ပင်လယ်ရေကြောင်းညစ်ညမ်းမှုဖြစ်စေသည်ဟူသော အကြောင်းပြချက်ဖြင့် တောင်ကိုရီးယားပိုင် ရေနံတင်သင်္ဘောကို အီရန်က ဆွဲစိထားမှုသည် မနေ့က ဖြစ်ပွားခဲ့ပြီး အဆိုပါသင်္ဘောကို ဟောမုဇ်ရေလက်ကြားသို့ မောင်းနှင်စေခဲ့သည် ဟု သိရှိရသည်။ တောင်ကိုရီးယားအာဏာပိုင်များက ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ဂရုစိုက်ခဲ့ခြင်းမရှိပေ။
အဆိုပါ MT Hankuk Chemi ဟုအမည်ရသည့် ရေနံတင်သင်္ဘောသည် ရေနံ အခြေပြု ဓာတုဗေဒပစ္စည်းများကို သယ်ဆောင်လာသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အီရန်အာဏာပိုင်များက ပြန်လည်ထုတ်ပြန်ခဲ့သည်။
ပုံအရ ရေနံတင်သင်္ဘောကို စစ်ရေယာဉ်ငယ်များဖြင့် ဝန်းရံကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အီရန်ဆိပ်ကမ်း Bandar Abbas အနီး၌ ကျောက်ချခိုင်းထား သည်ဟုဆိုသည်။သင်္ဘောတွင် မြန်မာမှ ၁၁ ဦး၊ ကိုရီးယား ၅ ဦး၊ အင်ဒိုနီးရှား ၂ ဦး နှင့် ဗီယက်နမ် ၂ ဦး စုစုပေါင်း ၂၀ ဦးလိုက်ပါတာဝန်ထမ်းဆောင်နေခြင်းလည်းဖြစ်သည်။
အီရန်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ တန်ချိန် ၉၇၉၇ တန်သယ်ဆောင်လာသည့် အဆိုပါရေနံသင်္ဘောကို Ports and Maritime Organization ၏ ခွင့်ပြု ချက်ဖြင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်။သင်္ဘောအနေဖြင့် အီရန်ပိုင်နက်အတွင်း မတော်တဆဝင်ရောက်မိခဲ့ခြင်းဖြစ်ပြီး မည်သည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမျိုးကိုမှ ချိုးဖောက်ခဲ့ခြင်း မရှိကြောင်းလည်း တောင်ကိုရီးယားဘက်မှ ထုတ်ပြန်ခဲ့သည်။ ၎င်းမတော်တဆ ဖြစ်မှုကို United Kingdom Maritime Trade Operations (UKMTO) ကလည်း အတည်ပြုထောက်ခံထားပေသည်။
ယခုဖြစ်စဉ်အတွက် တောင်ကိုရီးယားအနေဖြင့် မည်သည့်စစ်ရေယာဉ်စုကို စေလွှတ်ခဲ့ခြင်းအတည်မပြုနိုင်သေးသော်လည်း ဖျက်သင်္ဘောများ ဖြစ်နိုင်သည် ဟု ခန့်မှန်းထားကြသည်။အီရန်၏ ဖမ်းဆီမှုသည် ပထမအကြိမ်တော့မဟုတ်ပေ။
ယခင်ကလည်း ဗြိတိန်အလံလွှင့်ထူထားသော ရေနံတင်သင်္ဘောကိုဖမ်းဆီးခဲ့ပြီး ဗြိတိန်ကချက်ခြင်းတောင်းဆိုမှုပြုလုပ်ခဲ့သည့်အချိန်၌ ရေကြောင်းစည်းမျဉ်းများကို အကြောင်းကြားရန်အတွက် ခေတ္တရပ်ခိုင်းခဲ့ခြင်းသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
source : Myanmarnews24
zawgyi
ပင္လယ္ေရေၾကာင္းညစ္ညမ္းမႈျဖစ္ေစသည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ေတာင္ကိုရီးယားပိုင္ ေရနံတင္သေဘၤာကို အီရန္က ဆြဲစိထားမႈသည္ မေန႔က ျဖစ္ပြားခဲ့ၿပီး အဆိုပါသေဘၤာကို ေဟာမုဇ္ေရလက္ၾကားသို႔ ေမာင္းႏွင္ေစခဲ့သည္ ဟု သိရွိရသည္။ ေတာင္ကိုရီးယားအာဏာပိုင္မ်ားက ခ်က္ျခင္းလႊတ္ေပးရန္ ေတာင္းဆိုခဲ့ေသာ္လည္း ဂ႐ုစိုက္ခဲ့ျခင္းမရွိေပ။
အဆိုပါ MT Hankuk Chemi ဟုအမည္ရသည့္ ေရနံတင္သေဘၤာသည္ ေရနံ အေျချပဳ ဓာတုေဗဒပစၥည္းမ်ားကို သယ္ေဆာင္လာသည့္အတြက္ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္ဟု အီရန္အာဏာပိုင္မ်ားက ျပန္လည္ထုတ္ျပန္ခဲ့သည္။
ပုံအရ ေရနံတင္သေဘၤာကို စစ္ေရယာဥ္ငယ္မ်ားျဖင့္ ဝန္းရံကာ ဖမ္းဆီးခဲ့ျခင္း ျဖစ္ၿပီး ယခုအခါ အီရန္ဆိပ္ကမ္း Bandar Abbas အနီး၌ ေက်ာက္ခ်ခိုင္းထား သည္ဟုဆိုသည္။သေဘၤာတြင္ ျမန္မာမွ ၁၁ ဦး၊ ကိုရီးယား ၅ ဦး၊ အင္ဒိုနီးရွား ၂ ဦး ႏွင့္ ဗီယက္နမ္ ၂ ဦး စုစုေပါင္း ၂၀ ဦးလိုက္ပါတာဝန္ထမ္းေဆာင္ေနျခင္းလည္းျဖစ္သည္။
အီရန္တပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ တန္ခ်ိန္ ၉၇၉၇ တန္သယ္ေဆာင္လာသည့္ အဆိုပါေရနံသေဘၤာကို Ports and Maritime Organization ၏ ခြင့္ျပဳ ခ်က္ျဖင့္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္ဟုသိရွိရသည္။သေဘၤာအေနျဖင့္ အီရန္ပိုင္နက္အတြင္း မေတာ္တဆဝင္ေရာက္မိခဲ့ျခင္းျဖစ္ၿပီး မည္သည့္ သဘာဝပတ္ဝန္းက်င္ညစ္ညမ္းမႈမ်ိဳးကိုမွ ခ်ိဳးေဖာက္ခဲ့ျခင္း မရွိေၾကာင္းလည္း ေတာင္ကိုရီးယားဘက္မွ ထုတ္ျပန္ခဲ့သည္။ ၎မေတာ္တဆ ျဖစ္မႈကို United Kingdom Maritime Trade Operations (UKMTO) ကလည္း အတည္ျပဳေထာက္ခံထားေပသည္။
ယခုျဖစ္စဥ္အတြက္ ေတာင္ကိုရီးယားအေနျဖင့္ မည္သည့္စစ္ေရယာဥ္စုကို ေစလႊတ္ခဲ့ျခင္းအတည္မျပဳႏိုင္ေသးေသာ္လည္း ဖ်က္သေဘၤာမ်ား ျဖစ္ႏိုင္သည္ ဟု ခန႔္မွန္းထားၾကသည္။အီရန္၏ ဖမ္းဆီမႈသည္ ပထမအႀကိမ္ေတာ့မဟုတ္ေပ။
ယခင္ကလည္း ၿဗိတိန္အလံလႊင့္ထူထားေသာ ေရနံတင္သေဘၤာကိုဖမ္းဆီးခဲ့ၿပီး ၿဗိတိန္ကခ်က္ျခင္းေတာင္းဆိုမႈျပဳလုပ္ခဲ့သည့္အခ်ိန္၌ ေရေၾကာင္းစည္းမ်ဥ္းမ်ားကို အေၾကာင္းၾကားရန္အတြက္ ေခတၱရပ္ခိုင္းခဲ့ျခင္းသာျဖစ္ေၾကာင္း ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ေၾကာင္း သိရွိရသည္။
source : Myanmarnews24