ျပင္ဦးလြင္က ေျမကြက္ေတြေရွ႕မွာ မက်ဴးေက်ာ္ရ ဆိုင္းဘုတ္လာေထာင္တဲ့ ကိစၥ ပန္ဆယ္လို ဒဲ့ ေျပာၿပီ

ေမၿမိဳ႕က အကြက္ခ် ၿခံစည္း႐ိုးခတ္ထားတဲ့ ေျမေတြေရွ႕ မက်ဴးေက်ာ္ရဆိုင္းဘုတ္ လာေထာင္သြားတယ္။ ဝယ္ထားသူေတြ ပလုံၿပီပဲ။

ဒီေျမေတြက ဆိုင္ရာပိုင္ရာ အေကာင္ဆိုသူေတြက ခိုင္မာပါတယ္ လိမ္လည္ၿပီး အကြက္႐ိုက္ ေရာင္းေနတာ ၾကာလွၿပီ။ ပုံစံဘယ္ေလာက္၊ဘယ္ေလာက္ဆိုတဲ့ စာ႐ြက္ေတြေတာင္ ပါေသး။ ေဖ့ဘုတ္ မွာလည္း ေၾကာ္ျငာေနတာ မျမင္ခ်င္မွတဆုံး။ ေျမလာၾကည့္မယ္ဆိုရင္ေတာင္ တည္းခ၊စားခ၊ စားရိတ္ၿငိမ္းဆိုၿပီး ေၾကာ္ျငာၾကမ္းေနတာေတြမွ အမ်ားႀကီး။

မက်ဴးေက်ာ္ရတဲ့ သစ္ေတာေျမဆိုရင္ အုတ္ေအာ္ေသာင္းနင္းေရာင္းေနတုန္းက ဘာလို႔ မတားခဲ့တာလဲ။ ၿခံစည္း႐ုံးေတြ ခပ္ေနတုန္းက ဘာလို႔ မတားခဲ့တာလဲ။ ဆိုင္ရာပိုင္ရာေတြလက္ထဲက အကုန္ေရာင္းထြက္သြားေတာ့မွ၊ နစ္နာသူေတြက မရွိမဲ့ရွိမဲ့ဝယ္ထားသူေတြ ျဖစ္သြားေတာ့မွ ထၿပီး ဆိုင္းဘုတ္ေထာင္တာ ဘာသေဘာလဲ။

မသိရေအာင္ တစ္ရက္ႏွစ္ရက္နဲ႔ လာက်ဴး၊ အျပတ္ေရာင္း၊ ၿခံခတ္သြားတဲ့ ေျမေတြမဟုတ္ဘူး။ ႏွစ္ရွည္လမ်ား အဲ့လိုေတြလုပ္စားလာၾကတာ။ အဲ့တုန္းက ဘာလို႔ ၿငိမ္ေနခဲ့လဲ။ အေကာင္ေတြအတြက္ ခြင္ဖန္ေပးၿပီး ျပည္သူေတြ နစ္နာပါေစဆိုတဲ့ သေဘာလား။

သစ္ေတာပိုင္ေျမဆိုရင္ သစ္ေတာဌာနက အခုမွ ထဖြဲ႕ၿပီး အခုမွပိုင္သြားတဲ့ေျမမဟုတ္ဘူး။ အကြက္႐ိုက္ ေရာင္းစားေနခ်ိန္က တားခဲ့မယ္ဆို ျပည္သူေတြ နစ္နာစရာ မရွိဘူး။ မသိလို႔လို႔ ေျပာရင္ လက္ခံစရာမရွိဘူး။ ေရာင္းတုန္းကလည္း မသိ။ ၿခံခတ္ေတာ့လည္း မသိ။ ဘာမွမသိဘဲ ႏိုင္ငံေတာ္လစာယူေနတဲ့ တာဝန္ရွိသူေတြကို ျပင္းျပင္းထန္ထန္ အေရးယူသင့္တယ္။

ဒီလို မခိုင္မာတဲ့ ေျမေတြကို ဘယ္သူေဌးလူလည္ေတြကမွ မဝယ္ဘူး။ မရွိလို႔ အိမ္နဲ႔ေျမေလးမ်ား ေစ်းသက္သက္သာသာနဲ႔ ရမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ မရွိမဲ့ရွိမဲ့ေလးဝယ္တဲ့ လူတန္းစားေတြပဲ ထိၾကတာ နစ္နာၾကတာ။ မက်ဴးေက်ာ္ရေျမခ်င္းအတူတူ ခ႐ိုနီတစ္ေယာက္က ဟိုတယ္ႀကီးေဆာက္ထားေတာ့ ဆိုင္းဘုတ္သြားေထာင္ရဲလား။

အခုက ဆိုင္းဘုတ္ေထာင္လို႔ မေက်နပ္ေနတာ မဟုတ္ဘူး။ ဆိုင္းဘုတ္ေထာင္တဲ့အခ်ိန္က ေနာက္က်ခဲ့လို႔ မမွ်တလို႔ ေျပာေနတာ။ အုတ္တံတိုင္းေတြ အခိုင္အမာခတ္၊ ဝယ္လက္ ငါးဆက္ေလာက္ေျပာင္းၿပီးတဲ့အထိ မသိတဲ့ မသိႏိုင္လြန္းသူေတြကို ဩခ်လို႔။
ေမၿမိဳ႕ပတ္လည္မွာ ဒီလို ေတြ႕ရာအကြက္႐ိုက္ေရာင္းေနတာ ဘယ္သူ​ေတြလဲ ဘာေကာင္ေတြလဲ ေဒသခံေတြ အကုန္သိတယ္။ မထိရဲသူေတြ လုပ္ခ်င္တိုင္းလုပ္ေနတုန္းက မျမင္ဘူး၊ မၾကားဘူး မ်က္စိမွိတ္၊ နားပိတ္၊ ႏွာေဆးေနၾကၿပီး မ်က္ႏွာမြဲ ျပည္သူေတြလက္ထဲေရာက္မွ ေန႔ခ်င္းညခ်င္း လုပ္ပိုင္ခြင့္ေတြရကုန္ၾကတယ္။

အေကာင္အမည္ခံ လူလိမ္ေတြလက္ထဲမွာ မတို႔ရဲမထိရဲနဲ႔ ႐ိုး႐ိုးသားသား မသိလို႔ဝယ္တဲ့လူေတြလက္ထဲေရာက္မွ ဆိုင္းဘုတ္ေထာင္လိုက္႐ုံနဲ႔ တာဝန္ေက်ၿပီ လိပ္ျပာလုံရဲၾကေသးတယ္ေပါ့။

တားတာ ေစာေနတယ္။ အိမ္ေတြေဆာက္၊ အိမ္ရာေတြ ေဖာ္ေဆာင္၊ Super Market ေတြ လာေဆာက္ၿပီးမွ ဆိုင္းဘုတ္ေလးအရင္းျပဳၿပီး သိမ္းလိုက္ပါလား။ ပိုအျမတ္ၾကမ္းတာေပါ့။ ငိ

CRD – အိပန္ဆယ္လို

Unicode

မေမြို့က အကွက်ချ ခြံစည်းရိုးခတ်ထားတဲ့ မြေတွေရှေ့ မကျူးကျော်ရဆိုင်းဘုတ် လာထောင်သွားတယ်။ ဝယ်ထားသူတွေ ပလုံပြီပဲ။

ဒီမြေတွေက ဆိုင်ရာပိုင်ရာ အကောင်ဆိုသူတွေက ခိုင်မာပါတယ် လိမ်လည်ပြီး အကွက်ရိုက် ရောင်းနေတာ ကြာလှပြီ။ ပုံစံဘယ်လောက်၊ဘယ်လောက်ဆိုတဲ့ စာရွက်တွေတောင် ပါသေး။ ဖေ့ဘုတ် မှာလည်း ကြော်ငြာနေတာ မမြင်ချင်မှတဆုံး။ မြေလာကြည့်မယ်ဆိုရင်တောင် တည်းခ၊စားခ၊ စားရိတ်ငြိမ်းဆိုပြီး ကြော်ငြာကြမ်းနေတာတွေမှ အများကြီး။

မကျူးကျော်ရတဲ့ သစ်တောမြေဆိုရင် အုတ်အော်သောင်းနင်းရောင်းနေတုန်းက ဘာလို့ မတားခဲ့တာလဲ။ ခြံစည်းရုံးတွေ ခပ်နေတုန်းက ဘာလို့ မတားခဲ့တာလဲ။ ဆိုင်ရာပိုင်ရာတွေလက်ထဲက အကုန်ရောင်းထွက်သွားတော့မှ၊ နစ်နာသူတွေက မရှိမဲ့ရှိမဲ့ဝယ်ထားသူတွေ ဖြစ်သွားတော့မှ ထပြီး ဆိုင်းဘုတ်ထောင်တာ ဘာသဘောလဲ။

မသိရအောင် တစ်ရက်နှစ်ရက်နဲ့ လာကျူး၊ အပြတ်ရောင်း၊ ခြံခတ်သွားတဲ့ မြေတွေမဟုတ်ဘူး။ နှစ်ရှည်လများ အဲ့လိုတွေလုပ်စားလာကြတာ။ အဲ့တုန်းက ဘာလို့ ငြိမ်နေခဲ့လဲ။ အကောင်တွေအတွက် ခွင်ဖန်ပေးပြီး ပြည်သူတွေ နစ်နာပါစေဆိုတဲ့ သဘောလား။

သစ်တောပိုင်မြေဆိုရင် သစ်တောဌာနက အခုမှ ထဖွဲ့ပြီး အခုမှပိုင်သွားတဲ့မြေမဟုတ်ဘူး။ အကွက်ရိုက် ရောင်းစားနေချိန်က တားခဲ့မယ်ဆို ပြည်သူတွေ နစ်နာစရာ မရှိဘူး။ မသိလို့လို့ ပြောရင် လက်ခံစရာမရှိဘူး။ ရောင်းတုန်းကလည်း မသိ။ ခြံခတ်တော့လည်း မသိ။ ဘာမှမသိဘဲ နိုင်ငံတော်လစာယူနေတဲ့ တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်။

ဒီလို မခိုင်မာတဲ့ မြေတွေကို ဘယ်သူဌေးလူလည်တွေကမှ မဝယ်ဘူး။ မရှိလို့ အိမ်နဲ့မြေလေးများ စျေးသက်သက်သာသာနဲ့ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မရှိမဲ့ရှိမဲ့လေးဝယ်တဲ့ လူတန်းစားတွေပဲ ထိကြတာ နစ်နာကြတာ။ မကျူးကျော်ရမြေချင်းအတူတူ ခရိုနီတစ်ယောက်က ဟိုတယ်ကြီးဆောက်ထားတော့ ဆိုင်းဘုတ်သွားထောင်ရဲလား။

အခုက ဆိုင်းဘုတ်ထောင်လို့ မကျေနပ်နေတာ မဟုတ်ဘူး။ ဆိုင်းဘုတ်ထောင်တဲ့အချိန်က နောက်ကျခဲ့လို့ မမျှတလို့ ပြောနေတာ။ အုတ်တံတိုင်းတွေ အခိုင်အမာခတ်၊ ဝယ်လက် ငါးဆက်လောက်ပြောင်းပြီးတဲ့အထိ မသိတဲ့ မသိနိုင်လွန်းသူတွေကို ဩချလို့။
မေမြို့ပတ်လည်မှာ ဒီလို တွေ့ရာအကွက်ရိုက်ရောင်းနေတာ ဘယ်သူ​တွေလဲ ဘာကောင်တွေလဲ ဒေသခံတွေ အကုန်သိတယ်။ မထိရဲသူတွေ လုပ်ချင်တိုင်းလုပ်နေတုန်းက မမြင်ဘူး၊ မကြားဘူး မျက်စိမှိတ်၊ နားပိတ်၊ နှာဆေးနေကြပြီး မျက်နှာမွဲ ပြည်သူတွေလက်ထဲရောက်မှ နေ့ချင်းညချင်း လုပ်ပိုင်ခွင့်တွေရကုန်ကြတယ်။

အကောင်အမည်ခံ လူလိမ်တွေလက်ထဲမှာ မတို့ရဲမထိရဲနဲ့ ရိုးရိုးသားသား မသိလို့ဝယ်တဲ့လူတွေလက်ထဲရောက်မှ ဆိုင်းဘုတ်ထောင်လိုက်ရုံနဲ့ တာဝန်ကျေပြီ လိပ်ပြာလုံရဲကြသေးတယ်ပေါ့။

တားတာ စောနေတယ်။ အိမ်တွေဆောက်၊ အိမ်ရာတွေ ဖော်ဆောင်၊ Super Market တွေ လာဆောက်ပြီးမှ ဆိုင်းဘုတ်လေးအရင်းပြုပြီး သိမ်းလိုက်ပါလား။ ပိုအမြတ်ကြမ်းတာပေါ့။ ငိ

CRD – အိပန္ဆယ္လို

Leave a Reply

Your email address will not be published. Required fields are marked *