CRD_GreenJade
unicode
မနက် (၄) နာရီကျော်ကြီးကို လွတ်လပ်ရေးယူခဲ့တဲ့ ဖြစ်ရပ် နဲ့ ဗေဒင်ရူးခဲ့တဲ့ ရှေးလူကြီးတေလွတ်လပ်ရေးယူဖို့ မနက်အစောကြီး မထနိုင်လို့ ဘာညာနဲ့ နောက်နေကြလို့ ပွါးအုံးမယ်။ အဲ့အချိန်ကို ရွေးခဲ့တာ မြန်မာတွေ။ ထုံးစံအတိုင်း ဗေဒင်ကိန်းခန်းနဲ့ပေါ့။အိန္ဒိယက ပညာရှင်တွေ လှမ်းတားသေးတယ် ပြောတယ်။ အဲ့အချိန်ကိုယူရင် ကံမကောင်းဘူးဆိုပြီးတော့ (သမိုင်းကထိက ဆရာတဦးပြောဖူးတာ) ။မနက် ၄ နာရီကျော်ကြီးကို လွတ်လပ်ရေးယူမယ့် (Ceremony) အခမ်းအနား လုပ်မယ်ဆိုတော့ အဲ့တုန်းက Burma Governor ဖြစ်တဲ့ Sir Hubert Rance ကမေးသတဲ့၊
မင်းတို့ အဲ့အချိန်လုပ်ချင်တာ သေချာလား၊ ငါက တစ်ရက်ပဲ အိပ်ရေးပျက်မှာနော်၊ ပြဿနာမရှိဘူး။ မင်းတို့က နှစ်တိုင်း အိပ်ရေးပျက်နေမှာနော်လို့ ပြောသတဲ့။အဲ့ခေတ်က လူကြီးတွေ ဗေဒင်ရူးခဲ့တာ နောက်လူတွေ လွတ်လပ်ရေးနေ့ဆို နှစ်တိုင်း မနက် ၄ နာရီ ထရတော့တာပဲ.. (ဒေါက်တာကျော်ကျော်စိုင်း)မှတ်ချက် ။ ။ အိန္ဒိယနဲ့ ပါကစ်စတန်က ည ၁၂ နာရီတိတိမှာ ယူခဲ့ကြတာလို့ သိရပါတယ်။မြန်မာပြည်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်..
Burma Governor ဖြစ်တဲ့ Sir Hubert Rance နှင့် ဗိုလ်ချုပ်အောင်ဆန်း
CRD_GreenJade