ဒီခ်ဳပ္ကိုယ္စားလွယ္အဖြဲ႕ရဲ႕ မြန္နဲ႔ကခ်င္က ကိစၥေတြအေပၚ အားမရဘူးလို႔ ရခိုင္အမ်ိဳးသားပါတီဥကၠ႒ေျပာ

NLD ပါတီက ဒေါက်တာအောင်မိုးညိုဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ကချင်နဲ့ မွန်မှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေအပေါ် အားမရဘူးလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက O Media ကို ပြောပါတယ်။တွေ့ဆုံဆွေးနွေးတာနဲ့ သဘောထားနားထောင်တာကို ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုပြီး NLD ဟာ အကြောင်းအရာနှစ်ခုအပေါ်မှာရောထွေးပြီး လုပ်နေဆောင်နေတယ်လို့လည်း သူကဝေဖန်ပါတယ်။“တွေ့ဆုံဆွေးနွေးမှုပုံစံအခင်းအကျင်းက လွဲမှားနေတယ်လို့ မြင်တယ်။ တွေ့ဆုံဆွေးနွေးတယ်ဆိုရင် တွေ့ဆုံဆွေးနွေးတဲ့ပုံစံအခင်းအကျင်းကို ဖန်တီးဖို့လိုပါတယ်။ သဘောထားကို နားထောင်မယ်ဆိုရင် သဘောထားကို နားထောင်တဲ့ ပုံစံအခင်းအကျင်းပုံစံနဲ့ သွားဖို့လိုတယ်လို့ ထင်တယ်။”လို့ ဦးသာထွန်းလှက ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်က NLD ပါတီ ဒုတိယဥက္ကဌဒေါက်တာဇော်မြင့်မောင်ဟာ ညွ့န်ပေါင်းအစိုးရ မလိုဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ ရွေးကောက်ပွဲအပြီးမှာတော့ တိုင်းရင်းသားပါတီတွေဘက်ကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပါတယ်“တွေ့ဆုံတယ်ဆိုကတည်းက အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတော့ ဖြစ်ရမယ်လေ။ အပြန်အလှန် လေးစားရမယ်၊ အပြန်အလှန် အသိအမှတ်ပြုရမယ်။ အပြန်အလှန် ဆွေးနွေးနားလည်မှုယူရမယ်ပေါ့ဗျာ။ အခုလို တွေ့ဆုံတဲ့အခါမှာ တစ်ခုလုံးပြဿနာကို စဥ်းစားတာကောင်းတယ်ပေါ့နော်။ တစ်စိတ်တစ်ပိုင်း ပြသာနာကို မစဥ်းစားဘဲပေါ့နော်။ တစ်ခုလုံးပြဿနာကိုစဥ်းစားရင် ရှေ့ဆက်မယ့်ကိစ္စတွေ အကြောင်းအရာတွေက အေးဆေး ပြေပြေလည်လည်ဖြစ်လိမ်မယ်လို့ ယူဆတယ်။”လို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က သူ့ရဲ့သဘောထားကို O Media ကို ပြောပါတယ်။

တွေ့ဆုံပွဲတွေရဲ့ သဘောသဘာဝအရ ချက်ခြင်းပြေလည်တာတွေ ပြီးမြောက်တာမရှိတာကြောင့် စိတ်ရှည်ပြီး ဇွဲရှိရှိနဲ့ လုပ်ကြမယ်ဆိုရင် အခြေအနေကောင်းတွေ ပြန်ပြီးရလာလိမ့်မယ်လို့လည်း သူကဆက်ပြောပါတယ်။NLD ဟာ ဒီဇင်ဘာလ(၁၂)ရက်နေ့က တိုင်းရင်းသားပါတီတွေနဲ့ တွေဆုံဆွေးနွေးဖို့ ဒေါက်တာ အောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံးခါးနော်ဆန်တို့ပါတဲ့ ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီကော်မတီဟာ ဇန်နဝါရီလ(၁)ရက်နေ့က ကချင်ပြည်နယ်က တိုင်းရင်းသားပါတီ(၃)ပါတီနဲ့ NLD ပါတီ ပြည်နယ်ရုံးမှာ ဆွေးနွေးခဲ့ကြပါတယ်။ဒါ့ပေမဲ့ ဇန်နဝါရီလ(၄)ရက်နေ့တုန်းကတော့ မော်လမြိုင်မှာ မွန်ညီညွတ်ရေးပါတီနဲ့ တွေ့ဆုံမယ့်အစီအစဉ်ဟာ နေရာအငြင်းပွားမှုကြောင့် အထမမြောက်ခဲ့ပါဘူး။

Photo : MRTV
crd….Omedia #Covid19 #Myanmar #Ethnic #NLD #Kachin #Mon #Rakhine #KHA

zawgyi

NLD ပါတီက ေဒါက္တာေအာင္မိုးညိဳဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ရဲ႕ ကခ်င္နဲ႔ မြန္မွာ ျဖစ္ပ်က္ခဲ့တဲ့အေျခအေနေတြအေပၚ အားမရဘူးလို႔ ရခိုင္အမ်ိဳးသားပါတီ ဥကၠ႒ ဦးသာထြန္းလွက O Media ကို ေျပာပါတယ္။ေတြ႕ဆုံေဆြးေႏြးတာနဲ႔ သေဘာထားနားေထာင္တာကို ရွင္းရွင္းလင္းလင္း နားလည္ဖို႔လိုၿပီး NLD ဟာ အေၾကာင္းအရာႏွစ္ခုအေပၚမွာေရာေထြးၿပီး လုပ္ေနေဆာင္ေနတယ္လို႔လည္း သူကေဝဖန္ပါတယ္။“ေတြ႕ဆုံေဆြးေႏြးမႈပုံစံအခင္းအက်င္းက လြဲမွားေနတယ္လို႔ ျမင္တယ္။ ေတြ႕ဆုံေဆြးေႏြးတယ္ဆိုရင္ ေတြ႕ဆုံေဆြးေႏြးတဲ့ပုံစံအခင္းအက်င္းကို ဖန္တီးဖို႔လိုပါတယ္။ သေဘာထားကို နားေထာင္မယ္ဆိုရင္ သေဘာထားကို နားေထာင္တဲ့ ပုံစံအခင္းအက်င္းပုံစံနဲ႔ သြားဖို႔လိုတယ္လို႔ ထင္တယ္။”လို႔ ဦးသာထြန္းလွက ေျပာပါတယ္။

ေ႐ြးေကာက္ပြဲမတိုင္ခင္က NLD ပါတီ ဒုတိယဥကၠဌေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ၫြ႕န္ေပါင္းအစိုးရ မလိုဘူးလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ေပမဲ့ ေ႐ြးေကာက္ပြဲအၿပီးမွာေတာ့ တိုင္းရင္းသားပါတီေတြဘက္ကို အိတ္ဖြင့္ေပးစာ ေပးပို႔ခဲ့တာျဖစ္ပါတယ္“ေတြ႕ဆုံတယ္ဆိုကတည္းက အျပဳသေဘာေဆာင္တဲ့ ေတြ႕ဆုံမႈေတာ့ ျဖစ္ရမယ္ေလ။ အျပန္အလွန္ ေလးစားရမယ္၊ အျပန္အလွန္ အသိအမွတ္ျပဳရမယ္။ အျပန္အလွန္ ေဆြးေႏြးနားလည္မႈယူရမယ္ေပါ့ဗ်ာ။ အခုလို ေတြ႕ဆုံတဲ့အခါမွာ တစ္ခုလုံးျပႆနာကို စဥ္းစားတာေကာင္းတယ္ေပါ့ေနာ္။ တစ္စိတ္တစ္ပိုင္း ျပသာနာကို မစဥ္းစားဘဲေပါ့ေနာ္။ တစ္ခုလုံးျပႆနာကိုစဥ္းစားရင္ ေရွ႕ဆက္မယ့္ကိစၥေတြ အေၾကာင္းအရာေတြက ေအးေဆး ေျပေျပလည္လည္ျဖစ္လိမ္မယ္လို႔ ယူဆတယ္။”လို႔ NLD ပါတီရဲ႕ ဗဟိုျပန္ၾကားေရး ေကာ္မတီအတြင္းေရးမႉး မုံ႐ြာေအာင္ရွင္က သူ႔ရဲ႕သေဘာထားကို O Media ကို ေျပာပါတယ္။

ေတြ႕ဆုံပြဲေတြရဲ႕ သေဘာသဘာဝအရ ခ်က္ျခင္းေျပလည္တာေတြ ၿပီးေျမာက္တာမရွိတာေၾကာင့္ စိတ္ရွည္ၿပီး ဇြဲရွိရွိနဲ႔ လုပ္ၾကမယ္ဆိုရင္ အေျခအေနေကာင္းေတြ ျပန္ၿပီးရလာလိမ့္မယ္လို႔လည္း သူကဆက္ေျပာပါတယ္။NLD ဟာ ဒီဇင္ဘာလ(၁၂)ရက္ေန႔က တိုင္းရင္းသားပါတီေတြနဲ႔ ေတြဆုံေဆြးေႏြးဖို႔ ေဒါက္တာ ေအာင္မိုးညိဳ၊ ေဒၚနန္းခင္ေထြးျမင့္နဲ႔ ဦးအင္ထုံးခါးေနာ္ဆန္တို႔ပါတဲ့ ေကာ္မတီကို ဖြဲ႕စည္းခဲ့ပါတယ္။

အဲဒီေကာ္မတီဟာ ဇန္နဝါရီလ(၁)ရက္ေန႔က ကခ်င္ျပည္နယ္က တိုင္းရင္းသားပါတီ(၃)ပါတီနဲ႔ NLD ပါတီ ျပည္နယ္႐ုံးမွာ ေဆြးေႏြးခဲ့ၾကပါတယ္။ဒါ့ေပမဲ့ ဇန္နဝါရီလ(၄)ရက္ေန႔တုန္းကေတာ့ ေမာ္လၿမိဳင္မွာ မြန္ညီၫြတ္ေရးပါတီနဲ႔ ေတြ႕ဆုံမယ့္အစီအစဥ္ဟာ ေနရာအျငင္းပြားမႈေၾကာင့္ အထမေျမာက္ခဲ့ပါဘူး။

Photo : MRTV
crd….Omedia #Covid19 #Myanmar #Ethnic #NLD #Kachin #Mon #Rakhine #KHA

Leave a Reply

Your email address will not be published. Required fields are marked *