Photo – YGN – Police
CRD – PeopleMedia
Unicode
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ လုံခြုံရေးအတားအဆီးများကို ဖြတ်ကျော်လာပြီး ရွှေပြည်သာရှိ နေအိမ်နှစ်လုံး၌ နေထိုင်နေသည့် ဘင်္ဂါလီ(၉၉)ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်၌ ရွှေပြည်သာမြို့ အမှတ် ၈ ရပ်ကွက်၌ မသင်္ကာဖွယ် သွားလာနေသူတစ်ဦးကို တွေ့ရှိရာ၌ ခေါ်ယူစစ်ဆေးရာ၌ အဆိုပါ ဘင်္ဂါလီ ၉၉ ယောက် နေထိုင်သည့် နေအိမ် နှစ်လုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရွှေပြည်သာမြို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြပြောဆိုပါတယ်။
ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီများသည် ရွှေပြည်သာမြို့ အမှတ်(၁)ရပ်ကွက်နှင့်(၂)ရက်ကွက်ရှိ နေအိမ်နှစ်လုံး၌ နေထိုင်နေကြခြင်းဖြစ်ပြီး မ(၇၃)ယောက်၊ ကျား(၂၉)ယောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
လက်ရှိအချိန်၌ ၎င်းတို့ကို ရွှေပြည်သာမြို့နယ်ရှိ ကွန်ပြူတာတက္ကသိုလ်၌ ကန့်သတ်ထားရှိပြီး COVID-19 ရှိ/မရှိ စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။ ဘင်္ဂါလီများကို ခေါ်ဆောင်လာလည့် တရားခံကွင်းဆက်ကို စုံစမ်းနေပြီး စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက် နေကြောင်း သိရပါတယ်။
Photo – YGN – Police
CRD – PeopleMedia