တ႐ုတ္ဘီလ်ံနာ ဂ်က္မား လူျမင္ကြင္းကေန ၂ လေက်ာ္ၾကာ ေပ်ာက္ေန

တရုတ်နည်းပညာကုမ္ပဏီကြီး အလီဘာဘာ (Alibaba) တည်ထောင်သူ ဂျက်မားသည် လူမြင်ကွင်းကနေ နှစ်လကျော်ကြာအောင် ပျောက်ကွယ်လျက် ရှိပြီး ယခုအခါ ၎င်း မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်နှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာပေါ်တွင် ထင်ကြေးပေးမှန်းဆမှုများကို ဖြစ်ပေါ်စေလျက် ရှိသည်။ ၎င်း၏ စီးပွားရေးလုပ်ငန်းအင်ပါယာအပေါ် တရုတ် အာဏာပိုင်တို့ဘက်မှ စုံစမ်းစစ်ဆေးမှုများ လုပ်နေခဲ့စဉ်အတွင်း ဂျက်မားသည် ၎င်းအကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ရမည့် တီဗီရှိုးတစ်ခု၏ နောက်ဆုံးအပိုင်းတွင် ပါဝင်နိုင်ခဲ့ခြင်း မရှိမှုအပါအဝင် ပြီးခဲ့သည့်နှစ်လအတွင်း လူမြင်ကွင်းရှေ့ ထွက်ပေါ်ထားခဲ့ခြင်း မရှိပေ။

တရုတ်၏ အထင်ပေါ်ဆုံး စီးပွားရေးလုပ်ငန်းရှင် ဂျက်မားသည် ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်း ရှန်ဟိုင်းမြို့ ဖိုရမ်တစ်ခု၌ စကားပြောခဲ့စဉ်အတွင်း တရုတ်၏ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းမှု စနစ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယင်းနောက်ပိုင်း ၎င်းသည် လူအများရှေ့သို့ ထွက်မလာခဲ့ပေ။ ဂျက်မားက ထိုသို့ ဝေဖန်ခဲ့ပြီးနောက် ၎င်းသည် တာဝန်ရှိသူများနှင့် အတိုက်အခံလမ်းကြောင်းပေါ် ရောက်ခဲ့ပြီး ရလဒ်အနေဖြင့် အလီဘာဘာ၏ လက်အောက်ခံကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Ant Group ၏ ဒေါ်လာ ၃၇ ဘီလီယံခန့်ရှိ IPO (အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချမှု) လုပ်ငန်းစဉ်ကို ရပ်ဆိုင်းခဲ့ရမှုကို ဖြစ်ပေါ်စေခဲ့သည်။

Africa’s Business Heroes ဟု ခေါ်သည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် တီဗီရှိုးတစ်ခု၏ နိုဝင်ဘာလ နောက်ဆုံးအပိုင်း၌ ဂျက်မား၏ နေရာတွင် အခြား ဒိုင်တစ်ဦးနှင့် အစားထိုးခဲ့ကြောင်း The Financial Times က ဇန်နဝါရီ ၁ ရက်က ဖော်ပြသည်။ ထိုကဲ့သို့ ဒိုင်အပြောင်းအလဲ လုပ်ခဲ့ရခြင်းသည် အစီအစဉ်ရေးဆွဲမှုပိုင်းတွင် တိုက်နေသည့်အတွက် ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း အလီဘာဘာ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၄ ရက်တွင် ရိုက်တာကို ပြောခဲ့ပြီး နောက်ထပ်မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ဂျက်မား၏ အောက်တိုဘာ စကားပြောဆိုမှုနောက်ပိုင်း တရုတ် စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်တို့သည် အလီဘာဘာအပေါ် ဈေးကွက်လက်ဝါးကြီးအုပ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ခြင်းအပါအဝင် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထား စစ်ဆေးခဲ့သည်။ “သူ့ကို လူမြင်ကွင်းရှေ့ မထွက်ဘဲ သိုသိုသိပ်သိပ် နေဖို့ ပြောထားတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်” ဟု ပေကျင်း အခြေစိုက် နည်းပညာဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း BDA China ၏ ဥက္ကဌ ဒွန်ကန် ကလာ့ခ်က ပြောသည်။

“ဒါက တော်တော်လေး ထူးခြားတဲ့ အခြေအနေတစ်ခုပါ၊ ဒါက အန့်ဂရု(ပ်) ရဲ့ အင်မတန်ကြီးတဲ့ လုပ်ငန်းအရွယ်အစားနဲ့ ဘဏ္ဍာရေး စည်းမျဉ်းကြပ်မတ်မှုဆိုင်ရာ ထိလွယ်ရှလွယ်ဖြစ်မှုတွေနဲ့ ပိုပြီး ဆက်နွယ်နေပါတယ်” ဟု ၎င်းကပြောခဲ့သည်။

Ref-Reuters
Mizzima

zawgyi

တ႐ုတ္နည္းပညာကုမၸဏီႀကီး အလီဘာဘာ (Alibaba) တည္ေထာင္သူ ဂ်က္မားသည္ လူျမင္ကြင္းကေန ႏွစ္လေက်ာ္ၾကာေအာင္ ေပ်ာက္ကြယ္လ်က္ ရွိၿပီး ယခုအခါ ၎ မည္သည့္ေနရာတြင္ ရွိေနသလဲ ဆိုသည္ႏွင့္ပတ္သက္၍ ဆိုရွယ္မီဒီယာေပၚတြင္ ထင္ေၾကးေပးမွန္းဆမႈမ်ားကို ျဖစ္ေပၚေစလ်က္ ရွိသည္။ ၎၏ စီးပြားေရးလုပ္ငန္းအင္ပါယာအေပၚ တ႐ုတ္ အာဏာပိုင္တို႔ဘက္မွ စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေနခဲ့စဥ္အတြင္း ဂ်က္မားသည္ ၎အကဲျဖတ္ဒိုင္တစ္ဦးအျဖစ္ ပါဝင္ရမည့္ တီဗီရႈိးတစ္ခု၏ ေနာက္ဆုံးအပိုင္းတြင္ ပါဝင္ႏိုင္ခဲ့ျခင္း မရွိမႈအပါအဝင္ ၿပီးခဲ့သည့္ႏွစ္လအတြင္း လူျမင္ကြင္းေရွ႕ ထြက္ေပၚထားခဲ့ျခင္း မရွိေပ။

တ႐ုတ္၏ အထင္ေပၚဆုံး စီးပြားေရးလုပ္ငန္းရွင္ ဂ်က္မားသည္ ၿပီးခဲ့သည့္ ေအာက္တိုဘာလကုန္ပိုင္း ရွန္ဟိုင္းၿမိဳ႕ ဖိုရမ္တစ္ခု၌ စကားေျပာခဲ့စဥ္အတြင္း တ႐ုတ္၏ ဘ႑ာေရးဆိုင္ရာ စည္းမ်ဥ္းထိန္းသိမ္းမႈ စနစ္အေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၿပီး ယင္းေနာက္ပိုင္း ၎သည္ လူအမ်ားေရွ႕သို႔ ထြက္မလာခဲ့ေပ။ ဂ်က္မားက ထိုသို႔ ေဝဖန္ခဲ့ၿပီးေနာက္ ၎သည္ တာဝန္ရွိသူမ်ားႏွင့္ အတိုက္အခံလမ္းေၾကာင္းေပၚ ေရာက္ခဲ့ၿပီး ရလဒ္အေနျဖင့္ အလီဘာဘာ၏ လက္ေအာက္ခံကုမၸဏီခြဲတစ္ခုျဖစ္သည့္ Ant Group ၏ ေဒၚလာ ၃၇ ဘီလီယံခန႔္ရွိ IPO (အမ်ားျပည္သူသို႔ ကနဦးအစုရွယ္ယာမ်ား ကမ္းလွမ္းေရာင္းခ်မႈ) လုပ္ငန္းစဥ္ကို ရပ္ဆိုင္းခဲ့ရမႈကို ျဖစ္ေပၚေစခဲ့သည္။

Africa’s Business Heroes ဟု ေခၚသည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ တီဗီရႈိးတစ္ခု၏ ႏိုဝင္ဘာလ ေနာက္ဆုံးအပိုင္း၌ ဂ်က္မား၏ ေနရာတြင္ အျခား ဒိုင္တစ္ဦးႏွင့္ အစားထိုးခဲ့ေၾကာင္း The Financial Times က ဇန္နဝါရီ ၁ ရက္က ေဖာ္ျပသည္။ ထိုကဲ့သို႔ ဒိုင္အေျပာင္းအလဲ လုပ္ခဲ့ရျခင္းသည္ အစီအစဥ္ေရးဆြဲမႈပိုင္းတြင္ တိုက္ေနသည့္အတြက္ ျဖစ္ခဲ့ျခင္း ျဖစ္ေၾကာင္း အလီဘာဘာ၏ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ဇန္နဝါရီ ၄ ရက္တြင္ ႐ိုက္တာကို ေျပာခဲ့ၿပီး ေနာက္ထပ္မွတ္ခ်က္ေပးရန္ ျငင္းဆန္ခဲ့သည္။

ဂ်က္မား၏ ေအာက္တိုဘာ စကားေျပာဆိုမႈေနာက္ပိုင္း တ႐ုတ္ စည္းမ်ဥ္းထိန္းသိမ္းေရး အာဏာပိုင္တို႔သည္ အလီဘာဘာအေပၚ ေဈးကြက္လက္ဝါးႀကီးအုပ္မႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈတစ္ရပ္ လုပ္ေဆာင္ျခင္းအပါအဝင္ ၎၏ စီးပြားေရးလုပ္ငန္းမ်ားကို ပစ္မွတ္ထား စစ္ေဆးခဲ့သည္။ “သူ႔ကို လူျမင္ကြင္းေရွ႕ မထြက္ဘဲ သိုသိုသိပ္သိပ္ ေနဖို႔ ေျပာထားတယ္လို႔ပဲ ကြၽန္ေတာ္ထင္ပါတယ္” ဟု ေပက်င္း အေျခစိုက္ နည္းပညာဆိုင္ရာ အတိုင္ပင္ခံလုပ္ငန္း BDA China ၏ ဥကၠဌ ဒြန္ကန္ ကလာ့ခ္က ေျပာသည္။

“ဒါက ေတာ္ေတာ္ေလး ထူးျခားတဲ့ အေျခအေနတစ္ခုပါ၊ ဒါက အန႔္ဂ႐ု(ပ္) ရဲ႕ အင္မတန္ႀကီးတဲ့ လုပ္ငန္းအ႐ြယ္အစားနဲ႔ ဘ႑ာေရး စည္းမ်ဥ္းၾကပ္မတ္မႈဆိုင္ရာ ထိလြယ္ရွလြယ္ျဖစ္မႈေတြနဲ႔ ပိုၿပီး ဆက္ႏြယ္ေနပါတယ္” ဟု ၎ကေျပာခဲ့သည္။

Ref-Reuters
Mizzima

Leave a Reply

Your email address will not be published. Required fields are marked *