲ အီတလီတြင္စခဲ့သည္ဆိုေသာ အိုင္ဒီယာကို တ႐ုတ္ႏိုင္ငံပိုင္မီဒီယာမ်ားက မီးေမာင္းထိုး ေဖာ္ျပေနၾကသည္ဟု လန္ဒန္တိုင္းမ္ သတင္းစာကေဖာ္ျပသည္။

“ဗိုင္းရပ္စ္ရဲ႕ဇာစ္ျမစ္ကို ေျခရာခံတာဟာ သိပၸံပညာရွင္ေတြပဲ လုပ္သင့္တဲ့ ရႈပ္ေထြးတဲ့ သိပၸံေမးခြန္းတစ္ရပ္သာျဖစ္တယ္လို႔ အခုေတြ႕ရွိမႈက ေဖာ္ျပေနပါတယ္၊ႏိုင္ငံအမ်ားအျပား ပါဝင္ပတ္သက္ေနႏိုင္တဲ့ ျဖစ္ေပၚေျပာင္းလဲတဲ့ကိစၥမ်ိဳးပါ”ဟု တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ ပုဂၢိဳလ္ ေက်ာင္းလိက်န္းက ဆိုသည္။

ဗိုင္းရပ္စ္ကို တ႐ုတ္ႏိုင္ငံဝူဟန္တြင္ စတင္မေတြ႕ရွိမီ မည္သည့္ေနရာ၌မဆို တိတ္တဆိတ္ ပ်ံ႕ပြားေနျခင္းမ်ိဳးျဖစ္ႏိုင္သည္ဟုလည္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က သုံးသပ္သည္။သို႔ေသာ္လည္း အီတလီမွ ေလ့လာမႈအေပၚ သိပၸံပညာရွင္မ်ားက သံသယရွိေနၾကၿပီး တ႐ုတ္တြင္ ကိုဗစ္ျမစ္ဖ်ားခံသည္ဆိုေသာအခ်က္ကို ျငင္းႏိုင္ေလာက္ေအာင္ မခိုင္လုံဟု ေထာက္ျပၾကသည္။

CRD_The Voice

Leave a Reply

Your email address will not be published. Required fields are marked *