သီေပါမင္း ဘာေၾကာင့္ထြက္မေျပးခဲ့တာလဲ

ဘာလို့လဲဆို တော့ နန်းတော်မှာအာဏာကြီးတဲ့ လက်နက်ဝန်ကြီး ကင်းဝန်မင်းကြီးဟာ အနောက်နိုင်ငံတွေကို သံတမန်ခရီးရောက်ဖူးတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဗြိတိသျှတို့ရဲ့တိုးတက်ပုံအင်အားကြီးပုံကို အားကျရတဲ့သူဖြစ်ပြီး သူနဲ့အပြိုင် စစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့လေးစားမှု့ကိုခံရတဲ့ တိုင်းတား မင်းကြီးကတော့ ပြင်သစ်တွေနဲ့မဟာမိတ်ဖွဲ့ဖို့ကြိုးစားနေသူတစ်ဦးပါ။

ဒီနှစ်ဦးနဲ့အပြိုင် နောက်တစ်ဦးရှိပါသေးတယ် အဲ့ဒါကတော့ မြန်မာဘုရင့်ရေတပ်ရဲ့ ဦးစီးချုပ် လှေသင်းအတွင်းဝန် မင်းကြီးပါ။မြန်မာ့နန်းတွင်းမှာ ကင်းဝန်ဂိုဏ်း၊ တိုင်းတားဂိုဏ်း၊ လှေသင်းအတွင်းဝန်ဂိုဏ်း ရယ်လို့ မညီမညွတ်ဖြစ်နေတဲ့အချိန်မှာ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့သူတွေကတော့ ဗြိတိသျှတွေပါပဲ။

ဆင်ပေါင်ဝဲခံတပ်၊ ထူးပေါက်ခံတပ်၊ ကွေ့ချောင်းခံတပ်၊ မင်းလှခံတပ် ခံတပ်ကြီးတွေအဆင့်ဆင့် ကျဆုံးကုန်ပြီမင်းလှခံတပ်မှာ အောက်မြစ်စဉ်စစ်ကြောင်းဗိုလ်ချုပ် လှေသင်းအတွင်းဝန် ကိုယ်တိုင်ကျဆုံးပြီး ဆင်ကျုံးခံတပ်၊ သပြေတန်းခံတပ်နဲ့ အစေခံ ခံတပ်တို့လက်နက်ချလိုက်ရပြီ

မြန်မာ-အင်္ဂလိပ်စစ်မျက်နှာသုံးခုမှာ တောင်ငူစစ်ကြောင်းက ဗိုလ်ချုပ်ရွှေလှံဗိုလ်ရဲ့တပ်တွေက လွဲရင်ကျန်တဲ့တပ်တွေအားလုံးရှုံးနိမ့်သွားပြီး ဗြိတိသျှတွေ ဂေါဝိန်ဆိပ်ကနေတဆင့် မန္တလေးမြို့ထဲအထိရောက်လာပြီ

ဒါပေမဲ့နန်းတော်စောင့်တပ်ကလဲထွက်မတိုက်ဘူး ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့လဲထွက်မတိုက်ဘူးမဟာမိတ်ဖြစ်တဲ့ ရှမ်းစော်ဘွားတွေရဲ့ မြောက်ပိုင်းတပ်မဟာလဲစစ်ကူမလာဘူးနန်းမြို့ရိုးတံခါးတွေဖွင့်ထားတယ် သီပေါဘုရင် ကိုယ်တိုင် ဗြိတိသျှခေါင်းဆောင် ကာနယ်စလေဒင်ကို ဧည့်ခံလိုက်သေးတယ်

ဟောမကြာပါဘူး သီပေါဘုရင်တို့မိသားစု ဗြိတိသျှသင်္ဘောပေါ်ပါသွားတယ်၁၈၈၆ ခု ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာထဲသွတ်သွင်းလိုက်ကြောင်း ကြေငြာတယ် ဘယ်လောက်လွယ်လိုက်သလဲဒီနေရာမှာ သပြေတန်းခံတပ်တို့ဘာကြောင့်လက်နက်ချလိုက်သလဲဆိုတာတော့အားလုံးသိပြီး သားဖြစ်မှာပါ။

ဒါပေမဲ့မေးစရာရှိတာက စစ်ရှုံးနေတာတောင်သီပေါဘုရင်ဟာ ဘာကြောင့် တခြားနေရာကိုထွက်မပြေးဘဲ မခုခံဘဲအရှုံးပေးလိုက်ရတာလဲ။ဘာလို့လဲဆိုတော့ ကိစ္စအားလုံးက ကင်းဝန်မင်းကြီးရဲ့နိုင်ငံချစ်စိတ်အပေါ်ကိုအသုံးချခဲ့တဲ့ အင်္ဂလိပ်တွေကြောင့်လို့ပဲဆိုရမှာပါစစ်ပွဲကြီးစတင်တော့မယ်ဆိုကတည်းက ကင်းဝန်မင်းကြီးဟာ စစ်တိုက်ဖို့လိုလားတဲ့သူမဟုတ်ပါ

ကင်းဝန်မင်းကြီးရဲ့အမြင်အရ မြန်မာတပ်တွေနဲ့ အင်္ဂလိပ်တပ်တွေရဲ့အင်အားအား မိုးနဲ့မြေလောက် ကွာခြားနေပြီး တိုက်လဲမြန်မာတွေဘက်က နိုင်မှာမဟုတ်ဘူးဆိုတာကို ရိပ်မိ တာကြောင့် အင်္ဂလိပ်တွေတောင်းဆိုတဲ့အချက်ကိုသာ စာချုပ်ချုပ်ပြီး ပြဿနာကိုမြန်မြန် ပြီးဆုံးလိုက်ချင်သူပါ

ဒါပေမဲ့ စိတ်ဓာတ်ပြင်းထန်တဲ့တိုင်းတာမင်းကြီးတို့ကြောင့် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲစတင်ခဲ့တယ်လိုဆိုရမှာပါ။ခံတပ်တွေအဆင့်ဆင့်ကျဆုံးပြီးတဲ့ နောက်မှာတော့ မြန်မာနန်းတွေကနေ ပို့လိုက်တဲ့ကြေးနန်းတစ်စောင် ရှေ့တန်းတပ်တွေဆီ ရောက်ရှိလာပါတယ်

အဲ့ဒါကတော့ ကင်းဝန်မင်းကြီးရေးတဲ့ “မခုခံရ၊ ခုခံလျှင်သူပုန်” ဆိုတဲ့ ကြေးနန်းစာပဲဖြစ်ပါတယ်။ဟုတ်ပါတယ် လှေသင်းအတွင်းဝန်ကိုယ်တိုင်ကျဆုံးသွားခဲ့ပေမဲ့ ကင်းဝန်မင်းကြီးရဲ့အမြင်မှာ အင်္ဂလိပ်တွေလိုရာလိုလိုက်လျှောလိုက်ရင် အသက်သေဆုံးမှု့တွေလျော့ပါးပြီး အားလုံးအဆင်ပြေ သွားမယ်ထင်ခဲ့တာပါ။

ဒါကဗြိတိသျှတွေကင်းဝန်မင်းကြီးကိုကျွေးခဲ့တဲ့ ဂျင်းပါ၊နောက်ဂျင်းတစ်ခု က အသက်ငယ်ရွယ်ပြီး နန်းတော်မှာမိဖုရားအုပ်စိုးနေတာကိုမလိုလားတဲ့ မြန်မာပြည်သူတွေကို ဗြိတိသျှတွေကျွေးခဲ့တဲ့ဂျင်းပါ၊အဲ့ဒါကတော့ သီပေါမင်းကိုနန်းချပြီး ညောင်းရမ်းမင်းသားကြီးကို နန်းတင်ပေးမယ်ဆိုတဲ့ကိစ္စပါ။

မန္တလေးကိုရောက်တဲ့အချိန်မှာ ဗြိတိသျှတွေရဲ့စစ်သင်္ဘောဦးမှာ မင်းသားတစ်ပါးကိုထိုင်လျှက်သားပါလာပါတယ်၊ဒါပေမဲ့ မြန်မာတွေထင်သလို ညောင်ရမ်းမင်းသားကြီးတော့မဟုတ်ပါဘူး၊ညောင်ရမ်းမင်းသားကြီးနဲ့ရုပ်ချင်းဆင်တူတဲ့ အင်္ဂလိပ်အမှုထမ်း ဦးဘသန်းဆိုတဲ့သူပဲဖြစ်ပြီး ညောင်ရမ်းမင်းသားကြီးက အိန္ဒိယမှာကွယ်လွန် သွားခဲ့ပါပြီ။

ဒီနှစ်ချက်ကြောင့် သီပေါဘုရင်ကိုစိတ်ကုန်နေတဲ့ ရှမ်းစော်ဘွားတွေနဲ့ အခြားလက် အောက်ခံမြို့စား နယ်စားတွေက သီပေါမင်းကိုစစ်ကူပေးခဲ့ခြင်းမရှိတာကြောင့် သီပေါဘုရင်ဟာ ဗြိတိသျှတွေကို အင်အား ၃ သောင်းခန့်သာရှိတဲ့ ဘုရင့်အမြဲတမ်းတပ်ဖွဲ့တစ်ခုတည်းနဲ့ပဲရင်ဆိုင် ခဲ့ရပြီး ဒီအင်အားဟာ ကုန်းဘောင်မင်းဆက်အစအဆုံးမှာ အင်အားအနည်းဆုံးဖြစ်ပါတယ်။

ခံတပ်တွေကျဆုံးပြီတဲ့အချိန်မှာ သီပေါဘုရင်ဟာ ပစ္စည်းတွေသိမ်းဆည်း မိဖုရားတွေ ကိုယ်ရံတော်တပ်ဖွဲ့တွေနဲ့အတူ ရွှေဘိုကို တိတ်တဆိတ်ထွက်ခွာဖို့ပြင်ဆင်ခဲ့ပြီး အဲ့ဒိကနေတဆင့် မဟာမိတ်ရှမ်းစော်ဘွားတွေနဲ့ပူးပေါင်းဖို့ပြင်ဆင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ဗြိတိသျှတွေနဲ့ စာချုပ်ချုပ်ဆိုလိုက်ရင်အဆင်ပြေသွားလိမ့်မယ်လို ထင်နေသေးတဲ့ ကင်းဝန်မင်းကြီးဦးကောင်းနဲ့ ဆင်ဖြူမရှင်မိဖုရားခေါင်ကြီးတို့က တားမြစ်တဲ့အတွက်ကြောင့် သီပေါဘုရင်ရဲ့ ရွှေဘိုခရီးစဉ် ပျက်ခဲ့ရပြီး ဗြိတိသျှတွေနဲ့ စာချုပ်ဆိုပြီးရင်အဆင်ပြေသွားမှာပဲလို့ ယုံကြည်ခဲ့တဲ့အတွက်ကြောင့် ကာနယ်စလေဒင်ကိုတောင် ဧည့်သည်တော်တစ်ဦးလို ဧည့်ခံခဲ့ပြီး ဗြိတိသျှတွေလိုချင်တာက မြန်မာနိုင်ငံတစ်ခုလုံးဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ မြန်မာနန်းတွင်းကို ဗြိတိသျှတပ်တွေ ကဝိုင်းထားပြီးဖြစ်နေပါပြီ၊

ဒီလိုနဲ့ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ သီပေါဘုရင်နဲ့ မိသားတစ်စုကို သူရိယစစ်သင်္ဘောပေါ်ကိုဖမ်းခေါ်သွားပြီး မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ မြန်မာတွေ တန်ပြန်တိုက်ခိုက်မှာစိုးတာကြောင့် ဗြိတိသျှတွေဟာ မြန်မာနိုင်ငံအုပ်ချုပ်ရေးအဖွဲ့ကို ကင်းဝန်မင်းကြီးဦးဆောင်တဲ့ ရွှေမြို့တော်ဝန်(၄)ပါးကိုတာဝန်ပေးခဲ့ပါတယ်။

ဒီအထဲမှာ ရွှေမြို့တော်ဝန်တစ်ပါးဖြစ်တဲ့ ဗိုလ်ချုပ်ရွှေလှံဗိုလ်တစ်ဦးသာလက်နက်မချတာကြောင့် ရခိုင်ကို ဖမ်းဆီးပို့ဆောင်ခြင်းခံခဲ့ရပြီး အခြားရွှေမြို့တော်ဝန်တွေကတော့ ယာယီ အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ယူပေးကြပါတယ်။

ဒီလိုနဲ့ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ကြောင်းကြေငြာလိုက်ပြီး အရာအားလုံးချုပ်ငြိမ်းသွားပါတော့တယ်။

မူရင်း ဦးနတ်ရဲ အားလေးစားစွာ ခရက်ဒစ် ပေးပါသည်။

zawgyi

ဘာလို႔လဲဆို ေတာ့ နန္းေတာ္မွာအာဏာႀကီးတဲ့ လက္နက္ဝန္ႀကီး ကင္းဝန္မင္းႀကီးဟာ အေနာက္နိုင္ငံေတြကို သံတမန္ခရီးေရာက္ဖူးတဲ့ပုဂၢိဳလ္တစ္ဦးျဖစ္ၿပီး ၿဗိတိသၽွတို႔ရဲ့တိုးတက္ပုံအင္အားႀကီးပုံကို အားက်ရတဲ့သူျဖစ္ၿပီး သူနဲ႔အၿပိဳင္ စစ္ဘက္ဆိုင္ရာအရာရွိေတြရဲ့ေလးစားမွု႔ကိုခံရတဲ့ တိုင္းတား မင္းႀကီးကေတာ့ ျပင္သစ္ေတြနဲ႔မဟာမိတ္ဖြဲ႕ဖို႔ႀကိဳးစားေနသူတစ္ဦးပါ။

ဒီႏွစ္ဦးနဲ႔အၿပိဳင္ ေနာက္တစ္ဦးရွိပါေသးတယ္ အဲ့ဒါကေတာ့ ျမန္မာဘုရင့္ေရတပ္ရဲ့ ဦးစီးခ်ဳပ္ ေလွသင္းအတြင္းဝန္ မင္းႀကီးပါ။ျမန္မာ့နန္းတြင္းမွာ ကင္းဝန္ဂိုဏ္း၊ တိုင္းတားဂိုဏ္း၊ ေလွသင္းအတြင္းဝန္ဂိုဏ္း ရယ္လို႔ မညီမညြတ္ျဖစ္ေနတဲ့အခ်ိန္မွာ ႐ုတ္တရက္ဝင္ေရာက္တိုက္ခိုက္ခဲ့သူေတြကေတာ့ ၿဗိတိသၽွေတြပါပဲ။

ဆင္ေပါင္ဝဲခံတပ္၊ ထူးေပါက္ခံတပ္၊ ေကြ႕ေခ်ာင္းခံတပ္၊ မင္းလွခံတပ္ ခံတပ္ႀကီးေတြအဆင့္ဆင့္ က်ဆုံးကုန္ၿပီမင္းလွခံတပ္မွာ ေအာက္ျမစ္စဥ္စစ္ေၾကာင္းဗိုလ္ခ်ဳပ္ ေလွသင္းအတြင္းဝန္ ကိုယ္တိုင္က်ဆုံးၿပီး ဆင္က်ဳံးခံတပ္၊ သေျပတန္းခံတပ္နဲ႔ အေစခံ ခံတပ္တို႔လက္နက္ခ်လိုက္ရၿပီ

ျမန္မာ-အဂၤလိပ္စစ္မ်က္ႏွာသုံးခုမွာ ေတာင္ငူစစ္ေၾကာင္းက ဗိုလ္ခ်ဳပ္ေရႊလွံဗိုလ္ရဲ့တပ္ေတြက လြဲရင္က်န္တဲ့တပ္ေတြအားလုံးရွုံးနိမ့္သြားၿပီး ၿဗိတိသၽွေတြ ေဂါဝိန္ဆိပ္ကေနတဆင့္ မႏၲေလးၿမိဳ႕ထဲအထိေရာက္လာၿပီ

ဒါေပမဲ့နန္းေတာ္ေစာင့္တပ္ကလဲထြက္မတိုက္ဘူး ဘုရင့္ကိုယ္ရံေတာ္တပ္ဖြဲ႕လဲထြက္မတိုက္ဘူးမဟာမိတ္ျဖစ္တဲ့ ရွမ္းေစာ္ဘြားေတြရဲ့ ေျမာက္ပိုင္းတပ္မဟာလဲစစ္ကူမလာဘူးနန္းၿမိဳ႕ရိုးတံခါးေတြဖြင့္ထားတယ္ သီေပါဘုရင္ ကိုယ္တိုင္ ၿဗိတိသၽွေခါင္းေဆာင္ ကာနယ္စေလဒင္ကို ဧည့္ခံလိုက္ေသးတယ္

ေဟာမၾကာပါဘူး သီေပါဘုရင္တို႔မိသားစု ၿဗိတိသၽွသေဘၤာေပၚပါသြားတယ္၁၈၈၆ ခု ဇန္နဝါရီလ ၁ ရက္ေန႔ကစတင္ၿပီး ျမန္မာနိုင္ငံကို ၿဗိတိသၽွအင္ပါယာထဲသြတ္သြင္းလိုက္ေၾကာင္း ေၾကျငာတယ္ ဘယ္ေလာက္လြယ္လိုက္သလဲဒီေနရာမွာ သေျပတန္းခံတပ္တို႔ဘာေၾကာင့္လက္နက္ခ်လိုက္သလဲဆိုတာေတာ့အားလုံးသိၿပီး သားျဖစ္မွာပါ။

ဒါေပမဲ့ေမးစရာရွိတာက စစ္ရွုံးေနတာေတာင္သီေပါဘုရင္ဟာ ဘာေၾကာင့္ တျခားေနရာကိုထြက္မေျပးဘဲ မခုခံဘဲအရွုံးေပးလိုက္ရတာလဲ။ဘာလို႔လဲဆိုေတာ့ ကိစၥအားလုံးက ကင္းဝန္မင္းႀကီးရဲ့နိုင္ငံခ်စ္စိတ္အေပၚကိုအသုံးခ်ခဲ့တဲ့ အဂၤလိပ္ေတြေၾကာင့္လို႔ပဲဆိုရမွာပါစစ္ပြဲႀကီးစတင္ေတာ့မယ္ဆိုကတည္းက ကင္းဝန္မင္းႀကီးဟာ စစ္တိုက္ဖို႔လိုလားတဲ့သူမဟုတ္ပါ

ကင္းဝန္မင္းႀကီးရဲ့အျမင္အရ ျမန္မာတပ္ေတြနဲ႔ အဂၤလိပ္တပ္ေတြရဲ့အင္အားအား မိုးနဲ႔ေျမေလာက္ ကြာျခားေနၿပီး တိုက္လဲျမန္မာေတြဘက္က နိုင္မွာမဟုတ္ဘူးဆိုတာကို ရိပ္မိ တာေၾကာင့္ အဂၤလိပ္ေတြေတာင္းဆိုတဲ့အခ်က္ကိုသာ စာခ်ဳပ္ခ်ဳပ္ၿပီး ျပႆနာကိုျမန္ျမန္ ၿပီးဆုံးလိုက္ခ်င္သူပါ

ဒါေပမဲ့ စိတ္ဓာတ္ျပင္းထန္တဲ့တိုင္းတာမင္းႀကီးတို႔ေၾကာင့္ တတိယအဂၤလိပ္ျမန္မာစစ္ပြဲစတင္ခဲ့တယ္လိုဆိုရမွာပါ။ခံတပ္ေတြအဆင့္ဆင့္က်ဆုံးၿပီးတဲ့ ေနာက္မွာေတာ့ ျမန္မာနန္းေတြကေန ပို႔လိုက္တဲ့ေၾကးနန္းတစ္ေစာင္ ေရွ႕တန္းတပ္ေတြဆီ ေရာက္ရွိလာပါတယ္

အဲ့ဒါကေတာ့ ကင္းဝန္မင္းႀကီးေရးတဲ့ “မခုခံရ၊ ခုခံလၽွင္သူပုန္” ဆိုတဲ့ ေၾကးနန္းစာပဲျဖစ္ပါတယ္။ဟုတ္ပါတယ္ ေလွသင္းအတြင္းဝန္ကိုယ္တိုင္က်ဆုံးသြားခဲ့ေပမဲ့ ကင္းဝန္မင္းႀကီးရဲ့အျမင္မွာ အဂၤလိပ္ေတြလိုရာလိုလိုက္ေလၽွာလိုက္ရင္ အသက္ေသဆုံးမွု႔ေတြေလ်ာ့ပါးၿပီး အားလုံးအဆင္ေၿပ သြားမယ္ထင္ခဲ့တာပါ။

ဒါကၿဗိတိသၽွေတြကင္းဝန္မင္းႀကီးကိုေကၽြးခဲ့တဲ့ ဂ်င္းပါ၊ေနာက္ဂ်င္းတစ္ခု က အသက္ငယ္ရြယ္ၿပီး နန္းေတာ္မွာမိဖုရားအုပ္စိုးေနတာကိုမလိုလားတဲ့ ျမန္မာျပည္သူေတြကို ၿဗိတိသၽွေတြေကၽြးခဲ့တဲ့ဂ်င္းပါ၊အဲ့ဒါကေတာ့ သီေပါမင္းကိုနန္းခ်ၿပီး ေညာင္းရမ္းမင္းသားႀကီးကို နန္းတင္ေပးမယ္ဆိုတဲ့ကိစၥပါ။

မႏၲေလးကိုေရာက္တဲ့အခ်ိန္မွာ ၿဗိတိသၽွေတြရဲ့စစ္သေဘၤာဦးမွာ မင္းသားတစ္ပါးကိုထိုင္လၽွက္သားပါလာပါတယ္၊ဒါေပမဲ့ ျမန္မာေတြထင္သလို ေညာင္ရမ္းမင္းသားႀကီးေတာ့မဟုတ္ပါဘူး၊ေညာင္ရမ္းမင္းသားႀကီးနဲ႔႐ုပ္ခ်င္းဆင္တူတဲ့ အဂၤလိပ္အမွုထမ္း ဦးဘသန္းဆိုတဲ့သူပဲျဖစ္ၿပီး ေညာင္ရမ္းမင္းသားႀကီးက အိႏၵိယမွာကြယ္လြန္ သြားခဲ့ပါၿပီ။

ဒီႏွစ္ခ်က္ေၾကာင့္ သီေပါဘုရင္ကိုစိတ္ကုန္ေနတဲ့ ရွမ္းေစာ္ဘြားေတြနဲ႔ အျခားလက္ ေအာက္ခံၿမိဳ႕စား နယ္စားေတြက သီေပါမင္းကိုစစ္ကူေပးခဲ့ျခင္းမရွိတာေၾကာင့္ သီေပါဘုရင္ဟာ ၿဗိတိသၽွေတြကို အင္အား ၃ ေသာင္းခန႔္သာရွိတဲ့ ဘုရင့္အျမဲတမ္းတပ္ဖြဲ႕တစ္ခုတည္းနဲ႔ပဲရင္ဆိုင္ ခဲ့ရၿပီး ဒီအင္အားဟာ ကုန္းေဘာင္မင္းဆက္အစအဆုံးမွာ အင္အားအနည္းဆုံးျဖစ္ပါတယ္။

ခံတပ္ေတြက်ဆုံးၿပီတဲ့အခ်ိန္္မွာ သီေပါဘုရင္ဟာ ပစၥည္းေတြသိမ္းဆည္း မိဖုရားေတြ ကိုယ္ရံေတာ္တပ္ဖြဲ႕ေတြနဲ႔အတူ ေရႊဘိုကို တိတ္တဆိတ္ထြက္ခြာဖို႔ျပင္ဆင္ခဲ့ၿပီး အဲ့ဒိကေနတဆင့္ မဟာမိတ္ရွမ္းေစာ္ဘြားေတြနဲ႔ပူးေပါင္းဖို႔ျပင္ဆင္ခဲ့ပါေသးတယ္။

ဒါေပမဲ့ ၿဗိတိသၽွေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ရင္အဆင္ေျပသြားလိမ့္မယ္လို ထင္ေနေသးတဲ့ ကင္းဝန္မင္းႀကီးဦးေကာင္းနဲ႔ ဆင္ျဖဴမရွင္မိဖုရားေခါင္ႀကီးတို႔က တားျမစ္တဲ့အတြက္ေၾကာင့္ သီေပါဘုရင္ရဲ့ ေရႊဘိုခရီးစဥ္ ပ်က္ခဲ့ရၿပီး ၿဗိတိသၽွေတြနဲ႔ စာခ်ဳပ္ဆိုၿပီးရင္အဆင္ေျပသြားမွာပဲလို႔ ယုံၾကည္ခဲ့တဲ့အတြက္ေၾကာင့္ ကာနယ္စေလဒင္ကိုေတာင္ ဧည့္သည္ေတာ္တစ္ဦးလို ဧည့္ခံခဲ့ၿပီး ၿဗိတိသၽွေတြလိုခ်င္တာက ျမန္မာနိုင္ငံတစ္ခုလုံးဆိုတာကို သိလိုက္ရတဲ့အခ်ိန္မွာေတာ့ ျမန္မာနန္းတြင္းကို ၿဗိတိသၽွတပ္ေတြ ကဝိုင္းထားၿပီးျဖစ္ေနပါၿပီ၊

ဒီလိုနဲ႔ ၁၈၈၅ ခုႏွစ္ နိုဝင္ဘာလ ၂၉ ရက္ေန႔မွာေတာ့ သီေပါဘုရင္နဲ႔ မိသားတစ္စုကို သူရိယစစ္သေဘၤာေပၚကိုဖမ္းေခၚသြားၿပီး မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္တဲ့ ျမန္မာေတြ တန္ျပန္တိုက္ခိုက္မွာစိုးတာေၾကာင့္ ၿဗိတိသၽွေတြဟာ ျမန္မာနိုင္ငံအုပ္ခ်ဳပ္ေရးအဖြဲ႕ကို ကင္းဝန္မင္းႀကီးဦးေဆာင္တဲ့ ေရႊၿမိဳ႕ေတာ္ဝန္(၄)ပါးကိုတာဝန္ေပးခဲ့ပါတယ္။

ဒီအထဲမွာ ေရႊၿမိဳ႕ေတာ္ဝန္တစ္ပါးျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေရႊလွံဗိုလ္တစ္ဦးသာလက္နက္မခ်တာေၾကာင့္ ရခိုင္ကို ဖမ္းဆီးပို႔ေဆာင္ျခင္းခံခဲ့ရၿပီး အျခားေရႊၿမိဳ႕ေတာ္ဝန္ေတြကေတာ့ ယာယီ အုပ္ခ်ဳပ္ေရးအဖြဲ႕မွာ တာဝန္ယူေပးၾကပါတယ္။

ဒီလိုနဲ႔ ၁၈၈၆ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔မွာ ျမန္မာနိုင္ငံကို သိမ္းပိုက္လိုက္ေၾကာင္းေၾကျငာလိုက္ၿပီး အရာအားလုံးခ်ဳပ္ၿငိမ္းသြားပါေတာ့တယ္။

မူရင္း ဦးနတ္ရဲ အားေလးစားစြာ ခရက္ဒစ္ ေပးပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *