“႐ုရွားေရတပ္သည္ ၂၀၂၁ ခုႏွစ္အတြင္း PROJECT 955A BOREI-A အတန္းအစား န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာ ၂ စီးအား တည္ေဆာက္သြားမည္ျဖစ္ျခင္း”

“ရုရှားရေတပ်သည် ၂၀၂၁ ခုနှစ်အတွင်း Project 955A Borei-A အတန်းအစား နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော ၂ စီးအား တည်ဆောက်သွားမည်ဖြစ်ခြင်း”

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ ၂၀၂၁ ခုနှစ် အတွင်း Project 955A Borei-A အတန်းအစား တိုက်ချင်းပစ်ပဲ့ထိန်းဒုံးပျံတင် နျူကလီး ယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၂ စီးအား ဧရာခင်းအခမ်းအနား ပြုလုပ်သွားကာ စတင်တည်ဆောက်သွားရန် အစီအမံများချမှတ်ထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ရေငုပ်သင်္ဘောများသည် ရုရှားရေတပ်၏ မျိုးဆက်သစ် အတန်းအစားများဖြစ်ပြီး မဟာဗျူဟာမြောက်စီမံကိန်းပင် ဖြစ်ကြောင်း သိရှိရပါသည်။ရုရှားရေတပ်အနေဖြင့် ကနဦးတွင် Borei အတန်းအစားအဖြစ် ရေငုပ်သင်္ဘော ၃ စီးအား တည်ဆောက်ကာ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် တပ်တော်ဝင်နိုင်ခဲ့ပါ သည်။

ထို့နောက်တွင် Borei အတန်းအစား ရေငုပ်သင်္ဘောများအဖြစ် ထပ်မံတည် ဆောက်ခြင်းမရှိတော့ဘဲ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများစွာပြုလုပ်ပြီး Project 955A Borei-A အတန်းအစားအဖြစ် ၂၀၁၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ ကာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် နည်းပညာအမြင့်မားဆုံးသော ရေငုပ်သင်္ဘောအဖြစ် တပ်တော်ဝင်နိုင်ခဲ့ကာ မြောက်ပိုင်းစစ်ရေယာဉ်စုတွင် စစ်ဆင်ရေးတာဝန်များအား ထမ်းဆောင်စေခဲ့ပါသည်။

ထို့နောက်တွင် နောက်ထပ် ၄ စီးအား ထပ်မံတည်ဆောက် လာခဲ့ပြီး ဒုတိယမြောက်အစီးအား ရေယာဉ်ကိုယ်ထည်တွဲဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ရေချပွဲပြုလုပ်နိုင်ခဲ့ပါသည်။ ကျန် ၃ စီးအား ရေယာဉ်တည်ဆောက်ရေး လုပ်ငန်းတွင် ရေချနိုင်ရေးအတွက် ဆက်လက် တည်ဆောက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ယခုထွက်ပေါ်လာသည့်သတင်းများ အရ ၂၀၂၁ ခုနှစ်အတွင်း ထပ်မံတည်ဆောက်မည့် ရေငုပ်သင်္ဘော ၂ စီး၏ အမည်များ မှာ Marshal Zhukov နှင့် Marshal Rokossovsk တို့ပင်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါအတန်းအစား ရေငုပ်သင်္ဘောများအား ရုရှားနိုင်ငံအခြေစိုက် Sevmash ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများတွင် တပြိုင်နက်တည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းရေငုပ်သင်္ဘော ၂ စီးအား ရုရှားရေတပ်တွင် တပ်တော် ဝင်နိုင်မည်ဆိုပါက Project 955A Borei-A အတန်းအစား ၇ စီးအထိပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၎င်းတို့သည် အရွယ်အစားအားဖြင့် အလျား ၁၇၀ မီတာ၊ အနံ ၁၃.၅ မီတာ၊ ရေစူး ၁၀ မီတာနှင့် တန်ချိန်ပေါင်း ၂၄,၀၀၀ တန်ရှိကာ ရေအောက် တွင် ၄၅၀ မီတာအထိ ငုပ်လျှိုးနိုင်ပြီး တစ်နာရီလျှင် ၃၀ မိုင်နှုန်းဖြင့် လှုပ်ရှားစစ်ကစားနိုင်ကြောင်း သိရှိရပါသည်။

CRD : Mg Moe

zawgyi

“႐ုရွားေရတပ္သည္ ၂၀၂၁ ခုႏွစ္အတြင္း Project 955A Borei-A အတန္းအစား န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာ ၂ စီးအား တည္ေဆာက္သြားမည္ျဖစ္ျခင္း”

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ ၂၀၂၁ ခုႏွစ္ အတြင္း Project 955A Borei-A အတန္းအစား တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးပ်ံတင္ န်ဴကလီး ယားစြမ္းအင္သုံး ေရငုပ္သေဘၤာ ၂ စီးအား ဧရာခင္းအခမ္းအနား ျပဳလုပ္သြားကာ စတင္တည္ေဆာက္သြားရန္ အစီအမံမ်ားခ်မွတ္ထားၿပီး ျဖစ္ေၾကာင္း သိရွိရပါသည္။

အဆိုပါ ေရငုပ္သေဘၤာမ်ားသည္ ႐ုရွားေရတပ္၏ မ်ိဳးဆက္သစ္ အတန္းအစားမ်ားျဖစ္ၿပီး မဟာဗ်ဴဟာေျမာက္စီမံကိန္းပင္ ျဖစ္ေၾကာင္း သိရွိရပါသည္။

႐ုရွားေရတပ္အေနျဖင့္ ကနဦးတြင္ Borei အတန္းအစားအျဖစ္ ေရငုပ္သေဘၤာ ၃ စီးအား တည္ေဆာက္ကာ ၂၀၁၃ ခုႏွစ္ႏွင့္ ၂၀၁၄ ခုႏွစ္မ်ားတြင္ တပ္ေတာ္ဝင္ႏိုင္ခဲ့ပါ သည္။

ထို႔ေနာက္တြင္ Borei အတန္းအစား ေရငုပ္သေဘၤာမ်ားအျဖစ္ ထပ္မံတည္ ေဆာက္ျခင္းမရွိေတာ့ဘဲ နည္းပညာပိုင္းဆိုင္ရာ အဆင့္ျမႇင့္တင္မႈမ်ားစြာျပဳလုပ္ၿပီး Project 955A Borei-A အတန္းအစားအျဖစ္ ၂၀၁၂ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ ကာ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လတြင္ နည္းပညာအျမင့္မားဆုံးေသာ ေရငုပ္သေဘၤာအျဖစ္ တပ္ေတာ္ဝင္ႏိုင္ခဲ့ကာ ေျမာက္ပိုင္းစစ္ေရယာဥ္စုတြင္ စစ္ဆင္ေရးတာဝန္မ်ားအား ထမ္းေဆာင္ေစခဲ့ပါသည္။

ထို႔ေနာက္တြင္ ေနာက္ထပ္ ၄ စီးအား ထပ္မံတည္ေဆာက္ လာခဲ့ၿပီး ဒုတိယေျမာက္အစီးအား ေရယာဥ္ကိုယ္ထည္တြဲဆက္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ၿပီးစီး၍ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လတြင္ ေရခ်ပြဲျပဳလုပ္ႏိုင္ခဲ့ပါသည္။ က်န္ ၃ စီးအား ေရယာဥ္တည္ေဆာက္ေရး လုပ္ငန္းတြင္ ေရခ်ႏိုင္ေရးအတြက္ ဆက္လက္ တည္ေဆာက္လ်က္ရွိေၾကာင္း ေတြ႕ရွိရပါသည္။

ယခုထြက္ေပၚလာသည့္သတင္းမ်ား အရ ၂၀၂၁ ခုႏွစ္အတြင္း ထပ္မံတည္ေဆာက္မည့္ ေရငုပ္သေဘၤာ ၂ စီး၏ အမည္မ်ား မွာ Marshal Zhukov ႏွင့္ Marshal Rokossovsk တို႔ပင္ျဖစ္ေၾကာင္း သိရွိရပါသည္။ အဆိုပါအတန္းအစား ေရငုပ္သေဘၤာမ်ားအား ႐ုရွားႏိုင္ငံအေျခစိုက္ Sevmash ေရယာဥ္တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ တၿပိဳင္နက္တည္း တည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း သိရွိရပါသည္။

၎ေရငုပ္သေဘၤာ ၂ စီးအား ႐ုရွားေရတပ္တြင္ တပ္ေတာ္ ဝင္ႏိုင္မည္ဆိုပါက Project 955A Borei-A အတန္းအစား ၇ စီးအထိပိုင္ဆိုင္ႏိုင္မည္ ျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္။ ၎တို႔သည္ အ႐ြယ္အစားအားျဖင့္ အလ်ား ၁၇၀ မီတာ၊ အနံ ၁၃.၅ မီတာ၊ ေရစူး ၁၀ မီတာႏွင့္ တန္ခ်ိန္ေပါင္း ၂၄,၀၀၀ တန္ရွိကာ ေရေအာက္ တြင္ ၄၅၀ မီတာအထိ ငုပ္လွ်ိဳးႏိုင္ၿပီး တစ္နာရီလွ်င္ ၃၀ မိုင္ႏႈန္းျဖင့္ လႈပ္ရွားစစ္ကစားႏိုင္ေၾကာင္း သိရွိရပါသည္။

CRD : Mg Moe

Leave a Reply

Your email address will not be published. Required fields are marked *