ကမာၻ႔ေရျပင္တလႊား နယ္ခ်ဲ႕လာတဲ့ အမဲေရာင္ တ႐ုတ္ ငါးဖမ္းသေဘၤာ အုပ္စုမ်ာ

တောင်အမေရိက Galapagos အဏ္ဍဝါဘေးမဲ့ဇုန် အနီးတွင် ငါးမန်း အများဆုံးကျက်စားရာ ရေပြင်တွင် ငါးဖမ်းနေသော တရုတ်ငါးဖမ်းသင်္ဘော အုပ်စုများကို အီကွေဒေါ အစိုးရက ကမ္ဘာကို နှစ်စပိုင်းက အသိပေးခဲ့ပြီး၊ ယူအက်(စ) ကမ်းခြေစောင့်တပ် ကို စောင့်ကြည့် အရေးယူပေးဖို့ ပြောခဲ့ပါတယ်။အစီးရေ ၃၅၀ ကျော်ရှိသော ထိုတရုတ် ငါးဖမ်းသင်္ဘောအုပ်စုသည် အီကွေဒေါ၊ ချီလီ နှင့် ပီရူး နိုင်ငံ၏ ရေတပ်အင်အား အကုန်ပေါင်းစုထားသည်ထက် များသော အနေအထားတွင် ဖြစ်ခဲ့သဖြင့်၊ ယူအက်စ ကမ်းခြေစောင့်တပ်မှ သင်္ဘောများ လွတ်ပေးရသည်အထိဖြစ်ခဲ့ပါတယ်။

ကြီးမားတဲ့ အဏ္ဍဝါဂေဟ စနစ်နားတွင်ရှိသော၊ နိုင်ငံတကာ ရေပိုင်နက်တွင် ငါးဖမ်းခြင်းသည် တရားမဝင်မဟုတ်ပေမဲ့၊ ဆက်စပ်ရာ ဒေသခံ အဏ္ဍဝါ ဝန်းကျင်အတွက်တော့ အကြီးအကျယ် ခြိမ်းခြောက်နေပါတယ်။တရုတ်အစိုးရ၏ လက်နက်ကိုင် အစောင့်အရှောက်ဖြင့် တရုတ်ငါးဖမ်းသင်္ဘောများသည် ကမ္ဘာ့ အဏ္ဍဝါ ရေပြင် အသီးသီးတွင် အုပ်စုလိုက်ငါးဖမ်းနေကြရာ၊ သြဇီ ထိပ် Torres Strait ရှိ ပါပူဝါနယူးဂီနီ ဒါရူးကျွန်းတစ်ဝိုက်တွင် လည်း၊ ငါးဖမ်းစခန်းများ အကြီးအကျယ်ထူထောင်နေပါတယ်။

တရုတ်သမတ ရှင့်ကျင်ဖျင့် ကိုယ်တိုင်က သင်္ဘောကြီးကြီးဆောက်၍ ဝေးနိုင်သမျှ ဝေးဝေး သွား၍ ငါးဖမ်းရန် အားပေးတိုက်တွန်းထားခဲ့ပါတယ်။ ပီကင်း အစိုးရမှ ကမ္ဘာတစ်လွှားငါးဖမ်းနေသော သင်္ဘောများမှာ အစီးရေ ၂၅၀၀ ခန့်ရှိသော်လည်း၊ တကယ်တန်း ဆန်းစစ်ချက်များအရ အစီးရော ၁၇၀၀၀ ကျော် ဖြင့် ဝိုင်းပိုက်များ ဆွဲနေကြတယ်လို့ဆိုပါတယ်။illegal, unreported and unregulated fishing (IUU fishing) တရားမဝင်ငါးဖမ်း စောင့်ကြည့်ဆန်းစစ်တဲ့ အဖွဲ့၏ စာရင်းတွင် တရုတ်ငါးဖမ်းသင်္ဘော အုပ်စုများသည် ထိပ်တန်းမှပါဝင်ပါတယ်။ ငွေလိုတဲ့ နိုင်ငံများရှိ အစိုးရများအနေဖြင့် ငါးဖမ်းကွက်များကို တရုတ်ကို ချရောင်းခြင်းမျိုးလည်း ရှိနေပါတယ်။

ပင်လယ်ရေပိုင်နက် အနည်းငယ်သာ ရှိသော ဂါနာလိုနေရာမျိုးတွင် တရုတ်ငါးဖမ်းသင်္ဘော အစီး ၁၀၀ ကျော် ဖမ်းနေပြီး၊ ငါးဖမ်းခြင်းနှင့် ပတ်သက်သော ဥပဒေများ ပြဌာန်းထားလင့်ကစား၊ ထိုဥပဒေများမှာ အသုံးမဝင်ဟု ဆိုပါတယ်။ တရုတ်ငါးဖမ်းသင်္ဘောများမှာ ဂါနာ ဒေသခံ ကုမ္ပဏီနာမည်များခံ၍ ဖမ်းနေခြင်းဖြစ်ပြီး၊ တရုတ်ငါးဖမ်း သင်္ဘော တစ်စီးသည် တစ်ရက်လျင်ငါး ၂၆ တန် ဖမ်းနိုင်ပြီး၊ ဒေသခံ ငါးဖမ်း လှေ အစီး ၄၀၀ ဖမ်းနိုင်သော ပမာဏကို ဖမ်းသည်နှင့် ညီမျှပါတယ်။

Captain Win

zawgyi

ေတာင္အေမရိက Galapagos အ႑ဝါေဘးမဲ့ဇုန္ အနီးတြင္ ငါးမန္း အမ်ားဆုံးက်က္စားရာ ေရျပင္တြင္ ငါးဖမ္းေနေသာ တ႐ုတ္ငါးဖမ္းသေဘၤာ အုပ္စုမ်ားကို အီေကြေဒါ အစိုးရက ကမာၻကို ႏွစ္စပိုင္းက အသိေပးခဲ့ၿပီး၊ ယူအက္(စ) ကမ္းေျခေစာင့္တပ္ ကို ေစာင့္ၾကည့္ အေရးယူေပးဖို႔ ေျပာခဲ့ပါတယ္။အစီးေရ ၃၅၀ ေက်ာ္ရွိေသာ ထိုတ႐ုတ္ ငါးဖမ္းသေဘၤာအုပ္စုသည္ အီေကြေဒါ၊ ခ်ီလီ ႏွင့္ ပီ႐ူး ႏိုင္ငံ၏ ေရတပ္အင္အား အကုန္ေပါင္းစုထားသည္ထက္ မ်ားေသာ အေနအထားတြင္ ျဖစ္ခဲ့သျဖင့္၊ ယူအက္စ ကမ္းေျခေစာင့္တပ္မွ သေဘၤာမ်ား လြတ္ေပးရသည္အထိျဖစ္ခဲ့ပါတယ္။

ႀကီးမားတဲ့ အ႑ဝါေဂဟ စနစ္နားတြင္ရွိေသာ၊ ႏိုင္ငံတကာ ေရပိုင္နက္တြင္ ငါးဖမ္းျခင္းသည္ တရားမဝင္မဟုတ္ေပမဲ့၊ ဆက္စပ္ရာ ေဒသခံ အ႑ဝါ ဝန္းက်င္အတြက္ေတာ့ အႀကီးအက်ယ္ ၿခိမ္းေျခာက္ေနပါတယ္။တ႐ုတ္အစိုးရ၏ လက္နက္ကိုင္ အေစာင့္အေရွာက္ျဖင့္ တ႐ုတ္ငါးဖမ္းသေဘၤာမ်ားသည္ ကမာၻ႔ အ႑ဝါ ေရျပင္ အသီးသီးတြင္ အုပ္စုလိုက္ငါးဖမ္းေနၾကရာ၊ ၾသဇီ ထိပ္ Torres Strait ရွိ ပါပူဝါနယူးဂီနီ ဒါ႐ူးကြၽန္းတစ္ဝိုက္တြင္ လည္း၊ ငါးဖမ္းစခန္းမ်ား အႀကီးအက်ယ္ထူေထာင္ေနပါတယ္။

တ႐ုတ္သမတ ရွင့္က်င္ဖ်င့္ ကိုယ္တိုင္က သေဘၤာႀကီးႀကီးေဆာက္၍ ေဝးႏိုင္သမွ် ေဝးေဝး သြား၍ ငါးဖမ္းရန္ အားေပးတိုက္တြန္းထားခဲ့ပါတယ္။ ပီကင္း အစိုးရမွ ကမာၻတစ္လႊားငါးဖမ္းေနေသာ သေဘၤာမ်ားမွာ အစီးေရ ၂၅၀၀ ခန႔္ရွိေသာ္လည္း၊ တကယ္တန္း ဆန္းစစ္ခ်က္မ်ားအရ အစီးေရာ ၁၇၀၀၀ ေက်ာ္ ျဖင့္ ဝိုင္းပိုက္မ်ား ဆြဲေနၾကတယ္လို႔ဆိုပါတယ္။illegal, unreported and unregulated fishing (IUU fishing) တရားမဝင္ငါးဖမ္း ေစာင့္ၾကည့္ဆန္းစစ္တဲ့ အဖြဲ႕၏ စာရင္းတြင္ တ႐ုတ္ငါးဖမ္းသေဘၤာ အုပ္စုမ်ားသည္ ထိပ္တန္းမွပါဝင္ပါတယ္။ ေငြလိုတဲ့ ႏိုင္ငံမ်ားရွိ အစိုးရမ်ားအေနျဖင့္ ငါးဖမ္းကြက္မ်ားကို တ႐ုတ္ကို ခ်ေရာင္းျခင္းမ်ိဳးလည္း ရွိေနပါတယ္။

ပင္လယ္ေရပိုင္နက္ အနည္းငယ္သာ ရွိေသာ ဂါနာလိုေနရာမ်ိဳးတြင္ တ႐ုတ္ငါးဖမ္းသေဘၤာ အစီး ၁၀၀ ေက်ာ္ ဖမ္းေနၿပီး၊ ငါးဖမ္းျခင္းႏွင့္ ပတ္သက္ေသာ ဥပေဒမ်ား ျပဌာန္းထားလင့္ကစား၊ ထိုဥပေဒမ်ားမွာ အသုံးမဝင္ဟု ဆိုပါတယ္။ တ႐ုတ္ငါးဖမ္းသေဘၤာမ်ားမွာ ဂါနာ ေဒသခံ ကုမၸဏီနာမည္မ်ားခံ၍ ဖမ္းေနျခင္းျဖစ္ၿပီး၊ တ႐ုတ္ငါးဖမ္း သေဘၤာ တစ္စီးသည္ တစ္ရက္လ်င္ငါး ၂၆ တန္ ဖမ္းႏိုင္ၿပီး၊ ေဒသခံ ငါးဖမ္း ေလွ အစီး ၄၀၀ ဖမ္းႏိုင္ေသာ ပမာဏကို ဖမ္းသည္ႏွင့္ ညီမွ်ပါတယ္။

Captain Win

Leave a Reply

Your email address will not be published. Required fields are marked *