ဒေါ်နယ်ထရန့် ကို သမ္မတအဖြစ်မှ ဖယ် ရှားနိုင်ရန် Amendment XXVကို အစိုးရအဖွဲ့ ဝင်များဆွေးနွေး
Amendment XXV တွင် အမေရိကန်သမ္မတအနေဖြင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအရ ၄င်း၏တာဝန်ကို ထမ်းဆောင်နိုင်သည့်အခြေအနေတွင် မရှိပါက ၄င်းကိုဖယ်ရှားကာ အမေရိကန်၏ဒုတိယသမ္မတဖြစ် သူက သမ္မတအဖြစ် ကာလတို (ယာယီ)တာဝန်ယူရမည်ဟု ပါရှိသည်။
25thAmendmentကို အသုံးချနိုင်ရေးအတွက် အမေ ရိကန်အစိုးရအဖွဲ့ အတွင်း၌ စတင်ဆွေးနွေးနေကြပြီဟု CBS မှ ဂျာနယ်လစ်များကလည်း ၄င်းတို့ ၏ လူမှူကွန်ရက်များမှတစ်ဆင့် ရေးသားဖော်ပြနေကြသည်။
ထရန့် က ၄င်းကို ထောက်ခံသူများအား အိမ်ပြန်ရန် Twitter မှဗီဒီယိုဖိုင်ဖြင့် တိုက်တွန်းပြောကြားခဲ့သေး သော်လည်း “ရွေးကောက်ပွဲတွင် ၄င်းကသာ သောင် ပြိုကမ်းပြိုအနိုင်ရခဲ့သည်ဆိုသည်ကို အားလုံးသိထားခြင်း၊ အနိုင်ရလဒ်ကို ခိုးယူခံလိုက်ရခြင်း” စသည့် ပြောကြားမှုများက အခြေအနေကို ပိုဆိုးစေနိုင်သည် ဟူသောဝေဖန်မှုများ ရှိခဲ့သလို ဒေါ်နယ်ထရန့် ၏ အကောင့်များကိုလည်း Facebook နှင့် Twitter က ယာယီ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
ဝါရှင်တန်ဒီစီ၏ရဲတပ်ဖွဲ့ အကြီးအကဲ Robert Contee ၏အတည်ပြုချက်အရ Capitolကျူးကျော်မှု ဖြစ်စဉ်တွင် အမျိုးသမီး ၁ ဦးအပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးခဲ့သည်ဟု AP သတင်းဌာနက ၄င်းတို့ ၏ Live သတင်းတင်ဆက်မှုတွင် ဖော်ပြခဲ့သည်။
Refး CNBC ,CBS ,CNN ,AP
The Ladies News
Unicode
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။Facebook နှင့် Twitter က ဒေါ်နယ်ထရန့်၏ အကောင့်များကို ယာယီအသုံးပြုခွင့် ပိတ်ပင်ထား Capitol ကျူ းကျော်မှု ဖြစ်စဉ်တွင် ၄ ဦးသေဆုံး
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို အားပေးထောက်ခံသူများက ဝါရှင်တန်ဒီစီရှိ Capitol ကို ဝင်ရောက် ကျူးကျော်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် အ မေရိကန်အစိုးရအဖွဲ့ဝင်များက ဒေါ်နယ်ထရန့်ကို သမ္မတအဖြစ်မှဖယ်ရှားရန် စဉ်းစားဆွေးနွေးနေကြပြီဟု သိရသည်။
ထိုကဲ့သို့ဖယ်ရှားနိုင်ရေးအတွက် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေမှ 25th Amendment(Amendment XXV)ကိုအသုံးပြုရန် စဉ်းစားနေကြသည်ဟုဆိုသည်။
Amendment XXV တွင် အမေရိကန်သမ္မတအနေဖြင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအရ ၎င်း၏တာဝန်ကို ထမ်းဆောင်နိုင်သည့်အခြေအနေတွင် မရှိပါက ၎င်းကိုဖယ်ရှားကာ အမေရိကန်၏ဒုတိယသမ္မတဖြစ် သူက သမ္မတအဖြစ် ကာလတို (ယာယီ)တာဝန်ယူရမည်ဟု ပါရှိသည်။
Pfizer အပါအဝင် အမေရိကန်မှ နာမည်ကျော် ကုမ္ပဏီပေါင်း ၁၄,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အမေရိကန် ကုန်ထုတ်လုပ်သူများအဖွဲ့ချုပ် (NAM) ၏ ဥက္ကဌနှင့်စီအီးအိုဖြစ်သူ Jay Timmons ကလည်း အမေရိကန်ဒုတိယသမ္မတ မိုက်စ်ပန့်နှင့် အစိုးရအဖွဲ့ဝင်များအနေဖြင့် ဒေါ်နယ်ထရန့်ကို သမ္မတရာထူးမှ ဖယ်ရှားရန် စဉ်းစားသင့်ပြီဟု တိုက်တွန်းပြောကြားလိုက်သည်။
“ဒုတိယသမ္မတ (မိုက်စ်ပန့်)ဟာ Capitol က ထွက် သွားခဲ့သူပါ။ အမေရိကန်ရဲ့ဒီမိုကရေစီ တည့်တံ့နိုင်စေရေးအတွက် 25th Amendment ကို အသုံးပြုဖို့ အစိုးရအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး အလေးအနက်စဉ်းစားသင့်ပါတယ်” ဟု Jay Timmons က ဆိုသည်။အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း William Cohen ကလည်း သမ္မတထရန့်ကို ရာထူးမှ ဖယ် ရှားနိုင်ရေးအတွက် 25th Amendment ကသာ အမြန်ဆုံးနည်းလမ်းဖြစ်သည်ဟု CNBCသတင်းဌာနသို့မှတ်ချက်ပေး ပြောကြားခဲ့သည်။
25thAmendmentကို အသုံးချနိုင်ရေးအတွက် အမေ ရိကန်အစိုးရအဖွဲ့အတွင်း၌ စတင်ဆွေးနွေးနေကြပြီဟု CBS မှ ဂျာနယ်လစ်များကလည်း ၎င်းတို့၏ လူမှူကွန်ရက်များမှတစ်ဆင့် ရေးသားဖော်ပြနေကြသည်။
ဇန်နဝါရီ ၆၊ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် ထရန့်ကို ထောက်ခံသူများက Capitol ကို ဝင်ရောက်ကျူ းကျော် ခဲ့သည့် ဖြစ်စဉ်အပြီးတွင်လည်း ဒေါ်နယ်ထရန့်၏ အကောင့်များကို Twitter နှင့် Facebook က ယာယီပိတ်လိုက်သည်။
အမေရိကန်ဖက်ဒရယ်ပြည်ထောင်စု၏ ဥပဒေပြု ဌာနခွဲဖြစ်သည့် Capitol မှာ အမေရိကန် ကွန်ဂရက်၏ အစည်းအဝေးကျင်းပရာ နေရာလည်း ဖြစ်သည်။ နိုဝင် ဘာလအတွင်းက ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်ကို အမေရိကန်သမ္မတအသစ်အဖြစ် အတည်ပြုနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်နေချိန်တွင် ထရန့်ကို ထောက်ခံသူများက ဝင်ရောက် ကျူ းကျော်နှောင့်ယှက်ခဲ့ကြခြင်း ဖြစ်သည်။
ဂျိုးဘိုင်ဒန်ကို သမ္မတအဖြစ်အသိအမှတ်မပြုရန် ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့ကြရာ Capitol ၏ လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်၍ လူစုခွဲရန်ကြိုးစားခဲ့သော်လည်း မအောင် မြင်ခဲ့ပေ။ Capitolအဆောက်အဦအတွင်းသို့လူပေါင်း ရာချီ ဝင်ရောက်ခဲ့ကြကာ လွတ်တော်အမတ်များကိုလည်း ဘေးကင်းရာသို့ ရွေ့ပြောင်းပေးခဲ့ရသည်။ နောက်ပိုင်းတွင် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သလိုဝါရှင်တန်ဒီစီ၌ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ရသည်။
ထရန့်က ၎င်းကို ထောက်ခံသူများအား အိမ်ပြန်ရန် Twitter မှဗီဒီယိုဖိုင်ဖြင့် တိုက်တွန်းပြောကြားခဲ့သေး သော်လည်း “ရွေးကောက်ပွဲတွင် ၎င်းကသာ သောင် ပြိုကမ်းပြိုအနိုင်ရခဲ့သည်ဆိုသည်ကို အားလုံးသိထားခြင်း၊ အနိုင်ရလဒ်ကို ခိုးယူခံလိုက်ရခြင်း” စသည့် ပြောကြားမှုများက အခြေအနေကို ပိုဆိုးစေနိုင်သည် ဟူသောဝေဖန်မှုများ ရှိခဲ့သလို ဒေါ်နယ်ထရန့်၏ အကောင့်များကိုလည်း Facebook နှင့် Twitter က ယာယီ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
ထရန့်၏ အကောင့်ကို ၁၂ နာရီကြာပိတ်လိုက်သည် ဟု Twitterက ကြေညာခဲ့သလို Facebook ကလည်း ၂၄ နာရီကြာ ပိတ်လိုက်သည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။ ပြင်းထန်သည့် စံနှုန်းဖောက်ဖျက်ခဲ့မှုများကို ထပ်ကာထပ်ကာ ပြုလုပ်ခဲ့မှုကြောင့်လည်း အစောပိုင်းအချိန် များက ဒေါ်နယ်ထရန့်တင်ခဲ့သည့် ပို့စ် ၃ ခုအား Twitter က ၎င်းတို့၏ ကွန်ရက်မှ ဖယ်ရှားခဲ့သေးသည်ဟု သိရသည်။
ထရန့်ကို ထောက်ခံသူများမှာ မီဒီယာများကိုလည်း ဒေါသထွက် ပစ်မှတ်ထားခဲ့ကြသည်။ Capitol အဆောက်အဦအတွင်းသို့ကျူးကျော်ဝင်ရောက်မှုများကို Live သတင်းဖော်ပြမှု ပြုလုပ်နေကြသည့် မီဒီယာများ ၏ အသုံးအဆောင်ပစ္စည်းများကိုလည်း ထုရိုက်ဖျက် ဆီးခဲ့ကြသည်။ ရန်ရှာမှုများကြောင့် သတင်းယူနေသည့်နေရာများမှ ဂျာနယ်လစ်များလည်း ထွက်ပြေးခဲ့ရသေးသည်။
Capitol တွင် ဖြစ်ပွားခဲ့သည့် အကျည်းတန်မြင်ကွင်းများနှင့်ပတ်သက်၍လည်း နိုင်ငံတကာမှ ဒီမိုကရေစီလိုလားသူများ၏ ဝေဖန်မှုများ ရှိနေသည်။ အမေရိကန် ကဲ့သို့ ဒီမိုကရေစီနိုင်ငံမျိုးတွင် ယခုကဲ့သို့ဖြစ်စဉ်ဖြစ် ပွားခဲ့ခြင်းမှာ အံ့သြတုန်လှုပ်စရာကောင်းနေသည်ဟု ကနေဒါ အစိုးရတာဝန်ရှိသူများက မှတ်ချက်ချသည်။
Capitol ဖြစ်စဉ်နှင့်ပတ်သက်၍ ထရန့်လက်အောက် မှထိပ်သီးပုဂ္ဂိုလ်များက နုတ်ထွက်ရန် စဉ်းစားနေပြီဟုလည်း CNN က ဖော်ပြသည်။အမေရိကန်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး Robert O’Brien၊ ဒုတိယအကြံပေးပုဂ္ဂိုလ် Matt Pottinger နှင့် အိမ်ဖြူတော်ဝန်ထမ်းအဖွဲ့၏ ဒုတိယအုပ်ချုပ်ရေးမှူး Chris Liddell တို့မှာ ၎င်းတို့၏ရာထူး တာဝန်များမှနုတ်ထွက်ရန် စဉ်းစားနေပြီဟုလည်း သတင်းအရင်းအမြစ်များကို ကိုးကား၍ CNN က ဖော်ပြထားသည်။
ဝါရှင်တန်ဒီစီ၏ရဲတပ်ဖွဲ့အကြီးအကဲ Robert Contee ၏အတည်ပြုချက်အရ Capitolကျူးကျော်မှု ဖြစ်စဉ်တွင် အမျိုုးသမီး ၁ ဦးအပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးခဲ့သည်ဟု AP သတင်းဌာနက ၎င်းတို့၏ Live သတင်းတင်ဆက်မှုတွင် ဖော်ပြခဲ့သည်။
Ref း CNBC ,CBS ,CNN ,AP
The Ladies News
Leave a Reply
Your email address will not be published. Required fields are marked *