အိႏၵိယၾကည္းတပ္က Arjun Mk-1A တင့္ကားအစီးေရ ၁၁၈ စီးကိုမွာယူ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သော The Hindu သတင်းစာ၏ အဆိုအရ အိန္ဒိယအနေဖြင့် ပြည်တွင်းကုမ္ပဏီထံမှ Arjun Mk-1A ပင်မတိုက်ပွဲဝင်တင့်ကား ၁၁၈ စီးကိုဝယ်ယူရန်ဆောင်ရွက်နေပြီဖြစ်သည်။

Arjun သည် Defence Research and Development Organisation (DRDO) မှ တီထွင်ထုတ်လုပ်ခဲ့သည့် တတိယမျိုးဆက်ပင်မ တိုက်ပွဲဝင် တင့်ကားဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် Arjun တင့်ကားအစီးရေ ၁၆ စီးကို ပထမအသုတ်အဖြစ်ထုတ်လုပ်ပေးနိုင်ခဲ့သည်။ အဆိုပါတင့်ကားများကို အမှတ် ၄၃ သံချပ်ကာတပ်ရင်းကြီးအတွက် ထောက်ပံ့ပေးခဲ့သည်ဟု သိရှိရသည်။

၂၀၀၉ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် နောက်ထပ်အစီးရေ ၄၅ စီးကို ထပ်မံ ထုတ်လုပ်ပေးခဲ့ပြီး ပထမဆုံး Arjun သံချပ်ကာတပ်ရင်းကြီးကို စတင်ဖွဲ့ စည်းခဲ့ပေသည်။ Arjun တင့်ကား၌ တပ်ဖွဲ့ဝင် ၄ ဦးလိုက်ပါတာဝန်ထမ်းဆောင်နိုင်ပြီး ၁၂၀ မမ အမြောက်ကိုတပ်ဆင်ထားကာ APFSDS (kinetic energy penetrator) rounds, HE, HEAT, High Explosive Squash Head (HESH) အစရှိသည့် ခဲယမ်းများကို တစ်မိနစ်လျှင် ၆ တောင့်မှ ၈ တောင့်အကြား ပစ်ခတ်နိုင်မည် ဖြစ်သည်ဟုဆိုသည်။

စုစုပေါင်း ခဲယမ်း ၃၉ တောင့်ကို သယ်ဆောင်နိုင်သလို ၁၂.၇ မမ စက်သေနတ် ကိုလေကာအတွက် တပ်ဆင်အသုံးပြုထားသလို ၇.၆၂ မမ သေနတ်တစ်လက် ကိုလည်း အနီးကပ်တိုက်ခိုက်မှုအရံလက်နက်စနစ်အဖြစ် တပ်ဆင်ထားရှိပါ သည်။

ဆုံလည်ကို အကြမ်းခံ သတ္တုစပ်စနစ်ဖြင့် ကာရံထားပြီး APFDS (Armour-piercing fin-stabilized discarding sabot) နှင့် HEAT (High-explosive anti-tank) ခဲယမ်းများကို ကာကွယ်နိုင်မည်ဖြစ်သည်။
Arjun Mk-1A အမျိုးအစားသည် Arjun Mark 1 စနစ်ကို အဆင့်မြှင့်တင်ထား သည့်အမျိုးအစားဖြစ်ပြီး ပစ်နှုန်း၊ ကာကွယ်မှုနှင့် ရွေ့လျားနိုင်မှုစွမ်းရည် ပိုမို ကောင်းမွန်သည်ဟုဆိုသည်။

ထို့အပြင် Arjun Mark 1 တွင် ဆုံလည်နှင့် ကိုယ် ထည်ပိုင်းကို အနိမ့်တည်ဆောက်ထားသည့်အတွက် ထောက်လှမ်းမှု ပိုမိုခက်ခဲ စေနိုင်မည်ဖြစ်သလို Thermo-Baric (TB) နှင့် Penetration-cum-Blast (PCB) လက်နက်စနစ်များမှလည်း ကာကွယ်နိုင်မည်ဟုသိရှိရသည်။

Arjun Mk-1A တွင် အဆင့်မြှင့်တင်ထားသည့် ပစ်ခတ်သူအတွက် Main Sight (GMS) စနစ်နှင့်အတူ Automatic Target Tracking (ATT) စနစ်ပါရှိ ပြီး စနစ်အားလုံးသည် ကွန်ပျူတာထိန်းချုပ်မှုစနစ်များဖြစ်ကာ ပစ်မှတ်ကို တိကျစွာဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်မည်ဖြစ်သည်။

လေဆာ ဖြင့်အကွာအဝေးတိုင်းစနစ်၊ မြင်ကွင်းကျယ်စနစ်များအပြင် လှုပ်ရှားမှု အတွက် Advanced Running Gear System (ARGS) စနစ်နှင့် Hydropneumatic Suspension System များကို တပ်ဆင်ထားရှိကြောင်း သိရှိရသည်။

source : Myanmarnews24

zawgyi

၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၂၆ ရက္ေန႔က ထုတ္ျပန္ခဲ့ေသာ The Hindu သတင္းစာ၏ အဆိုအရ အိႏၵိယအေနျဖင့္ ျပည္တြင္းကုမၸဏီထံမွ Arjun Mk-1A ပင္မတိုက္ပြဲဝင္တင့္ကား ၁၁၈ စီးကိုဝယ္ယူရန္ေဆာင္႐ြက္ေနၿပီျဖစ္သည္။

Arjun သည္ Defence Research and Development Organisation (DRDO) မွ တီထြင္ထုတ္လုပ္ခဲ့သည့္ တတိယမ်ိဳးဆက္ပင္မ တိုက္ပြဲဝင္ တင့္ကားျဖစ္သည္။ ၂၀၀၄ ခုႏွစ္တြင္ Arjun တင့္ကားအစီးေရ ၁၆ စီးကို ပထမအသုတ္အျဖစ္ထုတ္လုပ္ေပးႏိုင္ခဲ့သည္။ အဆိုပါတင့္ကားမ်ားကို အမွတ္ ၄၃ သံခ်ပ္ကာတပ္ရင္းႀကီးအတြက္ ေထာက္ပံ့ေပးခဲ့သည္ဟု သိရွိရသည္။

၂၀၀၉ ခုႏွစ္၊ ေမလ ၂၅ ရက္ေန႔တြင္ ေနာက္ထပ္အစီးေရ ၄၅ စီးကို ထပ္မံ ထုတ္လုပ္ေပးခဲ့ၿပီး ပထမဆုံး Arjun သံခ်ပ္ကာတပ္ရင္းႀကီးကို စတင္ဖြဲ႕ စည္းခဲ့ေပသည္။ Arjun တင့္ကား၌ တပ္ဖြဲ႕ဝင္ ၄ ဦးလိုက္ပါတာဝန္ထမ္းေဆာင္ႏိုင္ၿပီး ၁၂၀ မမ အေျမာက္ကိုတပ္ဆင္ထားကာ APFSDS (kinetic energy penetrator) rounds, HE, HEAT, High Explosive Squash Head (HESH) အစရွိသည့္ ခဲယမ္းမ်ားကို တစ္မိနစ္လွ်င္ ၆ ေတာင့္မွ ၈ ေတာင့္အၾကား ပစ္ခတ္ႏိုင္မည္ ျဖစ္သည္ဟုဆိုသည္။

စုစုေပါင္း ခဲယမ္း ၃၉ ေတာင့္ကို သယ္ေဆာင္ႏိုင္သလို ၁၂.၇ မမ စက္ေသနတ္ ကိုေလကာအတြက္ တပ္ဆင္အသုံးျပဳထားသလို ၇.၆၂ မမ ေသနတ္တစ္လက္ ကိုလည္း အနီးကပ္တိုက္ခိုက္မႈအရံလက္နက္စနစ္အျဖစ္ တပ္ဆင္ထားရွိပါ သည္။

ဆုံလည္ကို အၾကမ္းခံ သတၱဳစပ္စနစ္ျဖင့္ ကာရံထားၿပီး APFDS (Armour-piercing fin-stabilized discarding sabot) ႏွင့္ HEAT (High-explosive anti-tank) ခဲယမ္းမ်ားကို ကာကြယ္ႏိုင္မည္ျဖစ္သည္။
Arjun Mk-1A အမ်ိဳးအစားသည္ Arjun Mark 1 စနစ္ကို အဆင့္ျမႇင့္တင္ထား သည့္အမ်ိဳးအစားျဖစ္ၿပီး ပစ္ႏႈန္း၊ ကာကြယ္မႈႏွင့္ ေ႐ြ႕လ်ားႏိုင္မႈစြမ္းရည္ ပိုမို ေကာင္းမြန္သည္ဟုဆိုသည္။

ထို႔အျပင္ Arjun Mark 1 တြင္ ဆုံလည္ႏွင့္ ကိုယ္ ထည္ပိုင္းကို အနိမ့္တည္ေဆာက္ထားသည့္အတြက္ ေထာက္လွမ္းမႈ ပိုမိုခက္ခဲ ေစႏိုင္မည္ျဖစ္သလို Thermo-Baric (TB) ႏွင့္ Penetration-cum-Blast (PCB) လက္နက္စနစ္မ်ားမွလည္း ကာကြယ္ႏိုင္မည္ဟုသိရွိရသည္။

Arjun Mk-1A တြင္ အဆင့္ျမႇင့္တင္ထားသည့္ ပစ္ခတ္သူအတြက္ Main Sight (GMS) စနစ္ႏွင့္အတူ Automatic Target Tracking (ATT) စနစ္ပါရွိ ၿပီး စနစ္အားလုံးသည္ ကြန္ပ်ဴတာထိန္းခ်ဳပ္မႈစနစ္မ်ားျဖစ္ကာ ပစ္မွတ္ကို တိက်စြာျဖင့္ ပစ္ခတ္တိုက္ခိုက္ႏိုင္မည္ျဖစ္သည္။

ေလဆာ ျဖင့္အကြာအေဝးတိုင္းစနစ္၊ ျမင္ကြင္းက်ယ္စနစ္မ်ားအျပင္ လႈပ္ရွားမႈ အတြက္ Advanced Running Gear System (ARGS) စနစ္ႏွင့္ Hydropneumatic Suspension System မ်ားကို တပ္ဆင္ထားရွိေၾကာင္း သိရွိရသည္။

source : Myanmarnews24

Leave a Reply

Your email address will not be published. Required fields are marked *