အဂၤလန္က ကိုဗစ္ပိုးသစ္ဟာ တြယ္ကပ္အားပိုေကာင္းတဲ့အတြက္ မေပါ့ဆၾကဖို႔ ေဒါက္တာသန္းႏိုင္စိုးေျပာ

အင်္ဂလန်မှာတွေ့တဲ့ ကိုဗစ်ပိုးသစ်ဟာ ခန္ဓာကိုယ်ထဲဝင်ရင် တွယ်ကပ်တဲ့အားပိုကောင်းတဲ့အတွက် ကာကွယ်ရေးနည်းလမ်းတွေကို စနစ်တကျလုပ်ဆောင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက O Media ကို ပြောပါတယ်။အဲဒီ ကိုဗစ်ပိုးသစ်ဟာ မြန်မာနိုင်ငံမှာ မတွေ့ရသေးပေမဲ့ နိုင်ငံ‌ပေါင်း(၃၀)ကျော်ကို မြန်မြန်ဆန်ဆန်ရောက်ရှိနေပြီး Mask ကို စနစ်တကျတပ်ဆင်ဖို့၊ လက်ဆေးဖို့၊ ခပ်ခွါခွါနေဖို့ ပိုပြီးလိုအပ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဆီကို မရောက်လာဖို့လိုတယ်။ တကယ်လို့ မတော်တဆ ရောက်လာခဲ့ရင်လည်း ကူးစက်မှုတွေ မြန်မြန်ဆန်ဆန် မဖြစ်ဖို့ပေါ့နော်။ ပိုးဝင်တဲ့နှုန်းက ခန္ဓာကိုယ်ထဲဝင်ရင် ကပ်တဲ့နှုန်းပိုကောင်းတယ်။ ရောဂါရှိတဲ့လူရဲ့ နှာ ခေါင်းထဲမှာ ပိုးတွေအများကြီး ပိုပြီးရှိနေတဲ့အခါကျတော့ ပိုထွက်တယ်။ ပိုထွက်တဲ့အခါကျတော့ တစ်ဖက်လူကို ပိုပြီးကူးစေတယ်ပေါ့။”လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာလည်း အင်္ဂလန်နိုင်ငံမှာတွေ့ရှိထားတဲ့ ကိုဗစ်ပိုးသစ်ရောက်နေပြီး မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာလေကြောင်းလိုင်းကို ပျံသန်းခွင့်မပြုထားပေမဲ့ နယ်စပ်ဒေသက ဝင်လာသူတွေ ရှိတဲ့အတွက် စိုးရိမ်ရသေးတယ်လို့ ဆိုပါတယ်။ကိုဗစ်ပိုးသစ်ဟာ နိုင်ငံတော်တော်များများအတွက် သတိပေးအချက်ပေးသံထိုးနေပြီဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်းကျဆင်းလာချိန်ဖြစ်ပေမဲ့ ကူးစက်မှုလုံးဝမရပ်တန့်သေးတာကြောင့် ဒုတိယလှိုင်း ပြီးပြီလို့ သတ်မှတ်လို့မရသေးဘူးလို့ သိရပါတယ်။

ဇန်နဝါရီလ(၄)ရက်နေ့ ညပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ (၁၂၆၉၃၅) ယောက်ရှိနေပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ (၁၁၀၂၀၀) နဲ့ သေဆုံးသူ (၂၇၄၄ ) ယောက်ရှိနေပါတယ်။
crd…Omedia #Covid19 #Myanmar #Mutant #England #KHA

zawgyi

အဂၤလန္မွာေတြ႕တဲ့ ကိုဗစ္ပိုးသစ္ဟာ ခႏၶာကိုယ္ထဲဝင္ရင္ တြယ္ကပ္တဲ့အားပိုေကာင္းတဲ့အတြက္ ကာကြယ္ေရးနည္းလမ္းေတြကို စနစ္တက်လုပ္ေဆာင္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးက O Media ကို ေျပာပါတယ္။အဲဒီ ကိုဗစ္ပိုးသစ္ဟာ ျမန္မာႏိုင္ငံမွာ မေတြ႕ရေသးေပမဲ့ ႏိုင္ငံ‌ေပါင္း(၃၀)ေက်ာ္ကို ျမန္ျမန္ဆန္ဆန္ေရာက္ရွိေနၿပီး Mask ကို စနစ္တက်တပ္ဆင္ဖို႔၊ လက္ေဆးဖို႔၊ ခပ္ခြါခြါေနဖို႔ ပိုၿပီးလိုအပ္တယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္တို႔ဆီကို မေရာက္လာဖို႔လိုတယ္။ တကယ္လို႔ မေတာ္တဆ ေရာက္လာခဲ့ရင္လည္း ကူးစက္မႈေတြ ျမန္ျမန္ဆန္ဆန္ မျဖစ္ဖို႔ေပါ့ေနာ္။ ပိုးဝင္တဲ့ႏႈန္းက ခႏၶာကိုယ္ထဲဝင္ရင္ ကပ္တဲ့ႏႈန္းပိုေကာင္းတယ္။ ေရာဂါရွိတဲ့လူရဲ႕ ႏွာ ေခါင္းထဲမွာ ပိုးေတြအမ်ားႀကီး ပိုၿပီးရွိေနတဲ့အခါက်ေတာ့ ပိုထြက္တယ္။ ပိုထြက္တဲ့အခါက်ေတာ့ တစ္ဖက္လူကို ပိုၿပီးကူးေစတယ္ေပါ့။”လို႔ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။

အိမ္နီးခ်င္း ထိုင္းႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံတို႔မွာလည္း အဂၤလန္ႏိုင္ငံမွာေတြ႕ရွိထားတဲ့ ကိုဗစ္ပိုးသစ္ေရာက္ေနၿပီး ျမန္မာႏိုင္ငံမွာေတာ့ ႏိုင္ငံတကာေလေၾကာင္းလိုင္းကို ပ်ံသန္းခြင့္မျပဳထားေပမဲ့ နယ္စပ္ေဒသက ဝင္လာသူေတြ ရွိတဲ့အတြက္ စိုးရိမ္ရေသးတယ္လို႔ ဆိုပါတယ္။ကိုဗစ္ပိုးသစ္ဟာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားအတြက္ သတိေပးအခ်က္ေပးသံထိုးေနၿပီျဖစ္ၿပီး ျမန္မာႏိုင္ငံမွာေတာ့ ကိုဗစ္ကူးစက္မႈ ဒုတိယလႈိင္းက်ဆင္းလာခ်ိန္ျဖစ္ေပမဲ့ ကူးစက္မႈလုံးဝမရပ္တန႔္ေသးတာေၾကာင့္ ဒုတိယလႈိင္း ၿပီးၿပီလို႔ သတ္မွတ္လို႔မရေသးဘူးလို႔ သိရပါတယ္။ဇန္နဝါရီလ(၄)ရက္ေန႔ ညပိုင္းအထိေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္လူနာ (၁၂၆၉၃၅) ေယာက္ရွိေနၿပီး အဲဒီထဲမွာ ျပန္ေကာင္းမြန္သူ (၁၁၀၂၀၀) နဲ႔ ေသဆုံးသူ (၂၇၄၄ ) ေယာက္ရွိေနပါတယ္။
crd…Omedia #Covid19 #Myanmar #Mutant #England #KHA

Leave a Reply

Your email address will not be published. Required fields are marked *