
တပ်မတော် ( လေ )က ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိနေတယ်ဆိုတဲ့ ရုရှားထုတ် နောက်ဆုံးမျိုးဆက် SU-57 တိုက်လေယာဉ် ဘယ်လောက်စွမ်းသလဲ

ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ MAKS လေကြောင်းပြပွဲမှာ ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်က ပြပွဲမှာ ခင်းကျင်းပြသထားတဲ့ ရုရှားထုတ် မျိုးဆက်သစ် Sukhoi Su-57 အပါအဝင် ရုရှားနိုင်ငံကတိုက်လေယာဉ်တွေထပ်ပြီး ဝယ်ယူလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလို ဝယ်ယူမှုတွေအတွက်ရုရှားနိုင်ငံက အတည်ပြုချက်က အဓိကကျပြီး ရုရှားဟာ လက်ရှိမှာ မျိုးဆက်သစ် Su-57 တိုက်လေယာဉ်တွေကို ပြည်ကို ရောင်းချဖို့ ဈေးကွက်ရှာဖွေလျက်ရှိနေပါတယ်။ဒါ့ကြောင့် ရုရှားထုတ် နောက်ဆုံးမျိုးဆက် Su-57 တိုက်လေယာဉ်ဆိုတာ ဘာလဲ…?
သိဖို့ လိုအပ်လာပါပြီ…

လေယာဉ်စီးချင်း ထိုး (dog fight )ရာတွင် ကမ္ဘာ‌အကောင်းဆုံး ဖြစ်လာမယ့် ရုရှားထုတ်ကိုယ်ပျောက် ဂျက်တိုက်လေယာဉ် SU-57 ကို ရုရှားက ၎င်းရဲ့လေတပ်မှာ တာဝန်ထမ်းဆောင်နေဆဲ သက်တမ်းအို MIG-29 နှင့် SU-27 တို့နေရာမှာ အစားထိုးနိုင်ဖို့ တီထွင်ထုတ်လုပ်ခဲ့ပါတယ်။

ဒီ ကိုယ်ပျောက်တိုက်လေယာဉ် ကို Sukhoi က ဒီဇိုင်းဆွဲပြီး Designerကတော့..Alexander Davidenkoပါ။Komsomolsk-on-Amur Aircraft Plant က 2009 ခုနစ်ကစတင် ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒီ SU-57 ဟာ ရုရှားရဲ့ ပထမဦးဆုံး ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်ပါတယ်။

ပထမဆုံးပျံသန်း (First Flight)ခဲ့တာကတော့ 29 January 2010; ဆိုတော့10 years ကြာပါပြီ။SU-57 ရုရှားမှာတော့ T-50 လို့အမည်ပေးထားပါတယ်။SU-57 ဟာ….Length – 20.1 မီတာ ၊ Wing span – 14.1 မီတာ Height – 4.74 မီတာရှိပါတယ်

ဘာလက်နက်မှ မတင်ထားရင် 18000 ကီလိုဂရမ် လေးပါတယ်။ လက်နက်အများဆုံးတင်ပြီး အလေးချိန်ကတော့ 29270 ကီလိုဂရမ်ရှိပါတယ်။SU-57 မှာ Saturn Al-41F1 turbofan engine (2)လုံး ‌(ဒါမှမဟုတ်) izdeliye 30 turbofan engine (2) လုံး ကိုအသုံးပြုထားပါတယ်။

(မူကွဲရေးထားတာတွေလည်းဖတ်ရပါတယ်။ ဒါပေမဲ ကောက်ချက်ချလိုက်တော့ တာဘိုပန်ကာအမျိုးအစားပါ ။ Wiki )Top speed ကတော့ တစ်နာရီ ကို (2240)ကီလိုမီတာနှုန်းမောင်းနှင် စစ်ဆင်နိုင်ပါတယ်။သာမန်သွားနှုံးကတော့တစ်နာရီ ကို(1800 ) ကီလိုမီတာပါ။ SU-57 အပို Fuel outboard tank (2) လုံးပါရင်တော့ 5500 ကီလိုမီတာ အထိ စစ်ဆင်ရေးပြုလုပ်နိုင်ပါတယ်။

SU-57 ကို လေယာဉ်စီးချင်း ထိုးရာတွင် ကမ္ဘာ့အကောင်းဆုံး တိုက်လေယာဉ် ထဲမှာပါဝင်ပါတယ်။SU-57 မှာတပ်ဆင်ထားနိုင်တဲ့လက်နက်တွေကတော့ …1. 30mm GSh-30 auto cannon (1) လက် Air to Air missiles တွေကတော့

1. RV-MD missiles (4) စင်း 2. R-73 missiles (2) စင်း 3. R-37M missiles တွေကို ‌ လေယာဉ်၏ ဝမ်းဗိုက်လက်နက်အခန်းတွင် လိုသလို ချိန်ဆတပ်ဆင်နိုင်ပါတယ်။ Air to Surface missiles တွေကတော့ Kh-38ME (ဒါမှမဟုတ်) Kh-59 MK2 missiles (4)စင်းအထိတပ်ဆင်နိုင်ပါတယ်။

Anti-ship missiles ကတော့ Kh-35E missiles (2) စင်း ကိုသယ်ဆောင်နိုင်ပါတယ်။သယ်ဆောင်နိုင်တဲ့ ကျန် ဒုံးအမျိုးအစားတွေရှိပါသေးတယ်။SU-57 မှာ တပ်ဆင်ထားနိုင်တဲ့ Bombs တွေကတော့ 1. 250 kg bombs (6)လုံး ဒါမှမဟုတ် 2. 500 kg bombs (3) လုံး ဒါမှမဟုတ် 3. 1500 kg bombs (1) လုံး သယ်ဆောင်၍စစ်ဆင်ရေးပြုလုပ်နိုင်ပါတယ်။

ဒီ တိုက်လေယာဉ် တွင်လေယာဉ်မှုး (1) ဦးသာလိုအပ်ပြီး လေယာဉ်ကို မောင်းနှင်ထိန်းကျောင်းရတဲ့တာဝန် နှင့် လက်နက်စနစ် ပစ်ခတ်ခြင်းတာဝန်တွေကို တစ်ပြိုင်တည်းထမ်းဆောင်နိုင်ပါတယ်။တကယ်လို့ မိမိ ထမ်းဆောင်ရမယ့် mission အပေါ်မူတည်ပြီး လက်နက်တွေကိုချိန်ဆ တပ်ဆင်ရပါတယ်။ ဝမ်းဗိုက်အောက်လက်နက်အခန်း မှ မလောက်လျှင် အတောင်ပံတွင်ထပ်ပြီး လက်နက်တွေကိုချိတ်ဆွဲတပ်ဆင်နိုင်ပါတယ်။

ဒီ SU-57 တစ်စီးကို အမေရိကန် ‌ဒေါ်လာ 42 million ခန့်တန်ကြေးရှိပါတယ်။ကမ္ဘာ့အဆင့်သတ်မှတ်ချက်အနေဖြင့် အမေရိကန်ထုတ် F-22 , F-35 တို့နောက် အဆင့် (၃) နေရာတွင်ရှိပါသည်။SU – 30 SM2 များဝယ်ယူထားသော မြန်မာ့တပ်မတော်အနေဖြင့် နောက်ဆုံးမျိုးဆက် SU 57 ကို တကယ်ဝယ်ယူဖြစ်မလားဆိုတာကတော့ စောင့်ကြည့်ရတော့မည်ဖြစ်ပါသည်။

CRD : Sooth

zawgyi



သိဖို့ လိုအပ်လာပါပြီ…











CRD : Sooth

Leave a Reply

Your email address will not be published. Required fields are marked *