႐ုရွားက လာအို၊သီရိလကၤာ၊ ဗီယက္နမ္တို႔အပါအဝင္ ပူးေပါင္း စစ္ေရးေလ့ က်င့္မႈျပဳလုပ္မည္…(ျမန္မာ?)

႐ုရွားကာကြယ္ေရး၀န္ႀကီးဌာနက ယခုႏွစ္တြင္ ဗီယက္နမ္ၾကည္းတပ္ႏွင့္အတူ ေလ့က်င့္ခန္းတစ္ခုျပဳလုပ္လိမ့္မည္ဟု တရားဝင္အတည္ျပဳေျပာၾကားခဲ့သည္။

႐ုရွားကာကြယ္ေရး၀န္ႀကီးဌာနက ယခုႏွစ္ ၂၀၂၁ တြင္ဗီယက္နမ္ႏွင့္ ပူးတြဲ ေလ့က်င့္ခန္း အပါအ၀င္ ႏိုင္ငံျခားတိုင္းျပည္မ်ားႏွင့္ အျပည္ျပည္ဆိုင္ရာ စစ္ေရးေလ့က်င့္မႈ ၆ ခုျပဳလုပ္သြားမည္ျဖစ္ေၾကာင္း တရားဝင္ အတည္ျပဳ ေျပာၾကားခဲ့ျခင္းလည္းျဖစ္သည္။အထူးသျဖင့္ အယ္လ္ဂ်ီးရီးယား၊ အိႏၵိယ၊ ပါကစၥတန္၊ လာအို၊ ဗီယက္နမ္ႏွင့္ သီရိလကၤာႏိုင္ငံမ်ားႏွင့္ ေဆာင္႐ြက္မည္ျဖစ္သည္ဟု သိရွိရသည္။

ယခုအခ်ိန္တြင္ ႐ုရွားႏွင့္ဗီယက္နမ္တို႔အၾကား ပူးတြဲစစ္ေရးေလ့က်င့္ခန္း သည္ မည္သည့္ေနရာတြင္ျပဳလုပ္မည္ႏွင့္ မည္သည့္လက္နက္မ်ားကို ဤေလ့က်င့္ခန္းတြင္ အသုံးျပဳမည္ဆိုသည္မွာမူ သိရွိရျခင္းမရွိေပ။
သို႔ရာတြင္ ကမာၻ႔အင္အားအေကာင္းဆုံး သံခ်ပ္ကာ တပ္ဖြဲ႕ျဖင့္တိုင္းျပည္ႏွင့္ ေလ့က်င့္ခန္းမ်ားတြင္ပါ၀င္ရန္ အခြင့္အလမ္းရွိျခင္းသည္ ဗီယက္နမ္ အား အဖိုးတန္ေသာအေတြ႕အႀကဳံမ်ားစြာကို ေလ့လာရန္ကူညီလိမ့္မည္ဟု ဆိုႏိုင္သည္။

International Peace Research Institute ၏ အဆိုအရ ဗီယက္နမ္၌ ပင္မတိုက္ပြဲဝင္တင့္ကား ၄ မ်ိဳးကို အသုံးျပဳေနၿပီး ေခတ္မီသည့္စနစ္အားျဖင့္ အမ်ားစုသည္ T-90S/SK စနစ္မ်ားျဖစ္သည္။လက္ရွိအခ်ိန္တြင္ အဆိုပါတင့္ကားေပါင္း ၆၄ စီးခန႔္ပိုင္ဆိုင္ထား သည္ဟုဆိုသည္။ အဆိုပါစနစ္သည္ ေခတ္မီတင့္ကားစနစ္ျဖစ္ၿပီး ႐ုရွားတပ္မေတာ္၌ပင္ မ်ားျပားစြာပိုင္ဆိုင္ထားျခင္းမရွိေသးေပ။

ေနာက္ထပ္အားျဖင့္ T-62 ပင္မတိုက္ပြဲဝင္တင့္မ်ားရွိသလို ၎သည္လည္း ဆိုဗီယက္မွဝယ္ယူထားျခင္းျဖစ္ၿပီး ယေန႔တိုင္အသုံးခ်မႈထိေရာက္ေန ဆဲျဖစ္သည္။ T-54/55 ႏွင့္ Type-59 ဟူ၍ တ႐ုတ္ထုတ္စနစ္မ်ားကိုလည္း အသုံးျပဳလ်က္ရွိေနပါေသးသည္။ သို႔ေသာ္ အဆိုပါစနစ္ ၂ မ်ိဳးသည္ ကြာဟ မႈရွိလွသည္ေတာ့မဟုတ္ေပ။ လက္ရွိအခ်ိန္တြင္ T-54M တင့္ကားမ်ားကို အဆင့္ျမႇင့္တင္မႈျပဳလုပ္ေနၿပီး၊ ၿပီးစီးပါက ေခတ္မီစစ္ပြဲမ်ားတြင္ အသက္ရွင္ သန္းစြာျဖင့္ တာဝန္ထမ္းေဆာင္ႏို္ငမည္ဟု သိရွိရသည္။

Ref-DS
crd _Myanmarnews24

Unicode

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုနှစ်တွင် ဗီယက်နမ်ကြည်းတပ်နှင့်အတူ လေ့ကျင့်ခန်းတစ်ခုပြုလုပ်လိမ့်မည်ဟု တရားဝင်အတည်ပြုပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုနှစ် ၂၀၂၁ တွင်ဗီယက်နမ်နှင့် ပူးတွဲ လေ့ကျင့်ခန်း အပါအဝင် နိုင်ငံခြားတိုင်းပြည်များနှင့် အပြည်ပြည်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှု ၆ ခုပြုလုပ်သွားမည်ဖြစ်ကြောင်း တရားဝင် အတည်ပြု ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။အထူးသဖြင့် အယ်လ်ဂျီးရီးယား၊ အိန္ဒိယ၊ ပါကစ္စတန်၊ လာအို၊ ဗီယက်နမ်နှင့် သီရိလင်္ကာနိုင်ငံများနှင့် ဆောင်ရွက်မည်ဖြစ်သည်ဟု သိရှိရသည်။

ယခုအချိန်တွင် ရုရှားနှင့်ဗီယက်နမ်တို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်း သည် မည်သည့်နေရာတွင်ပြုလုပ်မည်နှင့် မည်သည့်လက်နက်များကို ဤလေ့ကျင့်ခန်းတွင် အသုံးပြုမည်ဆိုသည်မှာမူ သိရှိရခြင်းမရှိပေ။
သို့ရာတွင် ကမ္ဘာ့အင်အားအကောင်းဆုံး သံချပ်ကာ တပ်ဖွဲ့ဖြင့်တိုင်းပြည်နှင့် လေ့ကျင့်ခန်းများတွင်ပါဝင်ရန် အခွင့်အလမ်းရှိခြင်းသည် ဗီယက်နမ် အား အဖိုးတန်သောအတွေ့အကြုံများစွာကို လေ့လာရန်ကူညီလိမ့်မည်ဟု ဆိုနိုင်သည်။

International Peace Research Institute ၏ အဆိုအရ ဗီယက်နမ်၌ ပင်မတိုက်ပွဲဝင်တင့်ကား ၄ မျိုးကို အသုံးပြုနေပြီး ခေတ်မီသည့်စနစ်အားဖြင့် အများစုသည် T-90S/SK စနစ်များဖြစ်သည်။လက်ရှိအချိန်တွင် အဆိုပါတင့်ကားပေါင်း ၆၄ စီးခန့်ပိုင်ဆိုင်ထား သည်ဟုဆိုသည်။ အဆိုပါစနစ်သည် ခေတ်မီတင့်ကားစနစ်ဖြစ်ပြီး ရုရှားတပ်မတော်၌ပင် များပြားစွာပိုင်ဆိုင်ထားခြင်းမရှိသေးပေ။

နောက်ထပ်အားဖြင့် T-62 ပင်မတိုက်ပွဲဝင်တင့်များရှိသလို ၎င်းသည်လည်း ဆိုဗီယက်မှဝယ်ယူထားခြင်းဖြစ်ပြီး ယနေ့တိုင်အသုံးချမှုထိရောက်နေ ဆဲဖြစ်သည်။ T-54/55 နှင့် Type-59 ဟူ၍ တရုတ်ထုတ်စနစ်များကိုလည်း အသုံးပြုလျက်ရှိနေပါသေးသည်။ သို့သော် အဆိုပါစနစ် ၂ မျိုးသည် ကွာဟ မှုရှိလှသည်တော့မဟုတ်ပေ။ လက်ရှိအချိန်တွင် T-54M တင့်ကားများကို အဆင့်မြှင့်တင်မှုပြုလုပ်နေပြီး၊ ပြီးစီးပါက ခေတ်မီစစ်ပွဲများတွင် အသက်ရှင် သန်းစွာဖြင့် တာဝန်ထမ်းဆောင်နိုငမည်ဟု သိရှိရသည်။
Ref-DS
crd _Myanmarnews24

Leave a Reply

Your email address will not be published. Required fields are marked *