ေဒၚနယ္ထရမ့္ကို ေပးခဲ့တဲ့ ပဋိပစၥည္းေပါင္းစပ္ေဆးကို အေရးေပၚအေျခအေနမွာ အသုံးျပဳဖို႔ အေမရိကန္ FDA ခြင့္ျပဳ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရချိန်က သူ့ကို ပေးခဲ့တဲ့ စမ်းသပ်ဆဲ ပဋိပစ္စည်းပေါင်းစပ်ဆေးကို အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)က ခွင့်ပြုပေးလိုက်ပါပြီ။ Regeneron ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ပဋိပစ္စည်းပေါင်းစပ်ဆေးကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ဝေဒနာအပြင်းအထန် ခံစားရနိုင်ခြေရှိသူတွေကို အသုံးပြုခွင့်ပေးမှာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ရောဂါပိုးတွေ့ပြီးပြီးချင်း အဲဒီဆေးကိုသာ စောစောစီးစီး အသုံးပြုရင် အာနိသင်ထက်မြက်တယ်လို့ တွေ့ရပါတယ်။

Regeneron ကုမ္ပဏီရဲ့ ပဋိပစ္စည်းပေါင်းစပ်ဆေးဟာ ဓာတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ ပဋိပစ္စည်း ၂ မျိုးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ အဲဒီပဋိပစ္စည်းတွေဟာ လူသားတွေရဲ့ကိုယ်ခံအားစနစ် တုံ့ပြန်ပုံကို ပုံတူကူးထားပြီး ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးတာပါ။ အခုလအကုန်မှာ လူနာ ၈၀၀၀၀ အတွက် လုံလောက်မယ့် ဆေးဝါးတွေ ထုတ်လုပ်ပေးနိုင်ဖို့ မျှော်မှန်းထားပြီး ဇန်နဝါရီလအကုန်မှာ ဆေးအဖုံ ၃ သိန်း ရနိုင်လိမ့်မယ်လို့ Regeneron ကုမ္ပဏီက ပြောပါတယ်။ ဒါပေမဲ့ ဆေးရုံတက်နေရပြီး အောက်ဆီဂျင်လိုအပ်တဲ့ ကိုဗစ်-၁၉ လူနာတွေအတွက် အဲဒီဆေးကို အသုံးပြုခွင့်မပေးဘူးလို့ FDA က ဆိုပါတယ်။

အခုလအစောပိုင်းတုန်းကလည်း အမေရိကန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Eli Lilly က ထုတ်လုပ်တဲ့ ပဋိပစ္စည်းပေါင်းစပ်ဆေးကို အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ အမေရိကန် FDA က ဖွင့်ပြုပေးခဲ့ပါတယ်။

crd

zawgyi

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရခ်ိန္က သူ႔ကို ေပးခဲ့တဲ့ စမ္းသပ္ဆဲ ပဋိပစၥည္းေပါင္းစပ္ေဆးကို အေရးေပၚအေျခအေနမွာ အသုံးျပဳဖို႔ အေမရိကန္ႏိုင္ငံ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲမႈ ဦးစီးဌာန (FDA)က ခြင့္ျပဳေပးလိုက္ပါၿပီ။ Regeneron ကုမၸဏီက ထုတ္လုပ္ထားတဲ့ ပဋိပစၥည္းေပါင္းစပ္ေဆးကို ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရၿပီး ေဝဒနာအျပင္းအထန္ ခံစားရႏိုင္ေျခရွိသူေတြကို အသုံးျပဳခြင့္ေပးမွာ ျဖစ္ပါတယ္။ ေလ့လာမႈေတြအရ ေရာဂါပိုးေတြ႕ၿပီးၿပီးခ်င္း အဲဒီေဆးကိုသာ ေစာေစာစီးစီး အသုံးျပဳရင္ အာနိသင္ထက္ျမက္တယ္လို႔ ေတြ႕ရပါတယ္။

Regeneron ကုမၸဏီရဲ႕ ပဋိပစၥည္းေပါင္းစပ္ေဆးဟာ ဓာတ္ခြဲခန္းမွာ ဖန္တီးထားတဲ့ ပဋိပစၥည္း ၂ မ်ိဳးကို ေပါင္းစပ္ထားတာျဖစ္ပါတယ္။ အဲဒီပဋိပစၥည္းေတြဟာ လူသားေတြရဲ႕ကိုယ္ခံအားစနစ္ တုံ႔ျပန္ပုံကို ပုံတူကူးထားၿပီး ဗိုင္းရပ္စ္ေတြကို တိုက္ဖ်က္ေပးတာပါ။ အခုလအကုန္မွာ လူနာ ၈၀၀၀၀ အတြက္ လုံေလာက္မယ့္ ေဆးဝါးေတြ ထုတ္လုပ္ေပးႏိုင္ဖို႔ ေမွ်ာ္မွန္းထားၿပီး ဇန္နဝါရီလအကုန္မွာ ေဆးအဖုံ ၃ သိန္း ရႏိုင္လိမ့္မယ္လို႔ Regeneron ကုမၸဏီက ေျပာပါတယ္။ ဒါေပမဲ့ ေဆး႐ုံတက္ေနရၿပီး ေအာက္ဆီဂ်င္လိုအပ္တဲ့ ကိုဗစ္-၁၉ လူနာေတြအတြက္ အဲဒီေဆးကို အသုံးျပဳခြင့္မေပးဘူးလို႔ FDA က ဆိုပါတယ္။

အခုလအေစာပိုင္းတုန္းကလည္း အေမရိကန္ေဆးဝါးကုမၸဏီတစ္ခုျဖစ္တဲ့ Eli Lilly က ထုတ္လုပ္တဲ့ ပဋိပစၥည္းေပါင္းစပ္ေဆးကို အေရးေပၚအေျခအေနမွာ အသုံးျပဳဖို႔ အေမရိကန္ FDA က ဖြင့္ျပဳေပးခဲ့ပါတယ္။
crd

Leave a Reply

Your email address will not be published. Required fields are marked *