“အိႏၵိယေရတပ္သည္ သံသယျဖစ္ဖြယ္ရန္သူမ်ား၏ ၿခိမ္းေျခာက္မႈမ်ားကို ရင္ဆိုင္ တုန႔္ျပန္ႏိုင္ရန္ အလင္းအားေကာင္းသည့္ ေလဆာစနစ္အား စစ္ေရယာဥ္မ်ားတြင္ တပ္ဆင္သြားမည္ျဖစ္ျခင္း”

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ အိန္ဒိယရေတပ်အနေဖြင့် သံသယဖြစ်ဖွယ်ရန်သူများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်တုန့်ပြန်နိုင်ရန် ဓာတ်ရောင်ခြည် အလင်းပြန့်ပွားစေသည့် လေဆာရောင်ခြည်ထုတ်လွှင့်မှု Light Amplification by Stimulated Emission of Radiation Dazzlers (Laser Dazzlers) စနစ် အခု ၂၀ အား စစ်ရေယာဉ်များတွင် တပ်ဆင်သွားရန်အတွက် အိန္ဒိယအခြေစိုက် နည်းပညာကုမ္ပဏီ ဖြစ်သည့် Bharat Electronics Limited (BEL) ဖြင့် နယူးဒေလီမြို့တွင် သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရပါသည်။

Laser Dazzler စနစ်အား သင်္ကာမကင်းဖွယ်ရှိသည် ရေယာဉ်များ၊ လှေများ၊ လေယာဉ်ပျံများ၊ မောင်းသူမဲ့ယာဉ်များ၊ စစ်ရေယာဉ်အနီးချဉ်းကပ်လာသည့် ပင်လယ် ဓားပြများစသည်တို့ ချဉ်းကပ်လာမှုများကို လုံခြုံစိတ်ချစွာဖြင့် နေ့ရောညပါ သတိပေးခြင်းနှင့် တားဆီးခြင်းလုပ်ဆောင်နိုင်သည့် စနစ်တစ်ခုအဖြစ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၎င်းစနစ်မှ ထွက်ရှိသည့် အလင်းရောင်သည် စူးရှတောက်ပမည်ဖြစ်ပြီး စစ်ရေယာဉ်များမှ ညွှန်ကြားသည့် အမိန့်များကိုလိုက်နာခြင်းမရှိပါက အဆိုပါ အလင်းရောင်ဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်သည်။၎င်းသည် လူတစ်ဦးအား ယာယီမျက်စိမှောက် စေကာအာရုံထွေပြားစေမည်ဖြစ်ပြီး လေယာဉ်များနှင့် မောင်းသူမဲ့ယာဉ်များကို အာရုံ ထွေပြား နှောင့်ယှက်စေမည်ဖြစ်ပါသည်။

အဆိုပါစနစ်သည် သယ်ဆောင်ရလွယ်ကူပြီး ပခုံးထမ်းအဖြစ်အသုံးပြု၍သော်လည်းကောင်း၊ ပတ်ဝန်းကျင်ဆိုးရွားသည့် အခြေအနေ များတွင်သော်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်ကာ အကြမ်းခံအောင်တီထွင်ထား ရှိကြောင်း တွေ့ရှိရပါသည်။Laser Dazzler လေဆာရောင်ခြည်အလင်းနည်းပညာကို ကာကွယ်ရေးသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO)မှ သုတေသနပြု တီထွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

လေဆာရောင်ခြည်အလင်းတန်းများ သည် သေစေနိုင်သောလက်နက်မဟုတ်သော လက်နက်စနစ်မဟုတ်သော်လည်း အထူးသဖြင့် အလင်းရောင်ကြည်လင်သောနေ့၊ ညနေခင်းနှင့် ညဘက်အပါအဝင် ပတ်ဝန်းကျင်အခြေအနေအားလုံးတွင် အမြင်အာရုံချို့ယွင်းမှုအားသတ်မှတ်ထားသော အကွာအဝေးတွင်ရရှိကာ ရန်သူ၏ခြိမ်းခြောက်မှုများကို နှောက်ယှက်တုန့်ပြန်နိုင်ရန် ရည်ရွယ်ကာအထူးဒီဇိုင်းပြုလုပ်ထားကြောင်း‌ တွေ့ရှိရပါသည်။

၎င်းစနစ်အား လက် ကိုင် လက်နက်စနစ်များမှသည် ယာဉ်အမျိုးမျိုးတွင် တပ်ဆင်နိုင်အောင် သုသေသနပြု ထုတ်လုပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။အဆိုပါစနစ်သည် အိန္ဒိယတပ်ဖွဲ့များအတွက် စစ်ဆင်ရေးတာဝန်များထမ်းဆောင်မှုတွင် အရေးပါသည့်အတွက်ကြောင့် နည်းပညာ ပိုင်းဆိုင်ရာအဆင့်မြှင့်တင်မှုများဆောင်ရွက်ရာတွင် ထောက်ပံ့ကူညီပေးမှုများ အပြည့် အဝဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မှ ပြောဆိုထားရှိသည်ကို တွေ့ရှိရပါသည်။

DRDO အဖွဲ့အစည်းအနေဖြင့်လည်း လေဆာကိရိယာ အမျိုးမျိုးကို တီထွင်ထုတ်လုပ်ခဲ့ပြီး အိန္ဒိယတပ်မတော် (ကြည်း)အတွက် လက်နက်ခဲယမ်းများအား ဖျက်ဆီးသည့်လေဆာစနစ် Laser Ordnance Disposal System (LORDS) နှင့် အလင်းတန်းဖြင့် ထောက်လှမ်းကာ အကွာအဝေးတိုင်းတာသည့် လေဆာစနစ် Light Detection and Ranging (LIDAR) များအား လည်းကောင်း၊ အိန္ဒိယတပ်မတော် (ရေ) အတွက် လေဆာရောင်ခြည်စနစ်ဖြင့် တိုင်းတာမှုစနစ် Laser Cross Section Measurement and Imaging (LACSMI) များအား လည်းကောင်း၊ ရဲများအတွက်လည်း ကြီးမားသည့် ပဋိပက္ခပြဿနာများဖြေရှင်းရာတွင် အထောက်အကူဖြစ်စေမည် လေဆာစနစ်အား လည်းကောင်း တီထွင်မှုများလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း တွေ့ရှိရ ပါသည်။

ဆက်လက်၍ DRDO အဖွဲ့အစည်းအနေဖြင့် Laser dazzlers စနစ်များ၊ ရန်သူ့ တည်နေရာအား တိကျစွာ ထောက်လှမ်းနိုင်သည့် Electro-optic Target Locater (OTL) စနစ်နှင့် ဓာတုဗေဒ၊ ဇီဝဗေဒဆိုင်ရာ ပေါက်ကွဲစေနိုင်သော ပစ္စည်းများအား ထောက်လှမ်းသည့် ပစ္စည်းကိရိယာများကို ပိုင်ဆိုင်နိုင်ရေးအတွက် သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

မူရင်း ဆရာ Mg Moe အား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

zawgyi

အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ အိႏၵိယေရတပ္အေနျဖင့္ သံသယျဖစ္ဖြယ္ရန္သူမ်ား၏ ၿခိမ္းေျခာက္မႈမ်ားကို ရင္ဆိုင္တုန႔္ျပန္ႏိုင္ရန္ ဓာတ္ေရာင္ျခည္ အလင္းျပန႔္ပြားေစသည့္ ေလဆာေရာင္ျခည္ထုတ္လႊင့္မႈ Light Amplification by Stimulated Emission of Radiation Dazzlers (Laser Dazzlers) စနစ္ အခု ၂၀ အား စစ္ေရယာဥ္မ်ားတြင္ တပ္ဆင္သြားရန္အတြက္ အိႏၵိယအေျခစိုက္ နည္းပညာကုမၸဏီ ျဖစ္သည့္ Bharat Electronics Limited (BEL) ျဖင့္ နယူးေဒလီၿမိဳ႕တြင္ သေဘာတူစာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရွိရပါသည္။

Laser Dazzler စနစ္အား သကၤာမကင္းဖြယ္ရွိသည္ ေရယာဥ္မ်ား၊ ေလွမ်ား၊ ေလယာဥ္ပ်ံမ်ား၊ ေမာင္းသူမဲ့ယာဥ္မ်ား၊ စစ္ေရယာဥ္အနီးခ်ဥ္းကပ္လာသည့္ ပင္လယ္ ဓားျပမ်ားစသည္တို႔ ခ်ဥ္းကပ္လာမႈမ်ားကို လုံၿခဳံစိတ္ခ်စြာျဖင့္ ေန႔ေရာညပါ သတိေပးျခင္းႏွင့္ တားဆီးျခင္းလုပ္ေဆာင္ႏိုင္သည့္ စနစ္တစ္ခုအျဖစ္ အသုံးျပဳႏိုင္မည္ ျဖစ္ပါသည္။

၎စနစ္မွ ထြက္ရွိသည့္ အလင္းေရာင္သည္ စူးရွေတာက္ပမည္ျဖစ္ၿပီး စစ္ေရယာဥ္မ်ားမွ ၫႊန္ၾကားသည့္ အမိန႔္မ်ားကိုလိုက္နာျခင္းမရွိပါက အဆိုပါ အလင္းေရာင္ျဖင့္ ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္သည္။၎သည္ လူတစ္ဦးအား ယာယီမ်က္စိေမွာက္ ေစကာအာ႐ုံေထြျပားေစမည္ျဖစ္ၿပီး ေလယာဥ္မ်ားႏွင့္ ေမာင္းသူမဲ့ယာဥ္မ်ားကို အာ႐ုံ ေထြျပား ေႏွာင့္ယွက္ေစမည္ျဖစ္ပါသည္။

အဆိုပါစနစ္သည္ သယ္ေဆာင္ရလြယ္ကူၿပီး ပခုံးထမ္းအျဖစ္အသုံးျပဳ၍ေသာ္လည္းေကာင္း၊ ပတ္၀န္းက်င္ဆိုး႐ြားသည့္ အေျခအေန မ်ားတြင္ေသာ္လည္းေကာင္း အသုံးျပဳႏိုင္မည္ျဖစ္ကာ အၾကမ္းခံေအာင္တီထြင္ထား ရွိေၾကာင္း ေတြ႕ရွိရပါသည္။Laser Dazzler ေလဆာေရာင္ျခည္အလင္းနည္းပညာကို ကာကြယ္ေရးသုေတသနႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕ (DRDO)မွ သုေတသနျပဳ တီထြင္ ထုတ္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္။

ေလဆာေရာင္ျခည္အလင္းတန္းမ်ား သည္ ေသေစႏိုင္ေသာလက္နက္မဟုတ္ေသာ လက္နက္စနစ္မဟုတ္ေသာ္လည္း အထူးသျဖင့္ အလင္းေရာင္ၾကည္လင္ေသာေန႔၊ ညေနခင္းႏွင့္ ညဘက္အပါအဝင္ ပတ္ဝန္းက်င္အေျခအေနအားလုံးတြင္ အျမင္အာ႐ုံခ်ိဳ႕ယြင္းမႈအားသတ္မွတ္ထားေသာ အကြာအေဝးတြင္ရရွိကာ ရန္သူ၏ၿခိမ္းေျခာက္မႈမ်ားကို ေႏွာက္ယွက္တုန႔္ျပန္ႏိုင္ရန္ ရည္႐ြယ္ကာအထူးဒီဇိုင္းျပဳလုပ္ထားေၾကာင္း‌ ေတြ႕ရွိရပါသည္။

၎စနစ္အား လက္ ကိုင္ လက္နက္စနစ္မ်ားမွသည္ ယာဥ္အမ်ိဳးမ်ိဳးတြင္ တပ္ဆင္ႏိုင္ေအာင္ သုေသသနျပဳ ထုတ္လုပ္ခဲ့ေၾကာင္း ေတြ႕ရွိရပါသည္။အဆိုပါစနစ္သည္ အိႏၵိယတပ္ဖြဲ႕မ်ားအတြက္ စစ္ဆင္ေရးတာဝန္မ်ားထမ္းေဆာင္မႈတြင္ အေရးပါသည့္အတြက္ေၾကာင့္ နည္းပညာ ပိုင္းဆိုင္ရာအဆင့္ျမႇင့္တင္မႈမ်ားေဆာင္႐ြက္ရာတြင္ ေထာက္ပံ့ကူညီေပးမႈမ်ား အျပည့္ အဝေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အိႏၵိယဝန္ႀကီးခ်ဳပ္မွ ေျပာဆိုထားရွိသည္ကို ေတြ႕ရွိရပါသည္။

DRDO အဖြဲ႕အစည္းအေနျဖင့္လည္း ေလဆာကိရိယာ အမ်ိဳးမ်ိဳးကို တီထြင္ထုတ္လုပ္ခဲ့ၿပီး အိႏၵိယတပ္မေတာ္ (ၾကည္း)အတြက္ လက္နက္ခဲယမ္းမ်ားအား ဖ်က္ဆီးသည့္ေလဆာစနစ္ Laser Ordnance Disposal System (LORDS) ႏွင့္ အလင္းတန္းျဖင့္ ေထာက္လွမ္းကာ အကြာအေဝးတိုင္းတာသည့္ ေလဆာစနစ္ Light Detection and Ranging (LIDAR) မ်ားအား လည္းေကာင္း၊ အိႏၵိယတပ္မေတာ္ (ေရ) အတြက္ ေလဆာေရာင္ျခည္စနစ္ျဖင့္ တိုင္းတာမႈစနစ္ Laser Cross Section Measurement and Imaging (LACSMI) မ်ားအား လည္းေကာင္း၊ ရဲမ်ားအတြက္လည္း ႀကီးမားသည့္ ပဋိပကၡျပႆနာမ်ားေျဖရွင္းရာတြင္ အေထာက္အကူျဖစ္ေစမည္ ေလဆာစနစ္အား လည္းေကာင္း တီထြင္မႈမ်ားလုပ္ေဆာင္ေပးႏိုင္ခဲ့ေၾကာင္း ေတြ႕ရွိရ ပါသည္။

ဆက္လက္၍ DRDO အဖြဲ႕အစည္းအေနျဖင့္ Laser dazzlers စနစ္မ်ား၊ ရန္သူ႔ တည္ေနရာအား တိက်စြာ ေထာက္လွမ္းႏိုင္သည့္ Electro-optic Target Locater (OTL) စနစ္ႏွင့္ ဓာတုေဗဒ၊ ဇီဝေဗဒဆိုင္ရာ ေပါက္ကြဲေစႏိုင္ေသာ ပစၥည္းမ်ားအား ေထာက္လွမ္းသည့္ ပစၥည္းကိရိယာမ်ားကို ပိုင္ဆိုင္ႏိုင္ေရးအတြက္ သုေတသနျပဳ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရပါသည္။

မူရင္း ဆရာ Mg Moe အား ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *