ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ပုံပါ ေရႊဒဂၤါးမ်ားကို ကမၻာ့ေရႊေဈးကြက္သို႔ တင္ပို႔ရန္စီစဥ္ေန

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ပုံပါ ေရႊဒဂၤါးမ်ားကို ကမၻာ့ေရႊေဈးကြက္သို႔ တင္ပို႔ေရာင္းခ်ရန္ စီစဥ္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေရႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။

“ေရႊဒဂါၤးျပားကေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံကေတာ့ ဗဟိုဘဏ္က ထုတ္ေနၿပီ၊ အဲဒါ နိုင္ငံျခားကို တင္ပို႔ေရာင္း ခ်ခ်င္တာ၊ အဲဒါကို ကၽြန္ေတာ္တို႔က တိုင္းရင္းသားရင္းႏွီးျမႇုပ္ႏွံမႈ အႀကီးစားေရာင္းဝယ္ေရးလိုင္စင္ေပါ့၊ အဲ့ဒါကို ကၽြန္ေတာ္တို႔ သတၱဳတြင္းမွာ ေလွ်ာက္ထားတယ္၊ သတၱဳတြင္းက အဲဒါကိုဆိုင္းငံ့ထားတယ္၊ အဲ့လိုင္စင္ရလို႔ရွိရင္ ကၽြန္ေတာ္တို႔က ဗဟိုဘဏ္ကပစၥည္းကို နိုင္ငံျခားပို႔ခ်င္တာ ျဖစ္ပါတယ္”ဟု ၎ကေျပာသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ပုံပါ ေရႊဒဂၤါးျပားမ်ားကို ကမၻာ့ေရႊေဈးကြက္သို႔ တင္ပို႔ေရာင္းခ် နိုင္ရန္ႏွင့္ပတ္သက္ၿပီး People Media မွ ရန္ကုန္တိုင္းေဒသႀကီးေရႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္ကို ဆက္သြယ္ေမးျမန္းရာတြင္ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုကိစၥႏွင့္ပတ္သက္ၿပီး ကိုဗစ္ကင္းရွင္းမွသာ ေလယာဥ္လမ္းေၾကာင္းမ်ား ျပန္ဖြင့္မွသာ တင္ပို႔နိုင္မည္ျဖစ္ၿပီး လက္ရွိမွာေတာ့ သက္ဆိုင္ရာဝန္ႀကီးဌာနကို တင္ျပထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေရႊလုပ္ငန္းရွင္မ်ား အသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။

“အဲ့ဒါကေတာ့ အစိုးရသစ္တက္ၿပီးေတာ့မွျဖစ္မွာပဲနဲ႔တူပါတယ္၊ အခုဟာက ဒီအစိုးရက ဆိုင္းငံ့တယ္ဆိုေတာ့၊ ေနာက္အစိုးရၾကမွျဖစ္မယ္နဲ႔တူတယ္” ရန္ကုန္တိုင္းေဒသႀကီးေရႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ပုံပါ ေရႊဒဂၤါးမ်ားကို တင္ပို႔ခြင့္ရပါက ကမၻာ့စံခ်ိန္ႏွင့္အညီ အခ်ိန္အတြယ္ကို ေအာင္စျဖင့္ ပို႔မည္ျဖစ္ၿပီး လက္ရွိအခ်ိန္၌ ျမန္မာေရႊတစ္က်ပ္သားလွ်င္ ၁,၃၃၂,၅၀၀ ေပါက္ ေဈးရွိေၾကာင္း သိရသည္။
Photo – Credit
CRD – PeopleMedia

Unicode
ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ရွှေဒင်္ဂါးများကို ကမ္ဘာ့ရွှေဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

“ရွှေဒဂါၤးပြားကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံကတော့ ဗဟိုဘဏ်က ထုတ်နေပြီ၊ အဲဒါ နိုင်ငံခြားကို တင်ပို့ရောင်း ချချင်တာ၊ အဲဒါကို ကျွန်တော်တို့က တိုင်းရင်းသားရင်းနှီးမြှုပ်နှံမှု အကြီးစားရောင်းဝယ်ရေးလိုင်စင်ပေါ့၊ အဲ့ဒါကို ကျွန်တော်တို့ သတ္တုတွင်းမှာ လျှောက်ထားတယ်၊ သတ္တုတွင်းက အဲဒါကိုဆိုင်းငံ့ထားတယ်၊ အဲ့လိုင်စင်ရလို့ရှိရင် ကျွန်တော်တို့က ဗဟိုဘဏ်ကပစ္စည်းကို နိုင်ငံခြားပို့ချင်တာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ရွှေဒင်္ဂါးပြားများကို ကမ္ဘာ့ရွှေဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်ရန်နှင့်ပတ်သက်ပြီး People Media မှ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကို ဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုဗစ်ကင်းရှင်းမှသာ လေယာဉ်လမ်းကြောင်းများ ပြန်ဖွင့်မှသာ တင်ပို့နိုင်မည်ဖြစ်ပြီး လက်ရှိမှာတော့ သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

“အဲ့ဒါကတော့ အစိုးရသစ်တက်ပြီးတော့မှဖြစ်မှာပဲနဲ့တူပါတယ်၊ အခုဟာက ဒီအစိုးရက ဆိုင်းငံ့တယ်ဆိုတော့၊ နောက်အစိုးရကြမှဖြစ်မယ်နဲ့တူတယ်” ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ရွှေဒင်္ဂါးများကို တင်ပို့ခွင့်ရပါက ကမ္ဘာ့စံချိန်နှင့်အညီ အချိန်အတွယ်ကို အောင်စဖြင့် ပို့မည်ဖြစ်ပြီး လက်ရှိအချိန်၌ မြန်မာရွှေတစ်ကျပ်သားလျှင် ၁,၃၃၂,၅၀၀ ပေါက် ဈေးရှိကြောင်း သိရသည်။
Photo – Credit
CRD – PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *