အစည္းအေဝး ပုံမွန္ ျပန္လည္စတင္ထရန႔္ ေထာ က္ခံသူ လူအုပ္ႀကီးသည္ အေမရိ ကန္ ၏ ဒီမိုကေရစီ ခံတပ္ႀကီး အား နာရီပိုင္းခန႔္ၾကာေအာင္ ေခတၱ ထိန္းသိမ္းႏိုင္ခဲ့ၿပီး ျပစ္ခတ္မႉမ်ား ျဖစ္ပြားခဲ့ရာမွ အမ်ိဳးသမီးတဦး ေသဆုံးသြားခဲ့ရၿပီးေ နာက္ ပုံမွန္ ျပန္ လည္ စတင္ႏိုင္ခဲ့ၿပီ ျဖစ္သျဖင့္ ညအခ်ိန္ေရာက္ေနၿပီ ျဖစ္ေသာ္လည္း ဆက္လက္ ျပဳလုပ္ေနဆဲ ျဖစ္ပါတယ္။
ဒုသမၷတ မိုက္ပင့္စ္က အေမရိကန္ သမိုင္းတြင္ အေမွာင္ဖုံးလႊမ္းခဲ့ေသာ ေန႔တေန႔အျဖစ္ ေျပာဆိုလိုက္ပါတယ္။ အၾကမ္းဖက္မႈ ျဖင့္ မည္သည့္ အခါမွ် အႏိုင္ရႏိုင္စရာမရွိ၊ လြတ္လပ္ျခင္းတရားျဖင့္သာ ေအာင္ျမင္ရာ၏ လို႔ ေျပာဆိုခဲ့ပါတယ္။
ကက္ပီတို အေဆာက္အအုံကို ဝါရွင္တန္စံေတာ္ခ်ိန္ ညေန ၅:၄၀ မွာ ျပန္လည္ထိန္းခ်ဳပ္ႏိုင္လိုက္ၿပီ ျဖစ္တယ္လို႔ ကြန္ဂရက္၏ လုံၿခဳံေရး အႀကီးအကဲက တရားဝင္ ထုတ္ျပန္ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ဝါရွင္တန္ ၿမိဳ႕ေတာ္ဝန္ မွ ညေန ၆ နာရီမွမနက္ ၆ နာရီ အထိ ညမထြက္ရ အမိန႔္ကိုထုတ္ျပန္လိုက္ၿပီး အမ်ိဳးသား အေစာင့္တပ္ ၁,၁၀၀ ကို ေခၚယူ တပ္ျဖန႔္ခ်ထားခဲ့ပါတယ္။
ေန႔လည္ ၂:၁၅ မွာ ႐ုတ္႐ုတ္သဲသဲ စတင္ျဖစ္ပြားခဲ့ၿပီး ေ႐ြးေကာက္ပြဲ ရလဒ္ကို ေၾကညာေနတဲ့ ဒုသမၼတ မိုက္ပင့္စ္ကိုလုံၿခဳံရာ ဥမင္လႈိဏ္ေခါင္းထဲ ေခၚသြားခဲ့ရပါတယ္။ ကက္ပီတိုေရွ႕ လုံၿခဳံေရးအတားအဆီးေတြကို အတင္းျဖတ္ေက်ာ္ၿပီး လူအုပ္ႀကီးက ဝင္ေရာက္လာကာ ဒုသမၼတ ရွိရာ စင္ျမင့္အထိပင္ ေရာက္ရွိ
လာႏိုင္ခဲ့တာမို႔ မ်က္ရည္ယိုဗုံးေတြ အသုံးျပဳခဲ့ရၿပီး အမတ္ေတြက ကိုယ့္ကိုကိုယ္ကာကြယ္ဖို႔ ပရိေဘာဂေတြ ႐ိုက္ခ်ိဳးၿပီးလက္နက္ အျဖစ္ ကိုင္ေဆာင္ထားရတဲ့အထိ ျဖစ္ခဲ့ပါတယ္။
ထရန႔္ မွ တြစ္တာကေန အားေပးေနတာေၾကာင့္ သူ၏ အေကာင့္ကို ခ်က္ျခင္းလိုပိတ္ျပစ္ခံခဲ့ရပါတယ္။လက္ရွိ ျဖစ္ရပ္အတြက္ သမၼတ ထရန႔္မွာလုံးဝ တာဝန္ရွိေၾကာင္း သူ႔ကို ယခင္ကေထာက္ခံခဲ့သူ မ်ား အပါအဝင္ အားလုံးက တညီတၫြတ္တည္း ေျပာဆိုရႈံ႕ခ်လိုက္ၾကၿပီ ျဖစ္တဲ့ အတြက္ ထရန႔္ အဖို႔ လုံးဝအေရးနိမ့္သြားခဲ့ရၿပီ ျဖစ္ပါတယ္။
ကက္ပီတိုကို သြားေရာက္ဆႏၵျပဖို႔ သူရဲ႕ေထာက္ခံသူမ်ားကို အိမ္ျဖဴ ေတာ္ေရွ႕ထြက္ၿပီး ထရန႔္က ကိုယ္တိုင္ကိုယ္က်တိုက္တြန္းခဲ့ပါတယ္၊ အေျခအေနေတြ ထိန္းမႏိုင္ သိမ္းမရ ျဖစ္လာခ်ိန္ ညေန ၄ နာရီ မွာ သမၼတေလာင္းဘိုင္ဒင္ အပါအဝင္ သူ႔ကိုေထာက္ခံသူမ်ားက ေၾကညာခ်က္ ထုတ္ၿပီး တားျမစ္ဖို႔ ဝိုင္းဝန္း ေျပာဆိုၾကတဲ့ အတြက္ တြစ္တာကေန အိမ္ျပန္ၾကဖို႔ ထရန႔္ က “GO HOME, WE LOVE YOU” လို႔ ေရးသားခဲ့ပါတယ္။
ဒီလိုမ်ိဳး အျဖစ္အပ်က္ေတြက ေတာင္အေမရိက နဲ႔ အာဖရိက တိုက္ ႏိုင္ငံမ်ားမွာ သာ ျဖစ္တတ္ၿပီး အေမရိကန္မွာ ဒါမ်ိဳးလာလုပ္လို႔ မရဘူးလို႔ သမၷတေဟာင္းေဂ်ာ့ခ္် ဘြတ္ရွ္ က ျပင္းထန္တဲ့ စကားလုံးေတြသုံးၿပီး ရႈတ္ခ်ခဲ့ပါတယ္။
ထရန႔္ရဲ႕ အမာခံ တဦးျဖစ္တဲ့ အိမ္ျဖဴေတာ္ ဆက္သြယ္ေရး ၫြန္ၾကားေရးမႉးအယ္လီရွာ ဖာရာက တြစ္ဝာာကေန”ELECTION WAS NOT STOLEN, WE LOST” လို႔ ပို႔စ္ တင္ၿပီး ထရန႔္ ေထာက္ခံသူေတြကို ေရွ႕ဆက္ မတိုးဖို႔ ဟန႔္တားခဲ့ရပါတယ္။ဝါရွင္တန္ရွိ ၿမိဳ႕ျပအဖြဲ႕အစည္းမ်ား၊ စီးပြားေရး လုပ္ငန္းရွင္မ်ားနဲ႔ ဥပေဒျပဳ
အမတ္ အခ်ိဳ႕က ဒုသမၼတ မိုက္ပင့္စ္အား ဖြဲ႕စည္းပုံ အပိုဒ္ ၂၅ ကိုသုံးၿပီး ထရန႔္ ကို ခ်က္ျခင္းဖယ္ရွားဖို႔ေတာင္းဆိုလာၾကပါတယ္။
ယခုအခါ ေဂ်ာ္ဂ်ီယာ ျပည္နယ္ အထက္လႊတ္ေတာ္ အမတ္ ေ႐ြးေကာက္ပြဲတြင္ဒီမိုကရက္မ်ားက ႏွစ္ေနရာစလုံးတြင္ အႏိုင္ရရွိသြားၿပီ ျဖစ္တဲ့အတြက္ ေအာက္လႊတ္ေတာ္ ႏွင့္ အထက္လႊတ္ေတာ္ ႏွစ္ရပ္စလုံးကို ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ထိုသို႔ လႊတ္ေတာ္ ႏွစ္ရပ္ေပါင္းကို ပါတီတခုတည္းက ထိန္းခ်ဳပ္ႏိုင္ခဲ့ဝာာ ၁၈၉၂ မွာ တႀကိမ္သာ ျဖစ္ခဲ့ဖူးတာမို႔ ဒီမိုကရက္ေတြ အဖို႔ ထရန႔္ကိုေတာင္ ေက်းဇူးတင္သင့္လွပါတယ္။
ေဒၚနယ္ထရန႔္ အဖို႔ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ အျဖစ္ ေ႐ြးေကာက္ပြဲ ရလဒ္ကို ဒုသမၼတ က ပယ္ဖ်က္ေပးလိမ့္မယ္လို႔ တြက္ဆ ထားခဲ့ေသာ္လည္း မိုက္ပင့္စ္က သူသည္ ဖြဲ႕စည္းပုံ ကို လိုက္နာသြားမယ္လို႔ ေၾက ညာခ်က္ ထုတ္အၿပီးမွာကက္ပီတိုကို ခ်ီတက္ အၾကမ္းဖက္ၾကဖို႔သူ႔လူမ်ားကို ထရန႔္က အခ်က္ျပလိုက္တာပဲ ျဖစ္ပါတယ္။
ဒီအတြက္ အေမရိကန္ သမိုင္းမွာ အ႐ုပ္ဆိုးအက်ည္းတန္ဆုံး ျဖစ္ရပ္ႀကီး ျဖစ္ပြားခဲ့ပါတယ္၊ ဒီျဖစ္ရပ္အေပၚ ရီပတ္ဘလီကင္အထက္လႊတ္ေတာ္ အမတ္ မစ္ခ္် ႐ိုမီ က”ဒီလို လူမ်ိဳးကို မဲေပးခဲ့တဲ့ ခင္ဗ်ားတို႔အခု ျဖစ္ခဲ့တာကိုသာ ၾကည့္ေတာ့” ဟုထုတ္ေဖၚေျပာဆိုခဲ့ပါတယ္။
ကိုးကား၊။ ၊။ The New York Times
CRD – Hla
Hla Soewai
Unicode
အစည်းအဝေး ပုံမှန် ပြန်လည်စတင်ထရန့် ထောက်ခံသူ လူအုပ်ကြီးသည် အမေရိကန် ၏ ဒီမိုကရေစီ ခံတပ်ကြီး အား နာရီပိုင်းခန့်ကြာအောင် ခေတ္တ ထိန်းသိမ်းနိုင်ခဲ့ပြီး ပြစ်ခတ်မှူများ ဖြစ်ပွားခဲ့ရာမှ အမျိုးသမီးတဦး သေဆုံးသွားခဲ့ရပြီးေ နာက် ပုံမှန် ပြန် လည် စတင်နိုင်ခဲ့ပြီ ဖြစ်သဖြင့် ညအချိန်ရောက်နေပြီ ဖြစ်သော်လည်း ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
ဒုသမ္နတ မိုက်ပင့်စ်က အမေရိကန် သမိုင်းတွင် အမှောင်ဖုံးလွှမ်းခဲ့သော နေ့တနေ့အဖြစ် ပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်မှု ဖြင့် မည်သည့် အခါမျှ အနိုင်ရနိုင်စရာမရှိ၊ လွတ်လပ်ခြင်းတရားဖြင့်သာ အောင်မြင်ရာ၏ လို့ ပြောဆိုခဲ့ပါတယ်။
ကက်ပီတို အဆောက်အအုံကို ဝါရှင်တန်စံတော်ချိန် ညနေ ၅:၄၀ မှာ ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်တယ်လို့ ကွန်ဂရက်၏ လုံခြုံရေး အကြီးအကဲက တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ဝါရှင်တန် မြို့တော်ဝန် မှ ညနေ ၆ နာရီမှမနက် ၆ နာရီ အထိ ညမထွက်ရ အမိန့်ကိုထုတ်ပြန်လိုက်ပြီး အမျိုးသား အစောင့်တပ် ၁,၁၀၀ ကို ခေါ်ယူ တပ်ဖြန့်ချထားခဲ့ပါတယ်။
နေ့လည် ၂:၁၅ မှာ ရုတ်ရုတ်သဲသဲ စတင်ဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်ကို ကြေညာနေတဲ့ ဒုသမ္မတ မိုက်ပင့်စ်ကိုလုံခြုံရာ ဥမင်လှိုဏ်ခေါင်းထဲ ခေါ်သွားခဲ့ရပါတယ်။ ကက်ပီတိုရှေ့ လုံခြုံရေးအတားအဆီးတွေကို အတင်းဖြတ်ကျော်ပြီး လူအုပ်ကြီးက ဝင်ရောက်လာကာ ဒုသမ္မတ ရှိရာ စင်မြင့်အထိပင် ရောက်ရှိ
လာနိုင်ခဲ့တာမို့ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ရပြီး အမတ်တွေက ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ပရိဘောဂတွေ ရိုက်ချိုးပြီးလက်နက် အဖြစ် ကိုင်ဆောင်ထားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ထရန့် မှ တွစ်တာကနေ အားပေးနေတာကြောင့် သူ၏ အကောင့်ကို ချက်ခြင်းလိုပိတ်ပြစ်ခံခဲ့ရပါတယ်။လက်ရှိ ဖြစ်ရပ်အတွက် သမ္မတ ထရန့်မှာလုံးဝ တာဝန်ရှိကြောင်း သူ့ကို ယခင်ကထောက်ခံခဲ့သူ များ အပါအဝင် အားလုံးက တညီတညွတ်တည်း ပြောဆိုရှုံ့ချလိုက်ကြပြီ ဖြစ်တဲ့ အတွက် ထရန့် အဖို့ လုံးဝအရေးနိမ့်သွားခဲ့ရပြီ ဖြစ်ပါတယ်။
ကက်ပီတိုကို သွားရောက်ဆန္ဒပြဖို့ သူရဲ့ထောက်ခံသူများကို အိမ်ဖြူ တော်ရှေ့ထွက်ပြီး ထရန့်က ကိုယ်တိုင်ကိုယ်ကျတိုက်တွန်းခဲ့ပါတယ်၊ အခြေအနေတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာချိန် ညနေ ၄ နာရီ မှာ သမ္မတလောင်းဘိုင်ဒင် အပါအဝင် သူ့ကိုထောက်ခံသူများက ကြေညာချက် ထုတ်ပြီး တားမြစ်ဖို့ ဝိုင်းဝန်း ပြောဆိုကြတဲ့ အတွက် တွစ်တာကနေ အိမ်ပြန်ကြဖို့ ထရန့် က “GO HOME, WE LOVE YOU” လို့ ရေးသားခဲ့ပါတယ်။
ဒီလိုမျိုး အဖြစ်အပျက်တွေက တောင်အမေရိက နဲ့ အာဖရိက တိုက် နိုင်ငံများမှာ သာ ဖြစ်တတ်ပြီး အမေရိကန်မှာ ဒါမျိုးလာလုပ်လို့ မရဘူးလို့ သမ္နတဟောင်းဂျော့ခ်ျ ဘွတ်ရှ် က ပြင်းထန်တဲ့ စကားလုံးတွေသုံးပြီး ရှုတ်ချခဲ့ပါတယ်။
ထရန့်ရဲ့ အမာခံ တဦးဖြစ်တဲ့ အိမ်ဖြူတော် ဆက်သွယ်ရေး ညွန်ကြားရေးမှူးအယ်လီရှာ ဖာရာက တွစ်ဝာာကနေ”ELECTION WAS NOT STOLEN, WE LOST” လို့ ပို့စ် တင်ပြီး ထရန့် ထောက်ခံသူတွေကို ရှေ့ဆက် မတိုးဖို့ ဟန့်တားခဲ့ရပါတယ်။ဝါရှင်တန်ရှိ မြို့ပြအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များနဲ့ ဥပဒေပြု
အမတ် အချို့က ဒုသမ္မတ မိုက်ပင့်စ်အား ဖွဲ့စည်းပုံ အပိုဒ် ၂၅ ကိုသုံးပြီး ထရန့် ကို ချက်ခြင်းဖယ်ရှားဖို့
တောင်းဆိုလာကြပါတယ်။
ယခုအခါ ဂျော်ဂျီယာ ပြည်နယ် အထက်လွှတ်တော် အမတ် ရွေးကောက်ပွဲတွင်ဒီမိုကရက်များက နှစ်နေရာစလုံးတွင် အနိုင်ရရှိသွားပြီ ဖြစ်တဲ့အတွက် အောက်လွှတ်တော် နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ထိုသို့ လွှတ်တော် နှစ်ရပ်ပေါင်းကို ပါတီတခုတည်းက ထိန်းချုပ်နိုင်ခဲ့ဝာာ ၁၈၉၂ မှာ တကြိမ်သာ ဖြစ်ခဲ့ဖူးတာမို့ ဒီမိုကရက်တွေ အဖို့ ထရန့်ကိုတောင် ကျေးဇူးတင်သင့်လှပါတယ်။
ဒေါ်နယ်ထရန့် အဖို့ နောက်ဆုံးမျှော်လင့်ချက် အဖြစ် ရွေးကောက်ပွဲ ရလဒ်ကို ဒုသမ္မတ က ပယ်ဖျက်ပေးလိမ့်မယ်လို့ တွက်ဆ ထားခဲ့သော်လည်း မိုက်ပင့်စ်က သူသည် ဖွဲ့စည်းပုံ ကို လိုက်နာသွားမယ်လို့ ကြေ ညာချက် ထုတ်အပြီးမှာကက်ပီတိုကို ချီတက် အကြမ်းဖက်ကြဖို့သူ့လူများကို ထရန့်က အချက်ပြလိုက်တာပဲ ဖြစ်ပါတယ်။
ဒီအတွက် အမေရိကန် သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်ဆုံး ဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ပါတယ်၊ ဒီဖြစ်ရပ်အပေါ် ရီပတ်ဘလီကင်အထက်လွှတ်တော် အမတ် မစ်ခ်ျ ရိုမီ က”ဒီလို လူမျိုးကို မဲပေးခဲ့တဲ့ ခင်ဗျားတို့အခု ဖြစ်ခဲ့တာကိုသာ ကြည့်တော့” ဟုထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
ကိုးကား၊။ ၊။ The New York Times
CRD – Hla
Hla Soewai