ကိုဗစ္လာစစ္ေပးတဲ့ ဆရာဝန္ေတြကို ေကြၽးတဲ့ ရန္ကုန္ၿမိဳ႕က နာမည္ႀကီးဟိုတယ္ႀကီးရဲ႕ ေန႔လည္စာတဲ့

ဒါကရန္ကုန္ၿမိဳ႕ရဲ႕ နာမည္ႀကီး hotel အႀကီးႀကီး ကေန hotel quarantine လာဝင္ေနတဲ့သူေတြကို Swab sample ယူဖို႔သြားတဲ့ က်န္းမာေရးဝန္ထမ္းေတြကိုေကြၽးတဲ့ ေန႔လည္စာ lunch ပါ။

အထဲမွာ ဒိုင္ပင္ထိုးရွာလို႔ အသားတို႔ အသီး႐ြက္တို႔ ထပ္ပါလာမယ္မထင္နဲ႔ေနာ္ ၾကက္ဥ ပလိန္းပဲ တစ္လုံးအျပည့္ေတာ့ ထည့္ေၾကာ္မယ္လို႔ ယူဆရတာပဲ။ ဟိုအမႀကီးလိုေျပာရရင္ေတာ့ ေစာ္ကားခံရတယ္လို႔ ခံစားရတယ္။

က်န္းမာေရးဝန္ထမ္းေတြပဲ အနစ္နာခံရမွာေပါ့လို႔ ဆိုလာရင္လည္း အနစ္နာခံႏိုင္ပါတယ္ဗ်ာ တကယ္ကို အဆင္မေျပလို႔ ဆိုခဲ့ရင္ ထမင္းနဲ႔ငပိရည္နဲ႔လည္း စားႏိုင္တယ္ ဘာမွမစားရပဲ မနက္ညလဲ ေပါင္းစားႏိုင္တယ္ ဒီအလုပ္ကို ႀကိဳက္လို႔ကိုလုပ္တာ လုပ္ခ်င္လို႔ကိုလုပ္တာ လုပ္ရလို႔လဲ က်ဳပ္တို႔ဘယ္လိုေတြအနစ္နာခံရတယ္လဲမယူဆဘူး အထူးအေထြ ဆရာေရ မမေရ ညီမေလးေရနဲ႔ လာဖားေနစရာလဲမလိုဘူး

https://www.accorhotels.com/9045

သို႔ေပတည့္ ေစတနာေပါ့ဗ်ာ ဟိုတယ္အႀကီးႀကီးျဖစ္ေနပါရက္ clients ေတြအမ်ားႀကီးလဲ ရေနပါရက္နဲ႔ ဒါမ်ိဳးေကြၽးတဲ့ ေစတနာကို ေျပာခ်င္တာပါ ခင္ဗ်ားတို႔ေရာ ေန႔လည္စာကို အဲ့ဒီလိုစားၾကလား ေမးခ်င္ပါရဲ႕ က်ဳပ္တို႔ အမ်ားႀကီးမေမွ်ာ္လင့္ထားပါဘူး ပုံမွန္ထမင္းနဲ႔ အသားဟင္းဆိုရပါၿပီ။

ေနာက္ထပ္ ရင္နာစရာက အဲ့လိုလုပ္တာ တစ္ခါမဟုတ္ ႏွစ္ခါမဟုတ္ေနာ္ ေရွ႕အေခါက္ေတြမွာလဲ ဒီလိုေတာ့ အဆင္မေျပဘူး မေကြၽးခ်င္မေကြၽးနဲ႔ေတာ့ ဆိုေတာ့လည္း ေနာက္မျဖစ္ေစရပါဘူးေျပာၿပီး တခါေလာက္အဆင္ေျပသြားပါရဲ႕ ၿပီးရင္ ဒီတိုင္းျပန္ျဖစ္သြားတာပဲ ဆိုေတာ့ကာ ဘာလဲ

က်ဳပ္တို႔ကထမင္းနဲ႔ဟင္း စားခ်င္ရင္ ခင္ဗ်ားတို႔ကို အစ္ကိုတို႔အစ္မတို႔ရယ္ ထမင္းဟင္းေလးလုပ္ေပးၾကပါလို႔ ထိုင္ရွိခိုးရမွာလား ဒီ ထမင္းနဲ႔ဟင္းစားဖို႔ က်ဳပ္တို႔က ဘေလာက္ထိ ေအာက္က်ိဳ႕ေတာင္းရမွာလဲ

က်ဳပ္တို႔တစ္ခုေျပာလိုက္အုံးမယ္ က်ဳပ္တို႔ကို က်ဳပ္တို႔ဌာနက မင္းတို႔သြားေတာ့ဆို ေျခလြတ္လက္လြတ္ လႊတ္လိုက္တာ မဟုတ္ဘူးေနာ္ က်ဳပ္တို႔ကို ေ႐ႊေပၚျမတင္ထားတာေနာ္ ေန႔လည္စာအဆင္မေျပဘူးဆိုတာနဲ႔ ေနာက္ေန႔ ဘယ္ေလာက္ေစ်းႀကီးႀကီး စားခ်င္တဲ့ဆိုင္က ဝယ္စားလိုက္ၾကလို႔ ကိုယ့္အိပ္ထဲကစိုက္ေကြၽးမယ့္ အႀကီးကဲမ်ိဳးေအာက္မွာ ေနေနတာ သိဖို႔ေနာ္သိဖို႔

ေျပာခ်င္တာ ေစတနာကိုေျပာခ်င္တာ ေစတနာသည္ကံျဖစ္တဲ့အတြက္ ခင္ဗ်ားတို႔ ကံေကာင္းပါေစ ဆုေတာင္းေပးေနမယ္ဗ်ာ

CRD – Aung Pyae Phyo

Unicode

ါကရန်ကုန်မြို့ရဲ့ နာမည်ကြီး hotel အကြီးကြီး ကနေ hotel quarantine လာဝင်နေတဲ့သူတွေကို Swab sample ယူဖို့သွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုကျွေးတဲ့ နေ့လည်စာ lunch ပါ။

အထဲမှာ ဒိုင်ပင်ထိုးရှာလို့ အသားတို့ အသီးရွက်တို့ ထပ်ပါလာမယ်မထင်နဲ့နော် ကြက်ဥ ပလိန်းပဲ တစ်လုံးအပြည့်တော့ ထည့်ကြော်မယ်လို့ ယူဆရတာပဲ။ ဟိုအမကြီးလိုပြောရရင်တော့ စော်ကားခံရတယ်လို့ ခံစားရတယ်။

ကျန်းမာရေးဝန်ထမ်းတွေပဲ အနစ်နာခံရမှာပေါ့လို့ ဆိုလာရင်လည်း အနစ်နာခံနိုင်ပါတယ်ဗျာ တကယ်ကို အဆင်မပြေလို့ ဆိုခဲ့ရင် ထမင်းနဲ့ငပိရည်နဲ့လည်း စားနိုင်တယ် ဘာမှမစားရပဲ မနက်ညလဲ ပေါင်းစားနိုင်တယ် ဒီအလုပ်ကို ကြိုက်လို့ကိုလုပ်တာ လုပ်ချင်လို့ကိုလုပ်တာ လုပ်ရလို့လဲ ကျုပ်တို့ဘယ်လိုတွေအနစ်နာခံရတယ်လဲမယူဆဘူး အထူးအထွေ ဆရာရေ မမရေ ညီမလေးရေနဲ့ လာဖားနေစရာလဲမလိုဘူး

သို့ပေတည့် စေတနာပေါ့ဗျာ ဟိုတယ်အကြီးကြီးဖြစ်နေပါရက် clients တွေအများကြီးလဲ ရနေပါရက်နဲ့ ဒါမျိုးကျွေးတဲ့ စေတနာကို ပြောချင်တာပါ ခင်ဗျားတို့ရော နေ့လည်စာကို အဲ့ဒီလိုစားကြလား မေးချင်ပါရဲ့ ကျုပ်တို့ အများကြီးမမျှော်လင့်ထားပါဘူး ပုံမှန်ထမင်းနဲ့ အသားဟင်းဆိုရပါပြီ။

နောက်ထပ် ရင်နာစရာက အဲ့လိုလုပ်တာ တစ်ခါမဟုတ် နှစ်ခါမဟုတ်နော် ရှေ့အခေါက်တွေမှာလဲ ဒီလိုတော့ အဆင်မပြေဘူး မကျွေးချင်မကျွေးနဲ့တော့ ဆိုတော့လည်း နောက်မဖြစ်စေရပါဘူးပြောပြီး တခါလောက်အဆင်ပြေသွားပါရဲ့ ပြီးရင် ဒီတိုင်းပြန်ဖြစ်သွားတာပဲ ဆိုတော့ကာ ဘာလဲ

ကျုပ်တို့ကထမင်းနဲ့ဟင်း စားချင်ရင် ခင်ဗျားတို့ကို အစ်ကိုတို့အစ်မတို့ရယ် ထမင်းဟင်းလေးလုပ်ပေးကြပါလို့ ထိုင်ရှိခိုးရမှာလား ဒီ ထမင်းနဲ့ဟင်းစားဖို့ ကျုပ်တို့က ဘလောက်ထိ အောက်ကျို့တောင်းရမှာလဲ

ကျုပ်တို့တစ်ခုပြောလိုက်အုံးမယ် ကျုပ်တို့ကို ကျုပ်တို့ဌာနက မင်းတို့သွားတော့ဆို ခြေလွတ်လက်လွတ် လွှတ်လိုက်တာ မဟုတ်ဘူးနော် ကျုပ်တို့ကို ရွှေပေါ်မြတင်ထားတာနော် နေ့လည်စာအဆင်မပြေဘူးဆိုတာနဲ့ နောက်နေ့ ဘယ်လောက်စျေးကြီးကြီး စားချင်တဲ့ဆိုင်က ဝယ်စားလိုက်ကြလို့ ကိုယ့်အိပ်ထဲကစိုက်ကျွေးမယ့် အကြီးကဲမျိုးအောက်မှာ နေနေတာ သိဖို့နော်သိဖို့

ပြောချင်တာ စေတနာကိုပြောချင်တာ စေတနာသည်ကံဖြစ်တဲ့အတွက် ခင်ဗျားတို့ ကံကောင်းပါစေ ဆုတောင်းပေးနေမယ်ဗျာ

Aung Pyae Phyo

Leave a Reply

Your email address will not be published. Required fields are marked *