ကာကြယ္ေဆး မေပးလၽွင္ အေမရိကန္ တပ္မ်ားအား နိုင္ငံတြင္းမွ ေမာင္းထုတ္မည္ဟု ဒူတာေတး ေျပာ

အမေရိကန်မှ သန်းပေါင်းများစွာသော ကာကွယ်ဆေးများ ပေးပို့ခြင်းမလုပ်လျှင် အမေရိကန် နှင့် ချုပ်ဆိုထားသော အရေးပါသည့် စစ်ရေး သဘောတူညီချက်ကို ရပ်ဆိုင်းပြစ်မည်ဟု ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးမှ စနေ့နေ့က တနိုင်ငံလုံးသို့ ထုတ်လွှင့်ပြသသော ကက်ဘိနက် အစည်းအဝေးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဒူတာတေးသည် ယခုအခါ ကာကွယ်ဆေး ဝယ်ယူရာ၌ ကြန့်ကြာမှုများ ရှိလာနေသည့် အတွက် ပြည်တွင်းတွင် အပြင်းအထန် ဝေဖန်ခံနေရသဖြင့် အမေရိကန်နှင့် ချုပ်ဆိုထားသော တပ်များ ဝင်ရောက်လည်ပတ်ရေး သဘောတူညီချက်ကို အပေးအယူ သဘော ပြောဆိုလာခြင်းလည်း ဖြစ်သည်။

“အနည်းဆုံး ကာကွယ်ဆေး သန်း နှစ်ဆယ် လောက်မှ မပေးနိုင်ရင် နိုင်ငံထဲက ထွက်သွားတာ အကောင်းဆုံးပဲ၊ No Vaccine, no stay here’ ဟု ထုတ်ဖေါ်ပြောဆိုလိုက်သည်။ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဒူတာတေးသည် ဖိလစ်ပိုင်သို့ အမေရိကန် တပ်များ ဝင်ထွက်ခွင့်ရရန် ၁၉၉၈ က ချုပ်ဆိုခဲ့သော သဘောတူစာချုပ်ကို နောက်ထပ် ၆ လ သက်တမ်းတိုးပေးရန် သဘောတူခဲ့ပြီး ဖြစ်သည်။

အဆိုပါ စာချုပ်သည် ဝါရှင်တန် နှင့် နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူ စာချုပ်၌ အရေးပါသော အနေအထားတွင် ရှိနေခဲ့သော်လည်း ယမန်နှစ် စောစောပိုင်းက ဒူတာတေး မှ တဖက်သတ် ဖျက်သိမ်းပြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် စင်္ကာပူ နှင့် အင်ဒိုနီရှားတို့မှ ဖိုင်ဇာ ဆေးကို ဖြန့်ဖြူးနိုင်တော့မည့် အဆင့်သို့ ရောက်ရှိလာနေချိန်တွင် ဖိလစ်ပိုင် အစိုးရနှင့် ဖိုင်ဇာ ဆေးကုမ္ပဏီအကြား သဘောတူညီချက်သည် ပျက်ပြားသွားခဲ့ရသည်။

အစောပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီး တီဒိုရို လော့စင် ဂျူနီယာ မှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယို ၏ အကူအညီနှင့် ဖိုင်ဇာ ကာကွယ်ဆေး ဆယ်သန်းအား ဇန်နဝါရီလတွင် တင်ပို့ရန် အဆင်သင့် ဖြစ်လာတော့ မည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သော်လည်း နောက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီး အကိုင်အတွယ် မတတ်၍ ပျက်ပြားသွားခဲ့ရသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ဖိုင်ဇာသည် ဆေးဝယ်ယူရေးအတွက် ဖိလစ်ပိုင် အစိုးရ အား ဇွန်လ ကတည်းက ချည်းကပ်ဆက်သွယ်ခဲ့သော်လည်း လေးငါးလ ကြာမှသာ သဘောတူညီချက် ကို ဖိလိပိုင် ကျန်းမာရေး ဝန်ကြီးမှ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

သို့သော် ဒူတာတေးသည် သူ၏ ကျန်းမာရေး ဝန်ကြီးဖက်မှ ကာကွယ်ပြောဆိုလိုက်ပြီး သူနှင့် ကြိမ်ဖန်များစွာ ဆက်ဆံခဲ့သော အတွေ့အကြုံများအရ အမေရိကန်တို့သည် နည်းနည်းမျှပင် ယုံကြည်ရသူများ မဟုတ်ဟု ပြောဆိုခဲ့သည်။

သမ္မတ ဒူတာတေးက အနောက်နိုင်ငံများကို အမြတ်, အမြတ်, အမြတ် ဟု ပါးစပ်မှ အော်နေသူများ ဖြစ်သည် ဆိုကာ တရုတ် နှင့် ရုရှား ဆေးကိုသာ အားပေးလိုသူ ဖြစ်သည်။ယခုထိ ဗြိတိန်ထံမှ အက်စတြာ ဇနက္က ဆေး ၂.၆ သန်းသာ ဝယ်ယူနိုင်ခဲ့ပြီး ထိုဆေးများကိုလည်း မေလ ထဲမှသာ ဖိလစ်ပိုင်သို့ ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြသည်။

တကယ်တမ်းတွင် အဆိုပါဆေးများကို နိုင်ငံတွင်းရှိ ထိပ်တန်း ဆေးကုမ္ပဏီကြီးတခုက မှာယူထားခဲ့သောကြောင့် ဖြစ်ပြီး ရရှိပါက အစိုးရသို့ တဝက်ခွဲပေးပါမည်ဟု ကတိပြုထားခဲ့၍ ဖြစ်သည်။ဖိလစ်ပိုင်သည် ယခုအချိန်အထိ ကူးစက်သူပေါင်း ၄၇၀,၀၀၀ ရှိနေပြီး သေဆုံးသူ ၉,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ ဟိုလိုလို ဒီလိုလို ဖြင့် မည်သူဆီကမျှ ဆေးမရနိုင် ဖြစ်လာသဖြင့် အမေရိကန် အစိုးရအား ခြိမ်းခြောက် အကျပ်ကိုင်နေခြင်းပင် ဖြစ်သည်။ထိုအတောအတွင်း သမ္မတ၏ လက်ရွေးစင် အစောင့်တပ်ဖွဲ့မှ ကိုဗစ်-၁၉ ကာကွယ်ဆေးအား တရားမဝင် ခိုးသွင်းကာ ၎င်းတို့သဘော ဖြင့် ၎င်းတို့ ထိုးခဲ့ကြသည့် အတွက် ပြဿနာပေါ်ခဲ့ပြန်သည်။သို့သော် သမ္မတ ဒူတာတေးမှ သူ၏ တပ်ဖွဲ့ဝင်များ၏ သူ့အပေါ် သစ္စာရှိသော လုပ်ရပ်အဖြစ် ချီးကြူးပြောဆိုခဲ့သည်။

Hla Soe Wai (ဆရာအား လေးစားစွာ ခရက်ဒစ် ပေးပါသည်)

zawgyi

အေမရိကန္မွ သန္းေပါင္းမ်ားစြာေသာ ကာကြယ္ေဆးမ်ား ေပးပို႔ျခင္းမလုပ္လၽွင္ အေမရိကန္ ႏွင့္ ခ်ဳပ္ဆိုထားေသာ အေရးပါသည့္ စစ္ေရး သေဘာတူညီခ်က္ကို ရပ္ဆိုင္းျပစ္မည္ဟု ဖိလစ္ပိုင္ သမၼတ ရိုဒရီဂို ဒူတာေတးမွ စေန႔ေန႔က တနိုင္ငံလုံးသို႔ ထုတ္လႊင့္ျပသေသာ ကက္ဘိနက္ အစည္းအေဝးတြင္ ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

ဒူတာေတးသည္ ယခုအခါ ကာကြယ္ေဆး ဝယ္ယူရာ၌ ၾကန႔္ၾကာမွုမ်ား ရွိလာေနသည့္ အတြက္ ျပည္တြင္းတြင္ အျပင္းအထန္ ေဝဖန္ခံေနရသျဖင့္ အေမရိကန္ႏွင့္ ခ်ဳပ္ဆိုထားေသာ တပ္မ်ား ဝင္ေရာက္လည္ပတ္ေရး သေဘာတူညီခ်က္ကို အေပးအယူ သေဘာ ေျပာဆိုလာျခင္းလည္း ျဖစ္သည္။

“အနည္းဆုံး ကာကြယ္ေဆး သန္း ႏွစ္ဆယ္ ေလာက္မွ မေပးနိုင္ရင္ နိုင္ငံထဲက ထြက္သြားတာ အေကာင္းဆုံးပဲ၊ No Vaccine, no stay here’ ဟု ထုတ္ေဖၚေျပာဆိုလိုက္သည္။ၿပီးခဲ့သည့္ နိုဝင္ဘာလအတြင္းက ဒူတာေတးသည္ ဖိလစ္ပိုင္သို႔ အေမရိကန္ တပ္မ်ား ဝင္ထြက္ခြင့္ရရန္ ၁၉၉၈ က ခ်ဳပ္ဆိုခဲ့ေသာ သေဘာတူစာခ်ဳပ္ကို ေနာက္ထပ္ ၆ လ သက္တမ္းတိုးေပးရန္ သေဘာတူခဲ့ၿပီး ျဖစ္သည္။

အဆိုပါ စာခ်ဳပ္သည္ ဝါရွင္တန္ ႏွင့္ ႏွစ္နိုင္ငံ ကာကြယ္ေရး သေဘာတူ စာခ်ဳပ္၌ အေရးပါေသာ အေနအထားတြင္ ရွိေနခဲ့ေသာ္လည္း ယမန္ႏွစ္ ေစာေစာပိုင္းက ဒူတာေတး မွ တဖက္သတ္ ဖ်က္သိမ္းျပစ္ခဲ့ျခင္းလည္း ျဖစ္သည္။

လက္ရွိတြင္ စကၤာပူ ႏွင့္ အင္ဒိုနီရွားတို႔မွ ဖိုင္ဇာ ေဆးကို ျဖန႔္ျဖဴးနိုင္ေတာ့မည့္ အဆင့္သို႔ ေရာက္ရွိလာေနခ်ိန္တြင္ ဖိလစ္ပိုင္ အစိုးရႏွင့္ ဖိုင္ဇာ ေဆးကုမၸဏီအၾကား သေဘာတူညီခ်က္သည္ ပ်က္ျပားသြားခဲ့ရသည္။

အေစာပိုင္းတြင္ နိုင္ငံျခားေရး ဝန္ႀကီး တီဒိုရို ေလာ့စင္ ဂ်ဴနီယာ မွ အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီး မိုက္ ပြန္ပီယို ၏ အကူအညီႏွင့္ ဖိုင္ဇာ ကာကြယ္ေဆး ဆယ္သန္းအား ဇန္နဝါရီလတြင္ တင္ပို႔ရန္ အဆင္သင့္ ျဖစ္လာေတာ့ မည္ဟု ထုတ္ေဖၚေျပာဆိုခဲ့ၿပီး ျဖစ္ေသာ္လည္း ေနာက္ပိုင္းတြင္ က်န္းမာေရး ဝန္ႀကီး အကိုင္အတြယ္ မတတ္၍ ပ်က္ျပားသြားခဲ့ရသည္ဟု ေဝဖန္မွုမ်ား ထြက္ေပၚလာခဲ့သည္။

ဖိုင္ဇာသည္ ေဆးဝယ္ယူေရးအတြက္ ဖိလစ္ပိုင္ အစိုးရ အား ဇြန္လ ကတည္းက ခ်ည္းကပ္ဆက္သြယ္ခဲ့ေသာ္လည္း ေလးငါးလ ၾကာမွသာ သေဘာတူညီခ်က္ ကို ဖိလိပိုင္ က်န္းမာေရး ဝန္ႀကီးမွ လက္မွတ္ေရးထိုးနိုင္ခဲ့ျခင္းေၾကာင့္ျဖစ္သည္ဟု ဆိုသည္။

သို႔ေသာ္ ဒူတာေတးသည္ သူ၏ က်န္းမာေရး ဝန္ႀကီးဖက္မွ ကာကြယ္ေျပာဆိုလိုက္ၿပီး သူႏွင့္ ႀကိမ္ဖန္မ်ားစြာ ဆက္ဆံခဲ့ေသာ အေတြ႕အၾကဳံမ်ားအရ အေမရိကန္တို႔သည္ နည္းနည္းမၽွပင္ ယုံၾကည္ရသူမ်ား မဟုတ္ဟု ေျပာဆိုခဲ့သည္။

သမၼတ ဒူတာေတးက အေနာက္နိုင္ငံမ်ားကို အျမတ္, အျမတ္, အျမတ္ ဟု ပါးစပ္မွ ေအာ္ေနသူမ်ား ျဖစ္သည္ ဆိုကာ တ႐ုတ္ ႏွင့္ ႐ုရွား ေဆးကိုသာ အားေပးလိုသူ ျဖစ္သည္။ယခုထိ ၿဗိတိန္ထံမွ အက္စၾတာ ဇနကၠ ေဆး ၂.၆ သန္းသာ ဝယ္ယူနိုင္ခဲ့ၿပီး ထိုေဆးမ်ားကိုလည္း ေမလ ထဲမွသာ ဖိလစ္ပိုင္သို႔ ေရာက္ရွိလာနိုင္မည္ဟု ခန႔္မွန္းထားၾကသည္။

တကယ္တမ္းတြင္ အဆိုပါေဆးမ်ားကို နိုင္ငံတြင္းရွိ ထိပ္တန္း ေဆးကုမၸဏီႀကီးတခုက မွာယူထားခဲ့ေသာေၾကာင့္ ျဖစ္ၿပီး ရရွိပါက အစိုးရသို႔ တဝက္ခြဲေပးပါမည္ဟု ကတိျပဳထားခဲ့၍ ျဖစ္သည္။ဖိလစ္ပိုင္သည္ ယခုအခ်ိန္အထိ ကူးစက္သူေပါင္း ၄၇၀,၀၀၀ ရွိေနၿပီး ေသဆုံးသူ ၉,၀၀၀ ေက်ာ္သြားခဲ့ၿပီ ျဖစ္သည္။

ယခုအခါ ဟိုလိုလို ဒီလိုလို ျဖင့္ မည္သူဆီကမၽွ ေဆးမရနိုင္ ျဖစ္လာသျဖင့္ အေမရိကန္ အစိုးရအား ၿခိမ္းေျခာက္ အက်ပ္ကိုင္ေနျခင္းပင္ ျဖစ္သည္။ထိုအေတာအတြင္း သမၼတ၏ လက္ေရြးစင္ အေစာင့္တပ္ဖြဲ႕မွ ကိုဗစ္-၁၉ ကာကြယ္ေဆးအား တရားမဝင္ ခိုးသြင္းကာ ၎တို႔သေဘာ ျဖင့္ ၎တို႔ ထိုးခဲ့ၾကသည့္ အတြက္ ျပႆနာေပၚခဲ့ျပန္သည္။သို႔ေသာ္ သမၼတ ဒူတာေတးမွ သူ၏ တပ္ဖြဲ႕ဝင္မ်ား၏ သူ႔အေပၚ သစၥာရွိေသာ လုပ္ရပ္အျဖစ္ ခ်ီးၾကဴးေျပာဆိုခဲ့သည္။

Hla Soe Wai (ဆရာအား ေလးစားစြာ ခရက္ဒစ္ ေပးပါသည္)

Leave a Reply

Your email address will not be published. Required fields are marked *