ျမန္မာျပည္ကလြဲလို႔ ကမာၻ႔ဘယ္ႏိုင္ငံမွာမွ မရွိတဲ့ အရာတခု (ႏိုင္ငံျခားသူ တေယာက္ေရးတဲ့စာ)

၁၉၉၉ ခုနှစ် သူဆယ်နှစ်အရွယ်တုန်းက ယူနန်ပြည်က ရှမ်းလူမျိုးတွေနေထိုင်တဲ့ ဆစ်ဆောင်ပန်းနားကိုရောက်ခဲ့တယ်။ အဲဒီမှာ မြန်မာဂိုက်တစ်ယောက်နောက်လိုက်ပြီး မူဆယ်ဘက်ကို သူအလည်ရောက်ခဲ့တယ်။ အဲဒီကမှ မြန်မာပြည်ကို သူစိတ်ဝင်စားသွားတယ်။၁၅ နှစ်အကြာ ၂၀၁၄ ခုနှစ်မှာ မြန်မာပြည်ကို သူရောက်လာခဲ့တယ်။ ဒါဟာ သူ့ရဲ့ ၁၆ နိုင်ငံမြောက်ခရီးစဉ်ဖြစ်တယ်။ မြန်မာပြည်ဟာ စေတီပုထိုးတွေပေါများကြောင်း၊ သဘာဝတရားတွေနဲ့ ပြည့်နှက်နေကြောင်းတွေ သူအများကြီးရေးထားတယ်။

သူရေးထားတာထဲက ကျွန်မသဘောကျမိတာက သူ့ပို့စ်ကို သူပေးထားတဲ့ခေါင်းစဉ်ပါ။ “မြန်မာပြည်ကို သွားမလည်သေးရင် သိပ်နောက်ကျသွားလိမ့်မယ်” တဲ့.. ။ ဖွံ့ဖြိုးစတိုင်းပြည်မို့ မြန်မာပြည်ဟာ သဘာဝတရားတွေနဲ့ သူ့နဂိုပုံစံအတိုင်း လှနေသေးတယ်။ တကယ်လို့ သွားလည်တာနောက်ကျရင် သဘာဝတရားတွေဖျက်ဆီးခံရပြီး သူ့နဂိုပုံစံကို မြင်ရတော့မှာမဟုတ်ဘူးတဲ့။နောက်တစ်ခု သူရေးထားတာက “မြန်မာပြည်ကလူတွေဟာ ဆင်းရဲပေမယ့် သဒ္ဓါတရားထက်သန်ကြတယ်၊ ဆင်းရဲပေမယ့် သူတို့ရဲ့ မျက်နှာပေါ်မှာ ငြိမ်းချမ်းခြင်းနဲ့အပြုံးကို တွေ့ရတယ်။ ဖော်ရွေတယ်၊ အပြုံးတွေက တောက်ပတယ်၊ ရင်ကိုနွေးစေတယ်။

တကယ်လို့ ဘယ်လိုပြုံးရမယ်ဆိုတာကို သင်မေ့နေရင် မြန်မာပြည်ကိုတစ်ခေါက် သွားလိုက်ပါ။ အပြုံးတွေအများကြီး သင်ရချင်ရင်လည်း မြန်မာပြည်ကိုသွားလိုက်ပါ။ မြန်မာပြည်ကလူတွေက ဘယ်လိုပြုံးရမယ်ဆိုတာကို နားလည်တယ်။ ဒါဟာ ရင်ထဲကလာတဲ့အပြုံး၊ တုံ့ပြန်မှုမလိုတဲ့အပြုံး၊ သင့်ကိုကျေနပ်စေမယ့်အပြုံး၊ ရင်ထဲက ပျောက်ဆုံးနေတဲ့အလှကို သင်ပြန်ရှာတွေ့စေမယ့် အပြုံးဖြစ်တယ်”… တဲ့။နိုင်ငံတော်တော်များများသွားဖူးတဲ့ တကယ့်ပရော်ဖက်ရှင်နယ်ခရီးသွားတွေဟာ နိုင်ငံတစ်နိုင်ငံကိုရောက်ရင် လူဖန်တီးထားတဲ့အလှတွေထက် အဲဒီနိုင်ငံရဲ့ ရိုးရာဓလေ့၊ လူနေမှု၊ ယဉ်ကျေးမှု၊ သဘာဝကို ပိုစိတ်ဝင်စားကြတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ သူတို့ရဲ့မြို့ပြကိုခွာပြီး တကယ့်သဘာဝတရားနဲ့ ထိတွေ့လို့ရနိုင်မယ့်နေရာကို ပိုကြိုက်ကြတယ်။

ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာအနှံ့ခရီးသွားကြသူတွေဟာ ဟိုတယ်ကြီးမှာထက် လူနေရပ်ကွက်မှာ ဖွင့်ထားတဲ့ ဧည့်ရိပ်သာမှာ တည်းရတာကို ပိုကြိုက်တယ်။ အထင်ကရာနေရာတွေထက် ရပ်ကွက်ထဲ၊ မြို့သူမြို့သားနဲ့ ပိုနီးစပ်နိုင်မယ့်နေရာတွေကို ပိုစိတ်ဝင်စားကြတယ်။ ဒါမှ ဒီနိုင်ငံရဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုကို လေ့လာရပြီး လာလည်ရကျိုးနပ်မှာလေ။သူငယ်ချင်းတွေနဲ့ခရီးသွားတဲ့အခါ ကျွန်မတို့လည်း အတတ်နိုင်ဆုံး မြို့ပြထက် သဘာဝနဲ့ပိုနီးစပ်နိုင်မယ့် တောရွာ တောတောင်တွေကို ပိုဦးစားပေးရွေးဖြစ်တယ်။ ဒီတစ်ခေါက် ကမ္ဘာကြီးကျန်းမာလာတဲ့အခါ ဘူတန်ကို သွားလည်ချင်ပါသေးတယ်။

(ဓာတ်ပုံက အဲဒီတရုတ်မလေးရိုက်ထားတဲ့ ပုံလေးပါ)
နိုင်းနိုင်းစနေ

zawgyi

၁၉၉၉ ခုႏွစ္ သူဆယ္ႏွစ္အ႐ြယ္တုန္းက ယူနန္ျပည္က ရွမ္းလူမ်ိဳးေတြေနထိုင္တဲ့ ဆစ္ေဆာင္ပန္းနားကိုေရာက္ခဲ့တယ္။ အဲဒီမွာ ျမန္မာဂိုက္တစ္ေယာက္ေနာက္လိုက္ၿပီး မူဆယ္ဘက္ကို သူအလည္ေရာက္ခဲ့တယ္။ အဲဒီကမွ ျမန္မာျပည္ကို သူစိတ္ဝင္စားသြားတယ္။၁၅ ႏွစ္အၾကာ ၂၀၁၄ ခုႏွစ္မွာ ျမန္မာျပည္ကို သူေရာက္လာခဲ့တယ္။ ဒါဟာ သူ႔ရဲ႕ ၁၆ ႏိုင္ငံေျမာက္ခရီးစဥ္ျဖစ္တယ္။ ျမန္မာျပည္ဟာ ေစတီပုထိုးေတြေပါမ်ားေၾကာင္း၊ သဘာဝတရားေတြနဲ႔ ျပည့္ႏွက္ေနေၾကာင္းေတြ သူအမ်ားႀကီးေရးထားတယ္။

သူေရးထားတာထဲက ကြၽန္မသေဘာက်မိတာက သူ႔ပို႔စ္ကို သူေပးထားတဲ့ေခါင္းစဥ္ပါ။ “ျမန္မာျပည္ကို သြားမလည္ေသးရင္ သိပ္ေနာက္က်သြားလိမ့္မယ္” တဲ့.. ။ ဖြံ႕ၿဖိဳးစတိုင္းျပည္မို႔ ျမန္မာျပည္ဟာ သဘာဝတရားေတြနဲ႔ သူ႔နဂိုပုံစံအတိုင္း လွေနေသးတယ္။ တကယ္လို႔ သြားလည္တာေနာက္က်ရင္ သဘာဝတရားေတြဖ်က္ဆီးခံရၿပီး သူ႔နဂိုပုံစံကို ျမင္ရေတာ့မွာမဟုတ္ဘူးတဲ့။ေနာက္တစ္ခု သူေရးထားတာက “ျမန္မာျပည္ကလူေတြဟာ ဆင္းရဲေပမယ့္ သဒၶါတရားထက္သန္ၾကတယ္၊ ဆင္းရဲေပမယ့္ သူတို႔ရဲ႕ မ်က္ႏွာေပၚမွာ ၿငိမ္းခ်မ္းျခင္းနဲ႔အၿပဳံးကို ေတြ႕ရတယ္။ ေဖာ္ေ႐ြတယ္၊ အၿပဳံးေတြက ေတာက္ပတယ္၊ ရင္ကိုေႏြးေစတယ္။

တကယ္လို႔ ဘယ္လိုၿပဳံးရမယ္ဆိုတာကို သင္ေမ့ေနရင္ ျမန္မာျပည္ကိုတစ္ေခါက္ သြားလိုက္ပါ။ အၿပဳံးေတြအမ်ားႀကီး သင္ရခ်င္ရင္လည္း ျမန္မာျပည္ကိုသြားလိုက္ပါ။ ျမန္မာျပည္ကလူေတြက ဘယ္လိုၿပဳံးရမယ္ဆိုတာကို နားလည္တယ္။ ဒါဟာ ရင္ထဲကလာတဲ့အၿပဳံး၊ တုံ႔ျပန္မႈမလိုတဲ့အၿပဳံး၊ သင့္ကိုေက်နပ္ေစမယ့္အၿပဳံး၊ ရင္ထဲက ေပ်ာက္ဆုံးေနတဲ့အလွကို သင္ျပန္ရွာေတြ႕ေစမယ့္ အၿပဳံးျဖစ္တယ္”… တဲ့။ႏိုင္ငံေတာ္ေတာ္မ်ားမ်ားသြားဖူးတဲ့ တကယ့္ပေရာ္ဖက္ရွင္နယ္ခရီးသြားေတြဟာ ႏိုင္ငံတစ္ႏိုင္ငံကိုေရာက္ရင္ လူဖန္တီးထားတဲ့အလွေတြထက္ အဲဒီႏိုင္ငံရဲ႕ ႐ိုးရာဓေလ့၊ လူေနမႈ၊ ယဥ္ေက်းမႈ၊ သဘာဝကို ပိုစိတ္ဝင္စားၾကတယ္။ ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ သူတို႔ရဲ႕ၿမိဳ႕ျပကိုခြာၿပီး တကယ့္သဘာဝတရားနဲ႔ ထိေတြ႕လို႔ရႏိုင္မယ့္ေနရာကို ပိုႀကိဳက္ၾကတယ္။

ေက်ာပိုးအိတ္တစ္လုံးနဲ႔ ကမာၻအႏွံ႔ခရီးသြားၾကသူေတြဟာ ဟိုတယ္ႀကီးမွာထက္ လူေနရပ္ကြက္မွာ ဖြင့္ထားတဲ့ ဧည့္ရိပ္သာမွာ တည္းရတာကို ပိုႀကိဳက္တယ္။ အထင္ကရာေနရာေတြထက္ ရပ္ကြက္ထဲ၊ ၿမိဳ႕သူၿမိဳ႕သားနဲ႔ ပိုနီးစပ္ႏိုင္မယ့္ေနရာေတြကို ပိုစိတ္ဝင္စားၾကတယ္။ ဒါမွ ဒီႏိုင္ငံရဲ႕ ႐ိုးရာဓေလ့ ယဥ္ေက်းမႈကို ေလ့လာရၿပီး လာလည္ရက်ိဳးနပ္မွာေလ။သူငယ္ခ်င္းေတြနဲ႔ခရီးသြားတဲ့အခါ ကြၽန္မတို႔လည္း အတတ္ႏိုင္ဆုံး ၿမိဳ႕ျပထက္ သဘာဝနဲ႔ပိုနီးစပ္ႏိုင္မယ့္ ေတာ႐ြာ ေတာေတာင္ေတြကို ပိုဦးစားေပးေ႐ြးျဖစ္တယ္။ ဒီတစ္ေခါက္ ကမာၻႀကီးက်န္းမာလာတဲ့အခါ ဘူတန္ကို သြားလည္ခ်င္ပါေသးတယ္။

(ဓာတ္ပုံက အဲဒီတ႐ုတ္မေလး႐ိုက္ထားတဲ့ ပုံေလးပါ)
ႏိုင္းႏိုင္းစေန

Leave a Reply

Your email address will not be published. Required fields are marked *