ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္နဲ႔ ပန္းဝင္ၾကေတာ့မယ့္ ကိုဗစ္ကာကြယ္ေဆးမ်ားအေၾကာင္း

ကိုဗစ်ကာကွယ်ဆေးတွေမှာ နောက်ဆုံးပန်းဝင်လာနိုင်သူတွေကို တန်းစီကြည့်ပါမယ်။ စုစုပေါင်း ကာကွယ်ဆေး (၁၁) တောင်မျိုးရှိပါတယ်။ပန်းဝင်ပြီး တစ်ကမ္ဘာလုံးလက်ခံဖို့ အောက်ပါအဖွဲ့အစည်းတွေထဲက အနည်းဆုံးတစ်ဖွဲ့ရဲ့ အသိအမှတ်ပြုမှုကို လိုအပ်ပါတယ်။

အမေရိကန်က FDA ဥရောပသမဂ္ဂရဲ့ EMA ယူကေနိုင်ငံရဲ့ MHRA WHO အဲ့လို အသိအမှတ်ပြုရဖို့က …

ကာကွယ်ဆေးရဲ့အန္တရာယ်ကင်းမှု၊ အာနိစင်ထိရောက်မှုတို့အပြင်၊ ထုတ်သမျှအလုံးတိုင်းမှာ အရည်အသွေးတူညီဖို့၊ ထုတ်လုပ်ရာမှာ သန့်ရှင်းမှု (strict sterilization နဲ့ hygiene standards) တွေ လိုအပ်ပါတယ်။

နောက်ဆုံး FDA ရဲ့အသိအမှတ်ပြုရဖို့တအားနီးကပ်နေတာက ….(၁) Pfizer/BioNTech – FDA တင်ထားပြီးပြီ။ ဒီဇင်ဘာလလယ်မှာကျနိုင်တယ်။(၂) Moderna – FDA တင်တော့မယ်။ ဒီဇင်ဘာလလယ်မှာကျနိုင်တယ်။ သူတို့နှစ်မျိုးက RNA နည်းပညာနဲ့ထုတ်ထားတာ။ Non-replicating viral-vector ကာကွယ်ဆေးမျိုးတွေက (၄) မျိုးရှိတယ်။

(၃) Oxford/AstraZeneca – သူနဲ့မျိုးတူတွေထဲမှာ စိတ်အချရဆုံးနဲ့အန္တရာယ်အကင်းဆုံး ကာကွယ်ဆေးဖြစ်တယ်။ ခရစ်စမတ်မတိုင်ခင် EMA နဲ့ MHRA ကျနိုင်တယ်။ တတိယပန်းဝင်နိုင်တဲ့သူဖြစ်တယ်။

(၄) Johnson & Johnson – တစ်လုံးပဲထိုးဖို့လိုတဲ့အမျိုးက စက်တင်ဘာလထဲမှာ Phase 3 စစမ်းသပ်ထားတယ်။ သူလည်းပန်းဝင်ကာနီးနေပြီ။ နှစ်လုံးထိုးရတဲ့ နောက်တစ်မျိုးကို နိုဝင်ဘာလ ၁၆ ရက်နေ့မှာစထားတယ်။ အဲ့ဒါကတော့ နောက်နှစ်ဆန်းထဲမှာမှ ပန်းဝင်မယ်။

(၅) တရုတ် CanSino က တရုတ်မှာပထမဆုံး အစိုးရက စစ်တပ်သုံးအဖြစ်ခွင့်ပြုပေးခဲ့တဲ့ ကုမ္ပဏီဖြစ်တယ်။ တကယ်လို့ အထက်ပါအဖွဲ့အစည်းတစ်ခုခုက လက်ခံနိုင်ခဲ့ရင် သူက နံပါတ်(၅)လောက်မှာ ပန်းဝင်လာမယ်။ CanSino ရဲ့ ကာကွယ်ဆေးဟာ ရိုးရိုးတုပ်ကွေးဗိုင်းရပ်စ်ကိုသုံးထားလို့ အာနိသင်ထိရောက်မှုကို #သံသယရှိနေကြတယ်။

(၆) ရုရှားရဲ့ Gamaleya က သူ့ဟာသူတော့ ၉၂% ထိရောက်တယ်ကြေညာထားပေမယ့် Phase 3 ရလဒ်ကို လူသိရှင်ကြားသေချာချပြဖို့လိုတယ်။ အဲ့လိုချပြလို့ လက်ခံနိုင်ရင်တော့ နံပါတ် (၆) နေရာမှာပန်းဝင်လာနိုင်တယ်။နောက်ထပ် (၄) မျိုးက Inactivated virus ကာကွယ်ဆေးမျိုးတွေဖြစ်တယ်။ Inactivated virus ဟာ ကာကွယ်ဆေးထုတ်လုပ်ရေးအပိုင်းမှာ သေသေချာချာကိုဂရုစိုက်ဖို့လိုတယ်။

(၇) တရုတ် SinoVac ရဲ့ကာကွယ်ဆေးဟာ နောက်လထဲမှာ Phase 3 ရလဒ်ကိုထုတ်ပေးနိုင်မယ်ပြောနေတယ်။ တကယ်လို့ အထက်ပါအဖွဲ့အစည်းတစ်ခုခုက လက်ခံနိုင်ခဲ့ရင် သူက နံပါတ်(၅)/(၆)/(၇) တစ်နေရာရာလောက်မှာ ပန်းဝင်လာမယ်။

(၈) (၉) Sinopham ရဲ့ကာကွယ်ဆေးကလည်း တရုတ်မှာ လူတစ်သန်းနီးပါးလောက်ကိုထိုးပေးထားတယ်ကြားတယ်။ Phase 3 ရလဒ်အပြည့်အစုံမထွက်သေးပဲနဲ့ ချနေတာ။ တကယ်လို့ အထက်ပါအဖွဲ့အစည်းတစ်ခုခုက လက်ခံနိုင်ခဲ့ရင် သူက နံပါတ်(၅)/(၆)/(၇)/(၈) တစ်နေရာရာလောက်မှာ ပန်းဝင်လာမယ်။ Sinopham က Beijing Institute နဲ့ တစ်မျိုးထုတ်ပြီးတော့ Wuhan Institute နဲ့လည်း တစ်မျိုးထုတ်ကာ နှစ်သီးစားဖို့လုပ်ထားတယ်။

(၁၀) Bharat Biotech က အိန္ဒိယကကာကွယ်ဆေးကလည်း Phase 3 စမ်းသပ်နေပြီမို့ နံပါတ် (၁၀) လောက်မှာ ပန်းဝင်လာနိုင်တယ်။ အိန္ဒိယရဲ့ ဂုဏ်ယူဖွယ်ကာကွယ်ဆေးတစ်ခုဖြစ်လာနိုင်တယ်။

(၁၁) မျိုးမတူလို့နောက်ဆုံးမှာရေးထားပေမယ့် နံပါတ် (၄)/(၅) လောက်မှာပန်းဝင်လာနိုင်တာက Novavax ဆိုတဲ့ အမေရိကန်ကုမ္ပဏီရဲ့ကာကွယ်ဆေး။ သူက စက်တင်ဘာ ၂၃ ကတည်းက Phase 3 စတင်ခဲ့တာဆိုတော့ ၂၀၂၁ နှစ်ဆန်းမှာ ပန်းဝင်နိုင်တယ်။ သူက Protein subunit ဆိုတဲ့ ပရိုတိန်းကိုအခြေခံတဲ့ကာကွယ်ဆေး။

အခုဆိုရင် နောက်ဆုံးအဆင့်မှာ ပန်းဝင်ဖို့ကပ်နေတဲ့ ကာကွယ်ဆေး (၁၁) မျိုးတောင်ရှိတယ်ဆိုတာ သိထားကြဖို့ တင်ပြပေးလိုက်ပါတယ်။ဒီကာကွယ်ဆေးတွေနဲ့အတူ အထိရောက်ရောက်ဆုံးကာကွယ်ဆေးတစ်ခုအဖြစ် #တွဲပြီးတစ်နှစ်လောက်ကျင့်သုံးနေရမှာက Mask တပ်ခြင်း၊ လက်ကိုသေသေချာချာဆေးခြင်းနဲ့ ခပ်ခွာခွာနေခြင်းတို့ဖြစ်ပါကြောင်း။

source : Richard Myo Thant

zawgyi

ကိုဗစ္ကာကြယ္ေဆးေတြမွာ ေနာက္ဆုံးပန္းဝင္လာႏိုင္သူေတြကို တန္းစီၾကည့္ပါမယ္။ စုစုေပါင္း ကာကြယ္ေဆး (၁၁) ေတာင္မ်ိဳးရွိပါတယ္။ပန္းဝင္ၿပီး တစ္ကမာၻလုံးလက္ခံဖို႔ ေအာက္ပါအဖြဲ႕အစည္းေတြထဲက အနည္းဆုံးတစ္ဖြဲ႕ရဲ႕ အသိအမွတ္ျပဳမႈကို လိုအပ္ပါတယ္။

အေမရိကန္က FDA ဥေရာပသမဂၢရဲ႕ EMA ယူေကႏိုင္ငံရဲ႕ MHRA WHO အဲ့လို အသိအမွတ္ျပဳရဖို႔က …

ကာကြယ္ေဆးရဲ႕အႏၲရာယ္ကင္းမႈ၊ အာနိစင္ထိေရာက္မႈတို႔အျပင္၊ ထုတ္သမွ်အလုံးတိုင္းမွာ အရည္အေသြးတူညီဖို႔၊ ထုတ္လုပ္ရာမွာ သန႔္ရွင္းမႈ (strict sterilization နဲ႔ hygiene standards) ေတြ လိုအပ္ပါတယ္။

ေနာက္ဆုံး FDA ရဲ႕အသိအမွတ္ျပဳရဖို႔တအားနီးကပ္ေနတာက ….(၁) Pfizer/BioNTech – FDA တင္ထားၿပီးၿပီ။ ဒီဇင္ဘာလလယ္မွာက်ႏိုင္တယ္။(၂) Moderna – FDA တင္ေတာ့မယ္။ ဒီဇင္ဘာလလယ္မွာက်ႏိုင္တယ္။ သူတို႔ႏွစ္မ်ိဳးက RNA နည္းပညာနဲ႔ထုတ္ထားတာ။ Non-replicating viral-vector ကာကြယ္ေဆးမ်ိဳးေတြက (၄) မ်ိဳးရွိတယ္။

(၃) Oxford/AstraZeneca – သူနဲ႔မ်ိဳးတူေတြထဲမွာ စိတ္အခ်ရဆုံးနဲ႔အႏၲရာယ္အကင္းဆုံး ကာကြယ္ေဆးျဖစ္တယ္။ ခရစ္စမတ္မတိုင္ခင္ EMA နဲ႔ MHRA က်ႏိုင္တယ္။ တတိယပန္းဝင္ႏိုင္တဲ့သူျဖစ္တယ္။

(၄) Johnson & Johnson – တစ္လုံးပဲထိုးဖို႔လိုတဲ့အမ်ိဳးက စက္တင္ဘာလထဲမွာ Phase 3 စစမ္းသပ္ထားတယ္။ သူလည္းပန္းဝင္ကာနီးေနၿပီ။ ႏွစ္လုံးထိုးရတဲ့ ေနာက္တစ္မ်ိဳးကို ႏိုဝင္ဘာလ ၁၆ ရက္ေန႔မွာစထားတယ္။ အဲ့ဒါကေတာ့ ေနာက္ႏွစ္ဆန္းထဲမွာမွ ပန္းဝင္မယ္။

(၅) တ႐ုတ္ CanSino က တ႐ုတ္မွာပထမဆုံး အစိုးရက စစ္တပ္သုံးအျဖစ္ခြင့္ျပဳေပးခဲ့တဲ့ ကုမၸဏီျဖစ္တယ္။ တကယ္လို႔ အထက္ပါအဖြဲ႕အစည္းတစ္ခုခုက လက္ခံႏိုင္ခဲ့ရင္ သူက နံပါတ္(၅)ေလာက္မွာ ပန္းဝင္လာမယ္။ CanSino ရဲ႕ ကာကြယ္ေဆးဟာ ႐ိုး႐ိုးတုပ္ေကြးဗိုင္းရပ္စ္ကိုသုံးထားလို႔ အာနိသင္ထိေရာက္မႈကို #သံသယရွိေနၾကတယ္။

(၆) ႐ုရွားရဲ႕ Gamaleya က သူ႔ဟာသူေတာ့ ၉၂% ထိေရာက္တယ္ေၾကညာထားေပမယ့္ Phase 3 ရလဒ္ကို လူသိရွင္ၾကားေသခ်ာခ်ျပဖို႔လိုတယ္။ အဲ့လိုခ်ျပလို႔ လက္ခံႏိုင္ရင္ေတာ့ နံပါတ္ (၆) ေနရာမွာပန္းဝင္လာႏိုင္တယ္။ေနာက္ထပ္ (၄) မ်ိဳးက Inactivated virus ကာကြယ္ေဆးမ်ိဳးေတြျဖစ္တယ္။ Inactivated virus ဟာ ကာကြယ္ေဆးထုတ္လုပ္ေရးအပိုင္းမွာ ေသေသခ်ာခ်ာကိုဂ႐ုစိုက္ဖို႔လိုတယ္။

(၇) တ႐ုတ္ SinoVac ရဲ႕ကာကြယ္ေဆးဟာ ေနာက္လထဲမွာ Phase 3 ရလဒ္ကိုထုတ္ေပးႏိုင္မယ္ေျပာေနတယ္။ တကယ္လို႔ အထက္ပါအဖြဲ႕အစည္းတစ္ခုခုက လက္ခံႏိုင္ခဲ့ရင္ သူက နံပါတ္(၅)/(၆)/(၇) တစ္ေနရာရာေလာက္မွာ ပန္းဝင္လာမယ္။

(၈) (၉) Sinopham ရဲ႕ကာကြယ္ေဆးကလည္း တ႐ုတ္မွာ လူတစ္သန္းနီးပါးေလာက္ကိုထိုးေပးထားတယ္ၾကားတယ္။ Phase 3 ရလဒ္အျပည့္အစုံမထြက္ေသးပဲနဲ႔ ခ်ေနတာ။ တကယ္လို႔ အထက္ပါအဖြဲ႕အစည္းတစ္ခုခုက လက္ခံႏိုင္ခဲ့ရင္ သူက နံပါတ္(၅)/(၆)/(၇)/(၈) တစ္ေနရာရာေလာက္မွာ ပန္းဝင္လာမယ္။ Sinopham က Beijing Institute နဲ႔ တစ္မ်ိဳးထုတ္ၿပီးေတာ့ Wuhan Institute နဲ႔လည္း တစ္မ်ိဳးထုတ္ကာ ႏွစ္သီးစားဖို႔လုပ္ထားတယ္။

(၁၀) Bharat Biotech က အိႏၵိယကကာကြယ္ေဆးကလည္း Phase 3 စမ္းသပ္ေနၿပီမို႔ နံပါတ္ (၁၀) ေလာက္မွာ ပန္းဝင္လာႏိုင္တယ္။ အိႏၵိယရဲ႕ ဂုဏ္ယူဖြယ္ကာကြယ္ေဆးတစ္ခုျဖစ္လာႏိုင္တယ္။

(၁၁) မ်ိဳးမတူလို႔ေနာက္ဆုံးမွာေရးထားေပမယ့္ နံပါတ္ (၄)/(၅) ေလာက္မွာပန္းဝင္လာႏိုင္တာက Novavax ဆိုတဲ့ အေမရိကန္ကုမၸဏီရဲ႕ကာကြယ္ေဆး။ သူက စက္တင္ဘာ ၂၃ ကတည္းက Phase 3 စတင္ခဲ့တာဆိုေတာ့ ၂၀၂၁ ႏွစ္ဆန္းမွာ ပန္းဝင္ႏိုင္တယ္။ သူက Protein subunit ဆိုတဲ့ ပ႐ိုတိန္းကိုအေျခခံတဲ့ကာကြယ္ေဆး။

အခုဆိုရင္ ေနာက္ဆုံးအဆင့္မွာ ပန္းဝင္ဖို႔ကပ္ေနတဲ့ ကာကြယ္ေဆး (၁၁) မ်ိဳးေတာင္ရွိတယ္ဆိုတာ သိထားၾကဖို႔ တင္ျပေပးလိုက္ပါတယ္။ဒီကာကြယ္ေဆးေတြနဲ႔အတူ အထိေရာက္ေရာက္ဆုံးကာကြယ္ေဆးတစ္ခုအျဖစ္ #တြဲၿပီးတစ္ႏွစ္ေလာက္က်င့္သုံးေနရမွာက Mask တပ္ျခင္း၊ လက္ကိုေသေသခ်ာခ်ာေဆးျခင္းနဲ႔ ခပ္ခြာခြာေနျခင္းတို႔ျဖစ္ပါေၾကာင္း။

source : Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *