အခုတလော စီးပွားရေးလောကက လူတွေ မေးနေတာက အလီဘာဘာသူဌေးကြီး ဂျက်မားဘယ်ရောက်နေသလဲ ဆိုတဲ့မေးခွန်းပါ။ ဂျက်မားဟာ သူ့ရဲ့ Ant Group ကို ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး အမေရိကန်ဒေါ်လာ သန်း ၃၇၀၀ တန် IPO အဖြစ် ကြေညာခါနီးမှာ တရုတ်အစိုးရနဲ့ ပြဿနာတက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ရှန်ဟိုင်းက ဖိုရမ်မှာ ဂျက်မားက မိန့်ခွန်းပြောရင်း တရုတ်ပြည်ရဲ့ စည်းကမ်းထိန်းသိမ်းရေးစနစ်ကို ဝေဖန်ခဲ့ပါတယ်။ တိုင်းပြည်အတွက် စေတနာနဲ့ ဝေဖန်မှုပြုခဲ့တယ်လို့ အားလုံးကမြင်ကြပေမယ့် တရုတ်အာဏာရှိအသိုင်းအဝိုင်းရဲ့ မျက်မာန်တော်ရှတာခံခဲ့ရပါတယ်။
တရုတ်အစိုးရက ဂျက်မားရဲ့ အလီဘာဘာကိုလည်း မယုံသင်္ကာအမှုနဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ Ant Group ကိုလည်း အွန်လိုင်း ငွေပေးချေရေးဌာနက ခွဲထုတ်ဖို့ အမိန့်ပေးထားပါတယ်။
တစ်ချိန်က တရုတ်ပြည်ရဲ့ GDP ကိုဆွဲတင်ပေးခဲ့ စီးပွားရေးသူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုထားရာကနေ မျက်မုန်းကျိုးကာ အပြစ်ရှာခံနေရပြီ ဖြစ်ပါတယ်။ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်အရ ဂျက်မားရဲ့ အင်ပါယာကို ဖြိုခွင်းဖို့ စီမံနေတယ်လို့ ဆိုပါတယ်။
ဂျက်မားဟာ ပြီးခဲ့တဲ့အောက်တိုဘာလက သူဒိုင်အဖြစ်ပါဝင်တဲ့ တီဗီရှိုး မှာ နိုဝင်ဘာလ ဖိုင်နယ်ပွဲမှာ ပြန်ဆုံမယ်ပြောထားပေမယ့် မပေါ်လာပဲ အခြားဒိုင်တစ်ယောက်နဲ့အစားထိုးခဲ့ပါတယ်။ ဂျက်မားကို လူရှေ့မထွက်ပဲ ငြိမ်ငြိမ်နေဖို့ ပြောထားတယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။ ဒီနေ့ အလီဘာဘာရဲ့ရှယ်ယာ ၂.၁၅ % ကျဆင်းခဲ့ပါတယ်။ တိုင်းပြည်အတွက် ရေရှည်အကျိုးကို ကြည့်ပြီး ပြောရတာလည်း မလွယ်လှပါခင်ဗျား။
source : Richard Myo Thant
zawgyi
အခုတေလာ စီးပြားေရးေလာကက လူေတြ ေမးေနတာက အလီဘာဘာသူေဌးႀကီး ဂ်က္မားဘယ္ေရာက္ေနသလဲ ဆိုတဲ့ေမးခြန္းပါ။ ဂ်က္မားဟာ သူ႔ရဲ႕ Ant Group ကို ကမာၻ႔တန္ဖိုးအႀကီးမားဆုံး အေမရိကန္ေဒၚလာ သန္း ၃၇၀၀ တန္ IPO အျဖစ္ ေၾကညာခါနီးမွာ တ႐ုတ္အစိုးရနဲ႔ ျပႆနာတက္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက ရွန္ဟိုင္းက ဖိုရမ္မွာ ဂ်က္မားက မိန႔္ခြန္းေျပာရင္း တ႐ုတ္ျပည္ရဲ႕ စည္းကမ္းထိန္းသိမ္းေရးစနစ္ကို ေဝဖန္ခဲ့ပါတယ္။ တိုင္းျပည္အတြက္ ေစတနာနဲ႔ ေဝဖန္မႈျပဳခဲ့တယ္လို႔ အားလုံးကျမင္ၾကေပမယ့္ တ႐ုတ္အာဏာရွိအသိုင္းအဝိုင္းရဲ႕ မ်က္မာန္ေတာ္ရွတာခံခဲ့ရပါတယ္။
တ႐ုတ္အစိုးရက ဂ်က္မားရဲ႕ အလီဘာဘာကိုလည္း မယုံသကၤာအမႈနဲ႔ စစ္ေဆးမႈေတြ လုပ္ေနပါတယ္။ Ant Group ကိုလည္း အြန္လိုင္း ေငြေပးေခ်ေရးဌာနက ခြဲထုတ္ဖို႔ အမိန႔္ေပးထားပါတယ္။
တစ္ခ်ိန္က တ႐ုတ္ျပည္ရဲ႕ GDP ကိုဆြဲတင္ေပးခဲ့ စီးပြားေရးသူရဲေကာင္းတစ္ေယာက္အျဖစ္ အသိအမွတ္ျပဳထားရာကေန မ်က္မုန္းက်ိဳးကာ အျပစ္ရွာခံေနရၿပီ ျဖစ္ပါတယ္။ အာဏာပိုင္ေတြနဲ႔ နီးစပ္တဲ့သတင္းအရင္းအျမစ္အရ ဂ်က္မားရဲ႕ အင္ပါယာကို ၿဖိဳခြင္းဖို႔ စီမံေနတယ္လို႔ ဆိုပါတယ္။
ဂ်က္မားဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလက သူဒိုင္အျဖစ္ပါဝင္တဲ့ တီဗီရႈိး မွာ ႏိုဝင္ဘာလ ဖိုင္နယ္ပြဲမွာ ျပန္ဆုံမယ္ေျပာထားေပမယ့္ မေပၚလာပဲ အျခားဒိုင္တစ္ေယာက္နဲ႔အစားထိုးခဲ့ပါတယ္။ ဂ်က္မားကို လူေရွ႕မထြက္ပဲ ၿငိမ္ၿငိမ္ေနဖို႔ ေျပာထားတယ္လို႔ သတင္းေတြလည္း ထြက္ေနပါတယ္။ ဒီေန႔ အလီဘာဘာရဲ႕ရွယ္ယာ ၂.၁၅ % က်ဆင္းခဲ့ပါတယ္။ တိုင္းျပည္အတြက္ ေရရွည္အက်ိဳးကို ၾကည့္ၿပီး ေျပာရတာလည္း မလြယ္လွပါခင္ဗ်ား။
source : Richard Myo Thant