မန္မာ့တပ္မေတာ္(ၾကည္း)သုံး လက္နက္တည္ေနရာျပေရဒါစနစ္ (WLR-SLC2)ႏွင့္ မိုးေလဝသဆိုင္ရာေရဒါစနစ္(702D)

လြန္ခဲ့ေသာႏွစ္အနည္းငယ္က လူမႈကြန္ရက္အေပၚတြင္ ျပန႔္ႏွံ႔ခဲ့သည့္ အခ်ိဳ႕ေသာ ဓါတ္ပုံမ်ားအရ ျမန္မာ့တပ္မေတာ္(ၾကည္း) သည္ ၂၀၁၀ ျပည့္ႏွစ္အလယ္ခန႔္ကပင္ တ႐ုတ္ထုတ္ လက္နက္တည္ေနရာျပေရဒါ (WLR-SLC2) စနစ္မ်ားကို စတင္အသုံးျပဳေနၿပီျဖစ္သည္ဟု သိရွိရသည္။

SLC 2 သည္ AESA (active electronically scanned array) အမ်ိဳးအစား တာေဝးပစ္မွတ္တည္ေနရာျပေရဒါစနစ္တစ္ခုျဖစ္သလို ဝင္ေရာက္လာသည့္ ခဲယမ္းမ်ားကို ေျခရာခံေထာက္လွမ္းႏိုင္မည္ျဖစ္သည္။ ဆိုလိုခ်င္သည္မွာ မိမိထံသို႔ မူလပစ္ခတ္လိုက္သည့္ေနရာကို ေထာက္လွမ္းကာ တန္ျပန္ပစ္ခတ္ႏိုင္ရန္ တည္ေနရာၫႊန္ျပေပးႏိုင္မည့္ စနစ္တစ္ခုလည္းျဖစ္သည္။စနစ္အေနျဖင့္ ၅၀ ကီလိုမီတာအတြင္းရွိ ရန္သူ႔စိန္ေျပာင္း၊ စခန္းမ်ားႏွင့္ ဒုံးက်ည္ပစ္ခတ္မႈေနရာမ်ားကို စုံစမ္းေထာက္လွမ္းႏိုင္မည္လည္းျဖစ္သည္။

ထို႔အျပင္ မိမိတပ္ဖြဲ႕မ်ား၏ လႊဲမွားေနသည့္ က်ည္က်ပစ္မွတ္မ်ားကိုလည္း မွန္ကန္တည့္မတ္ေစရန္အတြက္ ျပင္ဆင္ခ်က္ေပးျခင္းကိုလည္း စြမ္းေဆာင္ ႏိုင္မည္ျဖစ္သည္။တပ္မေတာ္(ၾကည္း) အေနျဖင့္ SLC 2 ေရဒါစနစ္ႏွင့္အတူ 702D ဟုအမည္ရသည့္ မိုးေလဝသဆိုင္ရာေရဒါစနစ္မ်ားကိုလည္း အသုံးျပဳလ်က္ရွိၿပီဂ ၎တို႔ကို စစ္ေရးျပအခမ္းအနားအခ်ိဳ႕၌ ေတြ႕ျမင္ႏိုင္မည္ျဖစ္သည္။

702D ေရဒါစနစ္၏ အလုပ္လုပ္ေဆာင္ပုံသည္ ေလတိုက္ႏႈန္း၊ ေလတိုက္ခတ္မႈအရပ္မ်က္ႏွာ၊ ေလထုအပူအခ်ိန္၊ စိုစြတ္မႈ၊ ဖိအား အစရွိသည့္ ပဲ့ထိန္းပစ္ခတ္ တိုက္ခိုက္မႈကိုတြက္ခ်က္ရန္အတြက္ အမိန႔္ေပးယာဥ္အတြက္လိုအပ္ေသာ အခ်က္အလက္မ်ားကို ေထာက္ပံ့ေပးသည္။ ထိုအခ်က္အလက္မ်ားသည္ ပထမအႀကိမ္ပစ္ခတ္မႈကတည္းကပင္ တိက်မႈရွိေစရန္ အေထာက္အပံ့မ်ားစြာ ျဖစ္ေစသည္။

အဆိုပါ ေရဒါ ၂ မ်ိဳးေပါင္းစပ္လိုက္ရျခင္း၏ စြမ္းေဆာင္ရည္ေၾကာင့္ တပ္မ ေတာ္(ၾကည္း)၏ အေျမာက္တပ္ဖြဲ႕သည္ ရန္သူ႔ပစ္မွတ္မ်ားကို တိက်မွန္ကန္စြာျဖင့္ ပစ္ခတ္တိုက္ခိုက္ႏိုင္မည္လည္းျဖစ္သည္။

သို႔ေသာ္ တပ္မေတာ္(ၾကည္း)အေနျဖင့္ အဆိုပါေရဒါစနစ္မ်ား မည္မွ်ပိုင္ဆိုင္ ထားသည္ကို အတိအက်သိရွိရျခင္းမရွိေသာ္လည္း အခ်ိဳ႕ေသာ အရင္းအျမစ္ မ်ား၏ အဆိုအရ အနည္းဆုံး SLC 2 ေရဒါစနစ္ ၁၂ ခုႏွင့္ 702D ေရဒါစနစ္ ၁၈ ခုထိကို ၂၀၁၂ ခုႏွစ္ႏွင့္ ၂၀၁၇ ခုႏွစ္အၾကား ပိုင္ဆိုင္ထားရွိေၾကာင္း သိရွိရပါသည္။
ေက်ာ္လင္း(အမိေျမ)
Ref-MDR
CRD – Myanmarnews24

Unicode

လွန်ခဲ့သောနှစ်အနည်းငယ်က လူမှုကွန်ရက်အပေါ်တွင် ပြန့်နှံ့ခဲ့သည့် အချို့သော ဓါတ်ပုံများအရ မြန်မာ့တပ်မတော်(ကြည်း) သည် ၂၀၁၀ ပြည့်နှစ်အလယ်ခန့်ကပင် တရုတ်ထုတ် လက်နက်တည်နေရာပြရေဒါ (WLR-SLC2) စနစ်များကို စတင်အသုံးပြုနေပြီဖြစ်သည်ဟု သိရှိရသည်။

SLC 2 သည် AESA (active electronically scanned array) အမျိုးအစား တာဝေးပစ်မှတ်တည်နေရာပြရေဒါစနစ်တစ်ခုဖြစ်သလို ဝင်ရောက်လာသည့် ခဲယမ်းများကို ခြေရာခံထောက်လှမ်းနိုင်မည်ဖြစ်သည်။ ဆိုလိုချင်သည်မှာ မိမိထံသို့ မူလပစ်ခတ်လိုက်သည့်နေရာကို ထောက်လှမ်းကာ တန်ပြန်ပစ်ခတ်နိုင်ရန် တည်နေရာညွှန်ပြပေးနိုင်မည့် စနစ်တစ်ခုလည်းဖြစ်သည်။စနစ်အနေဖြင့် ၅၀ ကီလိုမီတာအတွင်းရှိ ရန်သူ့စိန်ပြောင်း၊ စခန်းများနှင့် ဒုံးကျည်ပစ်ခတ်မှုနေရာများကို စုံစမ်းထောက်လှမ်းနိုင်မည်လည်းဖြစ်သည်။

ထို့အပြင် မိမိတပ်ဖွဲ့များ၏ လွှဲမှားနေသည့် ကျည်ကျပစ်မှတ်များကိုလည်း မှန်ကန်တည့်မတ်စေရန်အတွက် ပြင်ဆင်ချက်ပေးခြင်းကိုလည်း စွမ်းဆောင် နိုင်မည်ဖြစ်သည်။တပ်မတော်(ကြည်း) အနေဖြင့် SLC 2 ရေဒါစနစ်နှင့်အတူ 702D ဟုအမည်ရသည့် မိုးလေဝသဆိုင်ရာရေဒါစနစ်များကိုလည်း အသုံးပြုလျက်ရှိပြီဂ ၎င်းတို့ကို စစ်ရေးပြအခမ်းအနားအချို့၌ တွေ့မြင်နိုင်မည်ဖြစ်သည်။

702D ရေဒါစနစ်၏ အလုပ်လုပ်ဆောင်ပုံသည် လေတိုက်နှုန်း၊ လေတိုက်ခတ်မှုအရပ်မျက်နှာ၊ လေထုအပူအချိန်၊ စိုစွတ်မှု၊ ဖိအား အစရှိသည့် ပဲ့ထိန်းပစ်ခတ် တိုက်ခိုက်မှုကိုတွက်ချက်ရန်အတွက် အမိန့်ပေးယာဉ်အတွက်လိုအပ်သော အချက်အလက်များကို ထောက်ပံ့ပေးသည်။ ထိုအချက်အလက်များသည် ပထမအကြိမ်ပစ်ခတ်မှုကတည်းကပင် တိကျမှုရှိစေရန် အထောက်အပံ့များစွာ ဖြစ်စေသည်။

အဆိုပါ ရေဒါ ၂ မျိုးပေါင်းစပ်လိုက်ရခြင်း၏ စွမ်းဆောင်ရည်ကြောင့် တပ်မ တော်(ကြည်း)၏ အမြောက်တပ်ဖွဲ့သည် ရန်သူ့ပစ်မှတ်များကို တိကျမှန်ကန်စွာဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်မည်လည်းဖြစ်သည်။

သို့သော် တပ်မတော်(ကြည်း)အနေဖြင့် အဆိုပါရေဒါစနစ်များ မည်မျှပိုင်ဆိုင် ထားသည်ကို အတိအကျသိရှိရခြင်းမရှိသော်လည်း အချို့သော အရင်းအမြစ် များ၏ အဆိုအရ အနည်းဆုံး SLC 2 ရေဒါစနစ် ၁၂ ခုနှင့် 702D ရေဒါစနစ် ၁၈ ခုထိကို ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြား ပိုင်ဆိုင်ထားရှိကြောင်း သိရှိရပါသည်။
ကျော်လင်း(အမိမြေ)
Ref-MDR
CRD – Myanmarnews24

Leave a Reply

Your email address will not be published. Required fields are marked *