လာမည့္ ေလးလအတြင္း အခ်ိန္အခါမဟုတ္ စီးပြားဖ်က္မိုးမ်ား ႐ြာႏိုင္မည္ (ေတာင္သူမ်ား သတိထားရန္လို)

ဒီနှစ် ၂၀၂၁ နှစ်ဝက်ကာလက ၂၀၁၈ လိုဘဲ လာနီညာ သက်ရောက်မှုရှိသော နှစ်ဖြစ်နေပါတယ်။ ဒီနေရာမှာ ကြိုတင်သိရှိနိုင်စေလိုသော အချက်အလက်များ အခြေအနေများကို ဆွေးနွေး အသိပေးလိုပါတယ်။ ရက်ရှည်ခန့်မှန်းချက်များက ပြဆိုနေတာက ၂၀၂၁ ဇန်နဝါရီလနဲ့ ဧပြီလတွေမှာ ဧရာဝတီတိုင်း အရှေ့ခြမ်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းများတွင် မိုးအသင့်အတင့်မှ တချို့နေရာများတွင် တလက်မခွဲ လောက်အထိ ရွာနိုင်ကြောင်း တွက်ချက် ထားကြပါတယ်။

ရက်ရှည်ခန့်မှန်းချက် ဖြစ်လို့ အနီးကပ်ရောက်လာရင်တော့ အနည်းငယ်ကွဲလွဲနိုင်ပါသေးတယ်။ အပတ်စဥ် ခန့်မှန်းချက်များနဲ့ ဖြည့်စွက် အသိပေးသွားမှာ ဖြစ်ပါတယ်။ဒီနေရာမှာ အသိပေးမျှဝေလိုတာက မိုးရွာလေ့မရှိတဲ့ လများ ဇန္နဝါရီလလယ်နောက်ပိုင်းမှ ဖေဖေါ်ဝါရီလ မတ်လ ဧပြီလ လယ် ကာလအတွင်းမိုးရွာနိုင်စေတဲ့အကြောင်းတရားများဖြစ်ပါတယ်။အဲဒီအချိန်ဟာ မုတ်သံလေ မဝင်ရောက်သေးလို့ မုတ်သုန်မိုး မဟုတ်သေးဘဲ ချိန်ခါမဟုတ်မိုးနဲ့ မိုးကြိုမိုး (အပူပျံတက်မိုး) များသာ ဖြစ်ပါတယ်။ ဒီလို မိုးမျိုး ရွာဖို့ဖိုရင်

၁။ ပင်လယ်ရေအပူချိန်က ပုံမှန်လအလိုက် အပူချိန်ပမာဏထက် ပိုနေရပါမယ်။ (ဒါကတော့ ယခုလာနီညာကြောင့် ဘင်္ဂလားပင်လယ်ရေကပူနွေးနေပါတယ်။ ပစိဖိတ် သမုဒ္ဒရာအလယ်ကတော့ ပင်လယ်ရေအေးနေပါတယ်။)၂။ ဘင်္ဂလားပင်လယ်နွေးမှုကြောင့် ရေငွေပျံနှုန်းမြန်ပြီး များလာနေစေပါတယ်။ ဒါက တိမ်ဖြစ်ထွန်းမှု များစေပြီး လေဖိအားနည်း ရပ်ဝန်းများ၊ မုန်တိုင်းငယ်များ ဖြစ်စေနိုင်ပါတယ်။ သူတို့ကြောင့် မိုးပမာဏ များများ မြန်မာကမ်းရိုးတန်းမှာ မိုးရွာစေနိုင်ပါတယ်။၃။ ပင်လယ်ရေပူးနွေးပြီး ရေငွေပျံနှုန်း မြင့်နေလို့ အခြားနေရာများက လေပွေလှိုင်းတွေဟာ ဘင်္ဂလားပင်လယ်ထဲကို အလွယ်တကူ တိုးဝင်လာနိုင်ပြီး လေပွေလှိုင်း ဖြတ်သန်းရာ အနီးတဝိုက် မိုးအနည်းအများ ရွာစေနိုင်ပါတယ်။

ဒီနှစ် ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီလတွေမှာ အထက်ပါ ဖြစ်စဥ် (၃) ရပ်နဲ့ ချိန်ခါမဟုတ် မိုးရွာနိုင်တာကို သတိပြုစေဖို့ အသိပေးတင်ပြလိုပါတယ်။ (စိုက်ပျိုးရေးသမားများ ခရီးသွားများ ရေလုပ်သားများ ဆားသမားများ အထူးအလေးထားစေလိုပါတယ်။)လာမဲ့ရက်သတ္တပါတ်ကတော့ တနင်္သါရီအစွန်းမှာ မိုးအနည်းရွာနိုင်တာကလွဲလို့ တပြည်လုံးသာယာပြီး ဆောင်းအအေးဓါတ်ကို ဆက်လက်ခံစားနေရမှာ ဖြစ်သော်လည်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ အအေးပေါ့ပြီး တိမ်တချို့ ဖြစ်ထွန်းနိုင်ပါတယ်။ ဒါ့အပြင် နံနက်ပိုင်းတွင်လည်း မြူထူများ ဆိုင်းနိုင်ပါသေးတယ်။ နောက်တပါတ်မှာထပ်မံတင်ပြပါမယ်။

U Chit Kyaw

zawgyi

ဒီႏွစ္ ၂၀၂၁ ႏွစ္ဝက္ကာလက ၂၀၁၈ လိုဘဲ လာနီညာ သက္ေရာက္မႈရွိေသာ ႏွစ္ျဖစ္ေနပါတယ္။ ဒီေနရာမွာ ႀကိဳတင္သိရွိႏိုင္ေစလိုေသာ အခ်က္အလက္မ်ား အေျခအေနမ်ားကို ေဆြးေႏြး အသိေပးလိုပါတယ္။ ရက္ရွည္ခန႔္မွန္းခ်က္မ်ားက ျပဆိုေနတာက ၂၀၂၁ ဇန္နဝါရီလနဲ႔ ဧၿပီလေတြမွာ ဧရာဝတီတိုင္း အေရွ႕ျခမ္း၊ ရန္ကုန္တိုင္း၊ ပဲခူးတိုင္းအေရွ႕ျခမ္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ တနသၤာရီတိုင္းမ်ားတြင္ မိုးအသင့္အတင့္မွ တခ်ိဳ႕ေနရာမ်ားတြင္ တလက္မခြဲ ေလာက္အထိ ႐ြာႏိုင္ေၾကာင္း တြက္ခ်က္ ထားၾကပါတယ္။

ရက္ရွည္ခန႔္မွန္းခ်က္ ျဖစ္လို႔ အနီးကပ္ေရာက္လာရင္ေတာ့ အနည္းငယ္ကြဲလြဲႏိုင္ပါေသးတယ္။ အပတ္စဥ္ ခန႔္မွန္းခ်က္မ်ားနဲ႔ ျဖည့္စြက္ အသိေပးသြားမွာ ျဖစ္ပါတယ္။ဒီေနရာမွာ အသိေပးမွ်ေဝလိုတာက မိုး႐ြာေလ့မရွိတဲ့ လမ်ား ဇႏၷဝါရီလလယ္ေနာက္ပိုင္းမွ ေဖေဖၚဝါရီလ မတ္လ ဧၿပီလ လယ္ ကာလအတြင္းမိုး႐ြာႏိုင္ေစတဲ့အေၾကာင္းတရားမ်ားျဖစ္ပါတယ္။အဲဒီအခ်ိန္ဟာ မုတ္သံေလ မဝင္ေရာက္ေသးလို႔ မုတ္သုန္မိုး မဟုတ္ေသးဘဲ ခ်ိန္ခါမဟုတ္မိုးနဲ႔ မိုးႀကိဳမိုး (အပူပ်ံတက္မိုး) မ်ားသာ ျဖစ္ပါတယ္။ ဒီလို မိုးမ်ိဳး ႐ြာဖို႔ဖိုရင္

၁။ ပင္လယ္ေရအပူခ်ိန္က ပုံမွန္လအလိုက္ အပူခ်ိန္ပမာဏထက္ ပိုေနရပါမယ္။ (ဒါကေတာ့ ယခုလာနီညာေၾကာင့္ ဘဂၤလားပင္လယ္ေရကပူေႏြးေနပါတယ္။ ပစိဖိတ္ သမုဒၵရာအလယ္ကေတာ့ ပင္လယ္ေရေအးေနပါတယ္။)၂။ ဘဂၤလားပင္လယ္ေႏြးမႈေၾကာင့္ ေရေငြပ်ံႏႈန္းျမန္ၿပီး မ်ားလာေနေစပါတယ္။ ဒါက တိမ္ျဖစ္ထြန္းမႈ မ်ားေစၿပီး ေလဖိအားနည္း ရပ္ဝန္းမ်ား၊ မုန္တိုင္းငယ္မ်ား ျဖစ္ေစႏိုင္ပါတယ္။ သူတို႔ေၾကာင့္ မိုးပမာဏ မ်ားမ်ား ျမန္မာကမ္း႐ိုးတန္းမွာ မိုး႐ြာေစႏိုင္ပါတယ္။၃။ ပင္လယ္ေရပူးေႏြးၿပီး ေရေငြပ်ံႏႈန္း ျမင့္ေနလို႔ အျခားေနရာမ်ားက ေလေပြလႈိင္းေတြဟာ ဘဂၤလားပင္လယ္ထဲကို အလြယ္တကူ တိုးဝင္လာႏိုင္ၿပီး ေလေပြလႈိင္း ျဖတ္သန္းရာ အနီးတဝိုက္ မိုးအနည္းအမ်ား ႐ြာေစႏိုင္ပါတယ္။

ဒီႏွစ္ ဇန္နဝါရီ ေဖေဖာ္ဝါရီ မတ္ ဧၿပီလေတြမွာ အထက္ပါ ျဖစ္စဥ္ (၃) ရပ္နဲ႔ ခ်ိန္ခါမဟုတ္ မိုး႐ြာႏိုင္တာကို သတိျပဳေစဖို႔ အသိေပးတင္ျပလိုပါတယ္။ (စိုက္ပ်ိဳးေရးသမားမ်ား ခရီးသြားမ်ား ေရလုပ္သားမ်ား ဆားသမားမ်ား အထူးအေလးထားေစလိုပါတယ္။)လာမဲ့ရက္သတၱပါတ္ကေတာ့ တနသၤါရီအစြန္းမွာ မိုးအနည္း႐ြာႏိုင္တာကလြဲလို႔ တျပည္လုံးသာယာၿပီး ေဆာင္းအေအးဓါတ္ကို ဆက္လက္ခံစားေနရမွာ ျဖစ္ေသာ္လည္း ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္း၊ ပဲခူးတိုင္းတို႔ အေအးေပါ့ၿပီး တိမ္တခ်ိဳ႕ ျဖစ္ထြန္းႏိုင္ပါတယ္။ ဒါ့အျပင္ နံနက္ပိုင္းတြင္လည္း ျမဴထူမ်ား ဆိုင္းႏိုင္ပါေသးတယ္။ ေနာက္တပါတ္မွာထပ္မံတင္ျပပါမယ္။

U Chit Kyaw

Leave a Reply

Your email address will not be published. Required fields are marked *