DOGFIGHT မွာ F-22 RAPTOR ကိုဘယ္သူနိုင္မလဲ?

ကမ္ဘာပေါ်မှာ ပထမဆုံးလေကြောင်းလွှမ်းမိုးမှုကို ချုပ်ကိုင်နိုင်တဲ့လေယာဉ်ကို ရရှိခဲ့ပါပြီ ။ဒါပေမဲ့ တဖက်ကကြည့်ရင်လဲ လက်နက်ကြိုးပမ်းမှု ကမ္ဘာ့သမိုင်းမှာ ဈေးအကြီးဆုံး program တွေလဲဖြစ်ခဲ့ပါတယ်။ဈေးကြီးလို့ အမှားလုပ်မိတယ်တော့ မဟုတ်ပါဘူး။

F-22 Raptor နဲ့ F-35 Lightning II တို့ဟာ များစွာသောတူညီမှုတွေရှိနေပေမဲ့ တကယ်တမ်းမှာ သူတို့ဟာ လုံးဝခြားနားတဲ့ငှက်နှစ်ကောင်ပါ။သူတို့နှစ်စီးဟာ တူညီတဲ့ mission တွေကိုလဲ ဆောင်ရွက်နိုပါတယ်။

F-35 သည် ကွဟချက်တွေကို ဖြည့်ဆည်းထုတ်လုပ်ထားတာဖြစ်ပေမဲ့ F-22ကတော့ ဖြည့်ဆည်းထုတ်လုပ်ထားတာတော့ မဟုတ်ပါဘူး ပြောရလျှင် F-35မှာ ချို့ယွင်းချက်တွေရှိနေပေမဲ့ F-22ကတော့ တောက်ပပြီးပြည့်စုံနေတယ်လို့ ပြောလို့ရပါတယ်။

ထိုလေယာဉ်နှစ်စင်းရဲ့ ခြားနားချက်ကို ပြုလုပ်သူကတော့ ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ စွမ်းဆောင်ရည်တို့ဖြစ်ပါတယ်။F-35 မှာ Northrop Grumman ရဲ့ နောက်ဆုံးAvionicsစနစ်ဖြစ်တဲ့ AN/APG-81 ရေဒါကိုတပ်ဆင်ထားပါတယ် ထို 81 model သည် AN/APG-71 ကဲ့သို့ တူညီတဲ့ air to air နည်းလမ်းတွေပါဝင်ပါတယ်

၎င်းအပြင် hight-resolution mapping of the ground , EOTS နှင့် AN/ASQ-239 Barracuda electronic warfare system တို့လဲပါဝင်ပါတယ်ဤစနစ်သည် F 35 ကို ယခင်ကလုံးဝမရှိတဲ့ 360 degress situational awareness ကိုလဲဖြည့်ဆည်းပေးပါတယ်။

ထို့ပြင် အခြားစစ်ဆင်ရေးဆောင်ရွက်တဲ့ တိုက်လေယာဉ်တွေကို တိုက်ခိုက်ရန်ရန်အတွက် သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေရှိတဲ့ RT & IR spectrum နှစ်ခုစလုံး F-35 မှာရှိပါတယ်။F-35ကို ပိုမိုစွယ်စုံရသော စစ်ထိုးချဉ်းကပ်မှုအတွက် ပုံစံရေးဆွဲထားတာဖြစ်ပါတယ်။

သူ့မှာပြိုင်ဘက်ကင်းတဲ့ လက်နက်ပေါက်လဲရှိပါတယ်။F-35 မှာရှိတဲ့လက်နက်ပေါက်သည် ဝေဟင်မှမြေပြင်ကိုတိုက်ခိုက်ဖို့အတွက် ကြီးမားလေးလံတဲ့ဗုံးများကိုသယ်ဆောင်ရန် F-22လက်နက်ပေါက်ထက် ပိုနက်ပြီး ပိုကျဉ်းပါတယ်။

F-35 မှာ ဝေဟင်မှမြေပြင်ပစ်ဗုံးများ ၊ တင့်ကားဖျက်မစ်ဇိုင်းများ ၊ လေဆာရောင်ခြည်ထိန်းဗုံး ၊ Cluster munitions ၊ JADMပူးပေါင်းတိုက်ခိုက်ရေးလက်နက်များတပ်ဆင်ထားပါတယ်။F-35 မှာရှိနေတဲ့ မိုင် ၈၀၀ အကွာမှ ballistic မစ်ဇိုင်းများကို စုံစမ်းရန်နှင့် ခြေရာကောက်ရန် လုံလောက်စွာအာရုံခံနိုင်တဲ့ DAS ကိုတော့ အသေးစိတ်ဖော်ပြမထားပါဘူး။

Red Flag က F-35ရဲ့လေကြောင်းသာလွန်မှုသည် kill ratio 20:1 ဖြင့်အတည်ပြုထားတယ်လို့ အမေရိကန်လေတပ်ကပြောပါတယ်။ထို့ကြောင့်ခေတ်အမီဆုံးစနစ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားတဲ့F-35ဟာ ရှုံးနိမ့်မှုတွေကို မပြုလုပ်ဘူးလို့ အများကယုံကြည်ထားကြပါတယ်။

ယနေ့မှာတော့ F-35 ကိုယှဉ်ပြိုင်နိုင်တဲ့ တခုတည်းသောလေယာဉ်ဟာ F-22ဖြစ်ပါတယ်။F-35 ရဲ့ Stealth ၊ Situational Awareness နှင့် Networking တို့၏ပေါင်းစပ်မှုကိုယှဉ်ပြိုင်နိုင်တဲ့ တခုတည်းသောလေယာဉ်ဟာ F-22 raptor သာလျှင်ဖြစ်ပါတယ်။ဆယ်စုနှစ်တခုအထိ အသုံးပြုပြီးပြီဖြစ်တဲ့ F-22သည် F-35 ထက်တော့ ဈေးတော့ကြီးပါတယ်။

ဒါကြောင့်လဲ အမေရိကန်ဟာ များပြားလွန်းတဲ့စီမံကိန်းကုန်ကျစရိတ်ကြောင့် F-22 ထုတ်လုပ်ခြင်းကို ၂၀၁၃ခုနှစ်မှာ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ် သုတေသနဖွံ့ဖြိုးမှုအပါအဝင် တစီးကို $334 million ကုန်ကျစရိတ်ရှိပါတယ် အမေရိကန်ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့F-22ကို အစီးရေ ၇၀၀ ထိ လိုချင်ပေမဲ့ ၁၉၅ စီးဖြင့်သာ ရပ်ဆိုင်းလိုက်တာပါ။

Northrop Grumman က အထူးပုံစံထုတ်ရေးဆွဲထားတဲ့ AN/APG-77 ရေဒါကို လိုအပ်တဲ့ပစ္စည်းအစုံအလင်ဖြင့် F-22 မှာတပ်ဆင်ပေးထားပါတယ်ထိုရေဒါက F-22ကို မဖြစ်နိုင်ဘူးလို့ထင်ရလောက်တဲ့ စွမ်းဆောင်ရည်တွေကို ပိုင်စေပါတယ်။

ရန်သူ့လေယာဉ်က သူ့ရေဒါမှာF-22 ကိုမမြင်ရခင် F-22 ကတော့ ရန်သူ့လေယာဉ်တည်နေရာကို ရှာဖွေတိုက်ခိုက်နိုင်ပါပြီ။AN/APG-77 ရေဒါသည် 2,000 transmitter/receiver modules ရှိတဲ့ active နှင့် အီလက်ထရွန်းနစ်ဖြင့် ကန်ဖတ်သော antenna ကိုအသုံးပြုထားပါတယ်

ထိုရေဒါသည် လုံခြုံတဲ့လင့်ခ်ကနေ data အချက်အလက်တွေကို ဆက်သွယ်ပေးပို့ပြီး ရန်သူ့လေယာဉ်အီလက်ထရွန်းနစ်ကို ဟန့်တားနိုင်ပါတယ်။ထို့ပြင် F-22သည် မိမိအား ခြိမ်းခြောက်လာတဲ့ရန်သူကို countermeasures လဲပြုလုပ်နိုင်ပါတယ်။

အပူရှာတဲ့မစ်ဇိုင်းဟာ F-22ကို locks ချမယ်ဆိုရင် အပူရှာတဲ့ heat-seekers ကို မှားယွင်းတဲ့ ညွှန်ကြားချက်တွေဖြစ်စေဖို့ flares တွေကို ထုတ်လွှတ်နိုင်ပါတယ်။ဒါမှမဟုတ် ရေဒါလမ်းညွှန်ပါတဲ့မစ်ဇိုင်းက F-22ကိုသော့ခတ်နိုင်မည်ဆိုလျှင်လဲ ထိုရေဒါလှိုင်းတွေလှုပ်ရှားသွားစေရန် ရောင်ပြန်ဟပ်တဲ့ပစ္စည်းအနည်းငယ်ကို ကျီစယ်မှုအတွက် F-22ကထုတ်လွှတ်ပေးမှာပါ။

F-35 နဲ့ F-22 ကြားက စွမ်းဆောင်နိုင်မှုများထဲတွင် အကြီးဆုံးရုပ်ပိုင်းဆိုင်ရာခြားနားချက်ကတော့ သူတို့ရဲ့လက်နက်ပေါက်တွေဖြစ်ပါတယ်။F-22သည် ဝေဟင်စီးချင်းထိုးဖြစ်တဲ့အလျောက် လက်နက်ပေါက်များကိုလဲ လိုက်လျောညီထွေးစွာ ပုံစံရေးဆွဲထားပါတယ်။

လေယာဉ်ကိုယ်ထည်ရဲ့ အောက်ခြေမှာရှိတဲ့ အဓိကလက်နက်ပေါက်မှာ LAU-142/A launchers ၆ခုထည့်သွင်းနိုင်ပါတယ်ဒီလက်နက်ပေါက်ဟာ မြင်တာလွန်ရန်သူများအတွက် ပုံစံရေးဆွဲထားတဲ့ မစ်ဇိုင်းများကိုထည့်သွင်းထားတာဖြစ်ပါတယ်

လေယာဉ်ကိုယ်ထည်ရဲ့ ဘယ်နဲ့ညာ ဘေးတဖက်ပေါ်ရှိလက်နက်ပေါက်များတွင် တာတိုပစ်မစ်ဇိုင်းများအတွက် LAU-141/A launcher တခုကိုတပ်ဆင်ထားပါတယ်။F-35 သည် အမြန်နှုန်းနဲ့ ချိုးကွေ့ရန်ဖြစ်လာတဲ့အခါမှာ F-22လိုတော့ လုပ်ဆောင်နိုင်စွမ်းမရှိပါဘူး

ဘာလို့ဆိုတော့ ၎င်းဟာ ဝေဟင်မှ မြေပြင်တိုက်ခိုက်ရေးပုံစံသာဖြစ်ပါတယ် ခွဲထွက်သောအမြန်နှုန်းအတွက် ပုံစံရေးဆွထားတာတော့ မဟုတ်ပါဘူး။F-35 ရဲ့အမြင့်ဆုံးအမြန်နှုန်းက 1.60 mach သာရှိပါတယ်

F-22ကတော့ သူရဲ့အမြန်နှုန်းကို 2.25 mach ထိမြှင့်တင်နိုင်ပါတယ် ။F-35 ရဲ့ RCS သည် 0.005-0.3 ဖြစ်ပြီး F-22 ရဲ့ RCS ကတော့ 0.0001-0.4 သာရှိပါတယ်။Dogfight အတွက် role ကိုကြည့်မယ်ဆိုရင် Stealth air superiority fighter ဖြစ်တဲ့ F-22 က Stealth multirole fighter ဖြစ်တဲ့ F-35 ကိုအသာစီးရတယ်လို့ ရိုးရှင်းစွာပြောရမှာဘဲ။

အဓိကအချက်ကတော့ F-35 ရဲ့ စစ်ကစားနိုင်တဲ့စွမ်းရည်ဟာ F-22ထက်လွန်စွာနည်းပါးပါတယ်ဒါဟာ Raptor နဲ့စီးချင်းထိုးဖို့ F-35 အတွက် သိသာထင်ရှားတဲ့အားနည်းချက်ပါBVR မစ်ဇိုင်းများတိုးတက်လာတဲ့ခေတ်မှာ maneuver ကောင်းခြင်းဟာသိပ်အရေးမကြီးဘူးဆိုတာဟာ တခြားလေယာဉ်တွေအတွက်ပဲဖြစ်ပါလိမ့်မယ်

BVR မစ်ဇိုင်းကိုသုံးပြီး လက်ဦးမှုရယူပစ်ခတ်ကြေးဆိုရင် RCS နဲတဲ့ F-22 ကသာလျှင်အသာစီးရယူနိုင်ပါမှာပါ။F-22 ရဲ့ လွန်ကဲတဲ့လျင်မြန်ဖျတ်လတ်ခြင်းများ ၊ အရှိန်နှင့်ထက်မြက်စွာလှည့်ပတ်နိုင်ခြင်း ၊ ပရိယာယ်ကြွယ်ဝခြင်းတို့က Dogfight မှာ များစွာအကျိုးဖြစ်ထွန်းစေမှာပါ။

ဖော်ပြထားတဲ့ စီချင်းထိုးနှုန်း (Dogfight Rating ) မှာလဲ F-22က 86% နဲ့ F-35 က 70% ဖြစ်ပါတယ်။F-22သည် တမိနစ်လျှင် အမြင့်ပေပေါင်း ၆၂၀၀၀ ထိပျံတက်နိုင်ပြီး F-35ကတော့ တမိနစ်လျှင် အမြင့်ပေ ၄၅၀၀၀ ထိသာပျံတက်နိုင်ပါတယ်။

အမြင့် ၊ အလေးချိန် ၊ တောင်ပံအလျား ၊ တောင်ပံဧရိယာ စသည့် အရွယ်အစားကဏ္ဍတိုင်းတွင်လဲ F-22 က F-35 ထက်ပို၍ကြီးမားပါတယ်။F-22 သည် ရန်သူကိုရှာဖွေခြင်း ခြေရာကောက်ခြင်း နှင့် ပစ်မှတ်ကိုချိန်ရွယ်ခြင်းလုပ်ဆောင်နေစဉ်တွင် ဝင်ရောက်ရန်ခက်ခဲလှသော လေကြောင်းနယ်ပယ်တွေကိုပင် ထိုးဖောက်နိုင်တဲ့စွမ်းရည်တွေရှိပါတယ်။

မြေပြင်အခြေစိုက် ခြိမ်းခြောက်မှုများတင်မက ဝေဟင်ခြိမ်းခြောက်မှုများမှလဲ လွတ်မြောက်အောင် F-22 ရဲ့ စစ်ကစားနိုင်မှုဟာ သေချာပါလိမ့်မယ်။ပူးပေါင်းတပ်များရဲ့ တိုက်ခိုက်မှုကနေလဲ F-22သည် လွတ်မြောက်အောင်ရုန်းထွက်နိုင်မည်မှာသေချာပါတယ်။

Raptor ရဲ့ သာလွန်ကောင်းမွန်တဲ့ကိုယ်ပျောက်မှု ၊ အမြန်နှုန်း ၊ အဆင့်လွန်စစ်ကစားနိုင်ခြင်း နှင့်ပေါင်းစပ်ထားတဲ့ Avionics တို့ဟာ ၎င်းကို ပြိုင်ဘက်စေတာဖြစ်ပါတယ်။ကမ္ဘာ့အကောင်းဆုံး တိုက်ခိုက်ရေးလေယာဉ် အင်ဂျင်များဖြစ်သော F 119 အင်ဂျင်နှစ်ခုကို F- 22 မှာတပ်ဆင်ထားပါတယ်

ထိုအင်ဂျင်များရဲ့ပြိုင်ဘက်ကင်းသော thrust-vectoring nozzle နှင့် ပေါင်းစပ်ထားသော ကိုယ်ပျောက် characteristics များရှိသည့်အတွက် F-22 ကို Supercruise ဖြစ်ရန် သို့မဟုတ် Afterburners ကိုအသုံးမပြုဘဲ အမြန်နှုန်းကို mach 1.5+ ထိရရှိစေရန် စွမ်းရည်တွေကိုပေးပါတယ်။

F-22 ရဲ့ ရှုထောင့်ပေါင်းစုံကကိုယ်ပျောက်မှု(all-spect stealth) နှင့် မြင့်မားသောပျံသန်နှုန်း ၊ မြင့်မားသောအမြင့်သို့ ပျံသန်းနိုင်မှုစွမ်းရည်တို့သည် အမေရိကန်လေတပ် နှင့် မဟာမိတ်တို့ကို အနာဂါတ်ကာလတလျှောက်ထိ အကျိုးတရားတွေရရှိစေမှာဖြစ်ပါတယ်။

source : ko myat lin

zawgyi





























source : ko myat lin

Leave a Reply

Your email address will not be published. Required fields are marked *