ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အ တွင်းရှိ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ် (TNLA) တပ်ရင်းတစ်ချို့ ထိန်းချုပ်ထားသည့် နယ်မြေအချို့ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ထိန်းချုပ်လိုက် ကြောင်း RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အုဏ်ခေးက People Media သို့ ပြောသည်။
“RCSS နယ်မြေတွေကို TNLA က ထိုးစစ်တွေလာတာကို RCSS က ပြန်လည်ခုခံပြီးတော့နေရာပြ န်ယူနိုင်တဲ့ သဘောပါပဲ” ဟု ဒုတိယဗိုလ်မှူးကြီး အုဏ်ခေးက ပြောသည်။
TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားရာနေ ရာများဖြစ်သည့် ကျောက်မဲမြို့နယ် လွယ်အံကျေးရွာ၊ ပန်လော့ကျေးရွာနှင့် တော့ဆန် ကျေးရွာတို့ရှိ နယ်မြေတစ်ချို့ကို RCSS မှ ဝင်ရောက်ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး၊ အဆိုပါ ကျေးရွာ တစ်ဝိုက်တွင် တိုက်ပွဲများမရှိတော့ကြောင်း ၎င်းက ထပ်မံပြောသည်။
အဆိုပါကျေးရွာများသည် တအန်းလူမျိုးများ အများစုနေထိုင်သည့် ရွာများဖြစ်ကာ TNLA ၏ တပ်မဟာ (၂) လက်အောက်ခံတပ်ရင်းများ အခြေစိုက်လှုပ်ရှားနေသည့် နယ်မြေဖြစ်ပြီး၊ လက်ရှိ TNLA တပ်များ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း RCSS မှ ဒုတိယဗိုလ်မှူးကြီး အုဏ်ခေးက ဆိုသည်။
TNLA နှင့် RCSS နှစ်ဘက်တိုက်ပွဲများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စတင်ကာ ဖြစ်ပွ ားခဲ့ခြင်းကြောင့် ဒေသခံ တစ်ထောင်ကျော် ကျော်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရသော်လည်း ယခုအခါ RCSS မှ နယ်မြေတစ်ချို့ကို ထိန်းချုပ်ထားပြီဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် မိမိနေရပ်ကို ပြန်လည်လာရောက် နေထိုင်လို့ရပြီ ဖြစ်ကြောင်း RCSS မှ ဒုတိယဗို လ်မှူးကြီး အုဏ်ခေးက ပြောသည်။
Photo – Credit
source : PeopleMedia
zawgyi
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္ မဲၿမိဳ႕နယ္အတြင္းရွိ တအန္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္ (TNLA) တပ္ရင္းတစ္ခ်ိဳ႕ ထိန္းခ်ဳပ္ထားသည့္ နယ္ေျမအခ်ိဳ႕ကို ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) က ထိန္းခ်ဳပ္ လိုက္ေၾကာင္း RCSS မွ ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္မႉးႀကီး အုဏ္ေခးက People Media သို႔ ေျပာသည္။
“RCSS နယ္ေျမေတြကို TNLA က ထိုးစစ္ေတြလာတာကို RCSS က ျပန္လည္ခုခံၿပီးေတာ့ေန ရာျပန္ယူႏိုင္တဲ့ သေဘာပါပဲ” ဟု ဒုတိယဗိုလ္မႉးႀကီး အုဏ္ေခးက ေျပာသည္။
TNLA တပ္ဖြဲ႕ဝင္မ်ား လႈပ္ရွားရာေနရာမ်ားျဖစ္သည့္ ေက်ာက္မဲၿမိဳ႕နယ္ လြယ္အံေက်း႐ြာ၊ ပန္ေလာ့ေက်း႐ြာႏွင့္ ေတာ့ဆန္ ေက်း႐ြာတို႔ရွိ နယ္ေျမတစ္ခ်ိဳ႕ကို RCSS မွ ဝင္ေရာက္ထိန္းခ်ဳပ္ လိုက္ျခင္းျဖစ္ၿပီး၊ အဆိုပါ ေက်း႐ြာ တစ္ဝိုက္တြင္ တိုက္ပြဲမ်ားမရွိေတာ့ေၾကာင္း ၎က ထပ္မံေျပာသည္။
အဆိုပါေက်း႐ြာမ်ားသည္ တအန္းလူမ်ိဳးမ်ား အမ်ားစုေနထိုင္သည့္ ႐ြာမ်ားျဖစ္ကာ TNLA ၏ တပ္မဟာ (၂) လက္ေအာက္ခံတပ္ရင္းမ်ား အေျခစိုက္လႈပ္ရွားေနသည့္ နယ္ေျမျဖစ္ၿပီး၊ လက္ရွိ TNLA တပ္မ်ား ျပန္လည္ဆုတ္ခြာသြားၿပီ ျဖစ္ေၾကာင္း RCSS မွ ဒုတိယဗိုလ္မႉးႀကီး အုဏ္ေခးက ဆိုသည္။
TNLA ႏွင့္ RCSS ႏွစ္ဘက္ တိုက္ပြဲမ်ားကို ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၇ ရက္ေန႔မွ စတင္ကာ ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ေဒသခံ တစ္ေထာင္ေက်ာ္ ေက်ာ္မဲၿမိဳ႕ေပၚကို ထြက္ေျပးတိမ္းေရွာင္ေနခဲ့ရေသာ္လည္း ယခု အခါ RCSS မွ နယ္ေျမတစ္ခ်ိဳ႕ကို ထိန္းခ်ဳပ္ထားၿပီျဖစ္သည့္ အတြက္ ေဒသခံမ်ားအေနျဖင့္ မိမိေနရပ္ကို ျပန္လည္လာေရာက္ ေနထိုင္လို႔ရၿပီ ျဖစ္ေၾကာင္း RCSS မွ ဒုတိယဗိုလ္မႉးႀကီး အုဏ္ေခးက ေျပာသည္။
Photo – Credit
source : PeopleMedia