သတ္ပုံမွားေနဆဲ ျဖစ္တဲ့ ကိုဗစ္နဲ႔ ဗီဇေျပာင္းလဲလာျခင္း အေနအထား(အခုေပၚေနတဲ့ ကာကြယ္ေဆးေတြ အလုပ္မွ ျဖစ္ပါ့မလား)

အဂၤလန္က ဘင္သံၾကားရေတာ့ ဒီမွာ ထိုင္ရမလို-ထ,ရမလို။ သူတို႔ဆီမယ္ ကိုဗစ္မ်ိဳးကြဲအသစ္က ကူးစက္တာေတြ မ်ားလို႔ ေဖေဖာ္ဝါရီလ လယ္အထိ ေလာ့ေဒါင္းေတြခ်မယ္ဆိုတာကိုး။ ဒီၾကားထဲ ေတာင္အာဖရိက မွာ မ်ိဳးကြဲတစ္ခု၊ ႏိုင္ဂ်ီးရီးယားမွာ မ်ိဳးကြဲတစ္ခု – ဆိုျပန္ေတာ့ ကိုဗစ္ႀကီးက တစ္ႏွစ္အတြင္း အေျပာင္းအလဲျမန္လွခ်ည့္။ အခုေပၚေနတဲ့ ကာကြယ္ေဆးေတြ အလုပ္မွ ျဖစ္ပါ့မလားလို႔ ေတြးခ်င္စရာ …။ ဒီကိုဗစ္ မ်ိဳးကြဲသစ္က ဒုကၡပိုေပးမွာလားလို႔ ပူခ်င္စရာ …။

(၁) ဗိုင္းရပ္စ္သဘာဝက ဒီလိုလား?

မွန္ပ။ ဘယ္ဗိုင္းရပ္စ္ျဖစ္ျဖစ္ အခ်ိန္နဲ႔အမွ် မ်ိဳးကြဲေတြ ေျပာင္းတတ္တာခ်ည္း။သူတို႔သဘာဝ အဲ့သလိုေျပာင္းလဲေနမွ ရွင္သန္ႏိုင္ၾကတာ။ သို႔ေပတဲ့ တခ်ိဳ႕ဗိုင္းရပ္စ္က အေျပာင္းအလဲျမန္လဲျမန္တယ္။ စြမ္းလဲပိုစြမ္းလာတတ္တယ္။ တခ်ိဳ႕ဗိုင္းရပ္စ္က်ေတာ့ အေျပာင္းအလဲေတာ့ ျမန္ပါရဲ႕။ အစြမ္းေတာ့က်သြားတတ္တယ္။ အခုကိုဗစ္မ်ိဳးကြဲကေတာ့ အစြမ္းဘယ္လိုလာမယ္ မသိေသးဘူး။ ကူးတာျမန္တဲ့သေဘာေတာ့ ေတြ႕ရတယ္။

(၂) ဘာလဲ မ်ိဳးကြဲ ဗီဇ ဆိုတာ?

Mutation လို႔ေခၚၾကတာေပါ့။ ပမာနဲ႔ေျပာမယ္။

ကိုဗစ္ဆိုတဲ့ ဗိုင္းရပ္စ္အေၾကာင္းကို စာနဲ႔ေရးမယ္ဆိုရင္ စာလုံးေရ ၃၀၀၀၀ ေလာက္ရွိတဲ့ စာတစ္ပုဒ္လိုမယ္ဆိုပါစို႔။ ခင္ဗ်ားကို အဲ့သလိုစာလုံးေရ ၃၀၀၀၀- ေလာက္ စာ႐ိုက္ခိုင္းရင္ စာလုံးေပါင္းမွားတဲ့ေနရာ တစ္ေနရာမဟုတ္ တစ္ေနရာပါမယ္ ။ အက်င့္မရွိရင္ ဒီ့ထက္ပိုမ်ားႏိုင္တယ္။ စာလုံးေပါင္း(သတ္ပုံ)က စာတစ္ပုဒ္လုံးကို အဓိပၸါယ္မေျပာင္းႏိုင္ပါဘူး။ ဒါေပမဲ့ တခ်ိဳ႕စာေၾကာင္းေတြကိုေတာ့ အဓိပၸါယ္ ေျပာင္းေစႏိုင္တယ္။ အေရးႀကီးတဲ့ စာေၾကာင္းဆိုရင္ေတာ့ ပိုဆိုးတာေပါ့။

ကိုဗစ္ဗိုင္းရပ္စ္ကလည္း အဲ့လိုပဲေပါ့။ သူက လူ႔ဆဲလ္ထဲဝင္လာၿပီး သူ႔ကိုယ္ပြားေတြ ထုတ္ေပးဖို႔ ၫႊန္ၾကားတာပဲ။ အဲ့သလိုၫႊန္ၾကားတဲ့အခါ တခ်ိဳ႕စာလုံးေပါင္းေလးေတြ လြဲတယ္။ ဒါေပသိ ဗိုင္းရပ္စ္မွာ သိသိသာသာေျပာင္းသြားတာမ်ိဳး ျဖစ္ခ်င္မွျဖစ္တာ။ တခ်ိဳ႕ စာလုံးေပါင္းေတြမွားရင္ေတာ့ အေျပာင္းအလဲက ႀကီးႏိုင္တယ္။

ဒါ့ေၾကာင့္ သိပၸံပညာရွင္ေတြက ကိုဗစ္ဗိုင္းရပ္စ္ရဲ႕ -သတ္ပုံအမွား- ေတြကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနၾကတာပါ။ အဲ့သလိုေစာင့္ၾကည့္ေနလို႔လဲ အခုလို အခ်ိန္နဲ႔ တစ္ေျပးညီ ေျပာင္းလဲေနတဲ့ သတ္ပုံအမွားေတြ ( mutation) ကို ထုတ္ျပန္ေနႏိုင္ေနၾကတာေပါ့။

Nay Win

Unicode

အင်္ဂလန်က ဘင်သံကြားရတော့ ဒီမှာ ထိုင်ရမလို-ထ,ရမလို။ သူတို့ဆီမယ် ကိုဗစ်မျိုးကွဲအသစ်က ကူးစက်တာတွေ များလို့ ဖေဖော်ဝါရီလ လယ်အထိ လော့ဒေါင်းတွေချမယ်ဆိုတာကိုး။ ဒီကြားထဲ တောင်အာဖရိက မှာ မျိုးကွဲတစ်ခု၊ နိုင်ဂျီးရီးယားမှာ မျိုးကွဲတစ်ခု – ဆိုပြန်တော့ ကိုဗစ်ကြီးက တစ်နှစ်အတွင်း အပြောင်းအလဲမြန်လှချည့်။ အခုပေါ်နေတဲ့ ကာကွယ်ဆေးတွေ အလုပ်မှ ဖြစ်ပါ့မလားလို့ တွေးချင်စရာ …။ ဒီကိုဗစ် မျိုးကွဲသစ်က ဒုက္ခပိုပေးမှာလားလို့ ပူချင်စရာ …။

(၁) ဗိုင်းရပ်စ်သဘာဝက ဒီလိုလား?

မှန်ပ။ ဘယ်ဗိုင်းရပ်စ်ဖြစ်ဖြစ် အချိန်နဲ့အမျှ မျိုးကွဲတွေ ပြောင်းတတ်တာချည်း။သူတို့သဘာဝ အဲ့သလိုပြောင်းလဲနေမှ ရှင်သန်နိုင်ကြတာ။ သို့ပေတဲ့ တချို့ဗိုင်းရပ်စ်က အပြောင်းအလဲမြန်လဲမြန်တယ်။ စွမ်းလဲပိုစွမ်းလာတတ်တယ်။ တချို့ဗိုင်းရပ်စ်ကျတော့ အပြောင်းအလဲတော့ မြန်ပါရဲ့။ အစွမ်းတော့ကျသွားတတ်တယ်။ အခုကိုဗစ်မျိုးကွဲကတော့ အစွမ်းဘယ်လိုလာမယ် မသိသေးဘူး။ ကူးတာမြန်တဲ့သဘောတော့ တွေ့ရတယ်။

(၂) ဘာလဲ မျိုးကွဲ ဗီဇ ဆိုတာ?

Mutation လို့ခေါ်ကြတာပေါ့။ ပမာနဲ့ပြောမယ်။

ကိုဗစ်ဆိုတဲ့ ဗိုင်းရပ်စ်အကြောင်းကို စာနဲ့ရေးမယ်ဆိုရင် စာလုံးရေ ၃၀၀၀၀ လောက်ရှိတဲ့ စာတစ်ပုဒ်လိုမယ်ဆိုပါစို့။ ခင်ဗျားကို အဲ့သလိုစာလုံးရေ ၃၀၀၀၀- လောက် စာရိုက်ခိုင်းရင် စာလုံးပေါင်းမှားတဲ့နေရာ တစ်နေရာမဟုတ် တစ်နေရာပါမယ် ။ အကျင့်မရှိရင် ဒီ့ထက်ပိုများနိုင်တယ်။ စာလုံးပေါင်း(သတ်ပုံ)က စာတစ်ပုဒ်လုံးကို အဓိပ္ပါယ်မပြောင်းနိုင်ပါဘူး။ ဒါပေမဲ့ တချို့စာကြောင်းတွေကိုတော့ အဓိပ္ပါယ် ပြောင်းစေနိုင်တယ်။ အရေးကြီးတဲ့ စာကြောင်းဆိုရင်တော့ ပိုဆိုးတာပေါ့။

ကိုဗစ်ဗိုင်းရပ်စ်ကလည်း အဲ့လိုပဲပေါ့။ သူက လူ့ဆဲလ်ထဲဝင်လာပြီး သူ့ကိုယ်ပွားတွေ ထုတ်ပေးဖို့ ညွှန်ကြားတာပဲ။ အဲ့သလိုညွှန်ကြားတဲ့အခါ တချို့စာလုံးပေါင်းလေးတွေ လွဲတယ်။ ဒါပေသိ ဗိုင်းရပ်စ်မှာ သိသိသာသာပြောင်းသွားတာမျိုး ဖြစ်ချင်မှဖြစ်တာ။ တချို့ စာလုံးပေါင်းတွေမှားရင်တော့ အပြောင်းအလဲက ကြီးနိုင်တယ်။

ဒါ့ကြောင့် သိပ္ပံပညာရှင်တွေက ကိုဗစ်ဗိုင်းရပ်စ်ရဲ့ -သတ်ပုံအမှား- တွေကို မျက်ခြေမပြတ် စောင့်ကြည့်နေကြတာပါ။ အဲ့သလိုစောင့်ကြည့်နေလို့လဲ အခုလို အချိန်နဲ့ တစ်ပြေးညီ ပြောင်းလဲနေတဲ့ သတ်ပုံအမှားတွေ ( mutation) ကို ထုတ်ပြန်နေနိုင်နေကြတာပေါ့။

Nay Win

Leave a Reply

Your email address will not be published. Required fields are marked *