ျမန္မာသေဘၤာသားေတြအပါအဝင္ ေရနံတင္သေဘၤာ ကို အီရန္ျပန္လႊတ္ေရး ေတာင္ကိုရီးယား သံတမန္နည္းသုံးမည္

အီရန် ဖမ်းထားတဲ့ ကိုရီးယား ရေနံတင် သင်္ဘောနဲ့ သင်္ဘောဝန်ထမ်းတွေကို ပြန်လွှတ်ပေးရေး အီရန် သံအမတ်ကို ဆင့်ခေါ်ပြီး တောင်ကိုရီးယား အစိုးရက တောင်းဆိုလိုက်ပါတယ်။ မြန်မာ သင်္ဘောသား အများစုပါတဲ့ MT Hankuk Chemi ရေနံတင် သင်္ဘောဖမ်းဆီးခံရမှုကို သံတမန်ရေး နည်းလမ်းနဲ့ ဖြေရှင်း နိုင်ရေး တောင်ကိုရီးယား အစိုးရက ကြိုးစားနေသလို Hormuz ရေလက်ကြား အနီးကိုလည်း ဖျက်သင်္ဘောနဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားပါတယ်။

“Hormuz ရေလက်ကြား အနီး ပင်လယ်ပြင်မှာ Cheonghae တပ်ဖွဲ့ အင်္ဂါနေ့ မနက်ပိုင်းမှာ ရောက်ရှိသွားပြီ”လို့ ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Boo Seung-chan က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံသင်္ဘောသားတွေရဲ့ ဘေးကင်းလုံခြုံမှု အတွက် ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။ ဒါပေမယ့်လည်း ဒီသင်္ဘောသားတွေ လွတ်မြောက်ရေး အတွက် စစ်ရေးအရ ဆောင်ရွက်ဖို့ အစီအစဉ်တော့ မရှိပါဘူး။

ဒီဖမ်းဆီးမှုဟာ အလွန် စိုးရိမ်ဖွယ် ကောင်းတဲ့ ကိစ္စလို့လည်း တောင်ကိုရီးယား သမ္မတ ရုံးက အင်္ဂါနေ့မှာ ပြောဆိုပြီး တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဌာနက Hormuz ရေလက်ကြား အနီးကို တန် ၄,၄၀၀ ဖျက်သင်္ဘော တစင်းနဲ့ တပ်ဖွဲ့ဝင် ၃၀၀ လောက်ပါတဲ့ ပင်လယ်ဓားပြ နှိမ်နင်းရေး တပ်ဖွဲ့ စေလွှတ်ထား ပါတယ်။

အီရန် ဖမ်းထားတဲ့ တောင်ကိုရီးယား ရေနံတင် သင်္ဘော MT Hankuk Chemi က ဝန်ထမ်း ၂၀ ထဲ မြန်မာ သင်္ဘောသား ၁၁ဦး ပါဝင်ပါတယ်။ တောင်ကိုရီး ယား ၅ ဦး၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့က ၂ ဦးစီ ပါဝင်ပါတယ်။ တောင်ကိုရီး ယားဆိုင်ရာ အီရန် သံအမတ်ကြီး Saeed Badamchi Shabestari ကို တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက အင်္ဂါနေ့မှ ဆင့်ခေါ်ပြီးသင်္ဘောနဲ့ သင်္ဘောသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စကို သံတမန်ရေး လမ်းကြောင်းနဲ့ ဖြေရှင်းနိုင်ရေး အတွက် တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ တခုလည်း အီရန်ကို သွားဖို့ ရှိပါတယ်။

အီရန်ကို အတတ်နိုင်ဆုံး အမြန်ဆုံး သွားဖို့ စီစဉ်နေကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Choi Young-sam ကလည်း အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။“သံတမန်ရေး အရ စိစစ် အဖြေရှာသွားဖို့နဲ့ နိုင်ငံသားတွေကို အကာအကွယ် ပေးဖို့ တောင်းဆိုသွားမယ့် အကြောင်း ပြောသွားတာပါ။ နိုင်ငံသား အားလုံးနဲ့ သင်္ဘော ပြန်လွတ်လာရေး အတွက် ဘက်ပေါင်းစုံက ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ပြောသွားတာပါ။

အီရန် အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ကာလ အတွင်း တောင်ကိုရီး ယား ဘဏ်တွေမှာ ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၇၀၀၀ ကျော် ထုတ်ယူခွင့်ရရေး အီရန်နဲ့ တောင်ကိုရီးယား အစိုးရကြား ဆွေးနွေးမှု မပြေလည်ချိန်မှာဘဲ အခုလို ဖမ်းဆီးမှု ဖြစ်လာတာပါ။ အီရန်ဘက်က ဒီငွေကို သုံးပြီး COVAX ကာကွယ်ဆေး ဝယ်ယူဖြန့်ဖြူးမှု အစီအစဉ်ကနေ COVID-19 ကာကွယ်ဆေး ဝယ်ယူလိုနေတာလည်း ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ ကိုရီးယား သုတေသန- သံတမန်ရေးနဲ့ လုံခြုံရေး ဆိုင်ရာအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Shim Beom-Chul ကလည်း အခုလို သုံးသပ်ပါတယ်။“COVID-19 ဖြစ်ပွားမှုတွေ အတွင်း အီရန်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ သူတို့ အနေနဲ့ သံတမန်ရေး လမ်းကြောင်းနဲ့ဘဲ ဆောင်ရွက်နေရင် တောင်ကိုရီးယား အစိုးရဘက်က ဒီကိစ္စကို အရေးတယူ မလုပ်နိုင်ဘူးလို့ အီရန်ဘက်က တွေးနိုင်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယား အစိုးရကို ဖိအားပေးနိုင်ဖို့ အတွက် တောင်ကိုရီးယား သင်္ဘောကို ဖမ်းလိုက်တာ ဖြစ်နိုင်တယ်” လို့ သုံးသပ်သွားတာပါ။

ဒီသင်္ဘောကို ဖမ်းတာက ဓားစာခံ ဖမ်းတာ မဟုတ်ဘူးလို့ အီရန် အစိုးရ ပြောခွင့်ရ Ali Rabiei က အင်္ဂါနေ့မှာ ပြောပါတယ်။“ဓားစာခံ ဖမ်းတယ်လို့ ပြောကြမယ်ဆိုရင် အဲဒါဟာ ကိုရီးယား အစိုးရပါ။ မဟုတ်မမှန် အကြောင်းပြပြီး အီရန်ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၇,၀၀၀ ကျော်ကို ယူထားတာပါ” လို့ ပြောဆိုသွားတာပါ။

“ဒီသင်္ဘောကြောင့် ပါရှန်ပင်လယ်ကွေ့ အတွင်းမှာ ရေနံ ညစ်ညမ်းမှု ဖြစ်တာ ကြောင့် ဖမ်းခဲ့တာ ဖြစ်ကြောင်း၊ မဖမ်းခင်မှာလည်း သတိပေးခဲ့ကြောင်း၊ ဒီလုပ်ရပ်ဟာ ရှုပ်ထွေးတဲ့ ကိစ္စ မဟုတ်ဘဲ ကမ္ဘာတလွှားမှာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း” အီရန် အစိုးရ ပြောခွင့်ရက ပြောပါတယ်။

တောင်ကိုရီးယား အလံတင် MT Hankuk Chemi ရေနံတင်သင်္ဘောက ဆော်ဒီအာရေဗျ နိုင်ငံ Jubail ကနေ အာရပ်စော်ဘွားများပြည်ထောင်စု Fujairah ကို ခုတ်မောင်းနေစဉ် တနလာင်္နေ့က လက်နက်ကိုင် အီရန် တပ်ဖွဲ့တွေက သင်္ဘောကို ဝန်းရံ၊ နောက် အီရန် ရဟတ်ယာဉ် တစင်းနဲ့ အတူ အီရန် ရေပိုင်နက်ထဲကို မောင်းခိုင်းခဲ့တာ ဖြစ်တယ်လို့ သင်္ဘောပိုင်ရှင်က အင်္ဂါနေ့မှာ ပြောပါတယ်။

ကနဦးမှာတော့ အီရန် တပ်ဖွဲ့တွေက သင်္ဘောကို စစ်ဆေးလိုတယ်လို့သာ ပြောခဲ့ပြီး အသေးစိတ် မပြောခဲ့ဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ သင်္ဘော ကပ္ပတိန်က တောင်ကိုရီးယားက ကုမ္ပဏီရဲ့ လုံခြုံရေး တာဝန် ရှိသူတွေနဲ့ ဆက်သွယ်ပြီး အခြေအနေကို ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရေနံတင် သင်္ဘောကပ္ပတိန်ကိုလည်း ကုမ္ပဏီဘက်က အဆက်အသွယ် မရတော့တာ ဖြစ်ပါတယ်။

ရေနံတင် သင်္ဘောက ပယ်လယ်တွင်း ညစ်ညမ်းမှု ဖြစ်စေတယ်ဆိုတဲ့ ပြောဆိုချက်ကို သင်္ဘောကုမ္ပဏီဘက်က ငြင်းဆိုထားပါတယ်။ အီရန်တို့ ဖမ်းထားတဲ့ ရေနံတင် သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တောင်းဆိုထားပါတယ်။ ဒဏ်ခတ်မှု ဖိအားတွေ သက်သာစေဖို့ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို အကြပ်ကိုင်ဖို့ ရည်ရွယ်ပြီး ပါရှန်ပင်လယ်ကွေ့ အတွင်း လွတ်လပ်စွာ ရေကြောင်း သွားလာ ခွင့်ကို အီရန်က ခြိမ်းခြောက်နေတာလို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

source : VOA

zawgyi

အီရန္ ဖမ္းထားတဲ့ ကိုရီးယား ေရနံတင္ သေဘၤာနဲ႔ သေဘၤာဝန္ထမ္းေတြကို ျပန္လႊတ္ေပးေရး အီရန္ သံအမတ္ကို ဆင့္ေခၚၿပီး ေတာင္ကိုရီးယား အစိုးရက ေတာင္းဆိုလိုက္ပါတယ္။ ျမန္မာ သေဘၤာသား အမ်ားစုပါတဲ့ MT Hankuk Chemi ေရနံတင္ သေဘၤာဖမ္းဆီးခံရမႈကို သံတမန္ေရး နည္းလမ္းနဲ႔ ေျဖရွင္း ႏိုင္ေရး ေတာင္ကိုရီးယား အစိုးရက ႀကိဳးစားေနသလို Hormuz ေရလက္ၾကား အနီးကိုလည္း ဖ်က္သေဘၤာနဲ႔ တပ္ဖြဲ႕ဝင္ေတြ ေစလႊတ္ထားပါတယ္။

“Hormuz ေရလက္ၾကား အနီး ပင္လယ္ျပင္မွာ Cheonghae တပ္ဖြဲ႕ အဂၤါေန႔ မနက္ပိုင္းမွာ ေရာက္ရွိသြားၿပီ”လို႔ ကိုရီးယား ကာကြယ္ေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Boo Seung-chan က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
ဖမ္းဆီးခံသေဘၤာသားေတြရဲ႕ ေဘးကင္းလုံၿခဳံမႈ အတြက္ ေဆာင္႐ြက္မွာ ျဖစ္တယ္လို႔လည္း သူက ထပ္ေလာင္း ေျပာပါတယ္။ ဒါေပမယ့္လည္း ဒီသေဘၤာသားေတြ လြတ္ေျမာက္ေရး အတြက္ စစ္ေရးအရ ေဆာင္႐ြက္ဖို႔ အစီအစဥ္ေတာ့ မရွိပါဘူး။

ဒီဖမ္းဆီးမႈဟာ အလြန္ စိုးရိမ္ဖြယ္ ေကာင္းတဲ့ ကိစၥလို႔လည္း ေတာင္ကိုရီးယား သမၼတ ႐ုံးက အဂၤါေန႔မွာ ေျပာဆိုၿပီး ေတာင္ကိုရီးယား ကာကြယ္ေရး ဝန္ႀကီး ဌာနက Hormuz ေရလက္ၾကား အနီးကို တန္ ၄,၄၀၀ ဖ်က္သေဘၤာ တစင္းနဲ႔ တပ္ဖြဲ႕ဝင္ ၃၀၀ ေလာက္ပါတဲ့ ပင္လယ္ဓားျပ ႏွိမ္နင္းေရး တပ္ဖြဲ႕ ေစလႊတ္ထား ပါတယ္။

အီရန္ ဖမ္းထားတဲ့ ေတာင္ကိုရီးယား ေရနံတင္ သေဘၤာ MT Hankuk Chemi က ဝန္ထမ္း ၂၀ ထဲ ျမန္မာ သေဘၤာသား ၁၁ဦး ပါဝင္ပါတယ္။ ေတာင္ကိုရီး ယား ၅ ဦး၊ အင္ဒိုနီးရွားနဲ႔ ဗီယက္နမ္တို႔က ၂ ဦးစီ ပါဝင္ပါတယ္။ ေတာင္ကိုရီး ယားဆိုင္ရာ အီရန္ သံအမတ္ႀကီး Saeed Badamchi Shabestari ကို ေတာင္ကိုရီးယား ႏိုင္ငံျခားေရးဌာနက အဂၤါေန႔မွ ဆင့္ေခၚၿပီးသေဘၤာနဲ႔ သေဘၤာသားေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ ဒီကိစၥကို သံတမန္ေရး လမ္းေၾကာင္းနဲ႔ ေျဖရွင္းႏိုင္ေရး အတြက္ ေတာင္ကိုရီးယား ကိုယ္စားလွယ္ အဖြဲ႕ တခုလည္း အီရန္ကို သြားဖို႔ ရွိပါတယ္။

အီရန္ကို အတတ္ႏိုင္ဆုံး အျမန္ဆုံး သြားဖို႔ စီစဥ္ေနေၾကာင္း ႏိုင္ငံျခားေရး ဌာန ေျပာခြင့္ရ Choi Young-sam ကလည္း အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။“သံတမန္ေရး အရ စိစစ္ အေျဖရွာသြားဖို႔နဲ႔ ႏိုင္ငံသားေတြကို အကာအကြယ္ ေပးဖို႔ ေတာင္းဆိုသြားမယ့္ အေၾကာင္း ေျပာသြားတာပါ။ ႏိုင္ငံသား အားလုံးနဲ႔ သေဘၤာ ျပန္လြတ္လာေရး အတြက္ ဘက္ေပါင္းစုံက ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံျခားေရး ဌာန ေျပာခြင့္ရက ေျပာသြားတာပါ။

အီရန္ အေပၚ အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈ ကာလ အတြင္း ေတာင္ကိုရီး ယား ဘဏ္ေတြမွာ ထိန္းခ်ဳပ္ထားတဲ့ အီရန္ပိုင္ဆိုင္မႈ ေဒၚလာ သန္း ၇၀၀၀ ေက်ာ္ ထုတ္ယူခြင့္ရေရး အီရန္နဲ႔ ေတာင္ကိုရီးယား အစိုးရၾကား ေဆြးေႏြးမႈ မေျပလည္ခ်ိန္မွာဘဲ အခုလို ဖမ္းဆီးမႈ ျဖစ္လာတာပါ။ အီရန္ဘက္က ဒီေငြကို သုံးၿပီး COVAX ကာကြယ္ေဆး ဝယ္ယူျဖန႔္ျဖဴးမႈ အစီအစဥ္ကေန COVID-19 ကာကြယ္ေဆး ဝယ္ယူလိုေနတာလည္း ျဖစ္ပါတယ္။

အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ ကိုရီးယား သုေတသန- သံတမန္ေရးနဲ႔ လုံၿခဳံေရး ဆိုင္ရာအဖြဲ႕ရဲ႕ ၫႊန္ၾကားေရးမႉး Shim Beom-Chul ကလည္း အခုလို သုံးသပ္ပါတယ္။“COVID-19 ျဖစ္ပြားမႈေတြ အတြင္း အီရန္ဟာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေန ရပါတယ္။ သူတို႔ အေနနဲ႔ သံတမန္ေရး လမ္းေၾကာင္းနဲ႔ဘဲ ေဆာင္႐ြက္ေနရင္ ေတာင္ကိုရီးယား အစိုးရဘက္က ဒီကိစၥကို အေရးတယူ မလုပ္ႏိုင္ဘူးလို႔ အီရန္ဘက္က ေတြးႏိုင္ပါတယ္။ ဒါေၾကာင့္ ေတာင္ကိုရီးယား အစိုးရကို ဖိအားေပးႏိုင္ဖို႔ အတြက္ ေတာင္ကိုရီးယား သေဘၤာကို ဖမ္းလိုက္တာ ျဖစ္ႏိုင္တယ္” လို႔ သုံးသပ္သြားတာပါ။

ဒီသေဘၤာကို ဖမ္းတာက ဓားစာခံ ဖမ္းတာ မဟုတ္ဘူးလို႔ အီရန္ အစိုးရ ေျပာခြင့္ရ Ali Rabiei က အဂၤါေန႔မွာ ေျပာပါတယ္။“ဓားစာခံ ဖမ္းတယ္လို႔ ေျပာၾကမယ္ဆိုရင္ အဲဒါဟာ ကိုရီးယား အစိုးရပါ။ မဟုတ္မမွန္ အေၾကာင္းျပၿပီး အီရန္ရဲ႕ ပိုင္ဆိုင္မႈ ေဒၚလာ သန္း ၇,၀၀၀ ေက်ာ္ကို ယူထားတာပါ” လို႔ ေျပာဆိုသြားတာပါ။

“ဒီသေဘၤာေၾကာင့္ ပါရွန္ပင္လယ္ေကြ႕ အတြင္းမွာ ေရနံ ညစ္ညမ္းမႈ ျဖစ္တာ ေၾကာင့္ ဖမ္းခဲ့တာ ျဖစ္ေၾကာင္း၊ မဖမ္းခင္မွာလည္း သတိေပးခဲ့ေၾကာင္း၊ ဒီလုပ္ရပ္ဟာ ရႈပ္ေထြးတဲ့ ကိစၥ မဟုတ္ဘဲ ကမာၻတလႊားမွာ လုပ္႐ိုးလုပ္စဥ္သာ ျဖစ္ေၾကာင္း” အီရန္ အစိုးရ ေျပာခြင့္ရက ေျပာပါတယ္။

ေတာင္ကိုရီးယား အလံတင္ MT Hankuk Chemi ေရနံတင္သေဘၤာက ေဆာ္ဒီအာေရဗ် ႏိုင္ငံ Jubail ကေန အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု Fujairah ကို ခုတ္ေမာင္းေနစဥ္ တနလာေနၤ့က လက္နက္ကိုင္ အီရန္ တပ္ဖြဲ႕ေတြက သေဘၤာကို ဝန္းရံ၊ ေနာက္ အီရန္ ရဟတ္ယာဥ္ တစင္းနဲ႔ အတူ အီရန္ ေရပိုင္နက္ထဲကို ေမာင္းခိုင္းခဲ့တာ ျဖစ္တယ္လို႔ သေဘၤာပိုင္ရွင္က အဂၤါေန႔မွာ ေျပာပါတယ္။

ကနဦးမွာေတာ့ အီရန္ တပ္ဖြဲ႕ေတြက သေဘၤာကို စစ္ေဆးလိုတယ္လို႔သာ ေျပာခဲ့ၿပီး အေသးစိတ္ မေျပာခဲ့ဘူးလို႔လည္း တာဝန္ရွိသူေတြက ေျပာပါတယ္။ သေဘၤာ ကပၸတိန္က ေတာင္ကိုရီးယားက ကုမၸဏီရဲ႕ လုံၿခဳံေရး တာဝန္ ရွိသူေတြနဲ႔ ဆက္သြယ္ၿပီး အေျခအေနကို ေျပာခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာ ေရနံတင္ သေဘၤာကပၸတိန္ကိုလည္း ကုမၸဏီဘက္က အဆက္အသြယ္ မရေတာ့တာ ျဖစ္ပါတယ္။

ေရနံတင္ သေဘၤာက ပယ္လယ္တြင္း ညစ္ညမ္းမႈ ျဖစ္ေစတယ္ဆိုတဲ့ ေျပာဆိုခ်က္ကို သေဘၤာကုမၸဏီဘက္က ျငင္းဆိုထားပါတယ္။ အီရန္တို႔ ဖမ္းထားတဲ့ ေရနံတင္ သေဘၤာကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကလည္း ေတာင္းဆိုထားပါတယ္။ ဒဏ္ခတ္မႈ ဖိအားေတြ သက္သာေစဖို႔ အတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းကို အၾကပ္ကိုင္ဖို႔ ရည္႐ြယ္ၿပီး ပါရွန္ပင္လယ္ေကြ႕ အတြင္း လြတ္လပ္စြာ ေရေၾကာင္း သြားလာ ခြင့္ကို အီရန္က ၿခိမ္းေျခာက္ေနတာလို႔လည္း အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာဆိုထားပါတယ္။

source : VOA

Leave a Reply

Your email address will not be published. Required fields are marked *