လေယာဉ်မှူးကြီး ပြောတဲ့ ငိုရမလိုလို ရယ်ရမလိုလို ဖြစ်နေတဲ့ တိုင်းပြည်အခြေအနေ

ကျန်းမာရေးဝန်ကြီးဌာနက ပိတ်သလိုလို ဖွင့်သလိုလို၊ ဆိုင်တွေက ပါဆယ်ရောင်းလိုလို၊ ဆိုင်ထိုင်စားလိုလို၊ လူတွေက ခိုးထွက်သလိုလို ပေါ်တင်ထွက်သလိုလိုရဲတွေက ဖမ်းရမလိုလို လွှတ်ပေးရမလိုလို ကျောင်းတွေက အွန်လိုင်းလိုလို ခဏနားသလိုလို ရုံးတွေက WFHလိုလို ပုံမှန်လိုလို ဝန်ထမ်းတွေက အခွန်ဆောင်ရမလိုလို ကင်းလွတ်ခွင့်ရသလိုလိုကေတီဗီတွေက ခိုးဖွင့်သလိုလို ပေါ်တင်ခွင့်ပြုချက်ရသလိုလို ဝင်အဖမ်းခံရသူတွေက အာမခံရမလိုလို မရမလိုလို လစာက ၅၀ရာခိုင်နှုန်းလိုလို အပြည့်လိုလို၊ အလုပ်သမားတွေက ခဏနားသလိုလို အလုပ်ပြုတ်သလိုလို

လူတွေက ခရီးထွက်ရမလိုလို.. အထုပ်ပြန်သိမ်းရမလိုလို၊ သစ်တောလုပ်ကွက်တွေက Camp ပဲဖွင့်သလိုလို သဘာဝတရားပဲမျှဝေသလိုလိုဝယ်သူတွေက ထက်ထက်ကို ယုံရမလိုလို ရန်အောင်နောက်လိုက်ရမလိုလို၊ အဆိုတော်တွေက Virtual Live လိုလို ပရီ ရီကောဒင်းလိုလို

မင်းသမီးတွေက ဈေးသည်လိုလို ပရဟိတလိုလို အဲ.. ကျနော်တို့လည်း ငိုရမလိုလို.. ရီပဲရီရတော့မလိုလို

ချစ်ခြင်းအားဖြင့်
အောင်ပို

zawgyi



ချစ်ခြင်းအားဖြင့်
အောင်ပို

Leave a Reply

Your email address will not be published. Required fields are marked *