ရေဒါ၌ပျောက် ဆုံးခဲ့သော ထိုင်ဝ မ်၏ F-16 တိုက်လေ ယာဉ် ကိုရှာတွေ့၊ ရေထဲေ မာင်းချသွားခြင်းသာဖြင့်
နိုဝင်ဘာလ ၁၇ ရ က်နေ့ညက ထိုင်ဝမ်လေတပ်၏ ရေဒါ၌ ပျောက်ဆုံးခဲ့ရ သော အက်ဖ်-၁၆ တိုက်လေ ယာဉ်ကို ရေအေက်မီတာ အနက် ၁၀၀၀ မှာ ရှာဖွေပြန်လည်တွေ့ရှိခဲ့ပါပြီ။ အဆိုပါတိုက်လေယာဉ်ကို ထိုင်ဝမ်ကြည်းတပ်ရဲ့ အမှတ်(၅) Mixed Tactical Fighter Wing မှ ဗိုလ်မှူးကြီး Jiang Zhengzhi လို့အမည်ရတဲ့ တိုက်လေယာဉ်မှူးက မောင်းနှင်ခဲ့တာလည်းဖြစ်ပါတယ်။ စတင်ဖြစ်ပွားချိန်နဲ့ဆို ၄ ရက်တာကာလလည်းကြာမြင့်ခဲ့တာပါ။
ထိုင်ဝမ်စစ်တပ်ရဲ့ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးတပ်ဖွဲ့တွေဟာ နှစ်ရက်ဆက် တိုက်လေယာဉ်ရဲ့ အနက်ရောင်သေတ္တာ (ပျံသန်းမှုအချက်အလက်မှတ်တမ်း) ကနေပြီး အားနည်းတဲ့ FDR Beacon အချက်ပြမှုကိုရရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဒီ beacon signal ကို flight data recorder မှထုတ်ပေးတာဖြစ်ပြီ း၎င်းကို flight data recorder (FDR) လို့လည်းခေါ်ပါတယ်။ ရရှိလာတဲ့အချက်အလက်အပေါ် မူတည်ပြီး Cross positioning လုပ်ပြီးတဲ့နောက် ပျက်ကျတဲ့တိုက်လေယာဉ်ရဲ့ အသေးစိတ်တည်နေရာကို အတည်ပြုခဲ့ပြီး ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ရှာဖွေမှုမှာ ကယ်ဆယ်ရေးသင်္ဘောနဲ့အတူ Black Hawk ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရဟတ်ယာဉ်နဲ့ S-70C ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရဟတ်ယာဉ်များလည်းပါဝင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ကြတယ်လို့လည်း သိရှိရပါတယ်။
သို့သော်လည်း အဆိုပါပျက်ကျခဲ့တဲ့နေရာမှာရှိတဲ့ ပင်လယ်အခြေအနေဟာ ဆိုးရွားလွန်းခဲ့ပြီး ပြင်းထန်တဲ့ လျှပ်စီးကြောင်းတွေကြောင့်လည်း ထောက်လှမ်းရေးကိရိယာတွေ၊ ရေအောက်ကင်မရာတွေရဲ့ လုပ်ဆောင်မှုအပေါ် အခက်အခဲများဖြစ်စေခဲ့ပြီး သီးခြားကယ်ဆယ်ရေးလုပ်ငန်းများကိုဆိုင်းငံ့ထားရမလိုတောင် ဖြစ်ခဲ့ရပါတယ်။
F-16 တိုက်လေယာဉ်ကို ၁၉၉၀ ပြည့်နှစ်တုန်းက အမေရိကန်ကနေ ထိုင်ဝမ်စစ်တပ်ကို ရောင်းချပေးခဲ့ပြီး ထိုင်ဝမ်မှာ ၂၃ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ သို့သော် ၂၃ နှစ်တာ ဝန်ထမ်းဆောင်စဉ် အတွင်း F-16 တိုက်လေယာဉ် ၈ စီးပျက်ကျခဲ့ပြီး လေယာဉ်မှူး ၈ ဦး စလုံးလည်း သေဆုံးခဲ့ရပြန်ပါတယ်။
ယခုပျက်ကျခဲ့တဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်ဟာ Hualien ဆိပ်ကမ်းမှ ရေမိုင် ၈ မိုင်အ ကွာမှာ ပျက်ကျခဲ့တာဖြစ်ပြီး ရေဒါမှတ်တမ်းတွေအရ တိမ်တွေကြားထဲ ပျံသန်းရင်း ပင်လယ်ထဲ ရုတ်တရက်ပျက်ကျခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ တိုက်လေယာဉ်မှူးအနေနဲ့ အရေးပေါ် ရေဒီယိုဆက်သွယ်မှု မပြုလုပ်ခဲ့သလို ခုန်ထွက်မှုလည်း မပြုလုပ်ခဲ့တာဟာလည်း သတိပြုမိ စရာဖြစ်ပါတယ်။
တိုက်လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး Jiang Zhengzhi ဟာ အသက် ၄၄ နှစ်ရှိပြီဖြစ်ပြီး စုစုပေါင်းပျံသန်းချိန် ၂,၂၃၀ ကျော်ရှိတဲ့ တကယ့်ဝါရင့်တိုက်လေယာဉ်မှူးတစ်ဦးပါ။ ထိုင်ဝမ်စစ်တပ်ကတော့ ဒီဖြစ်စဉ်ဟာ တိုက်လေယာဉ်မှူးအတွက် ရာသီဉတုဆိုးရွားနေတဲ့အချိန်အတွင်းမှာ ထင်ယောင်ထင်မှားဖြစ်ခဲ့ပုံရတယ်လို့ သုံးသပ်ထားကြပါတယ်။ ဆိုလိုချင်တာက ရေထုထဲကို မောင်းချသွားတဲ့ ပုံစံမျိုးပါ။ အက်ဖ်-၁၆ မှာတော့ တိုက်လေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ခြင်းမရှိဘူးလို့ Black Box ကပြသထားပါတယ်။
ဒါပေမယ့် ဒီလိုထင်ယောင် ထင်မှားဖြစ်စဉ်မျိုးဟာ ပထမဆုံးတော့ မဟုတ်ပါဘူး၊ ဂျပန် Air Self-Defense Force က အက်ဖ်-၃၅အေ စတဲ့လ် တိုက်လေယာဉ်ဟာလည်း ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ အဆိုပါဖြစ်စဉ်မျိုး ကြောင့်ပျက်ကျမှု မျိုးဖြစ်ခဲ့ပါသေးတယ်။
ပျံသန်းမှုလမ်းကြောင်းအရ တိုက်လေယာဉ်မှူးအနေနဲ့ ပေ ၂၁၀၀ အတွင်း ပျံသန်းလေ့ကျင့်နေစဉ်အတွင်း စက္က့န် ၂၀ အတွင်း ရုတ်ခြည်းဆိုသလို ၀ မီတာအထိကိုရောက်ရှိသွားခဲ့တယ်လို့ BX က ပြသထားပါတယ်။
ပျံသန်းနှုန်း တစ်စက္ကန့်ကို ၁၀၅ မီတာနှုန်းနဲ့ ရေပြင်ကို ကျဆင်းလာခဲ့တဲ့တိုက်လေယာဉ်ဟာ ရေအောက်ထဲရောက်တဲ့အချိန် တစ်နာရီကို ၉၀၀ ကီလိုမီတာနှုန်းနဲ့ငုတ်လျှိုးခဲ့တာကြောင့် ဒီအမြန်နှုန်းဟာ တိုက်လေယာဉ်မှူးအတွက် သေရုံမှတစ်ပါး အခြားလမ်းကြောင်းမရှိသလို ယခုထိလည်း အလောင်းကို ရှာတွေ့ခြင်းမရှိသေးဘူးလို့လည်း စိတ်မကောင်းဖွယ်ရာရေးသားဖော်ပြလိုက်ရပါတယ်။
source : MyanmarNews24
zawgyi
source : MyanmarNews24
Leave a Reply
Your email address will not be published. Required fields are marked *