ယုဇနပလာဇာေစ်း ယေန႔ဖြင့္ၿပီ ကိုဗစ္ေတြ႕ပါက ခ်က္ခ်င္းျပန္ပိတ္မည္

ရန်ကုန်မှာ ဇန်နဝါရီ ၆ ရက်ကစပြီး ယုဇနပလာဇာဈေးကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အဲ့ဒီဈေးအပေါ်မှာ မူတည်ကာ မင်္ဂလာဈေးကို ပြန်ဖွင့်မှာဖြစ်သလို ကိုဗစ်ပိုးတွေ့ရင်တော့ ဈေးကိုချက်ချင်းပိတ်မှာဖြစ်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်-၁ တိုင်းလွှတ်တော်ကိုယ် စားလှယ် ဦးလှဌေးက ပြောပါတယ်။

“ပြန်ဖွင့်မယ့် ယုဇနပလာဇာကို ကျွန်တော်တို့ကြည့်ရမယ်။ အဆင်ပြေတယ်ဆိုရင် မင်္ဂလာဈေးကို ဖွင့်မယ်ဆိုပြီး ဇန်နဝါရီ ၅က ဈေးတာဝန်ရှိတဲ့သူတွေနဲ့ အစည်းအဝေး လုပ်ပါတယ်။ အမှန်ပြောရရင်တော့ မဖွင့်စေချင်သေးဘူး၊ ဒါပေမဲ့လို့ ဈေးသူဈေးသားတွေရယ် ဝန်ထမ်းတွေရယ်က အတော်လေး ဒုက္ခရောက်နေတဲ့အတွက် စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖွင့်ဖို့လုပ်နေရတာဖြစ်ပါတယ်။ မင်္ဂလာဈေး ထပ်မံဖွင့်ဖို့အတွက် နောက်တစ်ပတ်ထဲမှာလည်း ဆက်ပြီးဆွေးနွေးရဦးမှာဖြစ်ပါတယ်” လို့ ဦးလှဌေးက ပြောပါတယ်။

ဒါ့အပြင် ယုဇနပလာဇာ ပြန်ဖွင့်ရင်လည်း လူစုလူဝေးအများကြီးမဖြစ်စေဖို့အတွက် ဈေးသူဈေးသားတွေ ပြောထားသလို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖွင့်လှစ်နိုင်မယ်လို့လည်း ယုံကြည်နေပြီး အဲ့ဒီဈေးထဲမှာ ပိုးရှိသူ လူနာတွေ့ရှိခဲ့ရင်တော့ ဈေးကိုချက်ချင်းပိတ်သွားမယ်လို့ ဦးလှဌေးက ဆက်ပြောပါတယ်။

ယနေ့ပြန်ဖွင့်မည့် ယုဇနပလာဇာမှာတော့ ဈေးသူဈေးသားတွေ ဈေးဝယ်သူတွေအနေနဲ့ ရောဂါမဖြစ်စေရေးအတွက် ပါးစပ်၊နှာခေါင်းစည်းတပ်ဆင်ပြီးမှ စနစ်တကျရောင်းဝယ်ဖို့နဲ့ စီမံခန့်ခွဲမှု ကော်မတီကနေ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှုမရှိတဲ့ ဈေးဆိုင်ခန်းတွေကို စစ်ဆေးအရေးယူသွားမယ်လို့လည်း သိရပါတယ်။

crd

zawgyi

ရန္ကုန္မွာ ဇန္နဝါရီ ၆ ရက္ကစၿပီး ယုဇနပလာဇာေဈးကို ျပန္လည္ဖြင့္လွစ္မွာျဖစ္ၿပီး အဲ့ဒီေဈးအေပၚမွာ မူတည္ကာ မဂၤလာေဈးကို ျပန္ဖြင့္မွာျဖစ္သလို ကိုဗစ္ပိုးေတြ႕ရင္ေတာ့ ေဈးကိုခ်က္ခ်င္းပိတ္မွာျဖစ္တယ္လို႔ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္ အမွတ္-၁ တိုင္းလႊတ္ေတာ္ကိုယ္ စားလွယ္ ဦးလွေဌးက ေျပာပါတယ္။

“ျပန္ဖြင့္မယ့္ ယုဇနပလာဇာကို ကြၽန္ေတာ္တို႔ၾကည့္ရမယ္။ အဆင္ေျပတယ္ဆိုရင္ မဂၤလာေဈးကို ဖြင့္မယ္ဆိုၿပီး ဇန္နဝါရီ ၅က ေဈးတာဝန္ရွိတဲ့သူေတြနဲ႔ အစည္းအေဝး လုပ္ပါတယ္။ အမွန္ေျပာရရင္ေတာ့ မဖြင့္ေစခ်င္ေသးဘူး၊ ဒါေပမဲ့လို႔ ေဈးသူေဈးသားေတြရယ္ ဝန္ထမ္းေတြရယ္က အေတာ္ေလး ဒုကၡေရာက္ေနတဲ့အတြက္ စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ ဖြင့္ဖို႔လုပ္ေနရတာျဖစ္ပါတယ္။ မဂၤလာေဈး ထပ္မံဖြင့္ဖို႔အတြက္ ေနာက္တစ္ပတ္ထဲမွာလည္း ဆက္ၿပီးေဆြးေႏြးရဦးမွာျဖစ္ပါတယ္” လို႔ ဦးလွေဌးက ေျပာပါတယ္။

ဒါ့အျပင္ ယုဇနပလာဇာ ျပန္ဖြင့္ရင္လည္း လူစုလူေဝးအမ်ားႀကီးမျဖစ္ေစဖို႔အတြက္ ေဈးသူေဈးသားေတြ ေျပာထားသလို ထိန္းထိန္းသိမ္းသိမ္းနဲ႔ ဖြင့္လွစ္ႏိုင္မယ္လို႔လည္း ယုံၾကည္ေနၿပီး အဲ့ဒီေဈးထဲမွာ ပိုးရွိသူ လူနာေတြ႕ရွိခဲ့ရင္ေတာ့ ေဈးကိုခ်က္ခ်င္းပိတ္သြားမယ္လို႔ ဦးလွေဌးက ဆက္ေျပာပါတယ္။

ယေန႔ျပန္ဖြင့္မည့္ ယုဇနပလာဇာမွာေတာ့ ေဈးသူေဈးသားေတြ ေဈးဝယ္သူေတြအေနနဲ႔ ေရာဂါမျဖစ္ေစေရးအတြက္ ပါးစပ္၊ႏွာေခါင္းစည္းတပ္ဆင္ၿပီးမွ စနစ္တက်ေရာင္းဝယ္ဖို႔နဲ႔ စီမံခန႔္ခြဲမႈ ေကာ္မတီကေန ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို လိုက္နာမႈမရွိတဲ့ ေဈးဆိုင္ခန္းေတြကို စစ္ေဆးအေရးယူသြားမယ္လို႔လည္း သိရပါတယ္။
crd

Leave a Reply

Your email address will not be published. Required fields are marked *