ဂင္းနစ္စံခ်ိန္ဝင္ ကမၻာ့အသက္ႀကီးဆုံး ဂ်ပန္အမ်ိဳးသမီး ၁၁၈ ႏွစ္ ေမြးေန႔ ဆင္ႏႊဲ

ဂင္းနစ္ကမၻာ့စံခ်ိန္အဖြဲ႕က သက္ရွိထင္ရွား ကမၻာ့အသက္ႀကီးဆုံးအမ်ိဳးသမီးအျဖစ္ သတ္မွတ္ထားသည့္ ဂ်ပန္အမ်ိဳးသမီးတစ္ဦးမွာ ယမန္ေန႔က အသက္ ၁၁၈ ႏွစ္ ေမြးေန႔ ဆင္ႏႊဲခဲ့သည္။ဂ်ပန္နိုင္ငံအေနာက္ပိုင္း ဖူကူအိုကာၿမိဳ႕ေန တာနာကာကာနဲကို ၁၉၀၃ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္တြင္ ေမြး ဖြားခဲ့သည္။

တာနာကာက သက္ႀကီးေစာင့္ေရွာက္ေရးေဂဟာတစ္ခု၌ ေနထိုင္သည္။ သူ၏ေမြးေန႔တြင္ ေဂဟာမွ ဝန္ ထမ္းမ်ားက ဂုဏ္ျပဳခ်ိန္တြင္ တာနာကာက လက္ခုပ္တီးခဲ့ေၾကာင္း ဝန္ထမ္းတစ္ဦးက ေျပာသည္။

တာနာကာအေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါျဖစ္ပြားေနမႈေၾကာင့္ ေဆြမ်ိဳးမ်ားႏွင့္ ေတြ႕ဆုံခြင့္မရွိခဲ့ေပ။
သို႔ေသာ္လည္း တာနာကာက က်န္းမာေရးေကာင္းမြန္ၿပီး တစ္ရက္လ်င္ သုံးႀကိမ္ စားေသာက္ကာ ေလ့က်င့္ ခန္း ပုံမွန္လုပ္ေဆာင္လ်က္ရွိသည္။

တာနာကာက ေခ်ာကလိတ္ႏွင့္ ေသာက္ဖြယ္ရာမ်ား ႏွစ္သက္ကာ အသက္ ၁၂၀ ႏွစ္အထိ က်န္းမာစြာ ေနထိုင္သြားရန္ စီစဥ္ေနသည္ဟု ေျပာသည္။
ကိုးကား – အန္အိတ္ခ်္ေက
Ref; World’s oldest woman celebrates 118th birthday
CRD – PeopleMedia

Unicode

ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က သက်ရှိထင်ရှား ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ထားသည့် ဂျပန်အမျိုးသမီးတစ်ဦးမှာ ယမန်နေ့က အသက် ၁၁၈ နှစ် မွေးနေ့ ဆင်နွှဲခဲ့သည်။ဂျပန်နိုင်ငံအနောက်ပိုင်း ဖူကူအိုကာမြို့နေ တာနာကာကာနဲကို ၁၉၀၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် မွေး ဖွားခဲ့သည်။

တာနာကာက သက်ကြီးစောင့်ရှောက်ရေးဂေဟာတစ်ခု၌ နေထိုင်သည်။ သူ၏မွေးနေ့တွင် ဂေဟာမှ ဝန် ထမ်းများက ဂုဏ်ပြုချိန်တွင် တာနာကာက လက်ခုပ်တီးခဲ့ကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။

တာနာကာအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် ဆွေမျိုးများနှင့် တွေ့ဆုံခွင့်မရှိခဲ့ပေ။
သို့သော်လည်း တာနာကာက ကျန်းမာရေးကောင်းမွန်ပြီး တစ်ရက်လျင် သုံးကြိမ် စားသောက်ကာ လေ့ကျင့် ခန်း ပုံမှန်လုပ်ဆောင်လျက်ရှိသည်။

တာနာကာက ချောကလိတ်နှင့် သောက်ဖွယ်ရာများ နှစ်သက်ကာ အသက် ၁၂၀ နှစ်အထိ ကျန်းမာစွာ နေထိုင်သွားရန် စီစဉ်နေသည်ဟု ပြောသည်။
ကိုးကား – အန်အိတ်ချ်ကေ
Ref; World’s oldest woman celebrates 118th birthday
CRD – PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *