ကိုရိုနာဗိုင္းရပ္စ္ ဇစ္ျမစ္ စစ္ေဆးမည့္ WHO အဖြဲ႕ကို တ႐ုတ္ အဝင္မခံပဲ ကန႔္လန႔္တိုက္ေနျခင္း

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မူလဇစ်မြစ်ကို စစ်ဆေးဖော်ထုတ်မည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပညာရှင်အဖွဲ့ကို တရုတ်က ဝင်ခွင့်ပေးဖို့ ငြင်းဆန်ထားသည်။တရုတ်က ဗီဇာခွင့်မပြုသဖြင့် ပညာရှင်အဖွဲ့ဝင် ၁၀ ဦးအနက် တစ်ဦးသည် တရုတ်သို့ ရောက်ပြီးမှ လှည့်ပြန်လာရသလို၊

နောက်တစ်ဦးလည်း တတိယနိုင်ငံတစ်ခုတွင် သောင်တင်နေကာ၊ ကျန် ရှစ်ဦးသည် တရုတ်သို့ ထွက်ခွာမည့် နောက်ဆုံးအချိန်တွင်မှ ခရီးစဉ်ကို ပယ်ဖျက်လိုက်ရကြောင်း WHO က ပြောသည်။WHO ပညာရှင်အဖွဲ့ကို ဝင်ခွင့်ပေးရန် တရုတ်က လပေါင်းများစွာ ငြင်းဆန်နေခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာကမှ သဘောတူခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီတွင် ဝင်ခွင့်ပေးရန် သဘောတူခဲ့သော်လည်း ယခုအခါ ဗီဇာချမပေးသည့်အတွက် ဝင်ခွင့်မရကြောင်း သိရသည်။

WHO ပညာရှင်အဖွဲ့ ဝင်ရောက်ရန် တရုတ်က ဗီဇာ ကင်းလွတ်ခွင့်မပေးသေးသည့်အပေါ် များစွာစိတ်ပျက်မိကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောသည်။ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်မှူးက တရုတ်အစိုးရအပေါ် ရှားရှားပါးပါး ဝေဖန်သွားတာဖြစ်ပါတယ်။

အစောပိုင်းသတင်းတွေအရဆိုရင် ဒီအဖွဲ့မှာ ကျွမ်းကျင်သူ ၁၀ ဦးပါဝင်ပြီး ကိုရိုနာဗိုင်းရပ်စ် စတင်ထွက်ပေါ်ခဲတဲ့ ဝူဟန်မြို့ဆီ စစ်ဆေးခွင့်ရမှာဖြစ်ပါတယ်။ဒီစစ်ဆေးမှုတွေကို တရုတ် ပညာရှင်တွေက ဦးဆောင်မှာဖြစ်ပြီး ဒါဟာ ဆေးသိပ္ပံသဘောအရ လေ့လာခြင်းသာဖြစ်တယ်။နိုင်ငံရေးအရ အပြစ်ရှာတဲ့ ခရီးမဟုတ်ဘူးလို့ အဲဒီခရီးစဉ်မှာပါတဲ့ သိပ္ပံပညာရှင်အချို့ က ပြောဆိုထားပြီးဖြစ်ပါတယ်။

Ref : voaburmese

zawgyi

တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ပြားေသာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မွု မူလဇစ္ျမစ္ကို စစ္ေဆးေဖာ္ထုတ္မည့္ ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) ပညာရွင္အဖြဲ႕ကို တ႐ုတ္က ဝင္ခြင့္ေပးဖို႔ ျငင္းဆန္ထားသည္။တ႐ုတ္က ဗီဇာခြင့္မျပဳသျဖင့္ ပညာရွင္အဖြဲ႕ဝင္ ၁၀ ဦးအနက္ တစ္ဦးသည္ တ႐ုတ္သို႔ ေရာက္ၿပီးမွ လွည့္ျပန္လာရသလို၊

ေနာက္တစ္ဦးလည္း တတိယနိုင္ငံတစ္ခုတြင္ ေသာင္တင္ေနကာ၊ က်န္ ရွစ္ဦးသည္ တ႐ုတ္သို႔ ထြက္ခြာမည့္ ေနာက္ဆုံးအခ်ိန္တြင္မွ ခရီးစဥ္ကို ပယ္ဖ်က္လိုက္ရေၾကာင္း WHO က ေျပာသည္။WHO ပညာရွင္အဖြဲ႕ကို ဝင္ခြင့္ေပးရန္ တ႐ုတ္က လေပါင္းမ်ားစြာ ျငင္းဆန္ေနခဲ့ၿပီး ၿပီးခဲ့သည့္ ဒီဇင္ဘာကမွ သေဘာတူခဲ့ျခင္းျဖစ္ကာ ဇန္နဝါရီတြင္ ဝင္ခြင့္ေပးရန္ သေဘာတူခဲ့ေသာ္လည္း ယခုအခါ ဗီဇာခ်မေပးသည့္အတြက္ ဝင္ခြင့္မရေၾကာင္း သိရသည္။

WHO ပညာရွင္အဖြဲ႕ ဝင္ေရာက္ရန္ တ႐ုတ္က ဗီဇာ ကင္းလြတ္ခြင့္မေပးေသးသည့္အေပၚ မ်ားစြာစိတ္ပ်က္မိေၾကာင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာသည္။ဂ်ီနီဗာမွာျပဳလုပ္တဲ့ သတင္းစာရွင္းပြဲအတြင္း ကမၻာ့က်န္းမာေရးအဖြဲ႕ ညႊန္မွူးက တ႐ုတ္အစိုးရအေပၚ ရွားရွားပါးပါး ေဝဖန္သြားတာျဖစ္ပါတယ္။

အေစာပိုင္းသတင္းေတြအရဆိုရင္ ဒီအဖြဲ႕မွာ ကၽြမ္းက်င္သူ ၁၀ ဦးပါဝင္ၿပီး ကိုရိုနာဗိုင္းရပ္စ္ စတင္ထြက္ေပၚခဲတဲ့ ဝူဟန္ၿမိဳ႕ဆီ စစ္ေဆးခြင့္ရမွာျဖစ္ပါတယ္။ဒီစစ္ေဆးမွုေတြကို တ႐ုတ္ ပညာရွင္ေတြက ဦးေဆာင္မွာျဖစ္ၿပီး ဒါဟာ ေဆးသိပၸံသေဘာအရ ေလ့လာျခင္းသာျဖစ္တယ္။နိုင္ငံေရးအရ အျပစ္ရွာတဲ့ ခရီးမဟုတ္ဘူးလို႔ အဲဒီခရီးစဥ္မွာပါတဲ့ သိပၸံပညာရွင္အခ်ိဳ႕ က ေျပာဆိုထားၿပီးျဖစ္ပါတယ္။

Ref : voaburmese

Leave a Reply

Your email address will not be published. Required fields are marked *