အင်္ဂလန်နဲ့ စကော့တလန်မှာ ဖေဖော်ဝါရီလလည်အထိ အိမ်အပြင်မထွက်ရအမိန့် ထပ်ထုတ်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အင်္ဂလန်တစ်နိုင်ငံလုံး လော့ခ်ဒေါင်းချမယ့် ဥပဒေသစ်ကို ထပ်မံပြဌာန်းလိုက်ပြီး ဇန်နဝါရီ (၆) ရက် မနက်ပိုင်းကစပြီး အကျုံးဝင်မှာဖြစ်တယ်လို့ ဒီဇင်ဘာ (၅) ရက်နေ့မှာပဲ အတည်ပြုကြေညာခဲ့ပါတယ်။ဗြိတိန်နိုင်ငံတဝှမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၄) ရက် တစ်ရက်တည်းမှာပဲ ရောဂါပိုးကူးစက်သူအသစ် စံချိန်တင် (၅၈,၇၈၄) ယောက်ရှိခဲ့သလို ပိုးတွေ့ပြီး (၂၈) ရက်အတွင်း သေဆုံးသူအရေအတွက် (၄၀၇) ယောက်အထိရှိလာတဲ့အတွက် အခုလို လောခ်ဒေါင်းဥပဒေအသစ် ထပ်မံချမှတ်လိုက်တာ ဖြစ်ပါတယ်။

ကိုဗစ်စတင်ဖြစ်ပွားတဲ့အချိန်ကနေ အခုအချိန်အထထိ ဆေးရုံတွေ၊ ကျန်းမာရေးလုပ်သားတွေအတွက် အဆိုးရွားဆုံးနဲ့ အခက်ခဲဆုံးဖိအားတွေကို ခံနေရလို့ လော့ဒေါင်းစည်းမျဉ်းသစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ချမှတ်လိုက်တာလို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။စည်းမျဉ်းသစ်အရ အလုပ်သွားဖို့မလိုအပ်ဘဲ အိမ်ကနေအလုပ်လုပ်နိုင်သူတွေ အိမ်ကပဲလုပ်ဖို့၊ မရှိမဖြစ်ဆေးဝါးလိုအပ်ချက်၊ အစားအသောက်၊ လေ့ကျင့်ခန်းလုပ်ငန်းတွေကလွဲလို့ အိမ်ထဲက အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ပြန် လိုက်တာပဲဖြစ်ပါတယ်။

ကျောင်းတွေ၊ ကောလိပ်တွေမှာ မဖြစ်မနေစာသင်ကြားရမယ့်ကျောင်းသား ကျောင်းသူတွေအတွက် သင်ကြားမှုကိုလည်း လူနေမစိတ်တဲ့ ဝေးလံသီခေါင်းနေရာတွေသာ ရွေးသင်သင့်တယ်လို့လည်း ပြဌာန်းခဲ့ပြီး ဒီအမိန့်ဟာ အနည်းဆုံး ဖေဖော်ဝါရီလလယ်အထိ အကျုံးဝင်မယ်လို့ သိရပါတယ်။စကော့တလန်နိုင်ငံဟာလည်း နိုင်ငံအဓိကကုန်းမကြီးတစ်ခုလုံးကို လော့ဒေါင်းချလိုက်ပြီး ကျောင်းတွေ၊ အလုပ်တွေပိတ်ခဲ့သလို အုပ်စုလိုက်လေ့ကျင့်မှုကိုပါ ပိတ်ပင်လိုက်ပြီးဇန်နဝါရီလကုန်မှာ ထုတ်ပြန်ထားတဲ့ လော့ခ်ဒေါင်း အခြေအနေကို ပြန်လည်သုံးသပ်မယ်လို့ သိရပါတယ်။

ဝေးလ်နိုင်ငံကတော့ ဒီဇင်ဘာ (၂၀) ရက်နေ့ကတည်းက တစ်နိုင်ငံလုံးလော့ခ်ဒေါင်းချခဲ့ပြီး ကောလိပ်ကျောင်းတွေက ကျောင်းသားအများစုအတွက်လည်း ဇန်နဝါရီ (၁၈) ရက်နေ့မှာ ထပ်ပြီးကျောင်းပိတ်ခိုင်းဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
Ref : BBC
Photo : AFP
crd……Omedia #England #Lockdown #TZ

zawgyi




Ref : BBC
Photo : AFP

Leave a Reply

Your email address will not be published. Required fields are marked *