တ႐ုတ္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားျမင့္တက္ေန

တ႐ုတ္ႏိုင္ငံဟီေဘးျပည္နယ္ၿမိဳ႕ေတာ္တြင္ ၾကာသပေတးေန႔မွစတင္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို ကန္႔သတ္ရန္ အသြားအလာကန္႔သတ္လိုက္ၿပီး ၿပီးခဲ့သည့္ ၅ လအတြင္း အမ်ားဆံုးတေန႔တာကို႐ိုနာဗိုင္း ရပ္စ္ကူးစက္မႈကိုမွတ္တမ္းတင္ခဲ့သည္။

ဟီေဘးျပည္နယ္တြင္ ၾကာသပေတးေန႔၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္အတည္ျပဳလူနာ ၅၂ ေယာက္႐ွိခဲ့ၿပီး ျပည္တြင္းကူးစက္လူနာ ၅၁ ေယာက္႐ွိခဲ့ျခင္းျဖစ္သည္။ ဗုဒၶဟူးေန႔တြင္ အေယာက္ ၂၀ သာ႐ွိခဲ့ၿပီး ယခုလူနာမ်ားျမင့္တက္လာၿပီးေနာက္ အႀကီးအက်ယ္စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည့္အျပင္ ကူးစက္မႈေလွ်ာ့ခ်ရန္ လူစုေ၀းျခင္းမ်ားကိုလည္း ပိတ္ပင္လိုက္သည္။

တ႐ုတ္တႏိုင္ငံလံုးတြင္ အတည္ျပဳလူနာ ၆၃ ေယာက္႐ွိေနၿပီး ဗုဒၶဟူးေန႔တြင္ ၃၂ ေယာက္သာ႐ွိခဲ့သည္။ ေရာဂါကူးစက္ခံထားရၿပီး လကၡဏာမျပသည့္လူနာအေရအတြက္လည္း ဗုဒၶဟူးေန႔တြင္ ၆၄ ေယာက္႐ွိခဲ့ၿပီး ၾကာသပေတးေန႔တြင္ ၇၉ ေယာက္႐ွိလာသည္။ တ႐ုတ္ျပည္မႀကီးတြင္ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၈၇၂၇၈ ေယာက္႐ွိေနၿပီး ေသဆံုးသူ ၄၆၃၄ ေယာက္ ႐ွိေနသည္။

sd

Ref : China reports most COVID cases in five months as Hebei infections rise
CRD – PeopleMedia

Unicode

တရုတ်နိုင်ငံဟီဘေးပြည်နယ်မြို့တော်တွင် ကြာသပတေးနေ့မှစတင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကန့်သတ်ရန် အသွားအလာကန့်သတ်လိုက်ပြီး ပြီးခဲ့သည့် ၅ လအတွင်း အများဆုံးတနေ့တာကိုရိုနာဗိုင်း ရပ်စ်ကူးစက်မှုကိုမှတ်တမ်းတင်ခဲ့သည်။

ဟီဘေးပြည်နယ်တွင် ကြာသပတေးနေ့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်အတည်ပြုလူနာ ၅၂ ယောက်ရှိခဲ့ပြီး ပြည်တွင်းကူးစက်လူနာ ၅၁ ယောက်ရှိခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် အယောက် ၂၀ သာရှိခဲ့ပြီး ယခုလူနာများမြင့်တက်လာပြီးနောက် အကြီးအကျယ်စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် ကူးစက်မှုလျှော့ချရန် လူစုဝေးခြင်းများကိုလည်း ပိတ်ပင်လိုက်သည်။

တရုတ်တနိုင်ငံလုံးတွင် အတည်ပြုလူနာ ၆၃ ယောက်ရှိနေပြီး ဗုဒ္ဓဟူးနေ့တွင် ၃၂ ယောက်သာရှိခဲ့သည်။
ရောဂါကူးစက်ခံထားရပြီး လက္ခဏာမပြသည့်လူနာအရေအတွက်လည်း ဗုဒ္ဓဟူးနေ့တွင် ၆၄ ယောက်ရှိခဲ့ပြီး ကြာသပတေးနေ့တွင် ၇၉ ယောက်ရှိလာသည်။ တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈၇၂၇၈ ယောက်ရှိနေပြီး သေဆုံးသူ ၄၆၃၄ ယောက် ရှိနေသည်။
Ref : China reports most COVID cases in five months as Hebei infections rise
CRD – PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *