ကယ္ဆယ္ေရးေလယာဥ္‌ေပၚက ပိုးေတြ႕လူနာ (၆၃) ဦးနဲ႔ ကိုဗစ္တတိယလႈိင္း အခ်က္ေပးေခါင္းေလာင္းသံ

ဒီဇင်ဘာ ၂၇ ရက်က ကျွန်တော်တို့ သွားရောက်ခေါ်ဆောင်တဲ့ ဂျော်ဒန်ကယ်ဆယ်ရေးဖလိုက်မှာ ပါလာတဲ့ခရီးသည်တွေဟာ Facility Q ဝင်နေကြတယ်။ သူတို့ထဲက ခရီးသည် အားလုံးစစ်လိုက်တဲ့အခါ ၆၃ ယောက်ပိုးတွေ့တယ်လို့သိရတယ်။ တကယ်တော့ ကယ်ဆယ်ရေးဖလိုက်တွေမှာ ပမာဏအများဆုံး တွေ့ဖူးတဲ့ ဖလိုက်လို့ပြောလို့ရတယ်။

ကိုဗစ်စဖြစ်ကထဲကနေ ယနေ့အချိန်အထိ MAI နဲ့ MNA တို့ရဲ့ ပြည်ပကယ်ဆယ်ရေးဖလိုက်တွေမှာ ကြားမိသလောက် တချို့ဖလိုက်တွေ ပိုးတွေ့လူနာမပါ၊ တချို့ဖလိုက်တွေ ၁-၂ ယောက် ၊ တခါတလေ ၇ ယောက် ၈ ယောက် ဆယ်ယောက်ကျော် အများဆုံးပဲ။

ဒီတခေါက် ၆၃ ယောက်တောင်တွေ့တယ်ဆိုတာ အတော်လေးများတယ်လို့ ဆိုရမယ်။ ဂျော်ဒန်ကနေ ရန်ကုန်ဆိုတာကလဲ ခရီးကရှည်တယ်။ ၄ နာရီခွဲလောက်မောင်းပြီး ကြားမှာ အိန္ဒိယက မြို့တမြို့မှာ ဆီဝင်ဖြည့်ရတယ်။ ပြီးမှ ရန်ကုန်ကို ရောက်ဖို့နောက်ထပ် ၃ နာရီခွဲလောက်ပျံသန်းရတာဆိုတော့ လေယာဉ်ပေါ်မှာ ခရီးသည်တွေနဲ့က ပျံသန်းချိန် ၈ နာရီခန့်နဲ့ ဆီဖြည့်ချိန် မြေပြင်ပေါ် ၁ နာရီလောက် အားလုံးပေါင်း ၉ နာရီကျော်လောက် တစုတစည်းထဲအတူရှိနေတာဖြစ်တယ်။

သို့ပေမဲ့ ယခင်ကလဲဂျော်ဒန်ဖလိုက်တွေ ရှိခဲ့ဖူးပါတယ်။ ဒီလိုမများပါဘူး။ ဘာကြောင့်ဒီတခေါက်များရလဲဆိုတာ တွေးဆစရာပါ။ လေယာဉ်ပေါ်မှာ အစားအသောက်ကျွေးတဲ့စနစ်ပြောင်းရမလားဆိုတာ ထည့်တွက်သင့်တယ်။ အစားကျွေးချိန်တူတော့ အစားအသောက်ရောက်ချိန် တူတူဖွင့်စားကြရင်း ကူးတယ်ယူဆရပါတယ်..

ဒါပေမဲ့ စဉ်းစားဖို့က အခေါက်ပေါင်းများစွာ ၇-၈ လခန့် ကယ်ဆယ်ရေးဖလိုက်တွေဆွဲနေတာ ဒီလိုပဲကျွေးတယ်။ ခရီးသည်တွေ ဒီလိုပဲစားတယ်။ ပိုးတွေ့ မရှိတဲ့ဖလိုက်၊ ၁-၂ ယောက်တွေ့ ၊ ၇-၈ ယောက်၊ ဆယ်ယောက်ကျော် ဒီလောက်ပဲရှိတယ်။ ကျွန်တော်ထင်တာတော့ မူလကိုဗစ်ပိုးက လေယာဉ်တွင်းလေသန့်စင်စနစ်၊ လေထုတ်သွင်းလှည့်လည်စနစ်တွေကြောင့် ပိုးကူးစက်မှု မရှိသလောက်ဖြစ်တာလို့ယူဆရတယ်။

ပြီးခဲ့တဲ့ ဂျော်ဒန်ဖလိုက်မှာ ခရီးသည်တွေဟာ အစကထဲက ၆၃ ယောက်လုံးပိုးရှိနေတာလား သို့မဟုတ် ၄-၅ ယောက်လောက်ပိုးရှိသူပါလာပြီး လေယာဉ်ပေါ်မှာကူးတာလား မသိနိုင်ပါ။ စစ်ဆေးတဲ့ ကျန်းမာရေးဦးစီးဌာနကတော့ ဒီပိုးဟာ မူလပိုးလား၊ မျိုးကွဲဗီဇပိုးလားသိနေလောက်ပါပြီ။ မူလမျိုးဆိုရင်တော့ အရင်ဖလိုက်တွေမှာ များများမတွေ့ပဲ ခုမှဘာလို့အဲ့လောက်များများပိုးတွေ့သွားရသလဲ စဉ်းစားရမှာဖြစ်တယ်။

အခုပိုးတွေ့သူတွေဟာ ကွာရန်တင်းစင်တာတွေမှာ တွေ့တာဖြစ်ပါတယ်။ ပြင်ပနိုင်ငံတွေမှာ ဒုက္ခရောက်နေလို့ အမိမြန်မာပြည်ကိုပြန်လာနိုင်ဖို့ အစိုးရကတော့ ကြိုဆိုပေးနေကြသလို မြန်မာပြည်ကအဲလိုင်းကြီး ၂ လိုင်းကလဲ ပြေးဆွဲပေးနေကြပါတယ်။

ကျန်းမာရေးဦးစီးဌာနဘက်ကလဲ ပြန်လာသူတွေကို Q ဝင်ရက်ထပ်တိုးထားပါတယ်။ ကနဦးက FQ, HQ ၃ ပတ်ထားရာကနေ ၁ ပတ်ထိလျှော့ချ ပြီးရင် အိမ်မှာတပတ် Home Stay ဆိုပြီးဖြစ်လာသေးတယ်။ အခုတော့ နိုင်ငံတော်က ကမ္ဘာကြီးရဲ့ ကိုဗစ်အခြေအနေကြည့်ပြီး FQ, HQ ၂ ပတ်ထား Swab Test ၂ ခါစစ်ရမယ်လို့ ထုတ်ပြန်လိုက်တာသိပ်မှန်တယ်။

အစိုးရကခုတမျိုး တော်ကြာတမျိုးလို့တချို့ထင်ကြမယ်။ နိုင်ငံအသီးသီးမှာလဲ အခြေအနေပေါ်မူတည်ပြီး ထုတ်ပြန်ချက်အသစ်တွေလုပ်နေရတာပါပဲ။ မျိုးကွဲဗီဇ မြန်နှုန်းမြင့်ပိုးက တိုင်းပြည်အတော်များများဆီ စိမ့်ဝင်နေတာဆိုတော့ အခုနောက်ပိုင်း စီးနင်းကြတဲ့ခရီးသွားများ ပိုဂရုစိုက်သင့်ပါတယ်။

ဖေ့စဘွတ်ပေါ်မှာ ကိုဗစ်နဲ့ပါတ်သတ်ပြီး စာတွေရေးနေတဲ့ ကျွန်တော့မိတ်ဆွေ ဟိုတနေ့က ရန်ကုန်ကနေ စင်္ကာပူပြန်တဲ့အကြောင်းလေး ရေးထားတာမှာ လေယာဉ်ပေါ်မှာ အစာမစား ရေမသောက် ရှုးမပေါက်ခဲ့ပဲ Mask တချိန်လုံးတပ်ထားတယ်လို့ဆိုတယ်။ အမှန်တော့ အဲ့လိုလုပ်နိုင်ရင်အကောင်းဆုံးပါ။ Risk အရမ်းနည်းတာပေါ့။ တခုတော့ရှိတယ် ဖလိုက်ကအဝေးကြီးစီးရမှာမျိုးဆိုရင်တော့ boarding gate မှာ ကိုယ်ယူလာတဲ့မုန့်လေးကို လူတွေနဲ့ခပ်လှမ်းလှမ်းအပြီးစားခဲ့တာ ပိုကောင်းတယ်။

ဒီလိုကာလမှာ မျိုးကွဲမြန်နှုန်းမြင့် ကိုဗစ်ပိုးဆိုတာကလဲ နိုင်ငံအချို့ကိုရောက်ပြီးနေပြီဆိုတော့ လေယာဉ်ပေါ်မှာပါလာလား မပါလာလား မသိနိုင်တော့တဲ့ အနေအထားမှာ လေယာဉ်ပေါ်ကအစားအသောက်ကို ခရီးသည်အားလုံးကဖွင့်စားတာအန္တရာယ်ရှိတယ်။

အထူးသဖြင့် မြန်နှုန်းမြင့်ကူးစက်တဲ့ပိုးပါလာသူ ၃-၄ ယောက်ဆိုရင်ကို ခရီးစဉ်ရှည်ရင်ရှည်သလို ကူးစက်မူ့တွေများနိုင်တယ်။ ခရီးဝေးလို့ မနေနိုင်လို့စားရင်တောင် ကိုယ့်ဘေးပတ်လည်ကလူတွေ မစားတဲ့အချိန် စားသင့်တယ်။ အခြားလူစားနေတုန်း Mask ဖြုတ်ပြီးစကားပြောနေတာတွေ့ရင်မစား မသောက် ခဏအောင့်ထားပေါ့။

ခရီးသည်အားလုံးကလဲ ကိုယ်စားသောက်ချိန်ကလွဲ Mask ကိုတချိန်လုံးတပ်ထားခြင်းဖြင့် ကိုယ့်ကိုကူးစက်လာမှုလဲ နည်းနိုင်သလို ကိုယ့်ဆီမှာအကယ်၍ ပိုးရှိခဲ့ရင်တောင် ဘေးလူကိုကူးဖို့ chance နည်းစေတာပေါ့။

အရမ်းကြီးတော့ ကြောက်ဖို့မလိုပေမဲ့ မျိုးကွဲဗီဇမြန်နှုန်းမြင့်ပါလာရင်တော့ ကြောက်သင့်ပါတယ်။ တခါရေးဖူးသလို လေယာဉ်တွင်းလေထုတ် လေသန့်စနစ်တွေဟာ ကောင်းပါတယ်။ ကိုယ်ကသာ Mask သေချာတပ်ထားရင် အဆင်ပြေနိုင်ပါတယ်။ ဂျော်ဒန်ဖလိုက်မှာ ခရီးသည်တွေကြား တာဝန်ထမ်းဆောင်တဲ့ လေယာဉ်မောင် မယ်တွေကော၊ ခရီးသည်တွေရဲ့ကြားမှာ ထိုင်လိုက်ကြတဲ့ အခြားဝန်ထမ်းတွေကော Swab test မှာ Negative ပါ။

အင်္ဂလန်ကစလိုက်တဲ့ မြန်နှုန်းမြင့်ကူးစက်တဲ့ ကိုဗစ်မျိုးကွဲဟာ နိုင်ငံတချို့ကို ရောက်ရှိလို့လာနေသလို တချို့နိုင်ငံတွေကတော့ အင်္ဂလန်အပါအဝင် တချို့ဥရောပနိုင်ငံတွေ၊ တောင်အာဖရိကနိုင်ငံတွေက အဝင်တွေကိုပိတ်နေပြီလို့သိရတယ်။ မြန်မာနိုင်ငံကလဲ UK နဲ့မြောက်အိုင်ယာလန်ဘက်က မြန်မာပြည်လာမဲ့သူတွေကို ပိတ်ပင်လိုက်တယ်လို့သိရတယ်.. မြန်နှုန်းမြင့်မျိုးကွဲဗီဇပိုးဟာ စင်္ကာပူ ဟောင်ကောင် ဂျပန် ကိုရီးယား စသဖြင့် UK ကပြန်လာသူတွေကနေတွေ့ရတယ်လို့ဆိုတယ်။

Q ထားတုန်းစစ်ရင်း တွေ့တာပဲဖြစ်မှာပါ။ ကြည့်ရတာအဲ့ဒီပိုးဟာ မြန်နှုန်းမြင့်နဲ့ ကမ္ဘာကြီးကလူသားတွေဆီ အမြန်ပျံ့နှံ့ဖို့ စိုင်းပြင်းနေသလိုခံစားရတယ်။ မဖြစ်မနေ လေယာဉ်စီးပြီးခရီးသွား ရမည့်သူများအတွက် သတိထားစေချင်လို့ပါ။

source : လေယာဉ်မှူးကြီး ထွန်းထွန်းဝင်း

zawgyi

ဒီဇင္ဘာ ၂၇ ရက္က ကြၽန္ေတာ္တို႔ သြားေရာက္ေခၚေဆာင္တဲ့ ေဂ်ာ္ဒန္ကယ္ဆယ္ေရးဖလိုက္မွာ ပါလာတဲ့ခရီးသည္ေတြဟာ Facility Q ဝင္ေနၾကတယ္။ သူတို႔ထဲက ခရီးသည္ အားလုံးစစ္လိုက္တဲ့အခါ ၆၃ ေယာက္ပိုးေတြ႕တယ္လို႔သိရတယ္။ တကယ္ေတာ့ ကယ္ဆယ္ေရးဖလိုက္ေတြမွာ ပမာဏအမ်ားဆုံး ေတြ႕ဖူးတဲ့ ဖလိုက္လို႔ေျပာလို႔ရတယ္။

ကိုဗစ္စျဖစ္ကထဲကေန ယေန႔အခ်ိန္အထိ MAI နဲ႔ MNA တို႔ရဲ႕ ျပည္ပကယ္ဆယ္ေရးဖလိုက္ေတြမွာ ၾကားမိသေလာက္ တခ်ိဳ႕ဖလိုက္ေတြ ပိုးေတြ႕လူနာမပါ၊ တခ်ိဳ႕ဖလိုက္ေတြ ၁-၂ ေယာက္ ၊ တခါတေလ ၇ ေယာက္ ၈ ေယာက္ ဆယ္ေယာက္ေက်ာ္ အမ်ားဆုံးပဲ။

ဒီတေခါက္ ၆၃ ေယာက္ေတာင္ေတြ႕တယ္ဆိုတာ အေတာ္ေလးမ်ားတယ္လို႔ ဆိုရမယ္။ ေဂ်ာ္ဒန္ကေန ရန္ကုန္ဆိုတာကလဲ ခရီးကရွည္တယ္။ ၄ နာရီခြဲေလာက္ေမာင္းၿပီး ၾကားမွာ အိႏၵိယက ၿမိဳ႕တၿမိဳ႕မွာ ဆီဝင္ျဖည့္ရတယ္။ ၿပီးမွ ရန္ကုန္ကို ေရာက္ဖို႔ေနာက္ထပ္ ၃ နာရီခြဲေလာက္ပ်ံသန္းရတာဆိုေတာ့ ေလယာဥ္ေပၚမွာ ခရီးသည္ေတြနဲ႔က ပ်ံသန္းခ်ိန္ ၈ နာရီခန္႔နဲ႔ ဆီျဖည့္ခ်ိန္ ေျမျပင္ေပၚ ၁ နာရီေလာက္ အားလုံးေပါင္း ၉ နာရီေက်ာ္ေလာက္ တစုတစည္းထဲအတူရွိေနတာျဖစ္တယ္။

သို႔ေပမဲ့ ယခင္ကလဲေဂ်ာ္ဒန္ဖလိုက္ေတြ ရွိခဲ့ဖူးပါတယ္။ ဒီလိုမမ်ားပါဘူး။ ဘာေၾကာင့္ဒီတေခါက္မ်ားရလဲဆိုတာ ေတြးဆစရာပါ။ ေလယာဥ္ေပၚမွာ အစားအေသာက္ေကြၽးတဲ့စနစ္ေျပာင္းရမလားဆိုတာ ထည့္တြက္သင့္တယ္။ အစားေကြၽးခ်ိန္တူေတာ့ အစားအေသာက္ေရာက္ခ်ိန္ တူတူဖြင့္စားၾကရင္း ကူးတယ္ယူဆရပါတယ္..

ဒါေပမဲ့ စဥ္းစားဖို႔က အေခါက္ေပါင္းမ်ားစြာ ၇-၈ လခန္႔ ကယ္ဆယ္ေရးဖလိုက္ေတြဆြဲေနတာ ဒီလိုပဲေကြၽးတယ္။ ခရီးသည္ေတြ ဒီလိုပဲစားတယ္။ ပိုးေတြ႕ မရွိတဲ့ဖလိုက္၊ ၁-၂ ေယာက္ေတြ႕ ၊ ၇-၈ ေယာက္၊ ဆယ္ေယာက္ေက်ာ္ ဒီေလာက္ပဲရွိတယ္။ ကြၽန္ေတာ္ထင္တာေတာ့ မူလကိုဗစ္ပိုးက ေလယာဥ္တြင္းေလသန္႔စင္စနစ္၊ ေလထုတ္သြင္းလွည့္လည္စနစ္ေတြေၾကာင့္ ပိုးကူးစက္မႈ မရွိသေလာက္ျဖစ္တာလို႔ယူဆရတယ္။

ၿပီးခဲ့တဲ့ ေဂ်ာ္ဒန္ဖလိုက္မွာ ခရီးသည္ေတြဟာ အစကထဲက ၆၃ ေယာက္လုံးပိုးရွိေနတာလား သို႔မဟုတ္ ၄-၅ ေယာက္ေလာက္ပိုးရွိသူပါလာၿပီး ေလယာဥ္ေပၚမွာကူးတာလား မသိႏိုင္ပါ။ စစ္ေဆးတဲ့ က်န္းမာေရးဦးစီးဌာနကေတာ့ ဒီပိုးဟာ မူလပိုးလား၊ မ်ိဳးကြဲဗီဇပိုးလားသိေနေလာက္ပါၿပီ။ မူလမ်ိဳးဆိုရင္ေတာ့ အရင္ဖလိုက္ေတြမွာ မ်ားမ်ားမေတြ႕ပဲ ခုမွဘာလို႔အဲ့ေလာက္မ်ားမ်ားပိုးေတြ႕သြားရသလဲ စဥ္းစားရမွာျဖစ္တယ္။

အခုပိုးေတြ႕သူေတြဟာ ကြာရန္တင္းစင္တာေတြမွာ ေတြ႕တာျဖစ္ပါတယ္။ ျပင္ပႏိုင္ငံေတြမွာ ဒုကၡေရာက္ေနလို႔ အမိျမန္မာျပည္ကိုျပန္လာႏိုင္ဖို႔ အစိုးရကေတာ့ ႀကိဳဆိုေပးေနၾကသလို ျမန္မာျပည္ကအဲလိုင္းႀကီး ၂ လိုင္းကလဲ ေျပးဆြဲေပးေနၾကပါတယ္။

က်န္းမာေရးဦးစီးဌာနဘက္ကလဲ ျပန္လာသူေတြကို Q ဝင္ရက္ထပ္တိုးထားပါတယ္။ ကနဦးက FQ, HQ ၃ ပတ္ထားရာကေန ၁ ပတ္ထိေလွ်ာ့ခ် ၿပီးရင္ အိမ္မွာတပတ္ Home Stay ဆိုၿပီးျဖစ္လာေသးတယ္။ အခုေတာ့ ႏိုင္ငံေတာ္က ကမာၻႀကီးရဲ႕ ကိုဗစ္အေျခအေနၾကည့္ၿပီး FQ, HQ ၂ ပတ္ထား Swab Test ၂ ခါစစ္ရမယ္လို႔ ထုတ္ျပန္လိုက္တာသိပ္မွန္တယ္။

အစိုးရကခုတမ်ိဳး ေတာ္ၾကာတမ်ိဳးလို႔တခ်ိဳ႕ထင္ၾကမယ္။ ႏိုင္ငံအသီးသီးမွာလဲ အေျခအေနေပၚမူတည္ၿပီး ထုတ္ျပန္ခ်က္အသစ္ေတြလုပ္ေနရတာပါပဲ။ မ်ိဳးကြဲဗီဇ ျမန္ႏႈန္းျမင့္ပိုးက တိုင္းျပည္အေတာ္မ်ားမ်ားဆီ စိမ့္ဝင္ေနတာဆိုေတာ့ အခုေနာက္ပိုင္း စီးနင္းၾကတဲ့ခရီးသြားမ်ား ပိုဂ႐ုစိုက္သင့္ပါတယ္။

ေဖ့စဘြတ္ေပၚမွာ ကိုဗစ္နဲ႔ပါတ္သတ္ၿပီး စာေတြေရးေနတဲ့ ကြၽန္ေတာ့မိတ္ေဆြ ဟိုတေန႔က ရန္ကုန္ကေန စကၤာပူျပန္တဲ့အေၾကာင္းေလး ေရးထားတာမွာ ေလယာဥ္ေပၚမွာ အစာမစား ေရမေသာက္ ရႈးမေပါက္ခဲ့ပဲ Mask တခ်ိန္လုံးတပ္ထားတယ္လို႔ဆိုတယ္။ အမွန္ေတာ့ အဲ့လိုလုပ္ႏိုင္ရင္အေကာင္းဆုံးပါ။ Risk အရမ္းနည္းတာေပါ့။ တခုေတာ့ရွိတယ္ ဖလိုက္ကအေဝးႀကီးစီးရမွာမ်ိဳးဆိုရင္ေတာ့ boarding gate မွာ ကိုယ္ယူလာတဲ့မုန္႔ေလးကို လူေတြနဲ႔ခပ္လွမ္းလွမ္းအၿပီးစားခဲ့တာ ပိုေကာင္းတယ္။

ဒီလိုကာလမွာ မ်ိဳးကြဲျမန္ႏႈန္းျမင့္ ကိုဗစ္ပိုးဆိုတာကလဲ ႏိုင္ငံအခ်ိဳ႕ကိုေရာက္ၿပီးေနၿပီဆိုေတာ့ ေလယာဥ္ေပၚမွာပါလာလား မပါလာလား မသိႏိုင္ေတာ့တဲ့ အေနအထားမွာ ေလယာဥ္ေပၚကအစားအေသာက္ကို ခရီးသည္အားလုံးကဖြင့္စားတာအႏၲရာယ္ရွိတယ္။

အထူးသျဖင့္ ျမန္ႏႈန္းျမင့္ကူးစက္တဲ့ပိုးပါလာသူ ၃-၄ ေယာက္ဆိုရင္ကို ခရီးစဥ္ရွည္ရင္ရွည္သလို ကူးစက္မူ႔ေတြမ်ားႏိုင္တယ္။ ခရီးေဝးလို႔ မေနႏိုင္လို႔စားရင္ေတာင္ ကိုယ့္ေဘးပတ္လည္ကလူေတြ မစားတဲ့အခ်ိန္ စားသင့္တယ္။ အျခားလူစားေနတုန္း Mask ျဖဳတ္ၿပီးစကားေျပာေနတာေတြ႕ရင္မစား မေသာက္ ခဏေအာင့္ထားေပါ့။

ခရီးသည္အားလုံးကလဲ ကိုယ္စားေသာက္ခ်ိန္ကလြဲ Mask ကိုတခ်ိန္လုံးတပ္ထားျခင္းျဖင့္ ကိုယ့္ကိုကူးစက္လာမႈလဲ နည္းႏိုင္သလို ကိုယ့္ဆီမွာအကယ္၍ ပိုးရွိခဲ့ရင္ေတာင္ ေဘးလူကိုကူးဖို႔ chance နည္းေစတာေပါ့။

အရမ္းႀကီးေတာ့ ေၾကာက္ဖို႔မလိုေပမဲ့ မ်ိဳးကြဲဗီဇျမန္ႏႈန္းျမင့္ပါလာရင္ေတာ့ ေၾကာက္သင့္ပါတယ္။ တခါေရးဖူးသလို ေလယာဥ္တြင္းေလထုတ္ ေလသန္႔စနစ္ေတြဟာ ေကာင္းပါတယ္။ ကိုယ္ကသာ Mask ေသခ်ာတပ္ထားရင္ အဆင္​ေျပႏိုင္ပါတယ္။ ေဂ်ာ္ဒန္ဖလိုက္မွာ ခရီးသည္ေတြၾကား တာဝန္ထမ္းေဆာင္တဲ့ ေလယာဥ္ေမာင္ မယ္ေတြေကာ၊ ခရီးသည္ေတြရဲ႕ၾကားမွာ ထိုင္လိုက္ၾကတဲ့ အျခားဝန္ထမ္းေတြေကာ Swab test မွာ Negative ပါ။

အဂၤလန္ကစလိုက္တဲ့ ျမန္ႏႈန္းျမင့္ကူးစက္တဲ့ ကိုဗစ္မ်ိဳးကြဲဟာ ႏိုင္ငံတခ်ိဳ႕ကို ေရာက္ရွိလို႔လာေနသလို တခ်ိဳ႕ႏိုင္ငံေတြကေတာ့ အဂၤလန္အပါအဝင္ တခ်ိဳ႕ဥေရာပႏိုင္ငံေတြ၊ ေတာင္အာဖရိကႏိုင္ငံေတြက အဝင္ေတြကိုပိတ္ေနၿပီလို႔သိရတယ္။ ျမန္မာႏိုင္ငံကလဲ UK နဲ႔ေျမာက္အိုင္ယာလန္ဘက္က ျမန္မာျပည္လာမဲ့သူေတြကို ပိတ္ပင္လိုက္တယ္လို႔သိရတယ္.. ျမန္ႏႈန္းျမင့္မ်ိဳးကြဲဗီဇပိုးဟာ စကၤာပူ ေဟာင္ေကာင္ ဂ်ပန္ ကိုရီးယား စသျဖင့္ UK ကျပန္လာသူေတြကေနေတြ႕ရတယ္လို႔ဆိုတယ္။

Q ထားတုန္းစစ္ရင္း ေတြ႕တာပဲျဖစ္မွာပါ။ ၾကည့္ရတာအဲ့ဒီပိုးဟာ ျမန္ႏႈန္းျမင့္နဲ႔ ကမာၻႀကီးကလူသားေတြဆီ အျမန္ပ်ံ႕ႏွံ႔ဖို႔ စိုင္းျပင္းေနသလိုခံစားရတယ္။ မျဖစ္မေန ေလယာဥ္စီးၿပီးခရီးသြား ရမည့္သူမ်ားအတြက္ သတိထားေစခ်င္လို႔ပါ။

source : ေလယာဥ္မႉးႀကီး ထြန္းထြန္းဝင္း

Leave a Reply

Your email address will not be published. Required fields are marked *