WHO ၏ စုံစမ္းစစ္ေဆးမႈ နီးကပ္လာခ်ိန္၌ တ႐ုတ္က ကိုဗစ္ဇာတ္ေၾကာင္း အမ်ိဳးမ်ိဳးကို ႏွစ္ဆတိုး ထုတ္ေဖာ္…

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) မွ စုံစမ္း စစ္ေဆးေရး အဖြဲ႕သည္ ကိုဗစ္-၁၉ ၏ မူလဇစ္ျမစ္အတြက္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ရန္ ျပင္ဆင္ေနခ်ိန္တြင္ ေပက်င္းသည္ ေရာဂါျဖစ္ပြားမႈ အသစ္မ်ားကို ကာကြယ္ရန္ သာမက ကူးစက္ေရာဂါသည္ မည္သည့္ အခ်ိန္ႏွင့္ မည္သည့္ေနရာတြင္ စတင္ခဲ့ သည္မ်ားကိုပါ ႏွစ္ဆတိုး ပုံေဖာ္ေျပာဆို လာၾကသည္။၂၀၁၉ ခုႏွစ္ကုန္ပိုင္းက ဝူဟန္၌ ပထမဆုံး အႀကိမ္ ေဖာ္ထုတ္ေတြ႕ရွိခဲ့ေသာ ကို႐ိုနာဗိုင္းရပ္အေပၚ အေစာပိုင္း ကိုင္တြယ္မႈႏွင့္ ပတ္သက္၍ ေဝဖန္မႈမ်ားကို တ႐ုတ္ႏိုင္ငံက ပယ္ခ်ခဲ့သည္။

ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဟြာခြၽန္ယင္းကမူ WHO အဖြဲ႕ကို ႀကိဳဆိုေၾကာင္းေျပာၾကားခဲ့သည္။သို႔ေသာ္ ပထဝီႏိုင္ငံေရး တင္းမာမႈမ်ား ရွိေနခ်ိန္ျဖစ္၍ စုံစမ္းစစ္ေဆးသူမ်ားသည္ ကမာၻတစ္ဝန္းရွိ လူေပါင္း ၁.၈ သန္းေက်ာ္ ေသဆုံးခဲ့သည့္ ဗိုင္းရပ္စ္ပိုးေၾကာင့္ဟု အျပစ္တင္ခံရျခင္းမွ ေရွာင္ရွားလို သျဖင့္ အထိခိုက္မခံသည့္ ရႈေထာင့္အခ်ိဳ႕ကို စစ္ေဆးခြင့္ ေပးလိမ့္မည္မဟုတ္ဟု ကြၽမ္းက်င္သူမ်ားက ေျပာၾကားခဲ့သည္။စေနေန႔တြင္ အႀကီးတန္း သံတမန္ ဝမ္ယီသည္ ကူးစက္ေရာဂါ တိုက္ဖ်က္ေရး ႀကိဳးပမ္းမႈမ်ားကို ခ်ီးက်ဴး ခဲ့ၿပီး တ႐ုတ္ႏိုင္ငံသည္ ျပည္တြင္း၌ ေရာဂါကူးစက္မႈကို တားဆီး႐ုံသာမက ႏိုင္ငံေပါင္း ၁၅၀ ေက်ာ္သို႔ အကူအညီမ်ား ေပးျခင္းျဖင့္ ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါ ကာကြယ္ေရးကို ဦး ေဆာင္ႏိုင္ခဲ့ သည္ဟု ေျပာၾကားခဲ့သည္။

တ႐ုတ္သည္ တရားဝင္ျဖစ္ရပ္ႏွင့္ ဆန႔္က်င္ေသာ သတင္း အခ်က္အလက္မ်ားကို မွ်ေဝရန္ ဆႏၵရွိသည့္ လကၡဏာမ်ားလည္း ရွိေနသည္။ၿပီးခဲ့သည့္အပတ္က တ႐ုတ္ႏိုင္ငံ ေရာဂါထိန္းခ်ဳပ္ေရးစင္တာမွ ေလ့လာမႈတစ္ခုအရ ဝူဟန္ လူဦးေရ၏ ၄.၄၃% မွ ေသြးနမူနာမ်ားတြင္ ကိုဗစ္-၁၉ ပဋိပစၥည္းမ်ား ပါဝင္ေနၿပီး ၿမိဳ႕၏ကူးစက္မႈႏႈန္းသည္ မူလက အသိအမွတ္ျပဳထားသည္ထက္ မ်ားစြာ ပိုမိုမ်ားျပားေနသည္ဟု သိရသည္။တ႐ုတ္သည္ ကိုဗစ္-၁၉ ကို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလတြင္ တရားဝင္သတ္မွတ္ျခင္း မျပဳမီ ျပည္တြင္း၌ ပ်ံ႕ႏွံ႔ေနသည္ဟုဆိုေသာ ေတြ႕ရွိခ်က္မ်ားကိုလည္း မွ်ေဝခ်င္ေနၾကသည္။အီတလီမွ ေလ့လာမႈ တစ္ခုအရ ကိုဗစ္-၁၉ သည္ တ႐ုတ္တြင္ ပထမဆုံး ကူးစက္မႈ မစတင္မီ လအနည္းငယ္ ကတည္းက ဥေရာပ၌ ရွိခဲ့ေၾကာင္း ျပသခဲ့သည္။

တ႐ုတ္ အစိုးရပိုင္မီဒီယာမ်ားက ျပည္ပမွ ထြက္လာေသာ သီအိုရီမ်ားကို ေထာက္ခံေနၾကသလို ဗိုင္းရပ္စ္သည္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလတြင္ ဝူဟန္ရွိ က်င္းပခဲ့ေသာ ကမာၻ႔စစ္ေရးၿပိဳင္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ ႏိုင္ငံရပ္ျခားမွ ၿပိဳင္ပြဲဝင္ စစ္သည္မ်ား သို႔မဟုတ္ ေအးခဲေသာ အစားအစာမ်ားမွ တစ္ဆင့္တ႐ုတ္ႏိုင္ငံသို႔ ၀င္ေရာက္ခဲ့ သည္ဟူေသာ သီအိုရီမ်ားကို ေထာက္ခံေနၾကသည္။

ၾသစေၾတးလ်ရွိ ကီရ္ဘီအင္စတီက်ဴ၏ ဇီဝ လုံၿခဳံမႈသုေတသန အစီအစဥ္၏ အႀကီးအကဲ Raina MacIntyre က ကိုဗစ္-၁၉သည္ တ႐ုတ္ႏိုင္ငံျပင္ပတြင္ ၂၀၁၉ ဒီဇင္ဘာလ မတိုင္မီ ကတည္းက ရွိေနခဲ့သည္ ဆိုသည္ကို စုံစမ္းစစ္ေဆးရန္ အခြင့္အလမ္း မ်ားစြာ ေပးစရာမလိုေတာ့ေၾကာင္း၊ ဝူဟန္ ေရာဂါပိုးမႊား အင္စတီက်ဳမွ ယိုစိမ့္မႈေၾကာင့္ ျဖစ္ရျခင္း ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။“အဲဒီအခ်ိန္းတုန္းက ဓာတ္ခြဲခန္းထဲမွာရွိတဲ့ ဗိုင္းရပ္စ္ နမူနာ အားလုံးကို အဖြဲ႕အတြက္ ေပးလိမ့္မယ္ လို႔မထင္ဘူး” ဟုသူကေျပာသည္။“ဒါဆို ငါတို႔အမွန္တရားကို သိရလိမ့္မယ္လို႔ မထင္ဘူး။ “ဟုလည္း ဆိုသည္။

CRD_သုညျဖဴ
ChannelKeyMyanmar မွ မွ်ေဝေဖာ္ျပပါသည္။

unicode

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ စုံစမ်း စစ်ဆေးရေး အဖွဲ့သည် ကိုဗစ်-၁၉ ၏ မူလဇစ်မြစ်အတွက် တရုတ်နိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်နေချိန်တွင် ပေကျင်းသည် ရောဂါဖြစ်ပွားမှု အသစ်များကို ကာကွယ်ရန် သာမက ကူးစက်ရောဂါသည် မည်သည့် အချိန်နှင့် မည်သည့်နေရာတွင် စတင်ခဲ့ သည်များကိုပါ နှစ်ဆတိုး ပုံဖော်ပြောဆို လာကြသည်။၂၀၁၉ ခုနှစ်ကုန်ပိုင်းက ဝူဟန်၌ ပထမဆုံး အကြိမ် ဖော်ထုတ်တွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်အပေါ် အစောပိုင်း ကိုင်တွယ်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများကို တရုတ်နိုင်ငံက ပယ်ချခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်းကမူ WHO အဖွဲ့ကို ကြိုဆိုကြောင်းပြောကြားခဲ့သည်။သို့သော် ပထဝီနိုင်ငံရေး တင်းမာမှုများ ရှိနေချိန်ဖြစ်၍ စုံစမ်းစစ်ဆေးသူများသည် ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၁.၈ သန်းကျော် သေဆုံးခဲ့သည့် ဗိုင်းရပ်စ်ပိုးကြောင့်ဟု အပြစ်တင်ခံရခြင်းမှ ရှောင်ရှားလို သဖြင့် အထိခိုက်မခံသည့် ရှုထောင့်အချို့ကို စစ်ဆေးခွင့် ပေးလိမ့်မည်မဟုတ်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။စနေနေ့တွင် အကြီးတန်း သံတမန် ဝမ်ယီသည် ကူးစက်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို ချီးကျူး ခဲ့ပြီး တရုတ်နိုင်ငံသည် ပြည်တွင်း၌ ရောဂါကူးစက်မှုကို တားဆီးရုံသာမက နိုင်ငံပေါင်း ၁၅၀ ကျော်သို့ အကူအညီများ ပေးခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကာကွယ်ရေးကို ဦး ဆောင်နိုင်ခဲ့ သည်ဟု ပြောကြားခဲ့သည်။

တရုတ်သည် တရားဝင်ဖြစ်ရပ်နှင့် ဆန့်ကျင်သော သတင်း အချက်အလက်များကို မျှဝေရန် ဆန္ဒရှိသည့် လက္ခဏာများလည်း ရှိနေသည်။ပြီးခဲ့သည့်အပတ်က တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးစင်တာမှ လေ့လာမှုတစ်ခုအရ ဝူဟန် လူဦးရေ၏ ၄.၄၃% မှ သွေးနမူနာများတွင် ကိုဗစ်-၁၉ ပဋိပစ္စည်းများ ပါဝင်နေပြီး မြို့၏ကူးစက်မှုနှုန်းသည် မူလက အသိအမှတ်ပြုထားသည်ထက် များစွာ ပိုမိုများပြားနေသည်ဟု သိရသည်။တရုတ်သည် ကိုဗစ်-၁၉ ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တရားဝင်သတ်မှတ်ခြင်း မပြုမီ ပြည်တွင်း၌ ပျံ့နှံ့နေသည်ဟုဆိုသော တွေ့ရှိချက်များကိုလည်း မျှဝေချင်နေကြသည်။အီတလီမှ လေ့လာမှု တစ်ခုအရ ကိုဗစ်-၁၉ သည် တရုတ်တွင် ပထမဆုံး ကူးစက်မှု မစတင်မီ လအနည်းငယ် ကတည်းက ဥရောပ၌ ရှိခဲ့ကြောင်း ပြသခဲ့သည်။

တရုတ် အစိုးရပိုင်မီဒီယာများက ပြည်ပမှ ထွက်လာသော သီအိုရီများကို ထောက်ခံနေကြသလို ဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ဝူဟန်ရှိ ကျင်းပခဲ့သော ကမ္ဘာ့စစ်ရေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရပ်ခြားမှ ပြိုင်ပွဲဝင် စစ်သည်များ သို့မဟုတ် အေးခဲသော အစားအစာများမှ တစ်ဆင့်တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ သည်ဟူသော သီအိုရီများကို ထောက်ခံနေကြသည်။

သြစတြေးလျရှိ ကီရ်ဘီအင်စတီကျူ၏ ဇီဝ လုံခြုံမှုသုတေသန အစီအစဉ်၏ အကြီးအကဲ Raina MacIntyre က ကိုဗစ်-၁၉သည် တရုတ်နိုင်ငံပြင်ပတွင် ၂၀၁၉ ဒီဇင်ဘာလ မတိုင်မီ ကတည်းက ရှိနေခဲ့သည် ဆိုသည်ကို စုံစမ်းစစ်ဆေးရန် အခွင့်အလမ်း များစွာ ပေးစရာမလိုတော့ကြောင်း၊ ဝူဟန် ရောဂါပိုးမွှား အင်စတီကျုမှ ယိုစိမ့်မှုကြောင့် ဖြစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။“အဲဒီအချိန်းတုန်းက ဓာတ်ခွဲခန်းထဲမှာရှိတဲ့ ဗိုင်းရပ်စ် နမူနာ အားလုံးကို အဖွဲ့အတွက် ပေးလိမ့်မယ် လို့မထင်ဘူး” ဟုသူကပြောသည်။“ဒါဆို ငါတို့အမှန်တရားကို သိရလိမ့်မယ်လို့ မထင်ဘူး။ “ဟုလည်း ဆိုသည်။

CRD_သုညဖြူ
ChannelKeyMyanmar မှ မျှဝေဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *