မဲမ်ားရွာေဖြၿပီး ဘိုင္ဒန္အႏိုင္ရမႈေျပာင္းလဲႏိုင္ရန္ ေဂ်ာ္ဂ်ီယာေ႐ြးေကာက္ပြဲအရာရွိမ်ားကို ထရမ့္အမိန႔္ေပးဟုဆို

ေ႐ြးေကာက္ပြဲရလဒ္မ်ားေျပာင္းလဲပစ္ရန္ လုံေလာက္သည့္မဲရလဒ္မ်ားရွာေဖြေရးအတြက္ ေဂ်ာ္ဂ်ီယာျပည္နယ္ ေ႐ြးေကာက္ပြဲထိပ္တန္းအရာရွိကို အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က အမိန႔္ေပးခဲ့သည့္ အသံမွတ္တမ္း ထြက္ေပၚလာသည္။

“မဲ ၁၁၇၈၀ မဲပဲ လိုခ်င္တာ”ဟု မစၥတာ ထရမ့္က ရီပတ္ဘလစ္ကန္ပါတီမွ ျပည္နယ္အတြင္းေရးမႉး ဘရတ္ ရတ္ဖန္စပါဂ်ာကိုေျပာခဲ့ေၾကာင္း ဝါရွင္တန္ပို႔စ္သတင္းစာကေဖာ္ထုတ္ခဲ့သည့္အသံမွတ္တမ္းတြင္ပါဝင္သည္။

ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ မဲရလဒ္မ်ားမွန္ကန္ေနေၾကာင္း ရတ္ဖန္စပါဂ်ာကတုံ႔ျပန္ခဲ့သည္ကိုလည္း ၾကားရသည္။ ေဂ်ာ္ဂ်ီယာႏွင့္အျခားျပည္နယ္မ်ားတြင္ ဂ်ိဳး ဘိုင္ဒန္ကအႏိုင္ရခဲ့ၿပီး စုစုေပါင္း မဲဆႏၵနယ္ ၃၀၆ အႏိုင္ရခဲ့ကာ ထရမ့္က ၂၃၂ နယ္သာအႏိုင္ရခဲ့သည္။

ႏိုဝင္ဘာ ၃ ရက္ သမၼတေ႐ြးေကာက္ပြဲေနာက္ပိုင္း မဲလိမ္မႈမ်ားရွိသည္ဟု မစၥတာ ထရမ့္ကစြပ္စြဲခဲ့ေသာ္လည္း သက္ေသတစုံတရာထုတ္ျပခဲ့ျခင္းမရွိေပ။ ျပည္နယ္ ၅၀ စလုံးက ေ႐ြးေကာက္ပြဲရလဒ္မ်ားအတည္ျပဳထားၿပီး မစၥတာ ဘိုင္ဒန္အႏိုင္ရမႈကိုစိန္ေခၚထားသည့္ တိုင္ၾကားမႈ ၆၀ ေက်ာ္ကို အေမရိကန္တရား႐ုံးမ်ားက ပယ္ခ်ထားသည္။

ေ႐ြးေကာက္ပြဲရလဒ္မ်ားကို ဇန္နဝါရီ ၆ ရက္တြင္ ကြန္ဂရက္လႊတ္ေတာ္ကတရားဝင္အတည္ျပဳမည္ျဖစ္ၿပီး ဇန္န ဝါရီ ၂၀ ရက္တြင္ မစၥတာ ဘိုင္ဒန္က သမၼတအျဖစ္ က်မ္းက်ိန္မည္ျဖစ္သည္။

Ref : US election: Trump tells Georgia election official to ‘find’ votes to overturn Biden win
CRD – PeopleMedia
Unicode

ရွေးကောက်ပွဲရလဒ်များပြောင်းလဲပစ်ရန် လုံလောက်သည့်မဲရလဒ်များရှာဖွေရေးအတွက် ဂျော်ဂျီယာပြည်နယ် ရွေးကောက်ပွဲထိပ်တန်းအရာရှိကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အမိန့်ပေးခဲ့သည့် အသံမှတ်တမ်း ထွက်ပေါ်လာသည်။

“မဲ ၁၁၇၈၀ မဲပဲ လိုချင်တာ”ဟု မစ္စတာ ထရမ့်က ရီပတ်ဘလစ်ကန်ပါတီမှ ပြည်နယ်အတွင်းရေးမှူး ဘရတ် ရတ်ဖန်စပါဂျာကိုပြောခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာကဖော်ထုတ်ခဲ့သည့်အသံမှတ်တမ်းတွင်ပါဝင်သည်။

ဂျော်ဂျီယာပြည်နယ်တွင် မဲရလဒ်များမှန်ကန်နေကြောင်း ရတ်ဖန်စပါဂျာကတုံ့ပြန်ခဲ့သည်ကိုလည်း ကြားရသည်။ ဂျော်ဂျီယာနှင့်အခြားပြည်နယ်များတွင် ဂျိုး ဘိုင်ဒန်ကအနိုင်ရခဲ့ပြီး စုစုပေါင်း မဲဆန္ဒနယ် ၃၀၆ အနိုင်ရခဲ့ကာ ထရမ့်က ၂၃၂ နယ်သာအနိုင်ရခဲ့သည်။

နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲနောက်ပိုင်း မဲလိမ်မှုများရှိသည်ဟု မစ္စတာ ထရမ့်ကစွပ်စွဲခဲ့သော်လည်း သက်သေတစုံတရာထုတ်ပြခဲ့ခြင်းမရှိပေ။ ပြည်နယ် ၅၀ စလုံးက ရွေးကောက်ပွဲရလဒ်များအတည်ပြုထားပြီး မစ္စတာ ဘိုင်ဒန်အနိုင်ရမှုကိုစိန်ခေါ်ထားသည့် တိုင်ကြားမှု ၆၀ ကျော်ကို အမေရိကန်တရားရုံးများက ပယ်ချထားသည်။

ရွေးကောက်ပွဲရလဒ်များကို ဇန်နဝါရီ ၆ ရက်တွင် ကွန်ဂရက်လွှတ်တော်ကတရားဝင်အတည်ပြုမည်ဖြစ်ပြီး ဇန်န ဝါရီ ၂၀ ရက်တွင် မစ္စတာ ဘိုင်ဒန်က သမ္မတအဖြစ် ကျမ်းကျိန်မည်ဖြစ်သည်။

Ref : US election: Trump tells Georgia election official to ‘find’ votes to overturn Biden win
Unicode – PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *