ျပည္တြင္းထုတ္ေဆးအပါအ၀င္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၂ မ်ိဳးကို အိႏၵိယတရား၀င္အသံုးျပဳခြင့္ေပး

ကမာၻ႔အႀကီးဆံုးကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးေပးမႈအတြက္ျပင္ဆင္ေနသည့္ အိႏၵိယႏိုင္ငံက ကို႐ိုနာဗိုင္း ရပ္စ္ကာကြယ္ေဆး ၂ မ်ိဳး အေရးေပၚအသံုးျပဳခြင့္ကို တရား၀င္ခြင့္ျပဳေပးလိုက္သည္။ ျပည္တြင္းကုမၸဏီ ဘာရတ္ဇီ၀နည္းပညာကထုတ္လုပ္သည့္ ကိုဗက္ဆင္းေဆးႏွင့္ ေအာက္စဖို႔တကၠသိုလ္ႏွင့္ အက္စထရာဇီနီကာကုမၸဏီတို႔ပူးေပါင္းထုတ္လုပ္သည့္ေဆးမ်ားကို အတည္ျပဳလိုက္ျခင္းျဖစ္သည္။

ထိုျဖစ္ရပ္သည္ အဆံုးအျဖတ္ျဖစ္ႏိုင္သည့္အခ်ိဳးအေကြ႕ဟု အိႏၵိယ၀န္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီကေျပာသည္။ ယခုႏွစ္အတြင္း ဦးစားေပးစာရင္း၀င္လူသန္း ၃၀၀ ခန္႔ကို ကာကြယ္ေဆးထိုးေပးရန္ အိႏၵိယႏိုင္ငံကစီစဥ္ထား သည္။

အတည္ျပဳလူနာ ၁၀.၃ သန္း႐ွိသည့္အိႏိၵယႏိုင္ငံသည္ ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ဒုတိယအမ်ားဆံုးကူးစက္သည့္ ႏိုင္ငံျဖစ္ၿပီး လူ ၁၅၀၀၀၀ နီးပါးေသဆံုးထားသည္။

လူဦးေရသန္း ၁၃၀၀ ႐ွိသည့္ႏိုင္ငံတ၀န္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးရန္ျပင္ဆင္သည့္အေနျဖင့္ စေနေန႔တြင္ က်န္းမာေရး၀န္ထမ္း ၉၀၀၀၀ ေက်ာ္ကို အႀကိဳေလ့က်င့္မႈမ်ားျပဳလုပ္ေနသည္။
Ref : Coronavirus: India approves vaccines from Bharat Biotech and Oxford/AstraZeneca
CRD – PeopleMedia

Unicode

ကမ္ဘာ့အကြီးဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးမှုအတွက်ပြင်ဆင်နေသည့် အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်း ရပ်စ်ကာကွယ်ဆေး ၂ မျိုး အရေးပေါ်အသုံးပြုခွင့်ကို တရားဝင်ခွင့်ပြုပေးလိုက်သည်။ ပြည်တွင်းကုမ္ပဏီ ဘာရတ်ဇီဝနည်းပညာကထုတ်လုပ်သည့် ကိုဗက်ဆင်းဆေးနှင့် အောက်စဖို့တက္ကသိုလ်နှင့် အက်စထရာဇီနီကာကုမ္ပဏီတို့ပူးပေါင်းထုတ်လုပ်သည့်ဆေးများကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထိုဖြစ်ရပ်သည် အဆုံးအဖြတ်ဖြစ်နိုင်သည့်အချိုးအကွေ့ဟု အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကပြောသည်။ ယခုနှစ်အတွင်း ဦးစားပေးစာရင်းဝင်လူသန်း ၃၀၀ ခန့်ကို ကာကွယ်ဆေးထိုးပေးရန် အိန္ဒိယနိုင်ငံကစီစဉ်ထား သည်။

အတည်ပြုလူနာ ၁၀.၃ သန်းရှိသည့်အိန္ဒိယနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ဒုတိယအများဆုံးကူးစက်သည့် နိုင်ငံဖြစ်ပြီး လူ ၁၅၀၀၀၀ နီးပါးသေဆုံးထားသည်။

လူဦးရေသန်း ၁၃၀၀ ရှိသည့်နိုင်ငံတဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန်ပြင်ဆင်သည့်အနေဖြင့် စနေနေ့တွင် ကျန်းမာရေးဝန်ထမ်း ၉၀၀၀၀ ကျော်ကို အကြိုလေ့ကျင့်မှုများပြုလုပ်နေသည်။
Ref : Coronavirus: India approves vaccines from Bharat Biotech and Oxford/AstraZeneca
CRD – PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *