အီရန္ န်ဴကလီးယားႂကြယ္ဝေရးအစီအစဥ္ ျပန္စတင္မႈ အီးယူ သတိေပ

အီရန်ရဲ့ နျူကလီးယားကြွယ်ဝရေးအစီအစဉ် ပြန်စနေတာ ၂၀ ရာခိုင်နှုန်း ရောက်နေပြီ ဆိုတဲ့အချက်သာ အတည်ပြုနိုင်ခဲ့ပါက အီရန်ဟာ ၂၀၁၅ နျူကလီးယား သဘောတူညီချက် (JCPOA) အတွက် ပေးထားတဲ့ ကတိကနေ သိသိသာသာ ထွက်သွားနေတာလို့ ဥရောပသမဂ္ဂရဲ့ ပြောခွင့်ရက ဇန်နဝါရီ ၄ ရက်မှာ ပြောလိုက်ပါတယ်။

အီရန်အပေါ် အင်အားကြီးနိုင်ငံတွေက ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်မှုကို ဖြေလျှော့ပေးဖို့ အပြန်အလှန်အနေနဲ့ အီရန်ရဲ့ နျူကလီးယားလက်နက်တီထွင် ထုတ်လုပ်တဲ့ အစီအစဉ်ကို ရပ်နားထားဖို့ အီရန်နဲ့ အင်အား ကြီး နိုင်ငံတွေကြား ၂၀၁၅ ခုနှစ်က သဘောတူထားခဲ့ကြတာပါJCPOA သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကြောင်း အီရန်အစိုးရဟာ ဇန်နဝါရီ ၄ ရက်က ကြေညာပါတယ်။

တကယ်လို့ ကြေညာချက်ကို အကောင်အထည်ဖော်ခဲ့ရင် အီရန်အာဏာပိုင် တွေရဲ့ ကြေညာချက်ဟာ နျူကလီးယားလက်နက်တွေ ဖောချင်းသောချင်း မပြန့်ပွားရေး JCPOA သဘောတူညီချက်အောက်က ကတိတွေကို သွေဖည်ရာ ရောက်လိမ့်မယ်လို့ အီးယူ ပြောခွင့်ရက အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ဒီအရေးနဲ့ပတ်သက်ပြီး နောက်ထပ် မှတ်ချက်မပေးခင် နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) က အီးယူအဖွဲ့ဝင်နိုင်ငံတွေကို ဘာတွေ အသေးစိတ် ညွှန်ကြား ရှင်းလင်းမလဲ ဆိုတာ စောင့်ကြည့်မယ်လို့ အီးယူက ပြောထားပါ တယ်။

Ref-DVB
crd…….Myanmarnews24

zawgyi

အီရန္ရဲ႕ န်ဴကလီးယားႂကြယ္ဝေရးအစီအစဥ္ ျပန္စေနတာ ၂၀ ရာခိုင္ႏႈန္း ေရာက္ေနၿပီ ဆိုတဲ့အခ်က္သာ အတည္ျပဳႏိုင္ခဲ့ပါက အီရန္ဟာ ၂၀၁၅ န်ဴကလီးယား သေဘာတူညီခ်က္ (JCPOA) အတြက္ ေပးထားတဲ့ ကတိကေန သိသိသာသာ ထြက္သြားေနတာလို႔ ဥေရာပသမဂၢရဲ႕ ေျပာခြင့္ရက ဇန္နဝါရီ ၄ ရက္မွာ ေျပာလိုက္ပါတယ္။

အီရန္အေပၚ အင္အားႀကီးႏိုင္ငံေတြက ခ်မွတ္ထားတဲ့ စီးပြားေရး ဒဏ္ခတ္မႈကို ေျဖေလွ်ာ့ေပးဖို႔ အျပန္အလွန္အေနနဲ႔ အီရန္ရဲ႕ န်ဴကလီးယားလက္နက္တီထြင္ ထုတ္လုပ္တဲ့ အစီအစဥ္ကို ရပ္နားထားဖို႔ အီရန္နဲ႔ အင္အား ႀကီး ႏိုင္ငံေတြၾကား ၂၀၁၅ ခုႏွစ္က သေဘာတူထားခဲ့ၾကတာပါJCPOA သေဘာတူညီခ်က္ကို ေျပာင္ေျပာင္တင္းတင္း ဆန႔္က်င္ေၾကာင္း အီရန္အစိုးရဟာ ဇန္နဝါရီ ၄ ရက္က ေၾကညာပါတယ္။

တကယ္လို႔ ေၾကညာခ်က္ကို အေကာင္အထည္ေဖာ္ခဲ့ရင္ အီရန္အာဏာပိုင္ ေတြရဲ႕ ေၾကညာခ်က္ဟာ န်ဴကလီးယားလက္နက္ေတြ ေဖာခ်င္းေသာခ်င္း မျပန႔္ပြားေရး JCPOA သေဘာတူညီခ်က္ေအာက္က ကတိေတြကို ေသြဖည္ရာ ေရာက္လိမ့္မယ္လို႔ အီးယူ ေျပာခြင့္ရက အြန္လိုင္းသတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ဒီအေရးနဲ႔ပတ္သက္ၿပီး ေနာက္ထပ္ မွတ္ခ်က္မေပးခင္ ႏိုင္ငံတကာ အဏုျမဴ စြမ္းအင္ ေအဂ်င္စီ (IAEA) က အီးယူအဖြဲ႕ဝင္ႏိုင္ငံေတြကို ဘာေတြ အေသးစိတ္ ၫႊန္ၾကား ရွင္းလင္းမလဲ ဆိုတာ ေစာင့္ၾကည့္မယ္လို႔ အီးယူက ေျပာထားပါ တယ္။

Ref-DVB
crd…….Myanmarnews24

Leave a Reply

Your email address will not be published. Required fields are marked *