အီရန်နိုင်ငံက ၂၀၁၅နျူကလီးယားသဘောတူ ညီချက်စာချုပ်ကို မလိုက်နာတော့ဘဲ ယူရေနီ ယံသန့်စင်မှု ရာခိုင်နှုန်းကို ၂၀%အဆင့်အထိ တိုးမြှင့်လုပ်ဆောင်သွားမည့် အစီအစဉ်ကိုစ တင် အကောင်အထည်ဖော်ပါပြီလို့ ဒီကနေ့ မှာ အတည်ပြုပြောကြားလိုက်သည့်အပေါ် ကမ္ဘာ့နိုင်ငံများတို့က စိုးရိမ်မကင်းရှိနေကြပါ သည်။
ထို့အပြင် သမ္မတထရမ့်အမိန့်ဖြင့် အီရန် ဗိုလ်ချုပ်ကို လုပ်ကြံသတ်ဖြတ်ခဲ့မှု တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား၌ အီရန်ခေါင်း ဆောင်က မဖြစ်မနေ လက်စားချေမှုတွေလုပ် သွားမည့် အရိပ်အယောင်ပြ စကားတွေလည်း ပြောကြားသွားခဲ့ပါသည်။
အီရန်ဟာ (အမေရိကန်နှင့်တင်းမာမှု တွေရှိနေချိန်မျိုး၌ )ဒီကနေ့မှာ တောင်ကိုး ရီးယားအလံလွှင့်တင်ထားသည့်ရေနံတင် သဘော်တစင်းအား ပါရှန်ပင်လယ်ကွေ့၌ ဖမ်းဆီးထားလိုက်ပြီလို့ အတည်ပြုပြောကြား ခဲ့ပါသည်။
အီရန်ရဲ့ ခြိမ်းခြောက်မှုများနှင့်အ မျက်စောင်မှု အန္တရာယ်က ၂၀၂၁ခုနှစ်ထဲ၌ အထူးသတိထားစောင့်ကြည့်ရမည့် အကြောင်း အချက်အဖြစ်ရှိနိုင်ပါသည်။
CRD : KoNayNay
zawgyi
CRD : KoNayNay