ယူကရိန္းႏွင့္အင္ဒိုနီးရွားအၾကား NEPTUNE သေဘၤာဖ်က္ခ႐ုဇ္ဒုံးက်ည္စနစ္မ်ားေထာက္ပံ့ေပးရန္သေဘာတူညီမႈရရွိ

Defence Express ၏အစီရင္ခံစာအရ အင္ဒိုနီးရွားႏွင့္ယူကရိန္းတို႔၏ စစ္ေခါင္းေဆာင္မ်ားသည္ Neptune ဟုအမည္ရသည့္ ယူကရိန္း၏ေနာက္ဆုံးေပၚကမ္း႐ိုးတန္းကာကြယ္ေရးစနစ္အား ေထာက္ပံ့ေပးျခင္းအပါအဝင္ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရးအတြက္ သေဘာတူညီခ်က္မ်ားကို လက္မွတ္ေရးထိုးခဲ့ၾကသည္။ေသာၾကာေန႔က ေရးထိုးခဲ့ေသာ ႏွစ္ႏိုင္ငံအၾကား နားလည္မႈစာခြၽန္လႊာတြင္ ယူကရိန္းေရဒါစနစ္သစ္မ်ား၊ ေဝဟင္မွေဝဟင္ပစ္ဒုံးက်ည္မ်ားႏွင့္ R-360 ခ႐ုဇ္ဒုံးက်ည္မ်ားပါ၀င္သည့္ Neptun ကမ္း႐ိုးတန္းကာကြယ္ေရးစနစ္အသစ္မ်ား ကိုေရာင္းခ်ေပးရန္ အစရွိသည့္အခ်က္မ်ားပါဝင္ခဲ့သည္။

သို႔ေသာ္လည္း သတိျပဳရန္မွာ နားလည္မႈစာခြၽန္လႊာသည္ ႏွစ္ႏိုင္ငံအၾကား၌ အင္ဒိုသည္ ဒုံးက်ည္စနစ္မ်ားႏွင့္ အျခားစနစ္မ်ားဝယ္ယူျခင္းႏွင့္ပတ္သက္၍ သေဘာတူညီၿပီးျဖစ္ေၾကာင္း ေတာ့မဟုတ္ေပNeptun စနစ္သည္ ပဲ့ထိန္းဒုံးက်ည္စနစ္ျဖစ္ၿပီး သေဘၤာဖ်က္အတြက္ အသုံးျပဳႏိုင္မည္ျဖစ္သည္။ ၎၌ R-360 ဒုံးက်ည္စနစ္ ၂၄ ခုႏွင့္အတူ USPU-360 ပစ္လႊတ္မႈစနစ္ ၆ ခုပါဝင္သည္။

R-360 ဒုံးက်ည္သည္ ၈၇၀ ကီလိုဂရမ္အေလးခ်ိန္ရွိၿပီး ထိပ္ဖူး ၁၅၀ ကီလိုဂရမ္ ေလးကာ ၂၈၀ ကီလိုမီတာကို တစ္နာရီလွ်င္ ၉၀၀ ကီလိုမီတာႏႈန္းျဖင့္ ေရာက္ရွိ တိုက္ခိုက္ႏိုင္မည္ျဖစ္သည္။ေရျပင္အထက္ ၃ မီတာမွ ၁၀ မီတာအတြင္းပ်ံသန္းႏိုင္ၿပီး ဒုံးက်ည္ ၂၄ စင္းကို စဥ္ဆက္မျပတ္ပစ္လႊတ္တိုက္ခိုက္ႏိုင္ၿပီး ၁၅ မိနစ္အတြင္း တပ္ျဖန႔္ႏိုင္သည္။

အဆိုပါစနစ္ကို ႏိုင္ငံ၏ လက္နက္စနစ္မ်ား၊ အမိန႔္ေပးစနစ္မ်ားႏွင့္ လိုက္ေလ်ာ ညီေထြစြာအသုံးျပဳႏိုင္ၿပီး ကာကြယ္သည့္ဧရိယာကို တိုးခ်ဲ႕ေစႏိုင္ကာ တိုက္ပြဲဝင္ႏိုင္ေသာစြမ္းရည္ကို တိုးတက္ေစမည္ျဖစ္သည္ဟု သိရွိရသည္။

Ref-MC
CRD_MyanmarNews24

unicode

Defence Express ၏အစီရင်ခံစာအရ အင်ဒိုနီးရှားနှင့်ယူကရိန်းတို့၏ စစ်ခေါင်းဆောင်များသည် Neptune ဟုအမည်ရသည့် ယူကရိန်း၏နောက်ဆုံးပေါ်ကမ်းရိုးတန်းကာကွယ်ရေးစနစ်အား ထောက်ပံ့ပေးခြင်းအပါအဝင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။သောကြာနေ့က ရေးထိုးခဲ့သော နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာတွင် ယူကရိန်းရေဒါစနစ်သစ်များ၊ ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်များနှင့် R-360 ခရုဇ်ဒုံးကျည်များပါဝင်သည့် Neptun ကမ်းရိုးတန်းကာကွယ်ရေးစနစ်အသစ်များ ကိုရောင်းချပေးရန် အစရှိသည့်အချက်များပါဝင်ခဲ့သည်။

သို့သော်လည်း သတိပြုရန်မှာ နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံအကြား၌ အင်ဒိုသည် ဒုံးကျည်စနစ်များနှင့် အခြားစနစ်များဝယ်ယူခြင်းနှင့်ပတ်သက်၍ သဘောတူညီပြီးဖြစ်ကြောင်း တော့မဟုတ်ပေNeptun စနစ်သည် ပဲ့ထိန်းဒုံးကျည်စနစ်ဖြစ်ပြီး သင်္ဘောဖျက်အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ ၎င်း၌ R-360 ဒုံးကျည်စနစ် ၂၄ ခုနှင့်အတူ USPU-360 ပစ်လွှတ်မှုစနစ် ၆ ခုပါဝင်သည်။

R-360 ဒုံးကျည်သည် ၈၇၀ ကီလိုဂရမ်အလေးချိန်ရှိပြီး ထိပ်ဖူး ၁၅၀ ကီလိုဂရမ် လေးကာ ၂၈၀ ကီလိုမီတာကို တစ်နာရီလျှင် ၉၀၀ ကီလိုမီတာနှုန်းဖြင့် ရောက်ရှိ တိုက်ခိုက်နိုင်မည်ဖြစ်သည်။ရေပြင်အထက် ၃ မီတာမှ ၁၀ မီတာအတွင်းပျံသန်းနိုင်ပြီး ဒုံးကျည် ၂၄ စင်းကို စဉ်ဆက်မပြတ်ပစ်လွှတ်တိုက်ခိုက်နိုင်ပြီး ၁၅ မိနစ်အတွင်း တပ်ဖြန့်နိုင်သည်။အဆိုပါစနစ်ကို နိုင်ငံ၏ လက်နက်စနစ်များ၊ အမိန့်ပေးစနစ်များနှင့် လိုက်လျော ညီထွေစွာအသုံးပြုနိုင်ပြီး ကာကွယ်သည့်ဧရိယာကို တိုးချဲ့စေနိုင်ကာ တိုက်ပွဲဝင်နိုင်သောစွမ်းရည်ကို တိုးတက်စေမည်ဖြစ်သည်ဟု သိရှိရသည်။

Ref-MC
CRD_MyanmarNews24

Leave a Reply

Your email address will not be published. Required fields are marked *